Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 33

Daniel Tung Pan Sin In

Daniel Tung Pan Sin In

‘Pasian in nang hong it hi.’—DAN. 9:23.

LA 73 ရဲစွမ်းသတ္တိ ပေးပါ

အကြို​သုံးသပ်ချက် a

1. Kamsang Daniel pen Babylon mite in bang hangin deih uh a hiam?

 မွေးရပ်မြေ ဂျေရုဆလင်​မြို့နဲ့ အလှမ်းဝေးတဲ့ ဗာဗုလုန်​ကို သုံ့ပန်း​အဖြစ် ခေါ်သွား​ခံရ​တုန်းက ပရောဖက် ဒံယေလ လူငယ်​အရွယ်​ပဲ ရှိသေးတယ်။ ဒါပေမဲ့ “အပြင်ပန်း” ကြည့်ရုံနဲ့တင် ဒံယေလကို ဗာဗုလုန် အရာရှိတွေ သဘောကျကြတယ်။ “ချို့ယွင်းချက် မရှိ ရုပ်ရည်​သန့်ပြန့်​သူ၊” မျိုးကောင်းရိုးကောင်း​လေး ဖြစ်လို့ပဲ။ (၁ ရှ. ၁၆:၇) ဒါနဲ့ ဗာဗုလုန် နန်းတွင်း အမှုထမ်း ဖြစ်လာဖို့ လေ့ကျင့်ပေးကြတယ်။—ဒံ. ၁:၃၊ ၄၊ ၆

2. Jehovah in bang hangin Daniel it a hiam? (Ezekiel 14:14)

ပုံပန်း​သွင်ပြင်​ကြောင့်၊ နန်းတော်မှာ ရထားတဲ့ အခွင့်ထူးတွေ​ကြောင့် ဒံယေလကို ယေဟောဝါ ချစ်တာ မဟုတ်ဘူး။ အချစ်ခံ​ရအောင် နေ​လို့​ကို ချစ်တာ။ ကျမ်းစာမှာ နောဧ၊ ယောဘတို့နဲ့ အတူတူ တွဲ​ဖော်ပြ​တုန်းက ဒံယေလ အသက် ၂၀ လောက်​ပဲ ရှိ​ဦးမယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ဘုရားကို သစ္စာရှိရှိ ဝတ်ပြု​ခဲ့​ကြ​တဲ့ နောဧ၊ ယောဘတို့​လိုပဲ ဒံယေလကို ဖြောင့်မတ်တယ်လို့ ယေဟောဝါ မြင်တယ်။ (က. ၅:၃၂။ ၆:၉၊ ၁၀။ ယောဘ ၄၂:၁၆၊ ၁၇။ ယေဇကျေလ ၁၄:၁၄ ကို ဖတ်ပါ။) ဒံယေလဟာ တစ်သက်တာလုံး ဘုရား အချစ်ခံ​ရတယ်။—ဒံ. ၁၀:၁၁၊ ၁၉

3. Hih thulu-ah bang thu kikum ding i hiam?

ဘယ်​အရည်အသွေး နှစ်ခု​ကြောင့် ဒံယေလဟာ ဘုရား တန်ဖိုးထား​ရတဲ့သူ ဖြစ်လာသလဲ။ အရည်အသွေး တစ်ခုစီ​ကို ဘယ်အချိန်မှာ ဒံယေလ ပြသလဲ။ ဒီ​အရည်အသွေးတွေ ဘယ်လို​လုပ် ရှိလာသလဲ။ ကျွန်တော်တို့ ဘယ်လို အတုယူနိုင်သလဲ။ ဒီအကြောင်း ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။ ဒီဆောင်းပါး​ဟာ လူငယ်တွေ​အတွက် ရည်ရွယ်​ထားပေမဲ့ ကျွန်တော်တို့​အားလုံး ဒံယေလ​ဆီကနေ သင်ယူနိုင်တယ်။

DANIEL BANGIN HANGSAN IN

4. Daniel in hangsanna a neihlam koi bangin lakkhia a hiam? Gentehna pia in.

သတ္တိ​ရှိသူလည်း ကြောက်စိတ် ဝင်ချိန် ရှိနိုင်တယ်။ ဒါပေမဲ့ မှန်ရာ မလုပ်ဘဲ မနေဘူး။ ဒံယေလဟာ သိပ်ကို သတ္တိ​ရှိတဲ့ လူငယ်လေးပါပဲ။ သတ္တိ​ရှိကြောင်း ပြခဲ့တဲ့ အခြေအနေ နှစ်ခုကို သုံးသပ်​ကြည့်ရအောင်။ ပထမ အခြေအနေက ဂျေရုဆလင်​မြို့ကို ဗာဗုလုန်တွေ ဖျက်ဆီး​ပြီးနောက် နှစ်နှစ်လောက် အကြာမှာ ဖြစ်ပုံရတယ်။ ဧရာမ ရုပ်တုကြီး​အကြောင်း ထိတ်လန့်စရာ အိပ်မက် ဘုရင် နေဗုခဒ်နေဇာ မက်တယ်။ အိပ်မက်​နဲ့ အိပ်မက်​အဓိပ္ပာယ် ပြော​မပြ​နိုင်ရင် ဒံယေလ အပါအဝင် ပညာရှိ​အားလုံးကို သတ်ပစ်​မယ်​လို့ ခြိမ်းခြောက်​တယ်။ (ဒံ. ၂:၃-၅) ဒံယေလ မြန်မြန်ဆန်ဆန် လုပ်​ရတော့တယ်။ မဟုတ်ရင် အားလုံး အသတ်​ခံကြရ​မှာ။ ဒါကြောင့် “မင်းကြီး​ဆီ အခစားဝင်ပြီး အိပ်မက်​အဓိပ္ပာယ်ကို ပြောပြနိုင်ဖို့ အချိန်​နည်းနည်း ပေးပါ​လို့ ခွင့်တောင်းတယ်။” (ဒံ. ၂:၁၆) သတ္တိ ရှိလို့၊ ယုံကြည်ခြင်း ရှိလို့သာ ဒီလို ခွင့်​တောင်း​ရဲ​တာ။ ဘာကြောင့်လဲ။ အရင်က ဒံယေလ အိပ်မက်​အဓိပ္ပာယ် ပြန်ဖူးတယ်​ဆိုတဲ့ ကျမ်းမှတ်တမ်း မရှိဘူး။ “ဒီ​လျှို့ဝှက်ချက်ကို ဖွင့်​ပြပြီး ကရုဏာ ပြပါ​လို့ ကောင်းကင်​အုပ်စိုးရှင် ဘုရားသခင်ဆီ ဆုတောင်းဖို့” သူငယ်ချင်း ရှာဒရက်၊ မေရှက်​နဲ့ အဗေဒနေဂေါ​ကိုလည်း ဒံယေလ တောင်းဆိုတယ်။ b (ဒံ. ၂:၁၈) ဆုတောင်းချက်တွေကို ယေဟောဝါ အဖြေပေးတယ်။ ဘုရား​အကူအညီကြောင့် နေဗုခဒ်နေဇာ​ရဲ့ အိပ်မက်​အဓိပ္ပာယ်ကို ဒံယေလ ပြောပြ​လိုက်​နိုင်တယ်။ ဒံယေလ​နဲ့ သူငယ်ချင်းတွေ အသက်ဘေး လွတ်သွားကြတယ်။

5. Daniel in hangsanna a neihlam bang hunah lakkhiakik a hiam?

ဧရာမ ရုပ်တုကြီး​နဲ့​ပတ်သက်တဲ့ အိပ်မက်​အဓိပ္ပာယ် ပြန်ပြီးနောက် အတော်ကြာ​မှာ သတ္တိ​ရှိကြောင်း ဒံယေလ ထပ်​ပြ​ရတယ်။ ထိတ်လန့်စရာ အိပ်မက်​တစ်ခု နေဗုခဒ်နေဇာ မက်​ပြန်​တယ်။ ဧရာမ သစ်ပင်ကြီး​အကြောင်း မက်​တာ။ အိပ်မက်​အဓိပ္ပာယ်ကို ဒံယေလ သတ္တိရှိရှိ ပြောပြတယ်။ ဘုရင် စိတ်ဖောက်​သွားမယ်၊ အချိန် အတိုင်းအတာ တစ်ခုအထိ နန်း​ကျမယ်​လို့ ပြောတယ်။ (ဒံ. ၄:၂၅) ဘုရင်​ကို အကြည်အညို ပျက်​စေ​မှု​နဲ့ ဒံယေလ အသတ်တောင် ခံရနိုင်တယ်။ ဒါပေမဲ့ ပြောစရာ ရှိတာ သတ္တိရှိရှိ ပြောတယ်။

6. Daniel in hangsanna koi bangin hong nei a hiam?

ဘဝ​တစ်လျှောက် ဒံယေလ သတ္တိ​ရှိတာ ဘာကြောင့် ဖြစ်မလဲ။ စံနမူနာ ကောင်းတဲ့ မိဘတွေ​ကြောင့်​ပါ။ အစ္စရေး မိဘတွေကို ယေဟောဝါ ပေးတဲ့ ညွှန်ကြားချက်​အတိုင်း ဒံယေလကို ဘုရား​ပညတ်တွေ သင်ပေးကြမှာပဲ။ (တရား. ၆:၆-၉) ဒါကြောင့် ပညတ်တော် ဆယ်ပါး​လို​မျိုး ပညတ်​တရား​ရဲ့ အခြေခံ​လောက်ကို​သာမက အစ္စရေး​တစ်ယောက် ဘာ​စားလို့ ရတယ်၊ မရဘူး​ဆိုတဲ့ အသေးစိတ် အချက်တွေကို​ပါ ဒံယေလ သိနေတာ။ c (ဝတ်. ၁၁:၄-၈။ ဒံ. ၁:၈၊ ၁၁-၁၃) အစ္စရေး​လူမျိုး သမိုင်းကြောင်း​ကနေလည်း ဒံယေလ သင်ယူတယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို မလိုက်နာ​လို့ အစ္စရေးတွေ ဘာ​ကြုံရ​မှန်း သိတယ်။ (ဒံ. ၉:၁၀၊ ၁၁) မိမိ ဘဝ​တစ်လျှောက် ကြုံခဲ့ရတာတွေကြောင့် ရှေ့မှာ ဘာတွေ​ပဲ ရင်ဆိုင်​ရ​ပါ​စေ ယေဟောဝါနဲ့ ခွန်အားကြီး ကောင်းကင်တမန်တွေ ကူညီပေးမယ်​ဆိုတာ စိတ်ချတယ်။—ဒံ. ၂:၁၉-၂၄။ ၁၀:၁၂၊ ၁၈၊ ၁၉

လေ့လာခြင်း၊ ဆုတောင်းခြင်း၊ ယေဟောဝါကို ယုံကြည်​ကိုးစားခြင်းအားဖြင့် ဒံယေလ သတ္တိ​မွေး (စာပိုဒ် ၇ ကို ကြည့်ပါ)

7. Adang bang thute hangin zong Daniel in hangsanna nei a hiam? (Lim zong en in.)

ယေရမိ ပရောဖက်ပြုချက် အပါအဝင် ပရောဖက်ပြုချက် တော်တော်​များများ ဒံယေလ လေ့လာ​တယ်။ အဲဒီလို လေ့လာ​လို့ ဂျူး​သုံ့ပန်း​ကာလရှည် မကြာခင် ကုန်တော့မယ်ဆိုတာ သိလာတယ်။ (ဒံ. ၉:၂) ပရောဖက်ပြုချက် ပြည့်စုံတာ မြင်ရလို့ ဘုရားကို ပိုယုံကြည်​ကိုးစား​လာတယ်။ သတ္တိ ရှိလာတယ်။ ဘုရားကို အပြည့်အဝ ယုံကြည်​ကိုးစား​သူ​တွေ​လည်း ဒံယေလ​လိုပဲ သတ္တိ ရှိနိုင်တယ်။ (ရောမ ၈:၃၁၊ ၃၂၊ ၃၇-၃၉ နဲ့ နှိုင်းယှဉ်ပါ။) ဒါ့အပြင် ကောင်းကင်ဘုံစံ ဖခင်ဆီ ဒံယေလ မကြာခဏ ဆုတောင်းတယ်။ (ဒံ. ၆:၁၀) အပြစ်တွေ ဝန်ချ​တောင်းပန်တယ်။ ကိုယ့်​ခံစားချက်တွေ ပြောပြတယ်။ အကူအညီ တောင်းတယ်။ (ဒံ. ၉:၄၊ ၅၊ ၁၉) ဒံယေလလည်း ကျွန်တော်တို့လို သာမန်​လူ​ပဲ။ မွေးကတည်းက သတ္တိ ရှိနေတာ မဟုတ်ဘူး။ သတ္တိ ရှိအောင် လုပ်ထားတာ။ ဆုတောင်းခြင်း၊ လေ့လာခြင်း၊ ဘုရားကို ယုံကြည်​ကိုးစားခြင်းအားဖြင့်​ပါ။

8. Hangsanna koi bangin nei thei ding i hiam?

သတ္တိ ဘယ်လို မွေး​နိုင်​မလဲ။ သတ္တိ​ရှိတဲ့ မိဘတွေက သားသမီးတွေ သတ္တိရှိဖို့ အားပေး​တတ်​ကြတယ်။ ဒါပေမဲ့ သတ္တိ​ဆိုတာ လက်ဆင့်ကမ်း အမွေ​ပေးလို့ ရတာ​မျိုး မဟုတ်ဘူး။ စွမ်းရည်​တစ်ခု သင်ယူ​သ​လို သင်ယူရတာမျိုး။ ဆရာသမား​တွေ​ဆီကနေ အတုမြင် အတတ်​သင်ပြီး ကျွန်တော်တို့ စွမ်းရည်​ကောင်း​တွေ ရှိလာကြတယ်။ ဒီလိုပဲ သတ္တိ​ရှိသူ​တွေ​ဆီကနေ အတုမြင် အတတ်​သင်တဲ့အခါ သတ္တိ​ရှိလာမယ်။ ဒီတော့ သတ္တိခဲ ဒံယေလ​ဆီကနေ ဘာတွေ သင်ယူ​ကြ​မလဲ။ ဒံယေလ​လိုပဲ ကျမ်းစာကို ကောင်းကောင်း အကျွမ်းဝင်​ရမယ်။ မကြာခဏ ရင်ဖွင့်​ဆုတောင်းခြင်းအားဖြင့် ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိအောင် လုပ်ရမယ်။ ဘုရားရဲ့ ကျောထောက်နောက်ခံ ရှိတယ်ဆိုတာ အပြည့်အဝ ယုံကြည်ရမယ်။ ဒါဆိုရင် ယုံကြည်ခြင်း စမ်းသပ်ခံရချိန်မှာ သတ္တိ ရှိနေမယ်။

9. Hangsanna nei leng bang hamphatna kingah a hiam?

သတ္တိ​ရှိရင် အကျိုး အများကြီး ရတယ်။ ဂျာမနီ​နိုင်ငံက ညီအစ်ကိုငယ် ဘန်​အကြောင်း သုံးသပ်ကြည့်ပါ။ ဆင့်ကဲအယူကို အတန်းဖော်​အားလုံး ယုံကြတယ်။ ကျမ်းစာမှာ ပါတဲ့ ဖန်ဆင်းခြင်း မှတ်တမ်းကို ဒဏ္ဍာရီ​သာ​သာ​ပဲ သဘောထားကြတယ်။ တစ်နေ့၊ အတန်း​ရှေ့ ထွက်​ရပ်ပြီး ဖန်ဆင်းခြင်း​ကို ဘာကြောင့် ယုံသလဲ​ဆိုတာ ဘန် ရှင်းပြ​ခွင့် ရတယ်။ ကိုယ့်​ယုံကြည်ချက်ကို သတ္တိရှိရှိ ပြောပြတယ်။ ဘာဆက်ဖြစ်သလဲ။ “ဆရာ​က ကျွန်တော် ရှင်းပြ​တာကို သေသေချာချာ နားထောင်တယ်။ တင်ဆက်​တုန်းက သုံးတဲ့ ဆောင်းပါးကိုလည်း မိတ္တူ ကူးပြီး အတန်းသား​အားလုံးကို ဝေပေး​လိုက်တယ်” လို့ ပြောတယ်။ အတန်းဖော်တွေ​ကော။ “တော်တော်​များများ နားထောင်ကြတယ်။ ကျွန်တော့်ကို လေးစား​လာကြတယ်” လို့ ပြောတယ်။ ဘန့်​အဖြစ်မှာလိုပဲ သတ္တိ​ရှိသူတွေကို လူတွေ လေးစားကြတယ်။ စိတ်ရိုးဖြောင့်သူတွေ​ဆိုရင် ယေဟောဝါအကြောင်း​တောင် စိတ်ဝင်စား​လာနိုင်တယ်။ သတ္တိရှိဖို့ လိုတဲ့ အကြောင်းကောင်းတွေ​ပါပဲ။

DANIEL BANGIN CITAK IN

10. Citak cih in bang a hiam?

၁၀ ကျမ်းစာမှာ သုံးထားတဲ့ “သစ္စာစောင့်သိ” ဆိုတဲ့ ဟီဘရူး စကားလုံးဟာ နွေးထွေးတဲ့ မေတ္တာကို ဆိုလိုတယ်။ ကျေးကျွန်တွေအပေါ် ဘုရား သစ္စာစောင့်သိ​ကြောင်း၊ ကျေးကျွန်တွေ အချင်းချင်း သစ္စာစောင့်သိ​တဲ့​အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (၂ ရှ. ၉:၆၊ ၇) မိမိ​အပေါ် သစ္စာစောင့်သိဖို့လည်း ဘုရား မျှော်လင့်တယ်။ သစ္စာစောင့်သိမှု​ဟာ အချိန်နဲ့အမျှ တိုးလာ​နိုင်တယ်။ ဒံယေလရဲ့ သစ္စာစောင့်သိမှု ဘယ်လို တိုးလာသလဲ ကြည့်ကြစို့။

ကောင်းကင်တမန်​တစ်ပါး စေလွှတ်ပြီး ခြင်္သေ့​တွေ​ရဲ့ ပါးစပ် ပိတ်​ပေးခြင်းအားဖြင့် ဒံယေလရဲ့ သစ္စာရှိမှုကို ယေဟောဝါ ဆုချ (စာပိုဒ် ၁၁ ကို ကြည့်ပါ)

11. Daniel in a kum a tam ciangin a cihtaklam koi bangin na lakkhia a hiam? (Laibu mai-a lim en in.)

၁၁ ဘဝ​တစ်လျှောက် ဒံယေလ သစ္စာစောင့်သိမှု အကြိမ်ကြိမ် စမ်းသပ်ခံရတယ်။ အသက် ၉၀ ကျော်​မှာ ကြုံရတဲ့ စမ်းသပ်မှု​ကတော့ တော်တော် ခက်တယ်။ ဗာဗုလုန်​ကို မီးဒီးယား​နဲ့ ပါးရှား​တွေ သိမ်းပိုက်ပြီး ဒါရိ​မင်း အုပ်စိုး​နေတယ်။ ဒံယေလကို ဒါရိ​မင်းရဲ့ မှူးမတ်​တွေ မုန်းကြတယ်။ သူ ကိုးကွယ်တဲ့ ဘုရားကို မလေးစားကြဘူး။ ဒါနဲ့ ဒံယေလ အသတ်ခံရအောင် ခွင်ဆင်​ကြတယ်။ ဘုရားကို သစ္စာ ရှိ​မ​လား၊ ဘုရင်​ကို သစ္စာ ရှိ​မ​လား​ဆိုတာ စမ်းသပ်ဖို့ ဘုရင်​ကို အမိန့်​စာ ထုတ်​ခိုင်း​ကြတယ်။ ရက် ၃၀ လောက် ဆု​မတောင်းရုံ၊ တခြားသူတွေ​နဲ့ အုတ်​ရော​ရော ကျောက်​ရော​ရော နေလိုက်ရုံ​နဲ့ ဘုရင်​ကို သစ္စာ ရှိကြောင်း ဒံယေလ ပြ​လို့ ရတယ်။ ဒါပေမဲ့ ဘုရားကို သစ္စာစောင့်သိ​တယ်။ ဒါကြောင့် ခြင်္သေ့​တွင်း​ထဲ ပစ်ချ​ခံရတယ်။ ဒါပေမဲ့ ခြင်္သေ့​ခံတွင်း​ကနေ ယေဟောဝါ ကယ်​ပြီး ဒံယေလရဲ့ သစ္စာစောင့်သိမှုကို ဆုချခဲ့တယ်။ (ဒံ. ၆:၁၂-၁၅၊ ၂၀-၂၂) ကျွန်တော်တို့လည်း ဒံယေလ​လို ယေဟောဝါကို ဘယ်လို သစ္စာစောင့်သိ​နိုင်​မလဲ။

12. Bang hangin Daniel in Jehovah tungah citaksuak a hiam?

၁၂ ဘုရားကို နှစ်နှစ်ကာကာ ချစ်​မှ သစ္စာစောင့်သိ​နိုင်မယ်။ ဒံယေလလည်း ကောင်းကင်ဘုံစံ အဖ​ကို နှစ်နှစ်ကာကာ ချစ်လို့ သစ္စာမြဲခဲ့တာ။ ဘုရားရဲ့ အရည်အသွေးတွေအကြောင်း၊ ဒီ​အရည်အသွေးတွေကို ဘုရား ဘယ်လို ပြခဲ့​ကြောင်း အချိန်ပေး စဉ်းစား​လို့ ဘုရားကို ချစ်တဲ့ မေတ္တာ တိုးလာတယ်။ (ဒံ. ၉:၄) ကိုယ့်အတွက်၊ လူမျိုးတော်​အတွက် ဘုရား လုပ်ပေးတဲ့ ကောင်းမြတ်​ရာတွေကို တွေးတော​ဆင်ခြင်​တယ်။ ကျေးဇူးတင်တယ်။—ဒံ. ၂:၂၀-၂၃။ ၉:၁၅၊ ၁၆

ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်မယ်​ဆိုရင် ဒံယေလ​လို သင် သစ္စာမြဲနိုင် (စာပိုဒ် ၁၃ ကို ကြည့်ပါ)

13. (a) Khangnote’n cihtakna tawh kisai-in koi bang ze-etna thuak uh a hiam? Gentehna pia in. (Lim zong en in.) (b) Jehovah Tecite’n pasal le pasal, numei le numei a kilunggulh mite a thukimpih uh hiam, ci-a hong kidot a leh bangci dawng ding na hiam? (စစ်မှန်တဲ့ ဖြောင့်မတ်မှုကြောင့် ငြိမ်းချမ်းလာမယ်” video jw.org ah en in.)

၁၃ ဒံယေလ​လိုပဲ ဒီနေ့ခေတ် ခရစ်ယာန် လူငယ်တွေလည်း ဘုရားနဲ့ ဘုရား​စံနှုန်းတွေကို မလေးစား​သူ​တွေ​ကြားမှာ အသက်ရှင်​ကြရတယ်။ ဘုရားကို ချစ်လို့​ကို တချို့က မုန်းကြတယ်။ ဘုရားအပေါ် သစ္စာ မဖောက်ဖောက်အောင် အနိုင်ကျင့်​ကြတယ်။ ဩစတြေးလျ​နိုင်ငံက ဂရေယမ်​လို့ ခေါ်တဲ့ လူငယ်လေး​အကြောင်း သုံးသပ်ကြည့်ပါ။ အထက်တန်း ကျောင်းသား​ဘဝမှာ စမ်းသပ်မှု ကြုံရတယ်။ လိင်တူသမား​ပါ​လို့ အတန်းဖော်​တစ်ယောက် ရင်ဖွင့်​လာ​ရင် ဘယ်လို တုံ့ပြန်ကြမလဲ​လို့ အတန်း​သားတွေကို ဆရာမ မေးတယ်။ လိင်တူ​ကြိုက်တာကို ထောက်ခံသူ​တွေ အတန်း​ထောင့် တစ်​ထောင့်မှာ၊ မထောက်ခံသူတွေ တစ်​ထောင့်မှာ ရပ်ဖို့ ပြောတယ်။ “ကျွန်တော်နဲ့ အတန်းဖော် သက်သေခံ​တစ်ယောက်က လွဲလို့ အတန်းသား​အားလုံး ထောက်ခံတဲ့ဘက်မှာ ရပ်​ကြတယ်” လို့ ဂရေယမ် ပြောတယ်။ အခြေအနေ ပိုဆိုးလာတယ်။ ဘုရားကို သစ္စာစောင့်သိ​ကြောင်း ဂရေယမ် သက်သေ​ပြခဲ့​ရတယ်။ “ကျန်တဲ့ အတန်း​ချိန် တစ်လျှောက်လုံး အတန်းဖော်တွေ​ကော ဆရာ​မကပါ ကျွန်တော်တို့ကို မထိတထိ ပြောကြတယ်။ ကိုယ့်​ယုံကြည်ချက်​အကြောင်း ကျွန်တော် တတ်​နိုင်သလောက် တည်တည်ငြိမ်ငြိမ် ရှင်းပြတယ်။ ဒါပေမဲ့ နားမထောင်ကြဘူး” လို့ ပြောတယ်။ ဂရေယမ် ဘယ်လို ခံစားရသလဲ။ “တစ်တန်း​လုံး​ရဲ့ တံတွေး​ခွက်ထဲ ပက်လက် မျော​ရတဲ့ အဖြစ်မျိုး ကျွန်တော် ဘယ်​ရောက်ချင်ပါ့မလဲ။ ဒါပေမဲ့ ဘုရားအပေါ် သစ္စာစောင့်သိ​နိုင်​လို့၊ ကိုယ့်​ယုံကြည်ချက်ကို ခုခံ​ပြောဆိုနိုင်​လို့ သိပ်ပျော်တယ်” လို့ ဂရေယမ် ပြောတယ်။

14. Jehovah tungah i cihtaksuak theih nadingin bang sem thei i hiam?

၁၄ ဒံယေလ​လိုပဲ ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်ရင် သစ္စာမြဲနိုင်မယ်။ ဒါဆိုရင် ဘုရားကို နှစ်နှစ်ကာကာ ချစ်တတ်လာဖို့ ဘာလုပ်ရမလဲ။ ဘုရားရဲ့ အရည်အသွေးတွေအကြောင်း လေ့လာ​နိုင်တယ်။ ဥပမာ၊ ဖန်ဆင်းရာတွေကို လေ့လာ​နိုင်တယ်။ (ရော. ၁:၂၀) “အလိုလို ဖြစ်လာနိုင်ပါ့မလား” ဆောင်းပါးတွေ ဖတ်နိုင်တယ်။ ဗီဒီယိုတွေ ကြည့်​နိုင်တယ်။ သက်ရှိ​များသည် ဖန်ဆင်းခံရခြင်းလော စာစောင်၊ သက်ရှိများရဲ့ မူလ​အစ—မေးသင့်​မေး​ထိုက်တဲ့ မေးခွန်း ငါးခု (အင်္ဂလိပ်) စာစောင်​ကို လေ့လာ​နိုင်တယ်။ ဒိန်းမတ်​နိုင်ငံက ညီအစ်မငယ် အက်စတာ ဒီလိုပြောတယ်– “အဲဒီ​စာစောင်တွေမှာ ကျိုးကြောင်း​ဆင်ခြင်​ပြ​ထားတာ တအား ထိမိ​တာ​ပဲ။ ဘာကို ယုံပါ​လို့ ပြော​မထားဘူး။ အချက်အလက်တွေကို ရိုးရိုးလေး​ပဲ ဖော်ပြထားတယ်။ ယုံ​မယုံ ကိုယ့်​ဘာသာ​ကိုယ် ဆုံးဖြတ်ရမှာ။” အစောပိုင်းမှာ ဖော်ပြတဲ့ ဘန်​လည်း “အဲဒီဆောင်းပါးတွေ၊ စာစောင်တွေ​က ယုံကြည်ခြင်း ခိုင်ခံ့စေတယ်။ အသက်ကို ဘုရား ဖန်ဆင်း​မှန်း ကျွန်တော် စိတ်ချ​သွားပြီ” လို့ ပြောတယ်။ သင်လည်း အဲဒီ​စာစောင်တွေ လေ့လာ​ပြီးသွား​ရင် ‘ယေဟောဝါ​ဘုရားဟာ အရာခပ်သိမ်း​ကို ဖန်ဆင်းခဲ့တယ်။ ဒါကြောင့် ဂုဏ်တင်မှု၊ ချီးမွမ်းမှု​နဲ့ အစွမ်း​ခွန်အား​တွေ​ကို ရထိုက်တယ်’ ဆိုတာ သဘောတူ​လာ​ပါလိမ့်မယ်။—ဗျာ. ၄:၁၁ d

15. Jehovah i it semsem theih dan adang thu khat in bang a hiam?

၁၅ ဘုရားကို နှစ်နှစ်ကာကာ ချစ်​လာနိုင်တဲ့ နောက်တစ်နည်းက ဘုရား​သားတော် ယေရှုအကြောင်း လေ့လာခြင်း​ပါပဲ။ ဂျာမနီ​နိုင်ငံက ညီအစ်မငယ် စမီရာ အဲဒီလို လေ့လာ​တယ်။ “ယေရှု​ကြောင့် ယေဟောဝါအကြောင်း ပိုသိလာတာ” လို့ ပြောတယ်။ ဘုရား​မှာ ခံစားချက် ဘယ်လို​လုပ် ရှိနိုင်​မှာ​လဲ​ဆိုပြီး ညီအစ်မ ငယ်ငယ်​တုန်းက နားလည်ရ ခက်​ခဲ့တယ်။ ယေရှုမှာ ခံစားချက် ရှိတယ်​ဆိုတာတော့ နားလည်တယ်။ “ယေရှု ဖော်ဖော်ရွေရွေ ရှိတာ၊ ကလေးတွေကို ချစ်တာ ကျွန်မ သဘောကျတယ်” လို့ ပြောတယ်။ ယေရှုအကြောင်း ညီအစ်မ လေ့လာလေ ဘုရားကို ပိုချစ်လေ ဖြစ်လာတယ်။ ဘာကြောင့်လဲ။ “ဖခင်ကို ယေရှု အပြည့်အဝ အတုယူမှန်း ကျွန်မ တဖြည်းဖြည်း သိလာတယ်။ သူတို့ နှစ်ယောက် တော်တော် တူ​တာ။ ဒါကြောင့်​လည်း ယေဟောဝါအကြောင်း လူတွေ ပိုသိလာအောင် ယေရှုကို မြေကြီးပေါ် လွှတ်လိုက်တာ နေ​မှာ” လို့ ပြောတယ်။ (ယော. ၁၄:၉) သင်လည်း ယေဟောဝါနဲ့ ဆက်ဆံရေး ပို​ခိုင်မြဲ​ချင်ရင် ယေရှုအကြောင်း အချိန်ပေး လေ့လာကြည့်ပါ။ ဒါဆိုရင် ဘုရားကို ပိုချစ်လာမယ်။ သစ္စာ ပို​မြဲ​လာမယ်။

16. Bang hangin i cihtak ding kisam a hiam? (Late 18:25; Mikah 6:8)

၁၆ သစ္စာရှိသူတွေဟာ မိတ်ဆွေ မြဲလေ့​ရှိကြတယ်။ (ရု. ၁:၁၄-၁၇) ဒါကြောင့် ယေဟောဝါအပေါ် သစ္စာစောင့်သိ​ရင် ဘုရားနဲ့ ရင်းနှီးမှု နှောင်ကြိုး ခိုင်မြဲ​မယ်။ ကျေနပ်ပီတိ ဖြစ်ရမယ်။ သစ္စာစောင့်သိ​သူကို သစ္စာစောင့်သိ​မယ်​လို့ ဘုရား ကတိ​ပေးထားလို့ပဲ။ (ဆာလံ ၁၈:၂၅။ ၃၇:၂၈ တို့ကို ဖတ်ပါ။) စဉ်းစားကြည့်ပါ– အနန္တ​တန်ခိုးရှင်၊ ဖန်ဆင်းရှင်​က ကျွန်တော်တို့လို လူသားတွေကို သစ္စာ​မပျက် ချစ်မယ်​တဲ့။ ဘုရား ချစ်ပြီ​ဟေ့​ဆိုရင် စမ်းသပ်မှု၊ ဆန့်ကျင်မှု၊ သေခြင်း ဖြစ်ပါစေ ဘာကမှ ကျွန်တော်တို့​ကြား ဝင်နိုင်​မှာ မဟုတ်ဘူး။ (ဒံ. ၁၂:၁၃။ လု. ၂၀:၃၇၊ ၃၈။ ရော. ၈:၃၈၊ ၃၉) ဒံယေလ​လိုပဲ ဘုရားအပေါ် သစ္စာမြဲ​ဖို့ သိပ်အရေးကြီးတယ် မဟုတ်လား။

DANIEL TUNG PAN SINSUAK IN

17-18. Daniel tung pan bang sin theilai i hiam?

၁၇ ဒီဆောင်းပါးမှာ ဒံယေလရဲ့ အရည်အသွေး နှစ်ခုကို​ပဲ လေ့လာခဲ့ကြတယ်။ ဒါပေမဲ့ သင်ယူစရာ အများကြီး ကျန်သေးတယ်။ ဥပမာ၊ ဒံယေလကို အိပ်မက်​တွေ၊ စိတ်​အာရုံ​တွေ ယေဟောဝါ မြင်စေတယ်။ ကြိုဟောချက်တွေကို အဓိပ္ပာယ် ပြန်​နိုင်စွမ်း ပေးတယ်။ ကြိုဟောချက် တော်တော်​များများ ပြည့်စုံ​ပြီး​သွားပြီ။ ဒါပေမဲ့ လူ​ယောက်တိုင်း ကြုံရမယ့် အနာဂတ် ဖြစ်ရပ်တွေ​နဲ့ပတ်သက်ပြီး အသေးစိတ် ကြိုဟောချက်​တွေ ရှိသေးတယ်။

၁၈ နောက်ဆောင်းပါးမှာ ဒံယေလရဲ့ ကြိုဟောချက် နှစ်ခု​အကြောင်း လေ့လာ​ကြ​မယ်။ အဲဒီ​ကြိုဟောချက်တွေကို နားလည်တာက အခု​အချိန်မှာ လူကြီးလူငယ်​မရွေး ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ကျွန်တော်တို့ ပို​သတ္တိရှိဖို့၊ ပို​သစ္စာ​စောင့်​နိုင်ဖို့ ကူညီပေးမှာ ဖြစ်လို့ ရှေ့မှာ ကြုံရမယ့် စမ်းသပ်မှုတွေ​အတွက် အသင့်ပြင်ထား​ရာ​လည်း ရောက်​ပါလိမ့်မယ်။

LA 119 ယုံကြည်ခြင်း ရှိရမယ်

a ဒီနေ့ ယေဟောဝါ​ဘုရားရဲ့ ကျေးကျွန် လူငယ်​များစွာ ဘုရားအပေါ် သစ္စာစောင့်သိဖို့၊ သတ္တိ ရှိဖို့ ခက်တဲ့ အခြေအနေတွေ ကြုံကြရတယ်။ ဖန်ဆင်းခြင်း​ကို ယုံလို့၊ ဘုရား​အမှု ဆောင်​လို့၊ ဘုရား​စံနှုန်းတွေနဲ့​အညီ နေ​လို့ အတန်းဖော်တွေ လှောင်ပြောင်တာ ခံရနိုင်တယ်။ ဒါပေမဲ့ ပရောဖက် ဒံယေလကို အတုယူတာ၊ ယေဟောဝါကို သတ္တိရှိရှိ၊ သစ္စာရှိရှိ အမှုဆောင်တာ ပညာ​ရှိကြောင်း ဒီဆောင်းပါးမှာ လေ့လာ​ကြ​မယ်။

b ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ​ဆိုတာ ဗာဗုလုန်တွေ ပေးတဲ့ နာမည် ဖြစ်တယ်။

c ဗာဗုလုန် အစားအသောက်တွေ မ​သန့်ရှင်း​ဘူး​လို့ ဒံယေလ ယူဆရတဲ့ အကြောင်းရင်း သုံးခု ရှိနိုင်တယ်။ (၁) ပညတ်​တရား​က တားမြစ်​ထားတဲ့ တိရစ္ဆာန်​အသား ဖြစ်နေလို့။ (တရား. ၁၄:၇၊ ၈) (၂) အသားတွေကို သွေး ကောင်းကောင်း မ​ထုတ်​ထားလို့။ (ဝတ်. ၁၇:၁၀-၁၂) (၃) တိရစ္ဆာန်တွေ​ကို ဘုရားတွေ​ဆီ ကပ်လှူ​ပြီးမှ စားလေ့​ရှိ​ကြ​တဲ့အတွက် သူတို့ ကျွေးတာ စားရင် မှားယွင်းတဲ့ ဝတ်ပြုရေးမှာ ပါဝင်​ရာ ရောက်သွားမှာ စိုးလို့။—ဝတ်ပြုရာ ၇:၁၅။ ၁ ကောရိန္သု ၁၀:၁၈၊ ၂၁၊ ၂၂ တို့နဲ့ နှိုင်းယှဉ်ပါ။

d ဘုရားကို ချစ်တဲ့ မေတ္တာ တိုးလာဖို့ ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ်ကိုလည်း လေ့လာ​နိုင်တယ်။ အဲဒီမှာ ဘုရားရဲ့ အရည်အသွေးတွေအကြောင်း ထပ်ဆင့် ရှင်းပြထားတယ်။