Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 36

Puak Dingte Pua Unla, Paihkhiat Dingte Paikhia Un

Puak Dingte Pua Unla, Paihkhiat Dingte Paikhia Un

“Hong dongtangsak thei nate khempeuh . . . , paikhia-in, i mai-ah a om tai nading lampi a mong dongin lungsim kiptakin tai ni.”—HEB. 12:1.

LA 33 သင့်ရဲ့ ဝန်ကို ယေဟောဝါဆီ ပုံအပ်​ပါ

အကြို​သုံးသပ်ချက် a

1. Hebru 12:1-a a gen bangin, nuntak tai kidemna-ah a mong donga tai zawh nadingin bang i sep ding kisam a hiam?

 ခရစ်ယာန် အသက်တာကို ပြေးပွဲ​နဲ့ ကျမ်းစာမှာ နှိုင်းယှဉ်ထားတယ်။ ပန်းဝင်တဲ့အထိ ပြေး​သူ​တွေ ထာဝရ အသက်ဆု ရမယ်။ (၂ တိ. ၄:၇၊ ၈) ပန်းတိုင် နီးသည်ထက် နီးနေပြီ ဖြစ်လို့ အားကုန်​ထုတ်ပြီး ဆက်ပြေးကြ​ရမယ်။ အသက်ပြေးပွဲ​မှာ ပန်းဝင်တဲ့အထိ ပြေး​ခဲ့​တဲ့ တမန်တော် ပေါလုက ပန်းဝင်​နိုင်​မယ့်​နည်း ပြောပြတယ်။ အဲဒါကတော့ ‘ဝန်ပိ​စေ​တဲ့ အရာ​မှန်သမျှ ဖယ်ရှား’ ခြင်း၊ “ရှေ့မှာ ရှိတဲ့ ပြေးပွဲ​ကို ခံနိုင်ရည်ရှိရှိ ပြေး” ခြင်း​ပါပဲ။—ဟီဘရူး ၁၂:၁ ကို ဖတ်ပါ။

2. ‘Hong dongtangsak thei nate khempeuh paikhia’ cih in bang a cihnopna hiam?

‘ဝန်ပိ​စေ​တဲ့ အရာ​မှန်သမျှ ဖယ်ရှား’ ရမယ်လို့ ပေါလု ပြောတယ်။ ခရစ်ယာန်တွေ ဘာ​ဝန်​မှ မ​ထမ်းရ​ဘူး​လို့ ပြောတာ​လား။ မဟုတ်ပါဘူး။ မလိုအပ်တဲ့ ဝန်တွေ ဖယ်ရှား​ဖို့ ပြောတာ​ပါ။ အဲဒီ​ဝန်တွေ​က ပြေးပွဲ​မှာ အရှိန်လျော့​သွားစေနိုင်တယ်။ လူ​ပင်ပန်း​စေနိုင်တယ်။ ဒါကြောင့် ခံနိုင်ရည်ရှိရှိ ပြေး​နိုင်ဖို့​ဆိုရင် အရှိန်လျော့​စေနိုင်​တဲ့ မလိုအပ်တဲ့ ဝန်တွေ ထမ်း​မိ​နေ​သ​လား​ဆိုတာ သိအောင် မြန်မြန် လုပ်ရမယ်။ မြန်မြန် ဖယ်ရှား​ရမယ်။ ဒါပေမဲ့ ထမ်းရမယ့် ဝန်တွေ မဖယ်လိုက်မိဖို့တော့ သတိထားရမယ်။ ထမ်းရမှာတွေ ဖယ်​လိုက်​မိရင် ပြိုင်ပွဲ စည်းမျဉ်း​နဲ့ မညီ​ဘဲ ဖြစ်သွားမယ်။ (၂ တိ. ၂:၅) အဲဒီ​ဝန်တွေ​က ဘာလဲ။

3. (a) Galati 6:5-a a gen, i puak ding van in bang a hiam? (b) Hih thulu-ah bang thu kikum ding i hiam? Bang hang hiam?

ဂလာတိ ၆:၅ ကို ဖတ်ပါ။ ထမ်းရမယ့် ဝန်​တစ်ခုကို ပေါလု ဖော်ပြတယ်။ “လူတိုင်း ကိုယ့်​တာဝန်​ကိုယ် ထမ်းရ” မယ်​တဲ့။ ဘုရား ထမ်း​စေချင်​တဲ့ ဝန်၊ ကိုယ်တိုင် ထမ်း​မှ​ပဲ ရမယ့် ဝန်ကို ပြောနေတာ။ “ကိုယ့်​တာဝန်” ထဲ​မှာ ဘာတွေ ပါသလဲ၊ ဘယ်လို ထမ်းရမလဲ၊ ထမ်း​မိ​နေနိုင်တဲ့ မလိုအပ်တဲ့ ဝန်တွေ​က ဘာလဲ၊ ဘယ်လို ဖယ်ရှား​ရမလဲ​ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေး​ကြ​မယ်။ ကိုယ့်​တာဝန်​ကိုယ် ထမ်း​တာ၊ မလိုအပ်တဲ့ ဝန်တွေ ဖယ်ရှား​တာက အသက်ပြေးပွဲ​မှာ ပန်းဝင်တဲ့အထိ ပြေး​နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

I PUAK DING VANTE

ထမ်းရမယ့် ဝန်​ထဲ​မှာ ဆက်ကပ်အပ်နှံခြင်း ကတိ​သစ္စာ​အတိုင်း နေတာ၊ မိသားစုမှာ ကိုယ့်​တာဝန်​ကိုယ် ကျေတာ၊ ဆုံးဖြတ်ချက်​ရဲ့ အကျိုးဆက်တွေကို လက်ခံတာ ပါတယ် (စာပိုဒ် ၄-၉ ကို ကြည့်ပါ)

4. Ki-apna kamciam pen bang hangin vangik hi lo a hiam? (Lim zong en in.)

ဆက်ကပ်အပ်နှံခြင်း ကတိ​သစ္စာ။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ​တုန်းက ဘုရားကို ဝတ်ပြုပါ့မယ်၊ အလိုတော် ဆောင်ပါ့မယ်လို့ ကတိပေးခဲ့ကြတယ်။ အဲဒီကတိ တည်ရမယ်။ ကတိအတိုင်း နေ​ရတာ တကယ် တာဝန်​ကြီးတယ်။ ဒါပေမဲ့ ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူး။ ကျွန်တော်တို့ကို ယေဟောဝါ ဖန်ဆင်းထားတာကိုက အလိုတော် ဆောင်ဖို့​ပဲ။ (ဗျာ. ၄:၁၁) မိမိကို သိကျွမ်း၊ ဝတ်ပြု​ချင်စိတ်၊ အလိုဆောင်​ချင်စိတ် ထည့်​ပေးထားတယ်။ ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်းထားတယ်။ ဒါကြောင့် အလိုတော် ဆောင်တဲ့အခါ ဘုရားနဲ့ ရင်းနှီး​လာတယ်။ ပျော်လာတယ်။ (ဆာ. ၄၀:၈) ဒါ့အပြင် ဘုရား​အ​လို ဆောင်တာ၊ သားတော်​နောက် လိုက်တာက “လန်းဆန်း” စေ​တယ်။—မ. ၁၁:၂၈-၃၀

(စာပိုဒ် ၄-၅ ကို ကြည့်ပါ)

5. Na ki-apna kamciam a kip nadingin bang in hong huh ding a hiam? (1 Johan 5:3)

ဒီ​ဝန်ကို ဘယ်လို ထမ်း​မလဲ။ အချက်​နှစ်ချက်​က ကူညီပေးနိုင်တယ်။ ပထမ၊ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုး​အောင် လုပ်ပါ။ ကိုယ့်အတွက် ဘုရား လုပ်ပေးတာ​တွေ၊ လုပ်ပေးမှာ​တွေ​ကို စဉ်းစားခြင်း​အားဖြင့် ဘုရားကို ချစ်တဲ့ မေတ္တာ တိုးစေနိုင်တယ်။ မေတ္တာ တိုး​လေ ဘုရား​စကား နားထောင်ဖို့ လွယ်​လေ ဖြစ်လာမယ်။ (၁ ယောဟန် ၅:၃ ကို ဖတ်ပါ။) ဒုတိယ၊ ယေရှုကို အတုယူပါ။ အကူအညီ ရဖို့ ယေဟောဝါဆီ ဆုတောင်းတဲ့​အတွက်၊ ရမယ့် ဆုကို အမြဲ အာရုံစိုက်​တဲ့အတွက် အလိုတော်ကို ယေရှု အောင်အောင်မြင်မြင် ဆောင်​နိုင်ခဲ့တယ်။ (ဟီ. ၅:၇။ ၁၂:၂) ဒါကြောင့် ယေရှုလိုပဲ ခွန်အား ရဖို့ ဘုရားဆီ ဆုတောင်းပါ။ ထာဝရ အသက် မျှော်လင့်ချက်ကို အမြဲ အာရုံစိုက်ပါ။ ဘုရားကို ချစ်တဲ့ မေတ္တာ တိုးလာတာနဲ့အမျှ၊ သားတော်ကို အတုယူတာ​နဲ့အမျှ ဆက်ကပ်အပ်နှံခြင်း ကတိ​သစ္စာ တည်ဖို့ လွယ်​လာမယ်။

6. Innkuan tavuan i sep ding bang hang kisam a hiam? (Lim zong en in.)

မိသားစု တာဝန်။ အသက်ပြေးပွဲ​မှာ ပြေးတဲ့အခါ ဆွေမျိုး​မိဘတွေ​ထက် ယေဟောဝါနဲ့ ယေရှုကို ပို​ချစ်​ရမယ်။ (မ. ၁၀:၃၇) ဒါပေမဲ့ မိသားစု တာဝန်တွေ​က​ပဲ အဟန့်အတား ဖြစ်စေသယောင်ယောင်နဲ့ တာဝန်တွေ လျစ်လျူရှု​လို့ မရဘူး။ တကယ်တမ်း ဘုရားနဲ့ ခရစ်တော်ရဲ့ နှစ်သက်​လက်ခံမှု လိုချင်ရင် မိသားစု တာဝန် ကျေရမှာ။ (၁ တိ. ၅:၄၊ ၈) မိသားစု တာဝန် ကျေမှ ပိုပျော်မယ်။ ခင်ပွန်းနဲ့ ဇနီး အပြန်အလှန် ချစ်ခင်​လေးစားတဲ့အခါ၊ သားသမီးတွေကို မိဘတွေ မေတ္တာထား လေ့ကျင့်ပေးတဲ့အခါ၊ မိဘ​စကား သားသမီးတွေ နားထောင်တဲ့အခါ မိသားစု​ဘဝ သာယာမယ်​ဆိုတာ ယေဟောဝါ သိနေလို့ပဲ။—ဧ. ၅:၃၃။ ၆:၁၊ ၄

(စာပိုဒ် ၆-၇ ကို ကြည့်ပါ)

7. Innkuan sungah i tavuan tek koi bangin zo thei i hiam?

ဒီ​ဝန်ကို ဘယ်လို ထမ်း​မလဲ။ သင်ဟာ ခင်ပွန်း ဖြစ်ဖြစ်၊ ဇနီး ဖြစ်ဖြစ်၊ သားသမီး ဖြစ်ဖြစ် ကျမ်းစာ အကြံဉာဏ်ကို လိုက်နာပါ။ ခံစားချက်၊ ယဉ်ကျေးမှု ထုံးစံတွေ​နောက် မလိုက်ပါနဲ့။ တတ်ယောင်ကားတွေ စကား နားမယောင်​ပါ​နဲ့။ (ပညာ. ၂၄:၃၊ ၄) ကျမ်းစာ အခြေပြု စာပေတွေ​ကနေ အကျိုး​ရယူပါ။ အဲဒီ​စာပေတွေမှာ ကျမ်းစာ အခြေခံ​မူတွေ ဘယ်လို လက်တွေ့​ကျင့်​ရမယ်ဆိုတာနဲ့​ပတ်သက်ပြီး အကြံပြုချက်တွေ ပါတယ်။ ဥပမာ၊ jw.org ဝက်ဘ်ဆိုက်​က “မိသားစု​အတွက် အကူအညီ” ဆောင်းပါးတွဲ​မှာ အိမ်ထောင်သည်တွေ၊ မိဘတွေ၊ ဆယ်ကျော်သက်​တွေ​အတွက် အကြံပြုချက်တွေ ပါတယ်။ b ကျမ်းစာအဆိုကို မိသားစုဝင်တွေ မလိုက်နာရင်တောင် သင် လိုက်နာဖို့ ဆုံးဖြတ်ထားပါ။ ဒါဆိုရင် သင့်​မိသားစု အကျိုးရမယ်။ ဘုရား​ကောင်းချီး သင် ခံစားရမယ်။—၁ ပေ. ၃:၁၊ ၂

8. I thukhensatnate in ei tungah koi bangin hong sukha thei a hiam?

ဆုံးဖြတ်ချက်​ရဲ့ အကျိုးဆက်​တွေ။ လွတ်လွတ်လပ်လပ် ရွေးချယ်​ဆုံးဖြတ်​ခွင့် ကျွန်တော်တို့ကို ယေဟောဝါ ပေးထားတယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချပြီး ပျော်နေတာ မြင်ချင်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် အမှား ချ​မိ​လို့ ဆိုးကျိုးတွေ ကြုံရတဲ့အခါ ကာကွယ်​မပေးဘူး။ (ဂလ. ၆:၇၊ ၈) ဒါကြောင့် ဆုံးဖြတ်ချက် အမှား ချ​မိ​တဲ့အခါ၊ မဆင်မခြင် ပြောမိ​တဲ့အခါ၊ ကမူးရှူးထိုး လုပ်မိတဲ့အခါ ကိုယ့်​မိုက်ပြစ်​နဲ့​ကိုယ် ခံကြရတယ်။ သိစိတ် မကြည် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်အတွက် တာဝန်ယူရမယ်ဆိုတဲ့ သိစိတ်က အကျိုးရှိတယ်။ အမှား ဝန်ခံဖို့၊ အမှား ပြင်ဖို့၊ အမှား ထပ်မလုပ်ဖို့ ကူညီပေးလို့​ပဲ။ ဒါဆိုရင် အသက်ပြေးပွဲ​မှာ ဆက်​ပြေး​နိုင်​ပါလိမ့်မယ်။

(စာပိုဒ် ၈-၉ ကို ကြည့်ပါ)

9. I thukhensatna a khialh leh bang sem thei i hiam? (Lim zong en in.)

ဒီ​ဝန်ကို ဘယ်လို ထမ်း​မလဲ။ အမှားကို အမှန် ပြင်လို့ မရတော့​တဲ့အခါ အ​ရှိ​ကို အရှိအတိုင်း​သာ လက်ခံ​လိုက်ပါ။ အချိန်တွေ နောက်ပြန်လှည့်လို့ မရဘူး​ဆိုတာ သတိရပါ။ ကိုယ့်​အမှား​အတွက် ဆင်ခြေ​ပေး​ရင်း၊ ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် တခြားသူတွေကို အပြစ်တင်​ရင်း အချိန်ကုန် လူ​ပင်ပန်း မခံပါနဲ့။ အမှားကို လက်ခံပါ။ လက်ရှိမှာ အကောင်းဆုံး ကြိုးစားပါ။ အမှား​အတွက် နောင်တရတယ်​ဆိုရင် ယေဟောဝါဆီ နှိမ့်ချမှုရှိရှိ ဆုတောင်းပြီး အမှား ဝန်ခံ​ပါ။ ခွင့်လွှတ်ပေးဖို့ အသနားခံပါ။ (ဆာ. ၂၅:၁၁။ ၅၁:၃၊ ၄) ကိုယ် အမှား​လုပ်မိ​ခဲ့​သူတွေကို တောင်းပန်​ပါ။ လိုအပ်ရင် အကြီးအကဲတွေကို အကူအညီ တောင်းပါ။ (ယာ. ၅:၁၄၊ ၁၅) အမှားကနေ သင်ခန်းစာ ယူပါ။ အမှား ထပ်​မလုပ်ပါနဲ့။ ဒါဆိုရင် ယေဟောဝါ ကရုဏာ ပြမယ်၊ လိုအပ်သလို ထောက်မမယ်ဆိုတာ စိတ်ချနိုင်တယ်။—ဆာ. ၁၀၃:၈-၁၃

‘PAIHKHIAT’ DING VANTE

10. A piang thei lo ding thute lametna in bang hangin vangik hi a hiam? (Galati 6:4)

၁၀ မဖြစ်နိုင်​တာ​တွေ မျှော်လင့်​တာ။ တခြားသူတွေ​နဲ့ လိုက်​ယှဉ်ရင် ကိုယ်​ပဲ ဝန်ပိ​မယ်။ (ဂလာတိ ၆:၄ ကို ဖတ်ပါ။) တစ်ချိန်လုံး ယှဉ်နေရင်တော့ မနာလို​စိတ်၊ အပြိုင်အဆိုင်​စိတ်​တွေ​ပါ ဝင်လာမယ်။ (ဂလ. ၅:၂၆) တခြားသူတွေ လုပ်တာ မြင်တာနဲ့​ပဲ ကိုယ့်​အစွမ်းအစ၊ အခြေအနေနဲ့ လက်လှမ်း​မမီတာ​တွေ လိုက်လုပ်ရင် မနိုင်​ဝန် ထမ်း​ရာ ရောက်မယ်။ “မျှော်လင့်​နေတဲ့​အရာ​က ကြန့်ကြာနေရင် စိတ်​အားလျော့​စေ​တယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာ. ၁၃:၁၂) ဖြစ်နိုင်​တာ​တွေ​တောင် မျှော်ရတာ ကြာ​လို့ စိတ်​အားလျော့​စေ​တတ်တယ်​ဆိုရင် မဖြစ်နိုင်​တာ​တွေ မျှော်လင့်​တာ ပို​စိတ်​အားလျော့​စေနိုင်တယ်။ စိတ်​ပင်ပန်း​ပြီး အသက်ပြေးပွဲ​မှာ အရှိန်လျော့​လာစေနိုင်တယ်။—ပညာ. ၂၄:၁၀

11. A piang thei lo ding thute na lamet khak loh nadingin bang in hong huh ding a hiam?

၁၁ ဒီ​ဝန်ကို ဘယ်လို ဖယ်ရှား​မလဲ။ ကိုယ့်​ဆီကနေ ယေဟောဝါ​တောင် မတောင်းဆိုတဲ့​အရာတွေကို ကိုယ့်ကိုယ်ကိုယ် မတောင်းဆိုပါနဲ့။ မတတ်နိုင်​တာ ပေးဖို့ ဘုရား မတောင်းဆိုဘူး။ (၂ ကော. ၈:၁၂) သင့်ကို တခြားသူတွေ​နဲ့ မယှဉ်ဘူး။ (မ. ၂၅:၂၀-၂၃) သင် စိတ်နှလုံး အကြွင်းမဲ့ အမှုဆောင်တာ၊ သင် သစ္စာရှိတာ၊ သင် ခံနိုင်ရည် ရှိတာကို တန်ဖိုးထားတယ်။ အသက်အရွယ်၊ ကျန်းမာရေး​နဲ့ တခြား​အခြေအနေတွေကြောင့် စိတ်​ရှိသလောက် လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ နှိမ့်ချမှုရှိရှိ လက်ခံပါ။ ကျန်းမာရေး မကောင်းတော့​တဲ့အခါ၊ ဇရာထောင်းလာတဲ့အခါ ဗာဇိလဲလိုပဲ အခွင့်ထူးတွေ​ကို ကျေကျေနပ်နပ်ကြီး ငြင်း​လိုက်ပါ။ (၂ ရှ. ၁၉:၃၅၊ ၃၆) မောရှေ​လိုပဲ တခြားသူတွေ​ဆီ​က အကူအညီ လက်ခံပါ။ ဖြစ်နိုင်ရင် တာဝန် ခွဲပေးပါ။ (ထွ. ၁၈:၂၁၊ ၂၂) နှိမ့်ချမှု​သာ ရှိရင် မဖြစ်နိုင်​တာ​တွေ မျှော်လင့်​နေ​မှာ မဟုတ်ဘူး။ အသက်ပြေးပွဲ​မှာ အားယုတ်တော့မှာ မဟုတ်ဘူး။

12. Midangte ii thukhensat khialhna tungtangah ei le ei i kimawhsak ding a kisam hiam? Hilhcian in.

၁၂ တခြားသူတွေရဲ့ ဆုံးဖြတ်ချက် အမှား​အတွက် တာဝန်​မကင်း​ဘူး​လို့ ခံစားရတာ။ တခြားသူတွေ​အတွက် ကျွန်တော်တို့ ဆုံးဖြတ်​ပေးလို့ မရဘူး။ သူတို့ ဆုံးဖြတ်ချက် အမှား ချ​မိ​တဲ့အခါ ဆိုးကျိုး မခံရအောင် အမြဲ လိုက်​ကာကွယ်ပေးလို့ မရဘူး။ ဥပမာ၊ သားသမီး​တစ်ယောက် ယေဟောဝါကို ဆက်ဝတ်မပြုတော့တဲ့အခါ မိဘတွေ ရင်ကျိုး​နိုင်တယ်။ ဒါပေမဲ့ သားသမီးရဲ့ မိုက်မဲ​တဲ့ ဆုံးဖြတ်ချက်​ကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာဟာ ဝန်ထုပ်ဝန်ပိုး ထမ်း​နေတာပဲ။ ဒါ ယေဟောဝါ ထမ်း​စေချင်​တဲ့ ဝန်​မျိုး မဟုတ်ဘူး။—ရော. ၁၄:၁၂

13. Tate’n thukhensat a khialh uh ciangin nu le pate’n bang sem thei a hiam?

၁၃ ဒီ​ဝန်ကို ဘယ်လို ဖယ်ရှား​မလဲ။ လွတ်လွတ်လပ်လပ် ရွေးချယ်​ဆုံးဖြတ်​ခွင့် လူတိုင်းကို ယေဟောဝါ ပေးထားတယ်ဆိုတာ သတိရပါ။ ဘုရားက ဘယ်သူ့ကို​ဖြစ်ဖြစ် ကိုယ့်လမ်းကိုယ် ရွေး​ခိုင်းတယ်။ အဲဒီထဲမှာ ဘုရားကို ဝတ်ပြုမပြု ရွေး​တာ ပါတယ်။ သင် စုံလင်တဲ့ မိဘ မဟုတ်မှန်း ဘုရား သိတယ်။ အတတ်နိုင်ဆုံး ကြိုးစားတာ​ပဲ လိုချင်တာ။ သားသမီးရဲ့ ရွေးချယ်မှု​အတွက် သားသမီး​က​ပဲ တာဝန် ယူရမှာ။ သင် မဟုတ်ဘူး။ (ပညာ. ၂၀:၁၁) ဒါပေမဲ့ မိဘတာဝန် မကျေဘူးလို့ ခံစားနေရရင် ဘုရားဆီ ရင်ဖွင့် ပြောပြပါ။ ခွင့်လွှတ်မှု တောင်းခံပါ။ အတိတ်ကို ပြန်သွားလို့ မရဘူး၊ ပြီး​ခဲ့​တာ​တွေ ပြင်လို့ မရဘူး​ဆိုတာ ဘုရား သိတယ်။ တစ်ချိန်တည်းမှာ သားသမီး စိုက်​တဲ့​အတိုင်း ရိတ်နေ​ရတာကို သင် ကာဆီး​ကာဆီး လုပ်တာမျိုး ဘုရား မဖြစ်စေချင်ဘူး။ သင့်​သားသမီး​သာ လှည့်​လာဖို့ ကြိုးစားရင် ဝမ်းသာ​အားရ ပြန်လက်ခံမှာ။—လု. ၁၅:၁၈-၂၀

14. Ei le ei kimawhsak luatna lungsim paihkhiat ding bang hangin kisam a hiam?

၁၄ အပြစ်တင်မဆုံး ဖြစ်​နေတာ။ အပြစ်​လုပ်လို့ အပြစ်ရှိတယ် ခံစားရတာ သဘာဝပါပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံး ဖြစ်​နေတာမျိုး ယေဟောဝါ မဖြစ်စေချင်ဘူး။ ဖယ်ရှား​ရမယ့် ဝန်​ထဲ​မှာ အဲဒါ ပါတယ်။ တကယ်တော့ အပြစ် ဝန်ခံ​ပြီးပြီ၊ နောင်တ ယူ​ပြီးပြီ၊ အပြစ် ထပ်​မလုပ်​တော့ဘူးဆိုရင် ဘုရား ခွင့်လွှတ်တယ်ဆိုတာ စိတ်ချ​လို့ ရ​နေပြီ။ (တ. ၃:၁၉) အပြစ်ရှိတယ်လို့ ဘုရား မခံစားစေချင်တော့ဘူး။ အဲဒီလို ခံစားတာ အန္တရာယ် ရှိ​မှန်း သိနေလို့ပဲ။ (ဆာ. ၃၁:၁၀) တစ်ချိန်လုံး ပူဆွေး​နေ​ရင် အသက်ပြေးပွဲ​မှာ ကျွန်တော်တို့ အရှုံးပေး​မိ​သွားနိုင်တယ်။—၂ ကော. ၂:၇

စိတ်ရင်းမှန်နဲ့ နောင်တ​ယူ​ပြီးပြီဆိုရင် သင့်​အပြစ်တွေကို ယေဟောဝါ မေ့ပစ်လိုက်ပြီ။ သင်လည်း မေ့ပစ်သင့်တယ် (စာပိုဒ် ၁၅ ကို ကြည့်ပါ)

15. Kimawhsak luat loh nadingin bang in hong huh thei a hiam? (1 Johan 3:19, 20) (Lim zong en in.)

၁၅ ဒီ​ဝန်ကို ဘယ်လို ဖယ်ရှား​မလဲ။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံး ဖြစ်နေတယ်​ဆိုရင် “ကိုယ်တော် တကယ် ခွင့်လွှတ်” တယ်​ဆိုတဲ့ အချက်ကို အာရုံစိုက်ပါ။ (ဆာ. ၁၃၀:၄) စိတ်ရင်းမှန်နဲ့ နောင်တ ရသူတွေ​ရဲ့ “အပြစ်ကို သတိရမှာ မဟုတ်ဘူး” လို့ ဘုရား ကတိပေးထားတယ်။ (ယေ. ၃၁:၃၄) ခွင့်လွှတ်ပြီး​သား အပြစ်တွေကို အစ ပြန်မဖော်ဘူး​လို့ ဆိုလိုတာ​ပါ။ ဒါကြောင့် အမှား​ရဲ့ အကျိုးဆက် ခံနေရတာကို ဘုရား ခွင့်​မလွှတ်​ဘူး​ဆိုပြီး အထင်​မ​မှား​ပါ​နဲ့။ အမှား​ကြောင့် အခွင့်ထူးတွေ လက်လွှတ်​လိုက်ရရင်လည်း ကိုယ့်ကိုယ်ကိုယ် စိတ်ဒုက္ခ မ​ပေးပါ​နဲ့။ သင့်​အမှားတွေကို ဘုရား မေ့ပစ်လိုက်ပြီ။ သင်လည်း မေ့ပစ်လိုက်ပါ။—၁ ယောဟန် ၃:၁၉၊ ၂၀ ကို ဖတ်ပါ။

THAMAN NGAH DINGIN TAI IN

16. Nuntak tai kidemna-a a taite in bang a theih ding uh kisam a hiam?

၁၆ အသက်ပြေးပွဲ​မှာ ပြေးတဲ့အခါ ‘ဆု​ရမယ့် နည်းအတိုင်း ပြေး’ ရမယ်။ (၁ ကော. ၉:၂၄) ဘာ​ထမ်းရမလဲ၊ ဘာ​ဖယ်ရှား​ရမလဲ ကောင်းကောင်း ခွဲ​တတ်​ရင် အဲဒီလို ပြေး​နိုင်တယ်။ ဒီဆောင်းပါးမှာ ထမ်းရမယ့် ဝန်၊ ဖယ်ရှား​ရမယ့် ဝန်​တချို့​လောက်ကို​ပဲ ဆွေးနွေးထားတယ်။ နောက်ထပ် ရှိသေးတယ်။ ဥပမာ၊ “စားကြူး​သောက်ကြူးတာ​တွေ၊ ဘဝရဲ့ စိုးရိမ်​ပူပန်စရာတွေကြောင့် စိတ်နှလုံး ဝန်ပိ” နိုင်တယ်လို့ ယေရှု ပြောတယ်။ (လု. ၂၁:၃၄) အသက်ပြေးပွဲ​မှာ ပြေးတဲ့အခါ ဘာ​ထမ်းရမယ်၊ ဘာ​ဖယ်ရှား​ရမယ်ဆိုတာ သိဖို့ ဒီကျမ်းပိုဒ်တွေနဲ့ တခြား​ကျမ်းပိုဒ်တွေ ကူညီပေးနိုင်ပါတယ်။

17. Nuntak tai kidemna-ah thaman ngah ding ihihlam bang hang muang thei i hiam?

၁၇ လိုအပ်တဲ့ ခွန်အား ယေဟောဝါ ပေးမှာ ဖြစ်လို့ အသက်ပြေးပွဲ​မှာ ဆု​ရမယ်ဆိုတာ စိတ်ချနိုင်တယ်။ (ဟေရှာ. ၄၀:၂၉-၃၁) ဒါကြောင့် လက်မလျှော့ပါနဲ့။ ရှေ့မှာ ရှိတဲ့ ဆု​ရဖို့ အားသွန်ခွန်စိုက် ပြေး​ခဲ့​တဲ့ တမန်တော် ပေါလု​ကို အတုယူပါ။ (ဖိ. ၃:၁၃၊ ၁၄) ဒီ​ပြေးပွဲ​ကို သင့်​အစား ဘယ်သူ့​မှ ပြေး​ပေးလို့ မရဘူး။ ဒါပေမဲ့ ထမ်း​စ​ရာ ရှိတာ ထမ်း​ဖို့၊ ဖယ်​ရှားစရာ ရှိတာ ဖယ်ရှား​ဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ (ဆာ. ၆၈:၁၉) ယေဟောဝါရဲ့ အကူအညီကြောင့် ဆု​ရတဲ့​အထိ သင် ခံနိုင်ရည်ရှိရှိ ပြေး​နိုင်​မှာ​ပါ။

LA 65 တိုးတက်​နေပါ

a အသက်ပြေးပွဲ​မှာ ပြေး​ရင်း ကျွန်တော်တို့ ထမ်းရမယ့် ဝန်တွေ ရှိတယ်။ ဆက်ကပ်အပ်နှံခြင်း ကတိ​သစ္စာ တည်ဖို့ တာဝန်၊ မိသားစု တာဝန်၊ ဆုံးဖြတ်ချက်အတွက် ယူရမယ့် တာဝန်​တို့ ဖြစ်တယ်။ ပြေး​နေတုန်း အရှိန်​လျော့သွား​စေနိုင်​တဲ့ မလိုအပ်တဲ့ ဝန်တွေကိုတော့ ဖယ်ရှား​ရမယ်။ ဘာတွေလဲ။ ဒီဆောင်းပါးမှာ ဖြေပေး​သွားပါမယ်။