Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 6

LA 10 တို့​ဘုရား ယေဟောဝါကို ချီးမွမ်းကြ

“Jehovah’ Min Phat Un”

“Jehovah’ Min Phat Un”

“TOPA [Jehovah] phat un. TOPA’ nasemte aw, phat un. TOPA’ min phat un.”LA. 113:1.

အာရုံစိုက်​ရာ

အခွင့်အရေး ရတိုင်း ယေဟောဝါရဲ့ သန့်ရှင်း​မြင့်မြတ်တဲ့ နာမည်ကို ချီးမွမ်းဖို့ ဘာက လှုံ့ဆော်ပေးသလဲ။

1-2. Minsiat a thuakna tawh kisai-in Jehovah’ lungsim bangci om a hiam? Gentehna pia in.

 သိပ်​ချစ်ရသူ​တစ်ယောက် ကိုယ့်ကို နာမည်​ဖျက်​တယ် ဆိုပါစို့။ မဟုတ်​ကို အဟုတ် လုပ်ပြီး ပြော​နေမှန်း ကိုယ်​သိပေမဲ့ တချို့ ယုံ​သွားပြီ။ ပို​ဆိုး​တာက အဲဒီလူတွေ​ပါ ဖောက်သည် ချ​နေ​လို့ တော်တော် ပျံ့​နေပြီ။ သင် ဘယ်လို ခံစားရမလဲ။ နာမည်ကောင်း မပျက်ချင်​သူ၊ တခြားသူတွေကို အ​ညာ​မ​မိ​စေချင်​သူမို့ စိတ်မကောင်း​ဖြစ်​မိ​မှာ​ပဲ။—ပညာ. ၂၂:၁

နာမည်ဖျက်ခံရ​ချိန်​မှာ ယေဟောဝါ ဘယ်လို ခံစားရမယ်ဆိုတာ ဒီ​ဥပမာ​က သဘောပေါက်​စေ​တယ်။ ဘုရားအကြောင်း ပထမ လူ​မိန်းမ ဧဝ​ကို ဘုရား​သား​တစ်ပါး လိမ်ပြော​တယ်။ ဧဝ ယုံသွားတယ်။ ခင်ပွန်း အာဒံနဲ့ ပေါင်းပြီး ဘုရားကို ပုန်ကန်​တယ်။ ဒါကြောင့် လူအားလုံး အပြစ်သားတွေ ဖြစ်ပြီး သေကြ​ရတယ်။ (က. ၃:၁-၆။ ရော. ၅:၁၂) သေခြင်း၊ စစ်၊ စိတ်ဆင်းရဲစရာ​တွေ အပါအဝင် ကမ္ဘာပေါ်​က ပြဿနာ​အားလုံးဟာ ဧဒင်ဥယျာဉ်မှာ စာတန် ဖွလိုက်​တဲ့ အလိမ်အညာ​စကားကြောင့် ပေါ်လာတာ။ အလိမ်အညာ​စကားကြောင့်၊ ပေါ်လာတဲ့ ပြဿနာတွေကြောင့် ယေဟောဝါ စိတ်ထိခိုက်​တယ်။ ဒါပေမဲ့ အံကြိတ်​ခံပြင်း​မနေဘူး။ “ပျော်ရွှင်တဲ့ ဘုရားသခင်” ဖြစ်​နေဆဲပဲ။—၁ တိ. ၁:၁၁

3. Bang hunpha nei i hiam?

ယေဟောဝါ နာမည်ဖျက်ခံရ​တာကို ဝိုင်း​ဖြေရှင်းဖို့ ကျွန်တော်တို့မှာ အခွင့်ထူး ရှိတယ်။ “ယေဟောဝါရဲ့ နာမည်ကို ချီးမွမ်း” ခြင်း​အားဖြင့်​ပါ။ (ဆာ. ၁၁၃:၁) ယေဟောဝါအကြောင်း တခြားသူတွေကို အမှန်အတိုင်း ပြောပြခြင်းအားဖြင့် ချီးမွမ်း​နိုင်တယ်။ သင် အဲဒီလို ချီးမွမ်းချင်​သ​လား။ အားပါးတရ ချီးမွမ်းချင်​စိတ် ပေါ်လာ​စေ​မယ့် အချက်​သုံးချက် သုံးသပ်ကြည့်​ရအောင်။

A MIN I PHAT CIANGIN JEHOVAH LUNGDAM

4. I phat ciangin Jehovah bang hangin lungdam a hiam? Gentehna pia in. (Lim zong en in.)

နာမတော် ချီးမွမ်း​တဲ့အခါ ကောင်းကင်ဘုံစံ အဖ ဝမ်းသာတယ်။ (ဆာ. ၆၉:၃၀၊ ၃၁) မြှောက်​ပေး​ရင် အားတက်​သွားတဲ့၊ ကျေနပ်​သွားတဲ့ အ​မြှောက်​ကြိုက်​တွေ​နဲ့ တူ​နေ​သ​လား။ မတူပါဘူး။ ဖခင်ကို သမီး​ငယ် ပြေးဖက်​ပြီး “ဖေဖေ​က ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ” လို့ ပြောတယ် ဆိုပါစို့။ ဖခင် ကျေနပ်ပီတိ​ဖြစ်သွားတယ်။ ကလေး​စကားကို ကြံဖန် ကျေနပ်​နေတာလား။ အ​မြှောက်​ကြိုက်တာ​လား။ မဟုတ်ဘူး။ မိမိကို ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း သမီးလေး ကိုယ့်​စိတ်နဲ့​ကိုယ် ပြ​လာလို့ ဝမ်းသာ​သွားတာ။ ချစ်တတ်တဲ့၊ ကျေးဇူး​သိတတ်တဲ့ သမီးလေးမို့ ကောင်းစားမယ်​ဆိုတာ စိတ်ချ​သွားတာ။ ကျွန်တော်တို့ ချီးမွမ်း​တဲ့အခါ အကြီးမြတ်ဆုံး ဖခင် ယေဟောဝါ ဝမ်းသာ​တာ​လည်း ဒီ​အကြောင်းရင်းတွေကြောင့်​ပဲ။

ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း ကိုယ့်​သားသမီး ပြတဲ့အခါ ဖခင် ဝမ်းသာ​သလို နာမတော်ကို ကျွန်တော်တို့ ချီးမွမ်း​တဲ့အခါ ယေဟောဝါ ဝမ်းသာ (စာပိုဒ် ၄ ကို ကြည့်ပါ)


5. Jehovah’ i phat ciangin bang khemna a thuk kik hi i hiam?

ကောင်းကင်ဘုံစံ အဖ​ကို ချီးမွမ်း​တာ​ဟာ ကျွန်တော်တို့ တစ်ယောက်စီနဲ့​ပတ်သက်​နေတဲ့ စာတန့်​အလိမ်အညာကို ချေပ​ရာ ရောက်တယ်။ ဘယ်သူမှ အနစ်နာခံ​ပြီး ဘုရား​နာမည် မကာကွယ်​ဘူး၊ ဘုရားကို သစ္စာ​မရှိဘူး၊ ကျောခိုင်း​လို့ အကျိုး​ရှိမယ် ထင်​ရင် ကျောခိုင်းမယ့်​သူချည်းပဲ​လို့ စာတန် ပြောတယ်။ (ယောဘ ၁:၉-၁၁။ ၂:၄) စာတန် မှားကြောင်း သစ္စာရှိ ယောဘ သက်သေပြ​နိုင်ခဲ့တယ်။ ကျွန်တော်တို့ ယောက်တိုင်း​လည်း ဘုရားအပေါ် သစ္စာရှိခြင်း​အားဖြင့် ဘုရား​နာမည် ကာကွယ်နိုင်တယ်။ ဘုရား​စိတ် ရွှင်လန်းစေ​နိုင်တယ်။ (ပညာ. ၂၇:၁၁) ဒါ တကယ့် အခွင့်ထူး​ပဲ။

6. Kumpi David le Levi mite koi bangin etteh thei i hiam? (Nehemiah 9:5)

ဘုရားကို ချစ်သူ​တွေ​ဟာ ဘုရား​နာမည်ကို စိတ်နှလုံး အကြွင်းမဲ့ ချီးမွမ်းချင်ကြတယ်။ “ယေဟောဝါကို ချီးမွမ်းပါ​ရစေ။ သန့်ရှင်း​မြင့်မြတ်တဲ့ နာမတော်ကို စိတ်ရော ကိုယ်​ပါ ချီးမွမ်းပါ​ရစေ” လို့ ဘုရင် ဒါဝိဒ် ပြောတယ်။ (ဆာ. ၁၀၃:၁) နာမတော်ကို ချီးမွမ်း​တာ​ဟာ ယေဟောဝါကို ချီးမွမ်း​တာ ဖြစ်ကြောင်း ဒါဝိဒ် သဘောပေါက်တယ်။ နာမတော် ကြားတာနဲ့ ယေဟောဝါ ဘယ်လို ဘုရား​မျိုး​လဲ၊ ဘာအရည်အသွေးတွေ ရှိသလဲ၊ ဘာ​အံ့ဩစရာ​ကောင်းတာတွေ လုပ်သလဲ တစ်တွဲ​တည်း ပါလာ​လို့​ပဲ။ အဖ​ဘုရားရဲ့ နာမည် သန့်ရှင်း​မြင့်မြတ်တယ်လို့ ဒါဝိဒ် သဘောထားတယ်။ “စိတ်ရော ကိုယ်​ပါ ချီးမွမ်း” ချင်တယ်။ လေဝိ​အမျိုးသားတွေလည်း ယေဟောဝါကို ချီးမွမ်း​ရာ​မှာ ဦးဆောင်​ကြတယ်။ နာမတော် သန့်ရှင်း​မြင့်မြတ်​လွန်းလို့ ထိုက်သင့်​သ​လောက် ချီးမွမ်း​ဂုဏ်တင်နိုင်​မှာ မဟုတ်ကြောင်း နှိမ့်ချမှုရှိရှိ အသိအမှတ်ပြုကြတယ်။ (နေဟမိ ၉:၅ ကို ဖတ်ပါ။) နှိမ့်ချမှုရှိရှိ၊ စိတ်နှလုံး အကြွင်းမဲ့ ချီးမွမ်းကြ​လို့ ယေဟောဝါ သိပ်ဝမ်းသာမှာ​ပဲ။

7. Pasian nasepna le nisim nuntakna-ah Jehovah koi bangin phat thei i hiam?

ကျွန်တော်တို့လည်း ယေဟောဝါကို စိတ်ရွှင်လန်းစေနိုင်တယ်။ ယေဟောဝါကို ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း ထင်ဟပ်​တဲ့​နည်းနဲ့ ပြောဆိုခြင်းအားဖြင့်​ပါ။ အမှုဆောင်တဲ့အခါ ကျွန်တော်တို့ရဲ့ အဓိက ပန်းတိုင်​ဟာ ချစ်​ဖခင် ယေဟောဝါကို လူတွေ ရင်းနှီး​ချင်လာ​အောင်၊ ကျွန်တော်တို့ မြင်သလို မြင်လာအောင် ကူညီပေးဖို့ ဖြစ်တယ်။ (ယာ. ၄:၈) ဒါကြောင့် ယေဟောဝါရဲ့ မေတ္တာ၊ တရားမျှတမှု၊ ဉာဏ်ပညာ၊ တန်ခိုး၊ တခြား​အရည်အသွေးတွေအကြောင်း ကျမ်းစာ ဘယ်လို ဖော်ပြထားသလဲ ဝမ်းသာ​အားရ ပြောပြကြတယ်။ ယေဟောဝါကို ချီးမွမ်း​ချင်လို့၊ စိတ်​ရွှင်လန်းစေ​ချင်လို့ အတတ်နိုင်ဆုံး အတုယူကြတယ်။ (ဧ. ၅:၁) လောက,က လူတွေနဲ့ ကွဲ​ထွက်​နေ​လို့ လူတွေ သတိထားမိ​လာနိုင်တယ်။ အကြောင်းရင်း သိချင်​လာနိုင်တယ်။ (မ. ၅:၁၄-၁၆) နေ့စဉ် အသက်တာမှာ လှုပ်ရှား​သွားလာ​ရင်း အခွင့်အရေး ရရင် ရ​သလို အကြောင်းရင်း ရှင်းပြနိုင်တယ်။ ရလဒ်အနေနဲ့ စိတ်ရင်းမှန်သူ​တွေ ဘုရားနဲ့ ရင်းနှီး​ချင်လာ​ကြတယ်။ ဒီ​နည်းတွေနဲ့ ချီးမွမ်း​တဲ့အခါ ယေဟောဝါ စိတ်​ရွှင်လန်းတယ်။—၁ တိ. ၂:၃၊ ၄

JEHOVAH’ MIN I PHAT CIANGIN JESUH LUNGDAM

8. Jehovah min phatna-ah Jesuh pen bang hangin etteh huai pen a hiam?

ကောင်းကင်၊ မြေကြီးပေါ်မှာ အဖ​ဘုရားအကြောင်း သား​ယေရှု​လောက် ဂဃနဏ သိ​သူ မရှိဘူး။ (မ. ၁၁:၂၇) အဖ​ဘုရားကို ယေရှု ချစ်တယ်။ နာမတော် ချီးမွမ်း​ရာ​မှာ စံနမူနာ ပြတယ်။ (ယော. ၁၄:၃၁) မသေဆုံးခင်​ည ဆုတောင်းချိန်​မှာ “အဖရဲ့ နာမည်ကို သိအောင် သူတို့ကို ကျွန်တော် ပြောပြပါ​ပြီ” လို့ ပြောတယ်။ ဒါဟာ မြေကြီး အမှုဆောင်ချိန်​အတွင်း ယေရှု လုပ်ခဲ့သမျှ​မှာ အရေးကြီးဆုံးပဲ။ (ယော. ၁၇:၂၆) ဘယ်နည်းနဲ့ အဖ​နာမည်ကို သိစေ​သလဲ။

9. Bang gentehna zangin Jesuh in a Pa’ thu a hoihpenin hilhcian a hiam?

ဘုရား​နာမည် ယေဟောဝါ​ဆိုတာ​လောက်​ပဲ ယေရှု မပြောဘူး။ ဘုရား​နာမည် ဂျူးတွေ သိပြီးသားပဲ။ ဒါကြောင့် “အဖ​ဘုရားအကြောင်း ရှင်းပြတယ်။” (ယော. ၁:၁၇၊ ၁၈) ဥပမာ၊ ယေဟောဝါဟာ ကရုဏာ ရှိပြီး သနား​စာနာ​တတ်တယ်​လို့ ဟီဘရူး ကျမ်းစောင်တွေမှာ ဖော်ပြတယ်။ (ထွ. ၃၄:၅-၇) ဒီအချက်ကို သားမိုက် ဥပမာ သုံးပြီး အကောင်းဆုံး နည်းနဲ့ ယေရှု ရှင်းပြတယ်။ သား​ဖြစ်သူ နောင်တရပြီး ပြန်လာ​တာကို ဖခင် “အဝေးကနေ လှမ်းမြင်​တဲ့အခါ” ပြေးဖက်​ကြောင်း၊ ခွင့်လွှတ်​ကြောင်း ဖတ်​ရတော့ ယေဟောဝါရဲ့ ကရုဏာ၊ သနား​စာနာမှုကို ကျွန်တော်တို့ ကွက်ကွက်ကွင်းကွင်း သဘောပေါက်လာတယ်။ (လု. ၁၅:၁၁-၃၂) ယေဟောဝါ ဘယ်လို ဘုရား​မျိုး​လဲ​ဆိုတာ အကောင်းဆုံး နည်းနဲ့ ယေရှု ရှင်းပြ​လိုက်တာပဲ။

10. (a) Jesuh in a Pa’ min a zatlam le midangte zong zangsak nuam ahihlam koici theih i hiam? (Marka 5:​19) (Lim zong en in.) (b) Jehsuh in bang i sep ding deih a hiam?

၁၀ တခြားသူတွေကို​ကော အဖ​နာမည် ယေရှု သုံး​စေချင်​သ​လား။ သုံး​စေချင်တယ်။ ဘုရား​နာမည် အသံထွက် ခေါ်တာ ရိုင်း​တယ်လို့ အဲဒီခေတ်က ဘာသာရေး ခေါင်းဆောင်​တချို့ ထင်ကြပေမဲ့ အဖ​နာမည် ယေရှု မသုံးဘဲ မနေဘူး။ ဂေရသ​နယ်​က နတ်ဆိုးပူးသူ​ကို ကုပေး​ချိန်​အကြောင်း စဉ်းစားကြည့်ပါ။ လူတွေ ကြောက်​လန့်​လာပြီး အဲဒီ​နယ်​ကနေ ထွက်သွား​ခိုင်းလို့ ယေရှု ထွက်သွားတယ်။ (မာ. ၅:၁၆၊ ၁၇) ဒါပေမဲ့ အဲဒီ​နယ်​က လူတွေကို အဖ​နာမည် သိစေချင်တယ်။ ဒါကြောင့် ဝေဒနာ သက်သာ​သွား​ပုံ​အကြောင်း တခြားသူတွေကို ပြောပြဖို့ နတ်ဆိုးပူးဖူးသူ​ကို မှာတယ်။ ပြောတဲ့အခါ ယေရှု လုပ်ပေးခဲ့တာ​တွေ​လို့ မပြောဘဲ ယေဟောဝါ​ဘုရား လုပ်ပေးခဲ့တာ​တွေ​လို့ ပြော​ခိုင်းတယ်။ (မာကု ၅:၁၉ ကို ဖတ်ပါ။) a ဒီနေ့လည်း ကမ္ဘာတစ်ဝန်းမှာ အဖ​နာမည် သိအောင် လိုက်​ပြောပြစေ​ချင်တယ်။ (မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀) ကျွန်တော်တို့ လိုက်​ပြောပြတဲ့အခါ ဘုရင် ယေရှု ဝမ်းသာတယ်။

ယေဟောဝါ လုပ်ပေးခဲ့တာ​တွေ​အကြောင်း လူတွေကို ပြောဖို့ နတ်ဆိုးပူးဖူးသူ​ကို ယေရှု မှာ (စာပိုဒ် ၁၀ ကို ကြည့်ပါ)


11. Jesuh in koi banga thunget ding hong hilh a hiam? Tua banga thunget ding bang hangin thupi a hiam? (Ezekiel 36:23)

၁၁ နာမည်​ဖျက်​ခံထားရ​တာကို ယေဟောဝါ ရှင်း​ချင်တယ်​ဆိုတာ ယေရှု သိတယ်။ နာမတော် သန့်ရှင်း​မြင့်မြတ်​ရေး​ဟာ သက်ရှိ​တိုင်း​နဲ့ ဆိုင်တဲ့ အရေးကြီးဆုံး ကိစ္စ​ပဲ။ (ယေဇကျေလ ၃၆:၂၃ ကို ဖတ်ပါ။) ဒါကြောင့် “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ” လို့ ဆုတောင်းဖို့ နောက်လိုက်တွေကို သင်ပေးတယ်။ (မ. ၆:၉) နာမတော် သန့်ရှင်း​မြင့်မြတ်ဖို့ စကြဝဠာမှာ ယေရှု​လောက် ကြိုးပမ်း​သူ မရှိဘူး။ သန့်ရှင်း​မြင့်မြတ်တဲ့ နာမတော်ကို စော်ကား​တာ၊ ဖျက်​တာ​ဟာ အဆိုးရွားဆုံး အပြစ်​လို့ ခံယူ​ထားတာ။ ဒါတောင် အဖမ်းခံ​ရချိန်မှာ ဘယ်လို စွဲချက် တင်​ခံရ​သလဲ။ ဘုရားကို စော်ကား​ပြောဆိုသူ​တဲ့။ အဲဒီလို စွဲချက် တင်​ခံရမှာ၊ ဒီ​စွဲချက်​နဲ့ ပြစ်ဒဏ် ပေး​ခံရမှာမို့ တော်တော် စိတ်ထိခိုက်​မှာ​ပဲ။ ဒါဟာ အဖမ်းမခံရခင် အချိန်နာရီ​တွေ​မှာ “မချိတင်ကဲ ခံစားရ” တဲ့ အဓိက အကြောင်းရင်း ဖြစ်နိုင်တယ်။—လု. ၂၂:၄၁-၄၄

12. A Pa’n minsiat a thuak pen Jesuh in koi bang danin a hoihpenin siangsak a hiam?

၁၂ နောက်ဆုံး​အချိန်နာရီ​တွေ​မှာ စာတန် ဖိ​တိုက်ခိုက်​တာကို ယေရှု ခံရတယ်။ (လု. ၂၂:၂-၄။ ၂၃:၃၃၊ ၃၄) ဒါပေမဲ့ အဆုံးစွန်ထိ အဖ​ကို နာခံ​သူမို့ ရှက်စရာ​အကြောင်း မရှိမှန်း သိတယ်။ (ဟီ. ၁၂:၂) အဖ​နာမည် ဖျက်​ခံထားရ​တာ ရှင်း​နိုင်ဖို့ ကျိတ်​မှိတ်​ပြီး နှိပ်စက်​ခံတယ်။ စော်ကား​ခံတယ်။ အသရေဖျက်​ခံတယ်။ ယေရှု သမာဓိ ချိုးဖောက်အောင် လုပ်နိုင်မယ်လို့ အပိုင်တွက်ထားတဲ့ စာတန် ခွက်ခွက်လန် ရှုံးသွား​တယ်။ စာတန်ဟာ အကြံ​ပက်စက်​တဲ့ မုသာကောင် ဖြစ်ကြောင်း၊ အပြင်းထန်ဆုံး စမ်းသပ်မှု ကြုံ​တာ​တောင် သမာဓိ စောင့်ထိန်းတဲ့ ကျေးကျွန်တွေ ယေဟောဝါ​မှာ ရှိကြောင်း ယေရှု သက်သေပြ​လိုက်လို့​ပဲ။

13. Hong uk Kumpi koici lungdamsak thei na hiam?

၁၃ နန်းထိုင် ဘုရင်​ကို သင် ဝမ်းသာ​စေချင်​သ​လား။ ဝမ်းသာ​စေချင်​ရင် ယေဟောဝါရဲ့ နာမည် ဆက်​ချီးမွမ်းပါ။ ယေဟောဝါ ဘယ်လို ဘုရား​မျိုး​လဲ တခြားသူတွေ သိအောင် ကူညီပေးပါ။ ဒါ ယေရှု​ခြေရာ နင်းနေ​တာ​ပဲ။ (၁ ပေ. ၂:၂၁) ယေရှုလိုပဲ ယေဟောဝါ​စိတ် ရွှင်လန်းစေ​ရာ ရောက်တယ်။ ရန်သူ စာတန်ဟာ အောက်တန်း​ကျတဲ့ မုသာကောင် ဖြစ်ကြောင်း သက်သေပြရာ ရောက်တယ်။

JEHOVAH’ MIN I PHAT CIANGIN MIDANG TE’N HOTKHIATNA NGAH

14-15. Jehovah’ thu mite i hilh ciangin a lamdang bang thute mu thei i hiam?

၁၄ နာမတော် ချီးမွမ်း​တာ​ဟာ တခြားသူတွေ ကယ်တင်ခြင်း ရအောင် ကူညီပေး​နေတာပဲ။ ဘာကြောင့်လဲ။ “မယုံကြည်သူတွေ​ရဲ့ ဉာဏ်​မျက်စိ​ကို” စာတန် “ကွယ်စေ” တယ်။ (၂ ကော. ၄:၄) ရလဒ်အနေနဲ့ ဘုရား မရှိဘူး၊ ဘုရားနဲ့ မ​ရင်းနှီး​နိုင်​ဘူး၊ လူတွေကို ဘုရား ဂရုမစိုက်ဘူး၊ ရက်စက်​တယ်၊ လူဆိုးတွေကို ထာဝစဉ် ညှဉ်းဆဲ​တယ်​စတဲ့ စာတန့်​အလိမ်အညာတွေကို လူတွေ ယုံ​သွားကြတယ်။ အလိမ်အညာ​အားလုံး ရည်ရွယ်​တာ တစ်ခုတည်း​ပဲ။ ယေဟောဝါကို နာမည်​ဖျက်​ချင်လို့၊ ယေဟောဝါနဲ့ လူတွေ မ​ရင်းနှီးစေ​ချင်လို့​ပဲ။ ဒါပေမဲ့ အဖ​ဘုရားအကြောင်း လူတွေကို ကျွန်တော်တို့ အမှန်အတိုင်း သင်ပေးကြတယ်။ သန့်ရှင်း​မြင့်မြတ်တဲ့ နာမတော်ကို ချီးမွမ်းကြတယ်။ ဒါက စာတန့်​အကြံကို ပျက်​စေ​တယ်။ လူတွေကို အကျိုး​ရစေတယ်။ ဘာအကျိုး​လဲ။

၁၅ ကျမ်းစာ အမှန်တရားဟာ သိပ်​အစွမ်းထက်တယ်။ ယေဟောဝါ ဘယ်လို ဘုရား​မျိုး​လဲ လူတွေကို သင်ပေးတဲ့အခါ အံ့ဩစရာ​ကောင်းတာ ကျွန်တော်တို့ မြင်လာ​ရတယ်။ စာတန်ကြောင့် ဉာဏ်​မျက်စိ ကွယ်နေ​သူ​တွေ ဉာဏ်​မျက်စိ ပွင့်လာ​ကြတယ်။ ချစ်​ဖခင်ကို ကျွန်တော်တို့ မြင်သလို မြင်လာကြတယ်။ ဘုရားရဲ့ အတိုင်းအဆမဲ့ တန်ခိုး​အကြောင်း သိပြီး အံ့ဩ​သွားကြတယ်။ (ဟေရှာ. ၄၀:၂၆) တရားမျှတတဲ့ ဘုရားကို ယုံကြည်​ကိုးစား​လာကြတယ်။ (တရား. ၃၂:၄) ဉာဏ်ပညာ ကြီးမားတဲ့ ဘုရားဆီကနေ အများကြီး သင်ယူ​ကြရတယ်။ (ဟေရှာ. ၅၅:၉။ ရော. ၁၁:၃၃) ဘုရားဟာ ချစ်ခြင်း​မေတ္တာ ဖြစ်မှန်း သိရလို့ နှစ်သိမ့်မှု ရကြတယ်။ (၁ ယော. ၄:၈) ဘုရားနဲ့ ရင်းနှီးလာတာနဲ့အမျှ ဘုရား​သားသမီး​အဖြစ် ထာဝစဉ် အသက်ရှင်​ရမယ်ဆိုတဲ့ မျှော်လင့်ချက် သေချာ​လာကြတယ်။ ကောင်းကင်ဘုံစံ အဖနဲ့ လူတွေ ရင်းနှီး​လာအောင် ကူညီပေး​ရတာ အခွင့်ထူး​ပါပဲ။ အဲဒီလို ကူညီပေးတဲ့အခါ ကျွန်တော်တို့ကို “လုပ်ဖော်ဆောင်ဖက်တွေ” လို့ ဘုရား သတ်မှတ်တယ်။—၁ ကော. ၃:၅၊

16. Pasian’ min a theihna hangun mi pawlkhat koi bangin kikhel uh a hiam? Tuahkhakna gen in.

၁၆ စ​စ​ချင်း​မှာတော့ ဘုရား​နာမည် ယေဟောဝါ​ဆိုတာ​လောက်​ပဲ လူတွေကို သင်ပေးနိုင်မယ်။ ဒါပေမဲ့ ဘုရား​နာမည် သိရုံနဲ့​တင် စိတ်ရင်းမှန်သူ​တွေ ပြောင်းလဲ​လာနိုင်တယ်။ ဥပမာ၊ အ​လီယာ b လို့ ခေါ်တဲ့ မိန်းကလေးဟာ ခရစ်ယာန် မိသားစုမှာ ကြီးပြင်းလာ​သူ မဟုတ်ဘူး။ သူ ယုံကြည်​သက်ဝင်​တဲ့ ဘာသာတရားကို အားမရ​ဘူး။ ဘုရားနဲ့ ရင်းနှီးတယ်လို့ မခံစားရဘူး။ သက်သေခံတွေ​နဲ့ ကျမ်းစာ လေ့လာပြီးနောက်​မှာတော့ ဘုရားကို မိတ်ဆွေအဖြစ် မြင်လာတယ်။ ကျမ်းစာကနေ ဘုရား​နာမည် ဖယ်ထုတ်​ခံရတာ၊ သခင်​လို​မျိုး ဘွဲ့တွေ​နဲ့ အစားထိုး​ခံရတာ သိတော့ လန့်သွားတယ်။ ယေဟောဝါရဲ့ နာမည် သိလိုက်ရလို့ ဘဝ​တစ်ဆစ်ချိုး ပြောင်းသွားတယ်။ “ကျွန်မ အခင်ရဆုံး မိတ်ဆွေ​မှာ နာမည် ရှိတယ်​တဲ့။ ရင်ထဲ နွေးထွေး​သွား​လိုက်တာ။ ဘုရား​နာမည် သိရတာ တကယ့် အခွင့်ထူး​ပဲ” လို့ ပြောတယ်။ ရှေးရိုးစွဲ ဂျူး​အသိုင်းအဝိုင်း​က ဂီတသမား စတိဗ်​အကြောင်းလည်း စဉ်းစားကြည့်ပါ။ အရေခြုံမှု​တွေ မြင်ပြီး ဘယ်​ဘာသာရေး အသင်းအဖွဲ့​ထဲ​မှ မဝင်​ချင်တော့ဘူး။ ဒါပေမဲ့ ပူဆွေး​ဝမ်းနည်းစရာ အဖြစ်ဆိုး ကြုံပြီးနောက် ယေဟောဝါ​သက်သေတွေ​နဲ့ ကျမ်းစာ လေ့လာမှုမှာ ဝင်ထိုင်​တယ်။ ဘုရား​နာမည် သိလိုက်ရလို့ စိတ်ထိမိ​သွားတယ်။ “ဘုရား​နာမည် တစ်ခါမှ မကြား​ဖူးဘူး။ ဘုရား တကယ် ရှိပါ​လား​လို့ ဦးဆုံး​အကြိမ် ခံစားလိုက်ရတယ်။ တကယ့် ပုဂ္ဂိုလ်​လို မြင်လာတယ်။ မိတ်ဆွေ​တစ်ယောက် ရသွား​သလို​ပဲ” လို့ ပြောတယ်။

17. Jehovah’ min phatsuak dingin bang hang khensat na hiam? (Lim zong en in.)

၁၇ လူတွေကို ဟောပြော​သွန်သင်တဲ့အခါ ယေဟောဝါရဲ့ သန့်ရှင်း​မြင့်မြတ်တဲ့ နာမည် ပြောပြသလား။ ယေဟောဝါ ဘယ်လို ဘုရား​မျိုး​လဲ သိအောင် ကူညီ​ပေးသလား။ ဒါ ဘုရား​နာမည်ကို ချီးမွမ်း​နေတာပဲ။ ယေဟောဝါ ဘယ်လို ဘုရား​မျိုး​လဲ သိအောင် ကူညီပေးခြင်းအားဖြင့် သန့်ရှင်း​မြင့်မြတ်တဲ့ နာမတော်ကို ဆက်​ချီးမွမ်းကြ​ပါ။ ဒါဆိုရင် တခြားသူတွေ ကယ်တင်ခြင်း ရဖို့ ကူညီပေး​ရာ ရောက်မယ်။ ဘုရင် ခရစ်တော် ယေရှုနောက် လိုက်​ရာ ရောက်မယ်။ ချစ်​ဖခင် ယေဟောဝါ ဝမ်းသာ​မယ်။ “နာမတော်ကို အစဉ်​ထာဝရ ချီးမွမ်း” နိုင်​ကြ​ပါ​စေ။—ဆာ. ၁၄၅:၂

ဘုရား​နာမည်​အကြောင်း၊ ဘယ်လို ဘုရား​မျိုး ဖြစ်ကြောင်း လူတွေကို ပြောပြခြင်းအားဖြင့် နာမတော်ကို ကျွန်တော်တို့ ချီးမွမ်း (စာပိုဒ် ၁၇ ကို ကြည့်ပါ)

NANGH BANGCI DAWNG DING?

  • A min i phatna in koi bang danin Jehovah lungdamsak a hiam?

  • Jehovah’ min i phatna in koi bang danin Jesuh Khrih lungdamsak a hiam?

  • Jehovah’ min i phatna in koi bang danin midangte hotkhiatna ngahsak a hiam?

LA 2 နာမတော် ယေဟောဝါ

a ယေရှုရဲ့ ဒီ​စကားကို မာကု မှတ်တမ်းတင်​တုန်းက ဘုရား​နာမည် သုံးခဲ့​ကြောင်း အထောက်အထား ခိုင်လုံ​တယ်။ ဒါကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်း မှာ ဘုရား​နာမည် ပြန်​ထည့်ထားတယ်။

b အမည်လွှဲများ။