Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 8

LA 123 ဘုရား​အစီအစဉ်ကို လက်အောက်ခံခြင်း

Jehovah Lamlahna Bangin Zuisuak In

Jehovah Lamlahna Bangin Zuisuak In

“Nangmah hong hon TOPA in: . . ., na zuih ding a kilawm lampi-ah a hong paipih TOPA na Pasian ka hi hi.”—ISA. 48:17.

အာရုံစိုက်​ရာ

ဒီနေ့ခေတ် မိမိလူမျိုးကို ယေဟောဝါ ဘယ်လို လမ်းညွှန်​နေသလဲ၊ ဘုရား​လမ်းညွှန်ချက် လိုက်နာရင် ဘာကောင်းချီးတွေ ရသလဲ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

1. Jehovah’ lamlahna bang hangin kisam i hiam? Gentehna pia in.

 တောကြီးမျက်မည်း​ထဲ ရောက်နေတယ်လို့ မြင်ယောင်​ကြည့်ပါ။ အန္တရာယ်​တွေ အပြည့်​ပဲ။ တောရိုင်း တိရစ္ဆာန်တွေ၊ အဆိပ်​ရှိ အင်းဆက်​တွေ၊ အပင်တွေ ရှိတယ်။ ချောက်​ထဲ ပြုတ်ကျ​သွားနိုင်တယ်။ ဘယ်နား​မှာ အန္တရာယ်​ရှိတယ်၊ ဘယ်လို ရှောင်နိုင်တယ်​ဆိုတာ ကောင်းကောင်း သိတဲ့ ဝါရင့်​လမ်းပြ ရှိရင် သိပ်ကျေးဇူးတင်​မိ​မှာ​ပဲ။ ဒီ​လောက​လည်း တောကြီးမျက်မည်း​နဲ့ တူတယ်။ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်စေနိုင်တဲ့ အန္တရာယ်​တွေ​မှ အပြည့်​ပဲ။ ဒါပေမဲ့ အန္တရာယ်​တွေ ရှောင်ပြီး ထာဝရ​အသက် ပန်းတိုင်​ဆီ ခေါ်သွား​ပေးမယ့် စုံလင်တဲ့ လမ်းပြ ကျွန်တော်တို့မှာ ရှိတယ်။ ယေဟောဝါ​ဘုရား​ပါ။

2. Jehovah in koi bangin hong lamlak a hiam?

ယေဟောဝါ ဘယ်လို လမ်းပြ​သလဲ။ အဓိက​အားဖြင့် ကျမ်းစာ သုံးတယ်။ လူသား ကိုယ်စားလှယ်တွေ​ကိုလည်း သုံးတယ်။ ဥပမာ၊ ကျွန်တော်တို့ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် အချိန်တန် အစားအစာ ပြင်ဆင်​ပေးဖို့ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကို သုံးတယ်။ (မ. ၂၄:၄၅) အရည်အချင်း​ရှိ တခြား​အမျိုးသားတွေ သုံးပြီးတော့လည်း လမ်းပြတယ်။ ခက်ခဲတဲ့ ကာလအတွင်း ရှေ့ဆက်​နိုင်အောင် နှစ်သိမ့်၊ လမ်းညွှန်ပေးဖို့ တိုက်နယ်ကြီးကြပ်မှူးတွေ၊ အသင်းတော် အကြီးအကဲတွေကို သုံးတယ်။ နောက်ဆုံး​ကာလတစ်လျှောက် ယေဟောဝါ လမ်းပြ​ပေးနေလို့ ကျေးဇူးတင်စရာပါပဲ။ ဒါကြောင့်​သာ ဘုရားနဲ့ ဆက်​ရင်းနှီး​နိုင်​တာ၊ အသက်​လမ်းပေါ် ဆက်လျှောက်​နိုင်​တာ။

3. Hih thulu-ah bang thu kikum ding i hiam?

ယေဟောဝါ လမ်းညွှန်​တဲ့​အတိုင်း လိုက်နာဖို့ အမြဲတော့ မလွယ်ဘူး။ အထူးသဖြင့်၊ မစုံလင်သူတွေ​ကတစ်ဆင့် လမ်းညွှန်​ရင်​ပေါ့။ ဘာကြောင့်လဲ။ လမ်းညွှန်ချက်​နဲ့ ကိုယ့်အကြိုက် မ​ကိုက်​တာ ဖြစ်နိုင်တယ်။ လမ်းညွှန်ချက် လက်တွေ့မကျပုံ ပေါက်လို့ ယေဟောဝါဆီက လာတာ ဟုတ်ရဲ့လား​ဆိုပြီး သံသယ ဝင်နိုင်တယ်။ ယေဟောဝါ လမ်းညွှန်​နေတယ်၊ လမ်းညွှန်ချက် လိုက်နာတာ အမြဲ အကျိုး​ရစေတယ်ဆိုတာ ယုံကြည်​စိတ်ချရမယ်။ ယုံကြည်​စိတ်ချ​နိုင်ဖို့ (၁) ရှေးခေတ် မိမိလူမျိုးကို ယေဟောဝါ ဘယ်လို လမ်းပြ​သလဲ၊ (၂) ဒီနေ့ခေတ်မှာ ဘယ်လို လမ်းပြ​သလဲ၊ (၃) လမ်းပြမှု အမြဲ လိုက်ရင် ဘာအကျိုးရသလဲ ဒီဆောင်းပါးမှာ ဆွေးနွေး​ကြ​မယ်။

မိမိလူမျိုးကို လမ်း​ပြဖို့ လူသား ကိုယ်စားလှယ်တွေ​ကို ယေဟောဝါ အမြဲ သုံး (စာပိုဒ် ၃ ကို ကြည့်ပါ)


JEHOVAH IN ISRAEL MITE A LAMLAK DAN

4-5. Israel mite a lamlak dingin Jehovah in Moses a zatlam koi bangin lak a hiam? (Laibu mai-a lim en in.)

အစ္စရေးတွေ​ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်​ဖို့ မောရှေကို ယေဟောဝါ တာဝန်ပေးတယ်။ မောရှေကို သုံးပြီး လမ်းပြနေတယ်​ဆိုတာ မြင်သာ​တဲ့ အထောက်အထားတွေ ပြတယ်။ ဥပမာ၊ နေ့​အချိန်မှာ မိုးတိမ်တိုင်​နဲ့ လမ်း​ပြပြီး ည​အချိန်မှာ မီးတိုင်​နဲ့ အလင်း​ပေးတယ်။ (ထွ. ၁၃:၂၁) မိုးတိမ်တိုင် လမ်းပြတဲ့​အတိုင်း မောရှေ လိုက်တယ်။ ဒီလိုနဲ့ ပင်လယ်နီ​ဆီ ရောက်လာကြတယ်။ နောက်က လိုက်​လာတဲ့ အီဂျစ် စစ်တပ်​နဲ့ ပင်လယ်​ကြား ညပ်​ပြီး ချောင်ပိတ်​သွားပြီ ထင်​လို့ အစ္စရေးတွေ ဗလောင်ဆူ​သွားကြတယ်။ မောရှေ မှား​ခေါ်လာ​ပြီ​လို့ ထင်ကြတယ်။ မှား​ခေါ်လာ​တာ မဟုတ်ဘူး။ ယေဟောဝါ ရည်ရွယ်ချက်​ရှိရှိ ခေါ်လာ​ခိုင်း​တာ။ (ထွ. ၁၄:၂) သူတို့ကို အံ့ဖွယ်​နည်းနဲ့ ကယ်လိုက်တယ်။—ထွ. ၁၄:၂၆-၂၈

တောကန္တာရမှာ ဘုရား​လူမျိုးကို ဦးဆောင်​ခေါ်သွားဖို့ မိုးတိမ်တိုင်​နောက် မောရှေ လိုက် (စာပိုဒ် ၄-၅ ကို ကြည့်ပါ)


တောကန္တာရမှာ အနှစ် ၄၀ လုံးလုံး မိုးတိမ်တိုင် လမ်းပြတဲ့​အတိုင်း မောရှေ လိုက်တယ်။ a မောရှေရဲ့ တဲ​ဝ​မှာ မိုးတိမ်တိုင် တည်​နေတာကို အစ္စရေး​အားလုံး မြင်နိုင်တယ်။ (ထွ. ၃၃:၇၊ ၉၊ ၁၀) မိုးတိမ်တိုက်​ထဲကနေ မောရှေကို ယေဟောဝါ စကားပြောတယ်။ ယေဟောဝါ ပြောတာ​တွေ​ကို အစ္စရေးတွေ​ဆီ မောရှေ ပြန်ပြောပြတယ်။ (ဆာ. ၉၉:၇) ဦးဆောင်​လမ်း​ပြဖို့ မောရှေကို ယေဟောဝါ သုံး​နေကြောင်း အထောက်အထားတွေ​ပါပဲ။

မောရှေ​နဲ့ တာဝန် ဆက်ခံသူ ယောရှု (စာပိုဒ် ၅၊ ၇ ကို ကြည့်ပါ)


6. Israel mi te’n Jehovah’ lamlahna koici thukkik uh a hiam? (Gamlak Vakna 14:​2, 10, 11)

မောရှေကို ကိုယ်စားလှယ်​အဖြစ် ယေဟောဝါ သုံး​နေတယ်​ဆိုတဲ့ အထောက်အထားတွေကို အစ္စရေး အများစု လက်မခံကြဘူး။ (တောလည်ရာ ၁၄:၂၊ ၁၀၊ ၁၁ ကို ဖတ်ပါ။) မောရှေကို ခဏခဏ မလေးမစား လုပ်ကြတယ်။ ဒါကြောင့် အဲဒီ​လူမျိုးဆက် ကတိထားရာပြည် ဝင်ခွင့် မရဘူး။—တော. ၁၄:၃၀

7. Jehovah’ lamlahna a zui mite’ thu gen in. (Gamlak Vakna 14:24) (Lim zong en in.)

အစ္စရေး​တချို့ကတော့ ယေဟောဝါရဲ့ လမ်းညွှန်မှု လိုက်ကြတယ်။ ဥပမာ၊ “ငါ့​စကားကို [ကာလက်] မြေ​ဝယ်​မ​ကျ နားထောင်တယ်” လို့ ယေဟောဝါ ပြောတယ်။ (တောလည်ရာ ၁၄:၂၄ ကို ဖတ်ပါ။) ဒါကြောင့် ကာလက်​ကို ဆုချတယ်။ ကတိထားရာပြည်​ထဲ ဘယ်​နေရာ နေ​မလဲ စိတ်ကြိုက် ရွေး​ခွင့်​တောင် ပေးတယ်။ (ယောရှု ၁၄:၁၂-၁၄) အစ္စရေး မျိုးဆက်သစ်​လည်း ယေဟောဝါရဲ့ လမ်းညွှန်မှု လိုက်ကြတယ်။ မောရှေ​နေရာကို ယောရှု ဆက်ခံ​တဲ့အခါ “သူ အသက်ရှင်​နေသရွေ့ အလွန် လေးစားကြတယ်။” (ယောရှု ၄:၁၄) ဒါကြောင့် ယေဟောဝါ ကောင်းချီးပေးတယ်။ ကတိထားရာပြည် ဝင်ခွင့် ပေးတယ်။—ယောရှု ၂၁:၄၃၊ ၄၄

8. Kumpi hun lai-in Jehovah in a mite koi bangin lamlak a hiam? (Lim zong en in.)

နှစ်​အတော်ကြာ​မှာ မိမိလူမျိုးကို လမ်းညွှန်​ဖို့ တရားသူကြီးတွေ ယေဟောဝါ ပေါ်ထွန်း​စေ​တယ်။ အဲဒီနောက် ဘုရင်​ခေတ် ရောက်လာတဲ့အခါ ပရောဖက်တွေ ခန့်အပ်တယ်။ ပရောဖက်တွေ​စကားကို သစ္စာရှိ ဘုရင်တွေ လိုက်နာကြတယ်။ ဥပမာ၊ ပရောဖက် နာသန် တည့်မတ်​ပေးတာကို ဘုရင် ဒါဝိဒ် နှိမ့်ချမှုရှိရှိ လက်ခံတယ်။ (၂ ရှ. ၁၂:၇၊ ၁၃။ ၁ ရာ. ၁၇:၃၊ ၄) ပရောဖက် ယ​ဟာ​ဇေ​လ လမ်းညွှန်​တဲ့​အတိုင်း ဘုရင် ယောရှဖတ် လိုက်နာတယ်။ ‘ပရောဖက်တွေ​ကို ယုံကြည်​ကြ’ ဖို့ ယုဒပြည်​သားတွေကို တိုက်တွန်းတယ်။ (၂ ရာ. ၂၀:၁၄၊ ၁၅၊ ၂၀) အကျပ်အတည်း ရောက်ချိန်​မှာ ပရောဖက် ဟေရှာယ​ဆီ ဟေဇကိ​မင်း အကူအညီ တောင်းတယ်။ (ဟေရှာ. ၃၇:၁-၆) ယေဟောဝါရဲ့ လမ်းညွှန်မှုကို ဘုရင်တွေ လိုက်နာတဲ့အခါ​တိုင်း ကောင်းချီး ရတယ်။ တိုင်းပြည် ငြိမ်သက်​အေးချမ်း​တယ်။ (၂ ရာ. ၂၀:၂၉၊ ၃၀။ ၃၂:၂၂) မိမိလူမျိုးကို လမ်းညွှန်​ဖို့ ပရောဖက်တွေ​ကို ယေဟောဝါ သုံး​နေကြောင်း ရှင်းရှင်းလင်းလင်း သိ​သင့်​တယ်။ ဒါတောင် ဘုရင်​နဲ့ အစ္စရေး တော်တော်​များများ ပရောဖက်တွေ​စကား နားမထောင်ကြဘူး။—ယေ. ၃၅:၁၂-၁၅

ဟေဇကိ​မင်းနဲ့ ပရောဖက် ဟေရှာယ (စာပိုဒ် ၈ ကို ကြည့်ပါ)


JEHOVAH IN KHRISTIAN MASATE A LAMLAK DAN

9. Kum zalom masa lai-a Khristiante a lamlak dingin Jehovah in kuate zang a hiam? (Lim zong en in.)

အေဒီ ၃၃၊ ပင်တေကုတ္တေပွဲ​မှာ ခရစ်ယာန် အသင်းတော်ကို ယေဟောဝါ ဖွဲ့စည်း​တယ်။ ဘယ်လို လမ်းညွှန်​သလဲ။ အသင်းတော်ရဲ့ ဦးခေါင်းအဖြစ် ယေရှုကို ခန့်​တယ်။ (ဧ. ၅:၂၃) ဘာလုပ်ပါဆိုပြီး တစ်ယောက်ချင်းစီ​ကို ယေရှု လိုက်​မပြောဘူး။ ဂျေရုဆလင်​မြို့က တမန်တော်တွေ၊ အကြီးအကဲတွေ​ကတစ်ဆင့် လမ်းညွှန်တယ်။ (တ. ၁၅:၁၊ ၂) အသင်းတော် အကြီးအကဲတွေ ခန့်​တယ်။—၁ သက်. ၅:၁၂။ တိ. ၁:၅

ဂျေရုဆလင်​မြို့က တမန်တော်တွေ၊ အကြီးအကဲတွေ (စာပိုဒ် ၉ ကို ကြည့်ပါ)


10. (a) Kum zalom masa lai-a Khristian a tamzaw in lamlahna koici thuk kik uh a hiam? (Sawltak 15:30, 31) (b) Lamlak dinga Jehovah in a zat mite pen mi pawlkhat in bang hangin sang lo uh a hiam? ( “A Kiciatna Thu A Muh Uh Hang Mi Pawlkhat In Bang Hangin Sang Lo Uh A Hiam?” kiu li bawm en in.)

၁၀ လမ်းညွှန်ချက်ကို ပထမရာစု ခရစ်ယာန် အများစု ဘယ်လို တုံ့ပြန်သလဲ။ ရလာတဲ့ လမ်းညွှန်ချက်တွေကို ဝမ်းသာ​အားရ လိုက်နာကြတယ်။ “အားပေး​စကားကြောင့် ဝမ်းသာ​သွားကြတယ်။” (တမန်တော် ၁၅:၃၀၊ ၃၁ ကို ဖတ်ပါ။) ကျွန်တော်တို့​ခေတ်မှာ​ကော ယေဟောဝါ ဘယ်လို လမ်းညွှန်​နေသလဲ။

JEHOVAH IN EITE HONG LAMLAK DAN

11. Jehovah in makaite a lamlah dan gentehna pia in.

၁၁ ဒီနေ့ခေတ်မှာလည်း မိမိလူမျိုးကို ယေဟောဝါ ဆက်​လမ်းပြနေတယ်။ ကျမ်းစာ၊ အသင်းတော်​ဦး​ခေါင်း ယေရှုကတစ်ဆင့်​ပါ။ လူသား ကိုယ်စားလှယ်တွေ​ကို သုံး​နေတယ်​ဆိုတဲ့ အထောက်အထားတွေ​ကော ရှိသလား။ ရှိတယ်။ ၁၈၇၀ နောက်ပိုင်း အဖြစ်အပျက်တွေ သုံးသပ်ကြည့်ပါ။ ဘုရားနိုင်ငံတော် တည်ထောင်ခြင်း​နဲ့ပတ်သက်ပြီး ၁၉၁၄ ဟာ ထူးခြားတဲ့ နှစ် ဖြစ်မယ်​ဆိုတာ ချားလ်စ် တေ့ဇ် ရပ်စယ်လ်​နဲ့ အပေါင်းပါတွေ သဘောပေါက်​လာကြတယ်။ (ဒံ. ၄:၂၅၊ ၂၆) ကျမ်းစာ ကြိုဟောချက်​တွေ လေ့လာရင်း သဘောပေါက်​လာကြတာ။ ယေဟောဝါ လမ်းပြပေးတာ ထင်ရှားတယ်။ ၁၉၁၄ ကမ္ဘာ့ဖြစ်ရပ်တွေက ဘုရားနိုင်ငံတော် တည်ထောင်ပြီ​ဆိုတာ ပြလို့ပဲ။ ပထမ​ကမ္ဘာစစ် ဖြစ်တယ်။ ကပ်ရောဂါ၊ ငလျင်၊ အစာခေါင်းပါးမှု​တွေ ကြုံရတယ်။ (လု. ၂၁:၁၀၊ ၁၁) မိမိလူမျိုးကို ကူညီဖို့ စိတ်ရိုးဖြောင့်​တဲ့ အမျိုးသားတွေကို ယေဟောဝါ သုံးခဲ့တာပဲ။

12-13. Taangko nasep le Lai Siangtho sinpihna a khangto dingin Galpi Nihna sungin bangteng sem uh a hiam?

၁၂ ဒုတိယ​ကမ္ဘာစစ်အတွင်း အဖြစ်အပျက်တွေ​ကိုလည်း သုံးသပ်ကြည့်ပါ။ ဗျာဒိတ် ၁၇:၈ ကို သုံးသပ်ပြီးနောက် ဒုတိယ​ကမ္ဘာစစ် ပြီးတာနဲ့ အာမဂေဒုန် တန်း​လာမှာ မဟုတ်ကြောင်း၊ လူများနိုင်သမျှ များများ​ကို ဟော​နိုင်​မယ့် ငြိမ်းချမ်း​တဲ့ ကာလ ရှိ​ဦး​မှာ ဖြစ်ကြောင်း ကမ္ဘာ့ဌာနချုပ်​က တာဝန်ရှိ ညီအစ်ကိုတွေ သဘောပေါက်လာတယ်။ ဒါကြောင့် အဲဒီအချိန်​တုန်းက လက်တွေ့မကျပုံ ပေါက်ပေမဲ့ ဂိလဒ်​သင်တန်း ဖွင့်တယ်။ သာသနာပြုတွေ လေ့ကျင့်ပေးပြီး စစ်​ကာလအတွင်းမှာ​တောင် ကမ္ဘာအနှံ့ လွှတ်လိုက်တယ်။ ဒါ့အပြင် ကြေညာသူတွေ ဟောပြော​သွန်သင်သူကောင်း ဖြစ်လာအောင် အသင်းတော်တိုင်းမှာ လေ့ကျင့်​ပေးတယ်။ b ဒီလိုနဲ့ ဘုရား​လူမျိုးဟာ ရှေ့မှာ စောင့်ကြိုနေ​တဲ့ လုပ်ငန်းအတွက် အသင့်​ဖြစ်လာတယ်။

၁၃ အဲဒီအချိန်​တုန်းက လူမျိုးတော်ကို ယေဟောဝါ လမ်းညွှန်​ပေးခဲ့တာ ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ဒုတိယ​ကမ္ဘာစစ် ပြီးနောက် နိုင်ငံ​ဒေသ တော်တော်များများမှာ လွတ်လွတ်လပ်လပ် ဟောပြောနိုင်​လာတယ်။ လူများစွာ ယေဟောဝါအကြောင်း သိလာကြတယ်။

14. Jehovah’ pawlpi le pawlpi upate kiang pana hong pai lamlahna pen bang hangin muang thei i hiam? (Maangmuhna 2:1) (Lim zong en in.)

၁၄ ဒီနေ့​အချိန်မှာ ခရစ်တော်ရဲ့ လမ်းညွှန်မှုကို အုပ်ချုပ်ရေးအဖွဲ့ ဆက်​မှီခို​တယ်။ ယေဟောဝါနဲ့ ခရစ်တော် ဘာ​လမ်းညွှန်​သလဲ သိအောင် လုပ်တယ်။ အဲဒီနောက် တိုက်နယ်ကြီးကြပ်မှူးတွေ၊ အကြီးအကဲတွေ​ကတစ်ဆင့် အသင်းတော်ကို လမ်းညွှန်တယ်။ c ဘိသိက်ခံ အကြီးအကဲတွေ​ကော တခြား​အကြီးအကဲ​အားလုံး​ပါ ခရစ်တော်ရဲ့ “ညာလက်​မှာ” ရှိနေတယ်။ (ဗျာဒိတ် ၂:၁ ကို ဖတ်ပါ။) အကြီးအကဲတွေ မစုံလင်လို့ အမှား လုပ်မိ​နိုင်တယ်။ မောရှေ၊ ယောရှု၊ တမန်တော်တွေ​လည်း အမှား လုပ်မိကြတယ်။ (တော. ၂၀:၁၂။ ယောရှု ၉:၁၄၊ ၁၅။ ရော. ၃:၂၃) ဒါပေမဲ့ သစ္စာရှိကျွန်၊ ခန့်အပ်ခံ အကြီးအကဲတွေကို ခရစ်တော် အနီးကပ် လမ်းညွှန်ပေးနေတယ်။ “လောကစနစ် နိဂုံးပိုင်း​အထိ” လမ်းညွှန်ပေး​ဦးမယ်။ (မ. ၂၈:၂၀) ဦးဆောင်သူ​တွေ​ကတစ်ဆင့် ပေးတဲ့ ခရစ်တော်ရဲ့ လမ်းညွှန်မှုကို စိတ်ချသင့်တယ် မဟုတ်လား။

ဒီနေ့ခေတ် အုပ်ချုပ်ရေးအဖွဲ့ (စာပိုဒ် ၁၄ ကို ကြည့်ပါ)


JEHOVAH’ LAMLAHNA ZUI DEN LENG, HAMPHATNA KINGAH

15-16. Jehovah’ lamlahna a zuite kiang pan bang sin thei na hiam?

၁၅ ယေဟောဝါရဲ့ လမ်းပြမှု အမြဲ လိုက်ရင် အခုကတည်းက အကျိုးရတယ်။ ဥပမာ၊ သစ္စာရှိကျွန် အားပေးတဲ့​အတိုင်း အန်​ဒီ​နဲ့ ဇနီး ရာ​ဘန်​တို့ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်း​ကြတယ်။ (ဟီ. ၁၃:၅) ဒါကြောင့် အဖွဲ့အစည်း ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ပါဝင်နိုင်​ကြတယ်။ “တစ်ခါတလေ ကျဉ်းကျဉ်းကျုတ်ကျုတ် နေရာ​လေး​တွေ​မှာ နေ​ရတယ်။ ချက်​ဖို့ ပြုတ်​ဖို့ နေရာ​တောင် မရှိဘူး။ ဓာတ်ပုံ​ရိုက် ဝါသနာ ပါ​ပေမဲ့ ကင်မရာ​တွေ၊ မှန်ဘီလူး​တွေ ရောင်းလိုက်​ရတယ်။ ရောင်း​တုန်းက ကျွန်မ ငို​လိုက်ရတာ။ ဒါပေမဲ့ အာဗြဟံရဲ့ ဇနီး စာရာ​ကို အတုယူဖို့၊ ထားရစ်​ခဲ့​တာ​တွေ​ကို တမ်းတ​မနေ​ဘဲ ရှေ့ကို​ပဲ မျှော်ကြည့်​ဖို့ ဆုံးဖြတ်ထားတယ်” လို့ ရာ​ဘန် ပြောတယ်။ (ဟီ. ၁၁:၁၅) ဘာအကျိုးရသလဲ။ “ပိုင်ဆိုင်သမျှ ယေဟောဝါကို ပေးဆက်​နေတယ်​ဆိုတဲ့ အသိကြောင့် သိပ်ပျော်တယ်။ ဘုရားပေး တာဝန်တွေ ထမ်းဆောင်ရင်း ကမ္ဘာသစ် အသက်တာကို မြည်းစမ်း​ခွင့် ရတယ်” လို့ ရာ​ဘန် ပြောတယ်။ “အမှုတော်မှာ အချိန်၊ ခွန်အား ရှိသမျှ ပေးဆက်​ရလို့ ကျေနပ်​တယ်” လို့ ညီအစ်ကို အန်​ဒီ​လည်း ပြောတယ်။

၁၆ ယေဟောဝါရဲ့ လမ်းပြမှု အမြဲ လိုက်ရင် ဘာအကျိုး​ရသေးသလဲ။ အထက်တန်း​ကျောင်း ပြီးသွားတော့ ညီအစ်မ မာ​စီ​ယာ ရှေ့ဆောင် လုပ်ချင်​တယ်။ (မ. ၆:၃၃။ ရော. ၁၂:၁၁) “တက္ကသိုလ်​မှာ လေးနှစ် ပညာ​သင်​ဆု ရတယ်။ ဒါပေမဲ့ ယေဟောဝါကို အပြည့်အဝ ပေးဆက်​ချင်လို့ ရှေ့ဆောင်​ဘဝကို ထောက်ပံ့​နိုင်​တဲ့ သက်​မွေး​ပညာ သင်တန်း တက်ဖို့ ဆုံးဖြတ်​လိုက်တယ်။ ချခဲ့သမျှ​မှာ အကောင်းဆုံး ဆုံးဖြတ်ချက်​ပဲ။ အခု၊ မှန်မှန်ရှေ့ဆောင် လုပ်ရင်း ပျော်​နေပြီ။ အချိန်​ဘယ်လောက် အလုပ်လုပ်​မလဲ၊ ဘယ်လောက် အမှုဆောင်​မလဲ​ဆိုတာ ကိုယ့်​လက်ထဲမှာ​ပဲ။ ဒါကြောင့် ဗေသလမှာ လုပ်အားပေးနိုင်တယ်။ တခြား​အခွင့်ထူးတွေ​လည်း ရလာတယ်” လို့ မာ​စီ​ယာ ပြောတယ်။

17. Jehovah’ lamlahna zui den leng, adang bang thupha kingah lai a hiam? (Isaiah 48:17, 18)

၁၇ ကျွန်တော်တို့​အကျိုးအတွက် အဖွဲ့အစည်း လမ်းညွှန်​လာနိုင်တယ်။ ဥပမာ၊ ငွေ​မ​မက်​ဖို့၊ ဘုရား​ပညတ် ချိုးဖောက်​မိ​စေနိုင်​တဲ့ အန္တရာယ်​တွေ ရှောင်ဖို့ သတိပေးနိုင်တယ်။ ဒီကဏ္ဍတွေမှာ​လည်း ယေဟောဝါရဲ့ လမ်းပြမှု လိုက်ရင် အကျိုးရမယ်။ အမှားအမှန်​သိစိတ် ကြည်လင်​မယ်။ ပြဿနာတွေ ရှောင်နိုင်မယ်။ (၁ တိ. ၆:၉၊ ၁၀) ယေဟောဝါ​အတွက် စိတ်နှလုံး အကြွင်းမဲ့ ပေးဆက်​နိုင်မယ်။ ဒီထက် ပို​ပျော်ရွှင်၊ ကျေနပ်၊ စိတ်​ငြိမ်သက်​စ​ရာ ကောင်းတာ မရှိဘူး။—ဟေရှာယ ၄၈:၁၇၊ ၁၈ ကို ဖတ်ပါ။

18. Jehovah lamlahna zui den dingin bang hang khensat na hiam?

၁၈ လူသား ကိုယ်စားလှယ်တွေ သုံးပြီး ကြီးစွာသောဒုက္ခ​အတွင်းမှာ​ကော အနှစ်တစ်ထောင်​အထိ​ပါ ယေဟောဝါ လမ်းပြ​သွားမယ်။ (ဆာ. ၄၅:၁၆) ကိုယ့်အကြိုက်​နဲ့ မ​ကိုက်​ရင်တောင် လမ်းပြမှု လိုက်​မ​လား။ အဲဒီအချိန် လိုက်​မလိုက်​ဆိုတာ လောလောဆယ် ယေဟောဝါရဲ့ လမ်းပြမှု​ကို ဘယ်လို တုံ့ပြန်​နေသလဲဆိုတာ​အပေါ် အများကြီး မူတည်တယ်။ ဒါကြောင့် ခန့်အပ်ခံ အမျိုးသားတွေ​ကတစ်ဆင့် ပေးတဲ့ လမ်းညွှန်ချက် အပါအဝင် ယေဟောဝါ ပေး​သမျှ လမ်းညွှန်ချက်တွေ အမြဲ လိုက်နာ​ကြရအောင်။ (ဟေရှာ. ၃၂:၁၊ ၂။ ဟီ. ၁၃:၁၇) အန္တရာယ်​တွေ ရှောင်ပြီး ကမ္ဘာသစ် ထာဝရ​အသက် ပန်းတိုင်​ဆီ အရောက်​ပို့ပေး​မယ့် လမ်းပြ ယေဟောဝါကို မယုံ​စ​ရာ​အကြောင်း​မှ မရှိတာ။

NANGH BANGCI DAWNG DING?

  • Jehovah in Israel mite koi bangin lamlak a hiam?

  • Jehovah in Khristian masate koi bangin lamlak a hiam?

  • Jehovah’ lamlahna zui den leng, tu huna kipan bang hamphatna kingah hiam?

LA 48 ယေဟောဝါနဲ့ နေ့စဉ် လျှောက်လှမ်းပါ

a အစ္စရေး​လူမျိုးကို ကတိထားရာပြည် ခေါ်သွားဖို့ ကောင်းကင်တမန်​တစ်ပါး​ကိုလည်း ယေဟောဝါ “ရှေ့​က သွား” စေ​တယ်။ အဲဒီ​ကောင်းကင်တမန်​ဟာ မိက္ခေလ ဖြစ်တာ ထင်ရှားတယ်။ မိက္ခေလ​ဆိုတာ မြေကြီးပေါ် မလာခင် ကောင်းကင်တမန်​မင်း​အဖြစ် အမှုဆောင်စဉ်က ယေရှုရဲ့ နာမည် ဖြစ်တယ်။—ထွ. ၁၄:၁၉။ ၃၂:၃၄

b နောက်ပိုင်းမှာ သီအိုကရက်တစ် ဓမ္မအမှုကျောင်း​လို့ ခေါ်တယ်။ လက်ရှိ ကြားရက် အစည်းအဝေး အပိုင်း​တစ်ပိုင်း ဖြစ်တယ်။

c ၂၀၂၁၊ ဖေဖော်ဝါရီ ကင်းမျှော်စင် စာ. ၁၈ မှာ ပါတဲ့ “အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်” လေးထောင့်ကွက်ကို ကြည့်ပါ။