သမ္မာကျမ်းစာကို ဘယ်လိုရှုမြင်ပါသလဲ
ဘယ်လို ပြောမလဲ
လူ့ဉာဏ်ပညာနဲ့ ရေးသားထားတဲ့ စာအုပ်။
ဒဏ္ဍာရီပုံပြင်စာအုပ်။
ဘုရားသခင့် တရားစကားတော်။
ကျမ်းစာအဆို
‘ကျမ်းစာစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးသားထားတယ်။’ —၂ တိမောသေ ၃:၁၆၊ ကမ္ဘာသစ် ဘာသာပြန်ကျမ်း။
သမ္မာကျမ်းစာကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ
ဘဝနဲ့ဆိုင်တဲ့ အရေးကြီးမေးခွန်းတွေအတွက် ကျေနပ်လောက်တဲ့အဖြေ။—ပညာအလိမ္မာ ၂:၁-၅။
နေ့စဉ်အသက်တာအတွက် ယုံကြည်စိတ်ချရတဲ့ လမ်းညွှန်ချက်—ဆာလံ ၁၁၉:၁၀၅။
အနာဂတ်အတွက် စစ်မှန်တဲ့မျှော်လင့်ချက်။—ရောမ ၁၅:၄။
ကျမ်းစာအဆိုကို ယုံကြည်စိတ်ချနိုင်ပါသလား
စိတ်ချနိုင်တဲ့ အကြောင်းရင်း အနည်းဆုံး သုံးခုရှိပါတယ်–
အံ့သြဖွယ်ကောင်းလောက်အောင် ရှေ့နောက်ညီညွတ်မှု။ သမ္မာကျမ်းစာကို နှစ်ပေါင်း ၁,၆၀၀ ကျော်ကာလအတွင်းမှာ လူအယောက် ၄၀ လောက်က ရေးသားခဲ့တယ်။ သူတို့ထဲက အများစုဟာ တစ်ယောက် နဲ့တစ်ယောက် မတွေ့ဖူးကြဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နာမတော်နဲ့ အုပ်ချုပ်မှုဆိုတဲ့ အကြောင်းအရာ တစ်ခုတည်းကိုပဲ အဓိကရေးသားခြင်းအားဖြင့် ကျမ်းစာတစ်အုပ်လုံးဟာ ရှေ့နောက်ညီညွတ်ပါတယ်။
ရိုးသားတဲ့ ကျမ်းရေးသူတွေ။ သမိုင်းပညာရှင်တွေဟာ ကိုယ့်လူမျိုးရဲ့ အောင်မြင်မှုတွေကိုပဲ ရေးသားလေ့ရှိပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာ ရေးသားသူတွေကတော့ ကိုယ်တိုင်နဲ့ ကိုယ့်လူမျိုးရဲ့ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ရေးသားခဲ့ကြပါတယ်။—၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆။ ဆာလံ ၅၁:၁-၄။
ယုံကြည်စိတ်ချရတဲ့ ကြိုဟောချက်တွေ။ ရှေးခေတ်ဗာဗုလုန်မြို့ကြီး ပျက်စီးမယ့်အကြောင်း သမ္မာကျမ်းစာက နှစ်ပေါင်း ၂၀၀ ကြိုတင်ဟောခဲ့တယ်။ (မိက္ခာ ၅:၂) ဗာဗုလုန်မြို့ကြီး ဘယ်ပုံဘယ်နည်းနဲ့ ကျဆုံးသွားမယ်ဆိုတဲ့အပြင် အောင်နိုင်သူရဲ့ နာမည်ကိုတောင် ကြိုတင်ဖော်ပြခဲ့တယ်။—မဿဲ ၂:၁-၆။
ကျမ်းစာကြိုဟောချက် အတော်များများဟာ အသေးစိတ်ကအစ ပြည့်စုံခဲ့တယ်။ ဒီအချက်က သမ္မာကျမ်းစာကို ဘုရားသခင်ရဲ့ လမ်းညွှန်မှုနဲ့ ရေးသားထားတယ်ဆိုတာ ယုံကြည်စိတ်ချစေပါတယ်။—၂ ပေတရု ၁:၂၁။
စဉ်းစားကြည့်ပါ
သမ္မာကျမ်းစာက သင့်ဘဝအတွက် ဘယ်လို အကျိုးဖြစ်စေနိုင်သလဲ။
အဲဒီမေးခွန်းအတွက် ကျမ်းစာအဖြေကို ဟေရှာယ ၄၈:၁၇၊ ၁၈ နဲ့ ၂ တိမောသေ ၃:၁၆၊ ၁၇ တို့မှာ ဖတ်ကြည့်ပါ။
ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ
အရေးကြီးတဲ့ သွန်သင်ချက်များ
ကျမ်းစာက မှန်ကန်သလား
ကျမ်းစာရဲ့ အာဘော်ရှင်က ဘုရားသခင်ဆိုရင် တခြားဘယ်စာအုပ်နဲ့မှမတူဘဲ ထူးခြားနေရမယ်။
ကျွန်တော်တို့အကြောင်း
ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ
ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့သူတွေဟာ ဘဝနဲ့ပတ်သက်တဲ့ အရေးကြီး မေးခွန်းတွေရဲ့အဖြေကို ကျမ်းစာကနေ ရရှိကြပါတယ်။ မိတ်ဆွေကော အဲဒီအဖြေတွေ သိချင်ပါသလား။
ကျွန်တော်တို့အကြောင်း
လည်ပတ်ဖို့ တောင်းဆိုပါ
ကျမ်းစာထဲက သိချင်တဲ့ မေးခွန်းတစ်ခုကို ဆွေးနွေးပါ၊ ဒါမှမဟုတ် ယေဟောဝါသက်သေတွေအကြောင်း လေ့လာပါ။
စာအုပ်စာစောင်များ