ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ

ဒီစာစောင်က လူထုရှေ့ဖတ်ရှုခြင်း၊ စကားပြောခြင်း၊ သွန်သင်ခြင်းစွမ်းရည်တွေ တိုးတက်စေဖို့ ကူညီပေးပါလိမ့်မယ်။

အုပ်ချုပ်ရေးအဖွဲ့ဆီက စာ

လူတွေကို ပေးတဲ့ အရေးကြီးဆုံး သတင်းတရားအကြောင်း ကျွန်တော်တို့ သင်ပေးတယ်။

သင်ခန်းစာ ၁

ထိရောက်တဲ့နိဒါန်း

ထိရောက်တဲ့နိဒါန်းက ရည်ရွယ်ချက်သုံးခုကို ဖြစ်မြောက်စေတယ်။

သင်ခန်းစာ ၂

သဘာဝကျကျ ပြောဆိုနည်း

သဘာဝကျကျပြောတာက ပရိသတ်ကို သက်သောင့်သက်သာဖြစ်စေပြီး ပြောနေတဲ့အကြောင်းအရာကို နားလည်ဖို့ ကူညီပေးတယ်။

သင်ခန်းစာ ၃

မေးခွန်းများကို အသုံးပြုခြင်း

စိတ်ဝင်စားမှုကို နှိုးဆွဖို့၊ အရေးကြီးတဲ့အချက်တွေကို အလေးပေးဖို့ မေးခွန်းတွေကို လိမ္မာပါးနပ်စွာမေးပါ။

သင်ခန်းစာ ၄

ကျမ်းချက်တွေကို ဆီလျော်စွာ မိတ်ဆက်ပေးခြင်း

ကျမ်းချက်တစ်ချက် မဖတ်ပြခင် နားထောင်နေသူတွေရဲ့ စိတ်နှလုံးကို ဘယ်လို အသင့်ပြင်ဆင်ပေးရမလဲဆိုတာ ကြည့်ပါ။

သင်ခန်းစာ ၅

တိတိကျကျဖတ်ရှုခြင်း

တိတိကျကျဖတ်ရှုခြင်းဟာ ယေဟောဝါနဲ့ဆိုင်တဲ့ အသိပညာကို ပျံ့နှံ့စေခြင်းမှာ အခြေခံကျတယ်။

သင်ခန်းစာ ၆

ကျမ်းချက်ရဲ့ သက်ဆိုင်ပုံကို ရှင်းရှင်းလင်းလင်း တင်ပြခြင်း

သင်ပြောနေတဲ့အချက်နဲ့ ကျမ်းချက် ဘယ်လိုသက်ဆိုင်တယ်ဆိုတာ နားထောင်နေသူတွေ ရှင်းရှင်းလင်းလင်း သိမြင်အောင် ကူညီပေးပါ။

သင်ခန်းစာ ၇

တိကျမှန်ကန်ခြင်း၊ ယုံကြည်စိတ်ချရခြင်း

နားထောင်နေသူတွေ မှန်ကန်တဲ့ ကောက်ချက်ချနိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေက ကူညီပေးတယ်။

သင်ခန်းစာ ၈

သွန်သင်ပေးတဲ့ ပုံဥပမာများ

နားထောင်နေသူတွေ စိတ်ဝင်စားနိုင်တဲ့၊ အရေးကြီးတဲ့ အချက်အလက်တွေ သင်ပေးတဲ့ ပုံဥပမာရိုးရိုးလေးတွေ သုံးပြီး သင့်သွန်သင်ခြင်းကို တိုးတက်စေပါ။

သင်ခန်းစာ ၉

သင်ထောက်ကူ ပစ္စည်းတွေကို သင့်တော်စွာ အသုံးပြုခြင်း

စွဲစွဲမြဲမြဲ မှတ်မိစေဖို့ သင်ထောက်ကူ ပစ္စည်းတွေကို သုံးပါ။

သင်ခန်းစာ ၁၀

အသံပြောင်းလဲခြင်း

ပရိသတ်ကို ခံစားချက်ဝင်စေဖို့၊ လှုံ့ဆော်ပေးဖို့ အသံကို အတိုးအကျယ်၊ အနိမ့်အမြင့်၊ အနှေးအမြန် ပြောင်းပေးပါ။

သင်ခန်းစာ ၁၁

စိတ်ထက်သန်ခြင်း

ထက်သန်ခြင်းက သင့်ခံစားချက်ကို ဖော်ပြပြီး နားထောင်နေသူတွေရဲ့ စိတ်ဝင်စားမှုကို ထိန်းထားနိုင်အောင် ကူညီပေးတယ်။

သင်ခန်းစာ ၁၂

လှိုက်လှဲခြင်း၊ ကိုယ်ချင်းစာနာခြင်း

စိတ်ရင်းအတိုင်း ပြောတာက နားထောင်နေသူတွေကို သင် ချစ်ခင်ကြောင်း ဖော်ပြတယ်။

သင်ခန်းစာ ၁၃

လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာ ဖော်ပြခြင်း

သင်ပြောတဲ့အကြောင်းအရာက နားထောင်နေသူတွေရဲ့ အသက်တာကို ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာ နားလည်အောင် ကူညီပေးပါ။ သိလာတာကို ဘယ်လိုကျင့်သုံးရမယ်ဆိုတာ ပြောပြပါ။

သင်ခန်းစာ ၁၄

အဓိကအချက်တွေကို ပေါ်လွင်စေခြင်း

သင့်ဟောပြောချက်ကို အာရုံဝင်စားနိုင်ဖို့ ပရိသတ်ကို ကူညီပေးပါ။ အဓိကအချက်တစ်ချက်စီက သင့်ရည်ရွယ်ချက်၊ အဓိကအကြောင်းအရာနဲ့ ဘယ်လို ဆက်စပ်တယ်ဆိုတာ သိစေပါ။

သင်ခန်းစာ ၁၅

ယုံကြည်စိတ်ချမှုရှိရှိ ပြောဆိုခြင်း

ယုံကြည်စိတ်ချမှုရှိရှိ ပြောဆိုပါ။ သင်ပြောနေတဲ့အကြောင်းဟာ အမှန်တရားဖြစ်တယ်၊ အရေးကြီးတယ်ဆိုတာ သင်အခိုင်အမာ ယုံကြည်ကြောင်း ဖော်ပြပါ။

သင်ခန်းစာ ၁၆

တည်ဆောက်ပေးခြင်း၊ အပြုသဘောဆောင်ခြင်း

ပြဿနာကို မဟုတ်ဘဲ ဖြေရှင်းနည်းနဲ့ အားပေးမှု ဖြစ်စေတာတွေကို အာရုံစိုက်ပါ။ ကျမ်းစာမှာပါတဲ့ အားရှိစရာ အမှန်တရားကို အာရုံစိုက်စေပါ။

သင်ခန်းစာ ၁၇

တခြားသူတွေကို နားလည်သဘောပေါက်စေခြင်း

နားထောင်နေသူတွေကို သင်ပြောနေတဲ့ သတင်းတရားအကြောင်း နားလည်အောင် ကူညီပေးပါ။ အဓိကအချက်တွေကို ရှင်းရှင်းလင်းလင်း တင်ဆက်ပါ။

သင်ခန်းစာ ၁၈

ပရိသတ်အတွက် သိမှတ်ဖွယ်

နားထောင်နေသူတွေ စဉ်းစားလာအောင် လှုံ့ဆော်ပေးပါ။ အကျိုးရှိတာတွေကို သူတို့ သိရှိခဲ့တယ်လို့ ခံစားရစေပါ။

သင်ခန်းစာ ၁၉

စိတ်နှလုံးကို ထိမိဖို့ ကြိုးစားခြင်း

ဘုရားသခင်နဲ့ သမ္မာကျမ်းစာကို ချစ်မြတ်နိုးစိတ် ရှိလာအောင် ကူညီပေးပါ။

သင်ခန်းစာ ၂၀

ထိရောက်တဲ့နိဂုံး

ထိရောက်တဲ့နိဂုံးက ကြားသိခဲ့တာတွေကို လက်ခံပြီး လက်တွေ့ကျင့်သုံးဖို့ ဆွဲဆောင်ပါလိမ့်မယ်။

သင့်တိုးတက်မှု မှတ်တမ်း

ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်း အရည်အသွေး တိုးတက်အောင် လုပ်ဆောင်ရာမှာ သင့်တိုးတက်မှုကို မှတ်သားပါ။

ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ

ဗီဒီယိုတွဲများ

ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်း​မှာ ကြိုးစားပါ—ဗီဒီယိုများ

လူအများရှေ့ စာဖတ်ခြင်း၊ သွန်သင်ခြင်း စွမ်းရည်တွေ တိုးတက်​လာအောင် လုပ်ဆောင်ပါ။