သမ္မာကျမ်းစာ သွန်သင်ရာများ

ကျွန်တော်တို့ ဘာလို့ ဒုက္ခဆင်းရဲ ခံစားရသလဲ၊ လူသေရင် ဘာဖြစ်သွားသလဲ၊ ပျော်ရွှင်တဲ့မိသားစုကို ဘယ်လို ပိုင်ဆိုင်နိုင်သလဲ စတဲ့အကြောင်းအရာ အမျိုးမျိုးနဲ့ပတ်သက်ပြီး ကျမ်းစာသွန်သင်ရာတွေကို ဒီစာအုပ်က သိရှိစေတယ်။

ကျွန်တော်တို့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ

အခုချိန်မှာ ပြဿနာတွေ ဘာလို့ ဒီလောက်များရသလဲဆိုတာ သင် တွေးမိနိုင်တယ်။ ဘုရားသခင်က မကြာခင်မှာ ကမ္ဘာပေါ်ကနေ ဆင်းရဲဒုက္ခ၊ ဖျားနာမှု၊ သေခြင်း စတဲ့ လူ့ပြဿနာတွေကို ဖယ်ရှားပေးမယ်လို့ ကျမ်းစာသွန်သင်တယ်။

အခန်း ၁

ဘုရားသခင်ဟာ ဘယ်သူလဲ

သင့်ကို ဘုရားသခင် ဂရုစိုက်တယ် ထင်သလား။ ဘုရားရဲ့ အရည်အသွေးတွေနဲ့ ဘုရားနဲ့ မိတ်ဆွေ ဖြစ်နိုင်ပုံကို လေ့လာကြည့်ပါ။

အခန်း ၂

သမ္မာကျမ်းစာ​—ဘုရားသခင်ဆီကစာအုပ်

ပြဿနာတွေဖြေရှင်းရာမှာ ကျမ်းစာက ဘယ်လိုကူညီပေးနိုင်သလဲ။ ကျမ်းစာကြိုဟောချက်တွေကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

အခန်း ၃

လူသားတွေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ဟာ ဘာလဲ

မြေကြီးပရဒိသုမှာ ဘယ်လိုအသက်တာမျိုး ရရှိမလဲ

အခန်း ၄

ယေရှုခရစ်ဟာ ဘယ်သူလဲ

ယေရှုဟာ ပေါ်ထွန်းလာမယ့် မေရှိယဖြစ်ကြောင်း၊ ဘယ်နေရာက လာတဲ့အကြောင်း၊ ယေဟောဝါရဲ့ ​တစ်ဦးတည်းသောသား ဖြစ်ကြောင်း လေ့လာပါ။

အခန်း ၅

ရွေးဖိုး​—ဘုရားပေးတဲ့ အဖိုးထိုက်ဆုံးလက်ဆောင်

ရွေးဖိုးဆိုတာ ဘာလဲ။ ရွေးဖိုးကနေ ဘာအကျိုးကျေးဇူး ရနိုင်မလဲ

အခန်း ၆

လူသေရင် ဘာဖြစ်သွားသလဲ

လူသေရင် ဘာဖြစ်သွားသလဲ၊ လူတွေ ဘာကြောင့် သေရသလဲဆိုတဲ့အကြောင်း ကျမ်းစာသွန်သင်ချက်ကို လေ့လာပါ

အခန်း ၇

သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်

ချစ်ရသူတစ်ယောက်ကို သေခြင်းမှာ ဆုံးရှုံးဖူးသလား။ သူတို့ကို ပြန်တွေ့နိုင်ပါဦးမလား။ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကျမ်းစာသွန်သင်ရာကို လေ့လာပါ။

အခန်း ၈

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

သခင့်ဆုတောင်းချက်ကို လူသိများတယ်။ “နိုင်ငံတော်လာပါစေ” ဆိုတာ ဘာအဓိပ္ပာယ်လဲ။

အခန်း ၉

ဒီလောကရဲ့အဆုံး နီးပြီလား

ကျမ်းစာကြိုဟောချက်အရ ဘယ်အမူအကျင့်နဲ့ သဘောထားတွေက ဒီလောကအဆုံး မတိုင်ခင်လေးမှာ ကျွန်တော်တို့ အသက်ရှင်နေတယ်ဆိုတာ ဖော်ပြသလဲ

အခန်း ၁၀

ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရား

ကျမ်းစာမှာ ကောင်းကင်တမန်တွေ နတ်ဆိုးတွေအကြောင်း ဖော်ပြတယ်။ ဒီဝိညာဉ်သတ္တဝါတွေ တကယ်ရှိသလား။ ကျွန်တော်တို့ကို သူတို့ ကူညီနိုင်သလား၊ အန္တရာယ်ပြုနိုင်သလား

အခန်း ၁၁

ဆင်းရဲဒုက္ခ ဘာကြောင့် ဒီလောက်များရတာလဲ

ကမ္ဘာပေါ်က ဆင်းရဲဒုက္ခမှန်သမျှ ဘုရားသခင်ကြောင့်လို့ လူအများ ယူဆကြတယ်။ သင်ကော ဘယ်လိုထင်သလဲ။ ဆင်းရဲဒုက္ခဖြစ်ရတဲ့ အကြောင်းရင်းတွေနဲ့ပတ်သက်ပြီး ဘုရားသခင် ဘာပြောသလဲဆိုတာ လေ့လာကြည့်ပါ။

အခန်း ၁၂

ဘုရားသခင်ရဲ့မိတ်ဆွေ ဘယ်လိုဖြစ်နိုင်သလဲ

ယေဟောဝါနှစ်သက်တဲ့ အသက်တာမျိုးနဲ့ အသက်ရှင်နေထိုင်နိုင်တယ်။ ဘုရားသခင်ရဲ့မိတ်ဆွေတောင် ဖြစ်လာနိုင်တယ်။

အခန်း ၁၃

အသက်ဆုလက်ဆောင်ကို တန်ဖိုးထားလေးမြတ်ပါ

တိရစ္ဆာန်တွေရဲ့အသက်ကို၊ ကိုယ်ဝန်ဖျက်ချတာ၊ သွေးသွင်းတာကို ဘုရား ဘယ်လိုရှုမြင်သလဲ။

အခန်း ၁၄

ပျော်ရွှင်တဲ့မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်

ယေရှုပြခဲ့တဲ့မေတ္တာကို လင်ယောက်ျား၊ ဇနီး၊ မိဘ၊ သားသမီးတွေ အတုယူနိုင်တယ်။ ယေရှုဆီကနေ ဘာသင်ယူနိုင်သလဲ။

အခန်း ၁၅

ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်ပုံ

စစ်မှန်တဲ့ဝတ်ပြုသူတွေကို ခွဲခြားသိနိုင်တဲ့ အချက်ခြောက်ချက်ကို သုံးသပ်ပါ။

အခန်း ၁၆

ဘုရားသခင်ကို ဝတ်ပြုဖို့ ရွေးချယ်ပါ

တခြားသူတွေကို ကိုယ့်ယုံကြည်ချက်အကြောင်း ပြောပြတဲ့အခါ ဘာအခက်အခဲတွေ ကြုံရနိုင်သလဲ။ သူတို့ စိတ်မဆိုးအောင် ဘယ်လိုပြောပြနိုင်မလဲ။

အခန်း ၁၇

ဆုတောင်းခြင်း အခွင့်ထူး

သင့်ဆုတောင်းချက်တွေကို ဘုရား နားထောင်သလား။ အဖြေရဖို့ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာသွန်သင်ရာကို နားလည်ဖို့ လိုတယ်။

အခန်း ၁၈

ငါ့အသက်တာကို ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံသင့်သလား

နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီအောင် ဘာတွေလုပ်ရမလဲ။ နှစ်ခြင်းက ဘာလိုဆိုလိုတယ်၊ ဘယ်လို နှစ်ခြင်းခံရတယ်ဆိုတာ သင်ယူပါ

အခန်း ၁၉

ယေဟောဝါနဲ့ အမြဲရင်းနှီးအောင် ကြိုးစားပါ

ဘုရားသခင်ကို ချစ်ကြောင်း၊ ကိုယ်တော်လုပ်ပေးခဲ့သမျှအတွက် ကျေးဇူးတင်ကြောင်း ဘယ်လိုပြမလဲ

ရှင်းလင်းချက်

သမ္မာကျမ်းစာသွန်သင်ရာများ စာအုပ်မှာပါတဲ့ စကားလုံးနဲ့ စကားစုတွေရဲ့ အဓိပ္ပာယ်များ