Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 34

Lai Siangtho Genkholhnate Pan Sin In

Lai Siangtho Genkholhnate Pan Sin In

“Mipilte in theihtel theihna a nei ding uh hi.”—DAN. 12:10.

LA 98 စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးတဲ့ ကျမ်းစာ

အကြို​သုံးသပ်ချက် a

1. Lai Siangtho genkholhnate sinna-ah nuam i sak nadingin bang in hong huh thei a hiam?

 “ကျမ်းစာ ကြိုဟောချက်​တွေ လေ့လာရတာ ကြိုက်တယ်” လို့ ရှေ့ဆောင်းပါးမှာ ပါတဲ့ ညီအစ်ကို​လေး ဘန် ပြောတယ်။ သင်​ကော ကြိုက်သလား။ နားလည်ဖို့ ခက်တယ်​ဆိုပြီး ခပ်လန့်လန့် ဖြစ်​နေ​သ​လား။ ငြီးငွေ့စရာ ကောင်းတယ်လို့ ခံစားရသလား။ ကျမ်းစာမှာ ကြိုဟောချက်​တွေ ယေဟောဝါ​ဘုရား ဘာကြောင့် မှတ်တမ်းတင်​စေ​တယ်​ဆိုတာ သိရင် သင် နှစ်သက်​တတ်လာမယ်။

2. Hih thulu-ah bang thu kikum ding i hiam?

ကျမ်းစာ ကြိုဟောချက်​တွေ ဘာကြောင့် လေ့လာသင့်သလဲ၊ ဘယ်လို လေ့လာ​နိုင်​သလဲ​ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ကြိုဟောချက်​တွေ နားလည်​ရင် လောလောဆယ် ဘာအကျိုးရမလဲဆိုတာ သိဖို့ ဒံယေလကျမ်းထဲက ကြိုဟောချက် နှစ်ခုကိုလည်း ဆန်းစစ်​သွားပါမယ်။

LAI SIANGTHO GENKHOLHNATE BANG HANGIN SIN DING KISAM A HIAM?

3. Lai Siangtho genkholhnate i theihtel nadingin bang i sep ding kisam a hiam?

ကိုယ် သိပ်​မကျွမ်းတဲ့ နေရာ သွားလည်တယ်လို့ မြင်ယောင်​ကြည့်ပါ။ ဒါပေမဲ့ ကိုယ်​နဲ့ လိုက်​လာတဲ့ သူငယ်ချင်း​က အဲဒီ​နေရာ ကျွမ်းတယ်။ ဘယ်​ရောက်နေသလဲ၊ ဘယ်​လမ်း​က ဘယ်​ပေါက်သလဲ သိတယ်။ အတူတူ လိုက်​လာလို့ သူ့ကို သင် သိပ်ကျေးဇူးတင်မှာပဲ။ ဒီလိုပဲ ခေတ်​ရေစီးကြောင်း​ရဲ့ ဘယ်နေရာမှာ ကျွန်တော်တို့ ရောက်နေသလဲ၊ ရှေ့မှာ ဘာရှိသလဲ ယေဟောဝါ သိတယ်။ ဒါကြောင့် ကျမ်းစာ ကြိုဟောချက်​တွေ နားလည်ဖို့ ယေဟောဝါဆီ နှိမ့်ချမှုရှိရှိ အကူအညီ တောင်းရမယ်။—ဒံ. ၂:၂၈။ ၂ ပေ. ၁:၁၉၊ ၂၀

ကျမ်းစာ ကြိုဟောချက်​တွေ လေ့လာတာက အနာဂတ် ဖြစ်ရပ်တွေ​အတွက် ကြိုတင်​ပြင်ဆင်ဖို့ ကူညီပေးနိုင် (စာပိုဒ် ၄ ကို ကြည့်ပါ)

4. Jehovah in Lai Siangtho-ah genkholhnate bang hangin ciamtehsak a hiam? (Jeremiah 29:11) (Lim zong en in.)

ယေဟောဝါဟာ မိဘကောင်း​တစ်ယောက်နဲ့ တူတယ်။ သားသမီးတွေကို ပျော်စရာ အနာဂတ် ပိုင်ဆိုင်​စေချင်တယ်။ (ယေရမိ ၂၉:၁၁ ကို ဖတ်ပါ။) လူသား​မိဘတွေ​နဲ့ မတူတာ​ကတော့ အနာဂတ်အကြောင်း မြေကြီး​လက်ခတ် မလွဲ ကြိုပြော​နိုင်​တာ​ပဲ။ ဒါကြောင့် အရေးကြီး ဖြစ်ရပ်တွေ ဖြစ်​မလာခင် ကျွန်တော်တို့ သိနေ​အောင် ကျမ်းစာမှာ ကြိုဟောချက်​တွေ မှတ်တမ်း​တင်​ထား​စေ​တာ။ (ဟေရှာ. ၄၆:၁၀) ကျမ်းစာ ကြိုဟောချက်​တွေ​ဟာ ကောင်းကင်ဘုံစံ ဖခင်ဆီ​က မေတ္တာ​လက်ဆောင်​လို့ ပြော​နိုင်တယ်။ ဒါပေမဲ့ ကျမ်းစာ ကြိုဟောချက်​တွေ တကယ် ပြည့်စုံလာမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။

5. Max ii tuahkhakna pan khangnote in bang sin thei uh a hiam?

ခရစ်ယာန် လူငယ်တွေဟာ ကျမ်းစာကို သိပ်​မ​လေးမြတ်သူ၊ လုံးဝ မ​လေးမြတ်သူ​တွေ​နဲ့ ကျောင်းမှာ ဆုံ​ကြရတယ်။ တစ်ခါတလေ အတန်းဖော်တွေ​ရဲ့ အပြောအဆို၊ လုပ်ရပ်တွေကြောင့် ကိုယ့်​ယုံကြည်ချက်​နဲ့ပတ်သက်ပြီး သံသယ ဝင်လာ​တတ်​ကြတယ်။ မက်စ်​လို့ ခေါ်တဲ့ ညီအစ်ကို​လေး​အကြောင်း စဉ်းစားကြည့်ပါ။ “မိဘတွေ သင်ပေး​နေတဲ့ ဘာသာတရားဟာ စစ်မှန်တဲ့ ဘာသာတရား ဟုတ်ရဲ့လား၊ ကျမ်းစာဟာ တကယ်ပဲ ဘုရားဆီ​က လာတာ ဟုတ်ရဲ့လား​လို့ ဆယ်ကျော်သက်​အရွယ်မှာ သံသယ စ​ဝင်လာတယ်” လို့ ပြောတယ်။ မက်စ်​ရဲ့ မိဘတွေ ဘယ်လို တုံ့ပြန်သလဲ။ “စိတ်ပူ​သွား​ကြ​ပေမဲ့ တည်တည်ငြိမ်ငြိမ် တုံ့ပြန်​ကြတယ်” လို့ မက်စ် ပြောတယ်။ မေးခွန်းတွေကို ကျမ်းစာကနေ ဖြေပေးကြတယ်။ “ကျွန်တော်​ကိုယ်တိုင်လည်း ကျမ်းစာ ကြိုဟောချက်​တွေ လေ့လာ​တယ်။ လေ့လာ​ထားတာ​တွေ​ကို အသင်းတော်က လူငယ်တွေ​နဲ့ ဆွေးနွေးတယ်” လို့ ပြောတယ်။ ဘာရလဒ် ရသလဲ။ “ကျမ်းစာဟာ ဘုရားဆီ​က လာတာ ဖြစ်မှန်း စိတ်ချသွားတယ်” လို့ ပြောတယ်။

6. Muanlahnate na neih leh bang na sep ding kisam a hiam? Bang hang hiam?

ကျမ်းစာမှာ ပြောတာ​တွေ မှန်ရဲ့လား​လို့ မက်စ်​လိုပဲ သံသယ စဝင်လာပြီဆိုရင် အပြစ်ရှိတယ်လို့ မခံစားပါနဲ့။ ဒါပေမဲ့ တစ်ခုခုတော့ လုပ်ရမယ်။ သံသယဟာ သံချေး​နဲ့ တူတယ်။ ဒီအတိုင်း ထား​လိုက်ရင် တန်ဖိုး​ရှိတာ​တွေ တဖြည်းဖြည်း သံချေး စား​သွားမယ်။ ဒါကြောင့် သင့်ယုံကြည်ခြင်းကို တိုက်စားသွား​နိုင်​တဲ့ သံသယတွေ ဖယ်ပစ်နိုင်ဖို့ ‘အနာဂတ်အကြောင်း ကျမ်းစာအဆိုကို ငါ ယုံသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ယုံ​မယုံ မသဲကွဲ​ဘူး​ဆိုရင် ပြည့်စုံပြီးသား ကျမ်းစာ ကြိုဟောချက်​တွေ လေ့လာ​ပါ။ ဘယ်လို လေ့လာ​နိုင်​သလဲ။

LAI SIANGTHO GENKHOLHNATE KOI BANGIN KISIN THEI A HIAM?

ယေဟောဝါကို ဒံယေလ ယုံသလို ယုံဖို့ ကျမ်းစာ ကြိုဟောချက် တွေကို သဘောထားမှန်နဲ့ နှိမ့်ချမှု ရှိရှိ၊ နှံ့နှံ့စပ်စပ် လေ့လာရမယ် (စာပိုဒ် ၇ ကို ကြည့်ပါ)

7. Lai Siangtho genkholhnate sinnna-ah Daniel koi bang danin etteh huai a hiam? (Daniel 12:10) (Lim zong en in.)

ကျမ်းစာ ကြိုဟောချက်​တွေ လေ့လာ​ရာ​မှာ ဒံယေလဟာ စံနမူနာကောင်းပါပဲ။ အမှန်တရား သိဖို့​ဆိုတဲ့ သဘောထားမှန်​နဲ့ လေ့လာ​တယ်။ နှိမ့်ချမှု​လည်း ရှိတယ်။ ဘုရားကို သိကျွမ်းသူ၊ ဘုရားရဲ့ သန့်ရှင်းတဲ့ စံနှုန်းတွေအတိုင်း နေသူကို ကြိုဟောချက်​တွေ နားလည်ဖို့ ဘုရား ကူညီပေးမယ်​ဆိုတာ ဒံယေလ သိတယ်။ (ဒံ. ၂:၂၇၊ ၂၈။ ဒံယေလ ၁၂:၁၀ ကို ဖတ်ပါ။) အကူအညီ ရဖို့ ယေဟောဝါကို အားကိုးခြင်းအားဖြင့် နှိမ့်ချမှု ရှိကြောင်း ပြတယ်။ (ဒံ. ၂:၁၈) ဒါ့အပြင် နှံ့နှံ့စပ်စပ် လေ့လာ​တယ်။ သူ့​ခေတ်​သူ့​အခါမှာ ရနိုင်တဲ့ ကျမ်းစောင်တွေကနေ ရှာဖွေ​လေ့လာ​တယ်။ (ယေ. ၂၅:၁၁၊ ၁၂။ ဒံ. ၉:၂) ဒံယေလကို ဘယ်လို အတုယူနိုင်သလဲ။

8. Lai Siangtho genkholhnate tangtung ahihlam mi pawlkhat in bang hangin um lo uh a hiam? Bang i sep ding kisam a hiam?

ကိုယ့်​သဘောထားကို ဆန်းစစ်ပါ။ ကျမ်းစာ ကြိုဟောချက်​တွေ သင် ဘာကြောင့် လေ့လာ​သလဲ။ အမှန်တရား တကယ် သိချင်လို့​လား။ ဒါဆိုရင် ယေဟောဝါ ကူညီပေးလိမ့်မယ်။ (ယော. ၄:၂၃၊ ၂၄။ ၁၄:၁၆၊ ၁၇) တချို့ကျတော့ ဘယ်လို သဘောထား​နဲ့ လေ့လာ​ကြ​သလဲ။ ကျမ်းစာဟာ ဘုရားဆီ​က လာတာ မဟုတ်ဘူး​ဆိုပြီး ထောက်ပြ​ချင်လို့ လေ့လာ​ကြ​တာ။ ကျမ်းစာဟာ ဘုရားဆီ​က လာတာ မဟုတ်ဘူး​ဆို​မှ အမှားအမှန် သူတို့​ဘာသာ စိတ်ကြိုက် ဆုံးဖြတ်နိုင်​ကြ​မှာ​ကိုး။ ကျွန်တော်တို့ကတော့ သဘောထားမှန် ရှိရမယ်။ ကျမ်းစာ ကြိုဟောချက်​တွေ နားလည်ဖို့ လိုအပ်တဲ့ အရေးကြီး အရည်အသွေး​တစ်ခု ရှိသေးတယ်။

9. Lai Siangtho genkholhnate i tel nadingin bang pianzia kisam a hiam? Hilhcian in.

နှိမ့်ချမှု ရှိပါ။ နှိမ့်ချ​သူတွေကို ကူညီ​မယ်​လို့ ယေဟောဝါ ကတိပေးထားတယ်။ (ယာ. ၄:၆) ဒါကြောင့် ကျမ်းစာ ကြိုဟောချက်​တွေ နားလည်ဖို့ ဘုရားဆီ အကူအညီ တောင်းရမယ်။ အချိန်တန်​အစာ ဝေပေးဖို့ ဘုရား သုံးနေတဲ့ သစ္စာရှိကျွန်ရဲ့ အကူအညီကိုလည်း လက်ခံရမယ်။ (လု. ၁၂:၄၂) ယေဟောဝါဟာ စည်းစနစ် ရှိတဲ့ ဘုရား ဖြစ်တယ်။ ဒါကြောင့် ကျမ်းစာ အမှန်တရားတွေ ကျွန်တော်တို့ နားလည်အောင် လမ်းကြောင်း တစ်ခုတည်းကို​ပဲ သုံး​မှာ။—၁ ကော. ၁၄:၃၃။ ဧ. ၄:၄-၆

10. Esther tung pan bang sin thei i hiam?

၁၀ နှံ့နှံ့စပ်စပ် လေ့လာ​ပါ။ ကိုယ် စိတ်ဝင်စားတဲ့ ကြိုဟောချက်​တစ်ခု ရွေးပြီး ရှာဖွေ​လေ့လာ​ပါ။ ရှေ့ဆောင်းပါးမှာ ပါတဲ့ ညီအစ်မ အက်စတာ အဲဒီလို လေ့လာ​တယ်။ မေရှိယနဲ့ ဆိုင်တဲ့ ကြိုဟောချက်တွေကို အက်စတာ စိတ်ဝင်စားတယ်။ “ဒီ​ကြိုဟောချက်တွေကို ယေရှု မမွေးခင် မှတ်တမ်းတင်​ခဲ့​ပါတယ်​ဆိုတဲ့ အထောက်အထား​တွေ ကျွန်မ ၁၅ နှစ် အရွယ်မှာ စ​ရှာတယ်” လို့ ပြောတယ်။ ပင်လယ်သေ ကျမ်းလိပ်​တွေ​အကြောင်း ဖတ်​မိ​ပြီး အက်စတာ စိတ်ချသွားတယ်။ “ကျမ်းလိပ်​တချို့ဟာ ခရစ်တော် မမွေးခင်​က ကျမ်းလိပ်​တွေ။ ဒါကြောင့် ကျမ်းလိပ်​မှာ ပါတဲ့ ကြိုဟောချက်​တွေ​ဟာ ဘုရားဆီ​က​ပဲ ဖြစ်ရမယ်” လို့ ပြောတယ်။ “ကြိုဟောချက်​တွေ နားလည်ဖို့ အခေါက်ခေါက် အခါခါ ဖတ်ရတယ်” လို့လည်း ဝန်ခံတယ်။ ဒါပေမဲ့ ဖတ်ရကျိုး နပ်တယ်​ဆိုပြီး ဝမ်းသာ​နေတယ်။ ကျမ်းစာ ကြိုဟောချက် တော်တော်​များများ လေ့လာပြီးနောက်​မှာတော့ “ကျမ်းစာမှာ ပါတာ​တွေ တကယ် မှန်တယ်ဆိုတာ စိတ်ချ​သွားပြီ” လို့ ပြောတယ်။

11. Lai Siangtho a manlam ei mahmah in i muan nadinga sep ding bang hang kisam a hiam?

၁၁ ကျမ်းစာ ကြိုဟောချက်​တချို့ ဘယ်လို ပြည့်စုံလာတယ်ဆိုတာ သိတဲ့အခါ ယေဟောဝါ​ဘုရားနဲ့ ဘုရား​ညွှန်ကြားချက်တွေကို အကြွင်းမဲ့ ယုံ​လာမယ်။ လောလောဆယ် ဘာအခက်အခဲ​ပဲ ကြုံရပါစေ အနာဂတ်နဲ့​ပတ်သက်ပြီး မျှော်လင့်ချက် တောက်ပ​နေမယ်။ လက်ရှိ​အချိန်မှာ ပြည့်စုံ​နေတဲ့ ဒံယေလ မှတ်တမ်း​တင်ခဲ့တဲ့ ကြိုဟောချက် နှစ်ခုကို သုံးသပ်​ကြည့်ကြစို့။ အဲဒီ​ကြိုဟောချက်တွေကို နားလည်တာက ပညာရှိ ဆုံးဖြတ်ချက်တွေ ချဖို့ ကူညီပေးနိုင်တယ်။

TUNGMAN LE SIK KIGAWM KHEPEK LE KHEMETE

12. “Tungman le sik kigawm” khepek le khemete in bang etsakna hi a hiam? (Daniel 2:41-43)

၁၂ ဒံယေလ ၂:၄၁-၄၃ ကို ဖတ်ပါ။ ဘုရင် နေဗုခဒ်နေဇာ အိပ်မက်​ထဲက ရုပ်တုကြီး​ရဲ့ ခြေဖဝါး​နဲ့ ခြေဖမိုး​ဟာ “သံနဲ့ ရွှံ့စေး ရော​နေ” တယ်။ ဒံယေလ​ကျမ်း၊ ဗျာဒိတ်ကျမ်းထဲက တခြား​ကြိုဟောချက်​တွေ​နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ခြေဖဝါး​နဲ့ ခြေဖမိုး​ဟာ ဒီနေ့ခေတ် ဩဇာ​အရှိဆုံး အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ကို ကိုယ်စားပြု​မှန်း သိရတယ်။ “အဲဒီနိုင်ငံဟာ ခိုင်မာ​ခြင်း​တစ်ဝက်၊ ကျိုးပဲ့လွယ်ခြင်း​တစ်ဝက် ရောနှော​နေမယ်” လို့ ဒံယေလ ပြောတယ်။ ဘာကြောင့် ကျိုးပဲ့လွယ်ခြင်း​တစ်ဝက် ရော​နေသလဲ။ ရွှံ့စေး​နဲ့ ခိုင်းနှိုင်းထားတဲ့ သာမန်​ပြည်သူတွေ​ကြောင့် သံနဲ့ တူတဲ့ အာဏာကို သုံးချင်​သ​လောက် သုံးလို့ မရလို့ပဲ။ b

13. Hih genkholhna pan bang a thupi thute theikhia i hiam?

၁၃ ရုပ်တုကြီး၊ အထူးသဖြင့် ခြေဖဝါး၊ ခြေဖမိုးနဲ့​ပတ်သက်ပြီး ဒံယေလ အနက်​ဖွင့်ပြတာ​ကနေ အရေးကြီး အချက်တွေ သိရတယ်။ ပထမ၊ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ဟာ မိမိ အင်အားကြီး​ကြောင်း သက်သေထူခဲ့ပြီ။ ဥပမာ၊ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ် အနိုင်​ရ နိုင်ငံ​တွေ​ထဲ​မှာ အမေရိကန်​နဲ့ ဗြိတိန် ပါတယ်။ ဒါပေမဲ့ နိုင်ငံသားတွေ​က အချင်းချင်း တိုက်​လိုက်၊ အစိုးရ​ကို တိုက်လိုက်နဲ့မို့ ဒီ​ကမ္ဘာ့အာဏာစက်ဟာ အားပျော့​နေတယ်။ ဒီထက်​လည်း အားပျော့​လာ​ဦး​မယ်။ ဒုတိယ၊ လူ့အစိုးရ​အားလုံးကို ဘုရားနိုင်ငံတော် မဖျက်ဆီးခင်​အထိ အာဏာ​ရ​နေ​မယ့် နောက်ဆုံး ကမ္ဘာ့အာဏာစက်ဟာ အင်္ဂလိပ်-အမေရိကန် ဖြစ်တယ်။ တစ်ခါတလေ တခြား​နိုင်ငံ​တွေ လာ​လာ​ယှဉ်ပေမဲ့ နေရာ​လု​နိုင်​ကြ​မှာတော့ မဟုတ်ဘူး။ အင်္ဂလိပ်-အမေရိကန် မဟာမိတ်​ကို ကိုယ်စားပြုတဲ့ ရုပ်တု ခြေထောက်​အပိုင်းကို တိုက်ခိုက်​ခြေမွှပစ်မှာ​ဟာ ဘုရားနိုင်ငံတော်ကို ကိုယ်စားပြုတဲ့ “ကျောက်တုံး” ဖြစ်လို့ပဲ။—ဒံ. ၂:၃၄၊ ၃၅၊ ၄၄၊ ၄၅

14. Sik le tungman kigawm khepek le khemete thu genkholhna i telna in pilvang taka thukhensat dingin koi bangin hong huh thei a hiam?

၁၄ သံနဲ့ ရွှံ့စေး ရောနေတဲ့ ခြေဖဝါး၊ ခြေဖမိုး​အကြောင်း ဒံယေလ ကြိုဟောချက် မှန်တယ်လို့ သင် ယုံသလား။ ယုံတယ်​ဆိုရင် အသက်ရှင်နေထိုင်ပုံအားဖြင့် သက်သေပြမှာ ဖြစ်တယ်။ မကြာခင် တိုက်ခိုက်​ခြေမွှ​ခံရတော့မယ့် လောက​မှာ ပစ္စည်းဥစ္စာ​တွေ အသည်းအသန် ရှာ​နေ​မှာ မဟုတ်ဘူး။ (လု. ၁၂:၁၆-၂၁။ ၁ ယော. ၂:၁၅-၁၇) ဟောပြော​သွန်သင်ခြင်း လုပ်ငန်း ဘယ်လောက် အရေးကြီးကြောင်း သဘောပေါက်​မှာ ဖြစ်တယ်။ (မ. ၆:၃၃။ ၂၈:၁၈-၂၀) ဒီ​ကြိုဟောချက်ကို လေ့လာပြီးနောက် ‘လူ့အစိုးရ​အားလုံးကို မကြာခင် ဘုရားနိုင်ငံတော် ဖျက်ဆီးပစ်​မယ်​ဆိုတာ ယုံမှန်း ငါ့​ဆုံးဖြတ်ချက်တွေက ပြနေရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။

“LEILU LAM KUMPI” LE “LEITAW LAM KUMPI”

15. Tu hunah “leilu lam kumpi” le “leitaw lam kumpi” kuate ahi uh hiam? (Daniel 11:40)

၁၅ ဒံယေလ ၁၁:၄၀ ကို ဖတ်ပါ။ ကမ္ဘာ့ အင်အား အကြီးဆုံး ဖြစ်ဖို့ အပြန်အလှန် တွန်းထိုး​နေ​ကြ​တဲ့ ဘုရင် နှစ်ပါး ဒါမှမဟုတ် နိုင်ငံရေး အင်အားစု နှစ်ခု​အကြောင်း ဒံယေလ အခန်းကြီး ၁၁ မှာ ဖော်ပြထားတယ်။ ကျမ်းစာထဲက တခြား​ကြိုဟောချက်​တွေ​နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ “မြောက်ဘုရင်” ဟာ ရုရှား​နဲ့ မဟာမိတ်​တွေ ဖြစ်မှန်း၊ “တောင်ဘုရင်” ဟာ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက် ဖြစ်မှန်း သိရတယ်။ c

ဘုရား​လူမျိုးကို “မြောက်ဘုရင်” နဲ့ “တောင်ဘုရင်” ဆန့်ကျင်​နေတာဟာ ကျမ်းစာ ကြိုဟောချက် ပြည့်စုံတာ ဖြစ်မှန်း သဘောပေါက်ရင် ယုံကြည်ခြင်း ပိုခိုင်ခံ့လာ​နိုင်တယ်၊ စိုးရိမ်​စိတ် လျော့နိုင်တယ် (စာပိုဒ် ၁၆-၁၈ ကို ကြည့်ပါ)

16. “Leilu lam kumpi” ukna gam sunga om Pasian mite in bang haksatnate tuak uh a hiam?

၁၆ ပိုင်နက်​ထဲက ဘုရား​လူမျိုးကို “မြောက်ဘုရင်” ပြောင်ပြောင်တင်းတင်း နှိပ်စက်ညှဉ်းပန်းတယ်။ ယုံကြည်ချက်ကြောင့် တချို့ကို ရိုက်နှက်​တယ်။ ထောင်ချတယ်။ ဒါပေမဲ့ “မြောက်ဘုရင်” ဒီလို နှိပ်စက်​လို့ ညီအစ်ကိုတွေ ကြောက်​မသွားတဲ့​အပြင် ယုံကြည်ခြင်း ပိုခိုင်ခံ့လာ​ကြတယ်။ ဘာကြောင့်လဲ။ ဘုရား​လူမျိုး နှိပ်စက်​ညှဉ်းပန်း​ခံရတာဟာ ဒံယေလ ကြိုဟောချက် ပြည့်စုံတာ ဖြစ်မှန်း သိ​ကြလို့ပဲ။ d (ဒံ. ၁၁:၄၁) ဒီအချက်ကို သဘောပေါက်တာက ကျွန်တော်တို့ကိုလည်း မျှော်လင့်ချက် ရှင်သန်စေ​နိုင်တယ်။ ဘုရားအပေါ် သစ္စာရှိဖို့ ကူညီပေးနိုင်တယ်။

17. “Leitaw lam kumpi” ukna gam sunga om Pasian mite in bang haksatnate tuak uh a hiam?

၁၇ “တောင်ဘုရင်” လည်း ပိုင်နက်​ထဲက ဘုရား​လူမျိုးကို ပြောင်ပြောင်တင်းတင်း နှိပ်စက်​ညှဉ်းပန်း​ခဲ့တယ်။ ဥပမာ၊ ပထမ ကမ္ဘာစစ်​နဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း ခရစ်ယာန် ကြားနေမှုကြောင့် ညီအစ်ကို တော်တော်​များများ ထောင်ချခံရတယ်။ သက်သေခံ ကလေး​တချို့ ကျောင်းထုတ်​ခံရတယ်။ ဒါပေမဲ့ မကြာသေးခင် နှစ်တွေ​အတွင်း ခရစ်ယာန် သစ္စာစောင့်သိမှု မသိမသာ နည်း​ပြောင်း​ပြီး စမ်းသပ်ခံ​လာ​ရတယ်။ ဥပမာ၊ ခရစ်ယာန်တွေဟာ ရွေးကောက်​ပွဲ ကာလမှာ နိုင်ငံရေး ပါတီ​တစ်ခု၊ နိုင်ငံရေးသမား​တစ်ယောက်ကို ထောက်ခံ​ချင်စိတ် ပေါ်လာနိုင်တယ်။ မဲ​မထည့်​ပေမဲ့ ဘယ်သူ မဲ​နိုင်ရင် ကောင်းမယ်​ဆိုပြီး တွေးမိနိုင်တယ်။ ဒါပေမဲ့ လုံးဝ ကြားနေ​ပါတယ်ဆိုတာ လုပ်ရပ်နဲ့​ပဲ ပြ​ရမှာ မဟုတ်ဘူး။ အတွေးအခေါ်​က​အစ နိုင်ငံရေး​နဲ့ ကင်းရှင်း​နေ​ရမှာ။—ယော. ၁၅:၁၈၊ ၁၉။ ၁၈:၃၆

18. “Leilu lam kumpi” le “leitaw lam kumpi” kidona tungtangah bangci thukkik i hiam? (Lim zong en in.)

၁၈ ကျမ်းစာ ကြိုဟောချက်တွေကို အယုံအကြည် မရှိသူတွေဟာ “မြောက်ဘုရင်” နဲ့ “တောင်ဘုရင်” “တွန်းထိုး” တာ မြင်တဲ့အခါ ရင်​တ​မ​မ ဖြစ်လာနိုင်တယ်။ (ဒံ. ၁၁:၄၀) တစ်ကမ္ဘာလုံး ပြာကျ​သွား​စေနိုင်​တဲ့ နျူကလီးယား လက်နက်တွေ နှစ်ဖက်စလုံး​မှာ ရှိနေလို့ပဲ။ ဒါပေမဲ့ ကမ္ဘာကြီး ပျက်စီး​သွားမှာကို ယေဟောဝါ ခွင့်ပြုမှာ မဟုတ်မှန်း ကျွန်တော်တို့ သိကြတယ်။ (ဟေရှာ. ၄၅:၁၈) ဒါကြောင့် “မြောက်ဘုရင်” နဲ့ “တောင်ဘုရင်” “တွန်းထိုး” တာ မြင်တဲ့အခါ အနာဂတ်ကို တွေးပြီး စိတ်ပူ​နေ​မယ့်​အစား ယုံကြည်ခြင်း ခိုင်ခံ့လာ​ကြတယ်။ ဒီ​စနစ် အဆုံး နီးပြီ​ဆိုတာ ဖော်ပြ​နေလို့ပဲ။

GENKHOLHNATE MITSUANSUAK IN

19. Lai Siangtho genkholhnate tawh kisai-in bang i theih ding kisam a hiam?

၁၉ ကျမ်းစာ ကြိုဟောချက်​တချို့ ဘယ်လို ပြည့်စုံလာမယ်ဆိုတာ ကျွန်တော်တို့ မသိကြဘူး။ ပရောဖက် ဒံယေလ​တောင် သူ မှတ်တမ်း​တင်ခဲ့သမျှ အဓိပ္ပာယ် နားမလည်ခဲ့ဘူး။ (ဒံ. ၁၂:၈၊ ၉) ဒါပေမဲ့ ကြိုဟောချက် ဘယ်လို ပြည့်စုံလာမယ်ဆိုတာ အတိအကျ မသိတာနဲ့ပဲ ပြည့်စုံ​လာမှာ မဟုတ်ပါဘူးလို့ ပြော​လို့ မရဘူး။ ကျွန်တော်တို့ သိဖို့ လိုတာကို သိဖို့ လိုတဲ့ အချိန် အတိအကျ​မှာ ယေဟောဝါ ဖွင့်​ပြမယ်​ဆိုတာ စိတ်ချနိုင်တယ်။ အတိတ်​တုန်းက​လည်း အဲဒီလို အမြဲ ဖွင့်​ပြခဲ့လို့ပဲ။—အာ. ၃:၇

20. A thalawphuai bang Lai Siangtho genkholhnate a sawt loin hong tangtung ding a hiam? Bang i sepsuak ding kisam a hiam?

၂၀ မကြာခင် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ တိုင်းနိုင်ငံ​တွေ ကြေညာ​ကြ​မယ်။ (၁ သက်. ၅:၃) မှားယွင်းတဲ့ ဘာသာရေး​ကို ကမ္ဘာ့​နိုင်ငံရေး အင်အားစု​တွေ တိုက်ခိုက်​ဖျက်ဆီး​ကြ​မယ်။ (ဗျာ. ၁၇:၁၆၊ ၁၇) အဲဒီနောက် ဘုရား​လူမျိုးကို တိုက်ခိုက်​ကြ​မယ်။ (ယေဇ. ၃၈:၁၈၊ ၁၉) ဒီလိုနဲ့ နောက်ဆုံး စစ်ပွဲ အာမဂေဒုန် စ​လာမယ်။ (ဗျာ. ၁၆:၁၄၊ ၁၆) ဒီ​ဖြစ်ရပ်တွေ မကြာခင် ဖြစ်လာမယ်​ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်တယ်။ ဒီအတောအတွင်းတော့ ကျမ်းစာ ကြိုဟောချက်တွေကို အာရုံစိုက်ခြင်း၊ တခြားသူတွေ​လည်း အာရုံစိုက်​နိုင်အောင် ကူညီပေးခြင်းအားဖြင့် ကောင်းကင်ဘုံစံ မေတ္တာရှင် အဖ​ကို ကျေးဇူးတင်ကြောင်း ဆက်​ပြ​ကြရအောင်။

LA 95 လင်း​သည်ထက်​လင်းလာ

a ကမ္ဘာ့​အခြေအနေ ဘယ်လောက်ပဲ ဆိုး​လာပါစေ မကြာခင် အခြေအနေတွေ ပြန်ကောင်း​လာမယ်​ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်တယ်။ ကျမ်းစာ ကြိုဟောချက်​တွေ​ကြောင့် ဒီလို စိတ်​ချကြတာ။ ကျမ်းစာ ကြိုဟောချက်​တွေ လေ့လာ​သင့်​တဲ့ အကြောင်းရင်း၊ ဒံယေလ မှတ်တမ်း​တင်ခဲ့တဲ့ ကြိုဟောချက် နှစ်ခု၊ ကြိုဟောချက်​တွေ နားလည်​ရင် ရမယ့် အကျိုးကျေးဇူးတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b ၂၀၁၂၊ ဇွန် ၁၅ ကင်းမျှော်စင် “‘မကြာမီ​ဖြစ်ပျက်​ရမည့်’ အရာများ​ကို ယေဟောဝါ ဖော်ပြ” ဆောင်းပါး၊ ပိုဒ်. ၇-၉ ကို ကြည့်ပါ။

c ၂၀၂၀၊ မေ ကင်းမျှော်စင် “ဒီနေ့ခေတ်မှာ ‘မြောက်ဘုရင်’ ဘယ်သူလဲ” ဆောင်းပါး၊ ပိုဒ်. ၃-၄ ကို ကြည့်ပါ။

d ၂၀၂၀၊ မေ ကင်းမျှော်စင် “ဒီနေ့ခေတ်မှာ ‘မြောက်ဘုရင်’ ဘယ်သူလဲ” ဆောင်းပါး၊ ပိုဒ်. ၇-၉ ကို ကြည့်ပါ။