Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 7

LA 51 ဘုရားဆီ တို့​ဆက်ကပ်​ထား

Nazir Mite Tung Pan Sin Ding Thute

Nazir Mite Tung Pan Sin Ding Thute

“A tuam om hun sungteng TOPA adingin a siangtho ahi hi.”GAM. 6:8.

အာရုံစိုက်​ရာ

ယေဟောဝါကို ဝတ်ပြုရာ​မှာ ကိုယ်ကျိုးစွန့် စိတ်ဓာတ် ရှိဖို့၊ သတ္တိရှိဖို့ နာဇရိ​လူတွေရဲ့ စံနမူနာ​က ဘယ်လို ကူညီပေးနိုင်သလဲ။

1. Tanglai-a kipan Jehovah a biate in koi bang lungsim nei uh a hiam?

 ယေဟောဝါ​ဘုရားကို သင် ချစ်သလား။ သိပ်ချစ်မှာ​ပါ။ ယေဟောဝါကို ချစ်တဲ့သူတွေ ခေတ်​အဆက်ဆက် အများကြီး ရှိတယ်။ (ဆာ. ၁၀၄:၃၃၊ ၃၄) ရှေးအစ္စရေး​ခေတ်က နာဇရိ​လူတွေ​ဆိုရင် ကိုယ်ကျိုးစွန့်ပြီး ယေဟောဝါကို ဝတ်​ပြုကြတာ။ သူတို့ ဘယ်သူတွေလဲ။ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။

2. (a) Nazir mite kuate ahi hiam? (Gamlak Vakna 6:​1, 2) (b) Israel mi pawlkhat in bang hangin Nazir kiciamna bawl uh a hiam?

“နာဇရိ​လူ” ဆိုတာ “ရွေးချယ်ထားသူ၊” “သီးသန့်​ဖယ်​ထား​ခံရသူ၊” “ဆက်ကပ်​ထား​သူ” လို့ အဓိပ္ပာယ်​ရတဲ့ ဟီဘရူး စကားလုံး​ကနေ ဆင်းသက်လာတယ်။ ဒါကြောင့် ထူးထူးခြားခြား ကိုယ်ကျိုးစွန့်ပြီး ယေဟောဝါကို ဝတ်ပြု​ခဲ့​ကြ​တဲ့ အစ္စရေးတွေ​ကို နာဇရိ​လူ​လို့ ခေါ်တာ သိပ်​ကိုက်တယ်။ မောရှေ​ပညတ်​အရ ယောက်ျား​ဖြစ်ဖြစ်၊ မိန်းမ​ဖြစ်ဖြစ် အချိန်​အတိုင်းအတာ​တစ်ခုအထိ နာဇရိ​လူ​အဖြစ် အထူး သစ္စာ​ကတိပြုပြီး နေနိုင်တယ်။ a (တောလည်ရာ ၆:၁၊ ၂ ကို ဖတ်ပါ။) နာဇရိ​သစ္စာခံ​ထား​သူဟာ တခြား​အစ္စရေးတွေ လိုက်နာ​စ​ရာ မလိုတဲ့ လမ်းညွှန်ချက်တွေ လိုက်နာ​ရတယ်။ ဒါဆိုရင် ဘာကြောင့် နာဇရိ​သစ္စာခံ​သလဲ။ ယေဟောဝါကို သိပ်ချစ်လို့၊ ဘုရားပေး ကောင်းချီးတွေ​အတွက် ကျေးဇူးတင်​လို့ ဖြစ်နိုင်တယ်။—တရား. ၆:၅။ ၁၆:၁၇

3. Tu huna Pasian nasemte pen Nazir mite tawh koici kibang a hiam?

မောရှေ​ပညတ်ကို “ခရစ်တော်ရဲ့ တရား” နဲ့ အစားထိုး​လိုက်​ချိန်​မှာ နာဇရိ​လူ အစီအစဉ် အဆုံးတိုင်​သွားတယ်။ (ဂလ. ၆:၂။ ရော. ၁၀:၄) ဒါပေမဲ့ ဒီနေ့ခေတ် ဘုရား​ကျေးကျွန်တွေဟာ နာဇရိ​လူတွေ​လိုပဲ စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ခွန်အား ရှိသမျှနဲ့ အမှုဆောင်ချင်ကြတယ်။ (မာ. ၁၂:၃၀) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံခြင်း​အားဖြင့် ယေဟောဝါဆီ လိုလိုလားလား သစ္စာ​ကတိပြု​ကြတယ်။ သစ္စာ​ကတိ တည်​နိုင်ဖို့​ဆိုရင် ဘုရား​အ​လို ဆောင်​ရမယ်။ ကိုယ်ကျိုးစွန့်​ရမယ်။ နာဇရိ​လူတွေ သစ္စာ​ကတိ ဘယ်လို တည်​သလဲ သုံးသပ်တဲ့အခါ ကိုယ်လည်း သစ္စာ​ကတိ ဘယ်လို တည်နိုင်မလဲ သိလာမယ်။ bမ. ၁၆:၂၄

KIPIAKHIA IN

4. Gamlak Vakna 6:​3, 4-a a gen bangin, Nazir mite koi bangin kipiakhia uh a hiam?

တောလည်ရာ ၆:၃၊ ၄ ကို ဖတ်ပါ။ နာဇရိ​လူဟာ အရက်ယမကာ မှန်သမျှ၊ စပျစ်ပင်​က ရသမျှ ရှောင်​ရတယ်။ စပျစ်သီး အစိမ်း​ရော အခြောက်​ပါ မစားရဘူး။ တခြား​အစ္စရေးတွေ​ကတော့ စပျစ်ပင်​ထွက် ပစ္စည်းတွေ စားကြ၊ သောက်ကြတယ်။ မှား​မှ မ​မှား​ပဲ​ကိုး။ “လူ့​စိတ်ကို ပျော်ရွှင်စေ​တဲ့ စပျစ်ဝိုင်” ဟာ ဘုရားပေး လက်ဆောင် ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ဆာ. ၁၀၄:၁၄၊ ၁၅) စိတ်ပျော်​စေ​တဲ့ အရာတွေ ဖြစ်ပေမဲ့ နာဇရိ​လူတွေ ကျေကျေနပ်နပ် ရှောင်ကြတယ်။ c

နာဇရိ​လူတွေလို ကိုယ်ကျိုး​စွန့်ဖို့ သင် တလိုတလား ရှိသလား (စာပိုဒ် ၄-၆ ကို ကြည့်ပါ)


5. Madián le Marcela koi bangin kipiakhia uh a hiam? Bang hang hiam?

ကျွန်တော်တို့လည်း ဘုရား​အမှု ပို​ဆောင်​နိုင်အောင် နာဇရိ​လူတွေလို ကိုယ်ကျိုးစွန့်​ကြတယ်။ မီဒီယမ်နဲ့ ဇနီး မာစယ်လာ​အကြောင်း စဉ်းစားကြည့်ပါ။ d ညီအစ်ကို မီဒီယမ် အလုပ်အကိုင်၊ ဝင်ငွေ ကောင်း​လို့ တိုက်ခန်း​ကောင်းကောင်းနဲ့ နေနိုင်​ကြတယ်။ ဒါပေမဲ့ ဘုရား​အမှု ပို​ဆောင်​ချင်လို့ အပြောင်းအလဲ​တချို့ လုပ်ကြတယ်။ “အသုံးအစွဲ လျှော့​တယ်။ တိုက်ခန်း​ကျဉ်း​မှာ ပြောင်း​နေတယ်။ ကား​ရောင်းလိုက်တယ်” လို့ ပြောတယ်။ အဲဒီလို ကိုယ်ကျိုး​မ​စွန့်​လည်း ရပေမဲ့ ဘုရား​အမှု ပို​ဆောင်​ချင်လို့ စွန့်​ကြတယ်။ ဒါကြောင့် ကျေနပ်​ပျော်ရွှင်ကြတယ်။

6. Tu huna Khristiante bang hangin kipiakhia uh a hiam? (Lim zong en in.)

ဘုရား​အမှုဆောင်ဖို့ အချိန် ပို​ထွက်လာအောင် ဒီနေ့ခေတ် ခရစ်ယာန်တွေ ကျေကျေနပ်နပ် ကိုယ်ကျိုးစွန့်​ကြတယ်။ (၁ ကော. ၉:၃-၆) မှား​နေ​လို့ စွန့်​တာ၊ ဘုရား တောင်းဆိုလို့ စွန့်​တာ မဟုတ်ဘူး။ ယေဟောဝါ​အတွက် အကောင်းဆုံး ပေးဆက်​ချင်လို့ စွန့်​တာ။ တချို့ဆိုရင် လုပ်ချင်တဲ့ အလုပ် ရှိပေမဲ့ မလုပ်တော့ဘူး။ နေချင်​တဲ့ အိမ် ရှိပေမဲ့ မနေတော့ဘူး။ မွေး​ချင်​တဲ့ တိရစ္ဆာန် ရှိပေမဲ့ မ​မွေး​တော့​ဘူး။ တော်တော်​နဲ့ အိမ်ထောင် မပြုဘူး၊ သားသမီး မယူဘူး။ မိသားစု၊ မိတ်ဆွေတွေနဲ့ ခွဲ​ရပေမဲ့ ပိုလိုအပ်တဲ့ ဒေသမှာ သွား​အမှုဆောင်တယ်။ ဘုရား​အမှု ပို​ဆောင်​နိုင်အောင် သင် ကိုယ်ကျိုးစွန့်​သမျှ ကြီးကြီး​ငယ်ငယ် ယေဟောဝါ သိပ်တန်ဖိုးထားတယ်​ဆိုတာ စိတ်ချပါ။—ဟီ. ၆:၁၀

MIDANGTE TAWH KIBANG LO-A OM DING UTNA LUNGSIM NEI IN

7. Nazir mite adingin kamciamna a kip ding bang hang haksa thei a hiam? (Gamlak Vakna 6:5) (Lim zong en in.)

တောလည်ရာ ၆:၅ ကို ဖတ်ပါ။ နာဇရိ​လူဟာ ယေဟောဝါဆီ အပြည့်အဝ သစ္စာခံ​ထား​ကြောင်း ပြတဲ့အနေနဲ့ ဆံပင် မဖြတ်ရဘူး။ ဒါကြောင့် သစ္စာခံ​ချိန် ကြာရင် ကြာ​သ​လောက် ဆံပင် ရှည်​နေ​မှာ။ အများ​နဲ့ မတူ ကွဲ​ထွက်​နေ​မှာ။ တခြားသူတွေ ဝိုင်း​အားပေးကြ၊ လေးစားကြ​ရင်​တော့ ဒီလို ကွဲ​ထွက်နေတာ ပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့ အစ္စရေး​သမိုင်းမှာ နာဇရိ​လူတွေကို မလေးစားတဲ့၊ အားမပေး​တဲ့ အချိန်တွေ ရှိတယ်။ ပရောဖက် အာမုတ်​ခေတ်မှာ အယူဖောက်ပြန်တဲ့ အစ္စရေးတွေ​က “နာဇရိ​လူတွေကို စပျစ်ဝိုင် တိုက်တယ်။” စပျစ်ဝိုင် ရှောင်မယ်​ဆိုတဲ့ နာဇရိ​သစ္စာ ပျက်​စေချင်​လို့ ဖြစ်နိုင်တယ်။ (အာ. ၂:၁၂) ဒါကြောင့် နာဇရိ​လူတွေ သစ္စာ​ကတိ တည်ဖို့၊ အများ​နဲ့ မတူ ကွဲ​ထွက်​နေနိုင်ဖို့ သတ္တိ တကယ် လိုတယ်။

သစ္စာ​ကတိအတိုင်း နေတဲ့ နာဇရိ​လူဟာ တစ်မူ​ကွဲ​ထွက်​နေဖို့ တလိုတလား ရှိ (စာပိုဒ် ၇ ကို ကြည့်ပါ)


8. Benjamin’ tuahkhakna in koi bangin tha hong ngahsak a hiam?

ကျွန်တော်တို့လည်း ပင်ကို ရှက်တတ်၊ ကြောက်တတ်​ရင်တောင် ဘုရား​အကူအညီနဲ့သာ​ဆိုရင် အများ​နဲ့ မတူ ကွဲ​ထွက်​နေ​ရဲ​မယ်။ နော်​ဝေး​နိုင်ငံက ဆယ်နှစ်​အရွယ် ညီအစ်ကို ဘင်ဂျမင်​အကြောင်း စဉ်းစားကြည့်ပါ။ စစ်​ဘေးသင့် ယူကရိန်း​နိုင်ငံသားတွေနဲ့​အတူ ရပ်တည်​ကြောင်း ပြတဲ့ အခမ်းအနား ကျောင်းမှာ လုပ်တယ်။ ကျောင်းသားတွေကို ယူကရိန်း​နိုင်ငံတော်​အလံ ကိုယ်စားပြု​အရောင် ဝတ်​ပြီး သီချင်း ဆို​ခိုင်းတယ်။ အခမ်းအနား​မှာ မပါ​ရအောင် ခပ်လှမ်းလှမ်းမှာ ဘင်ဂျမင် အသာလေး သွား​ရပ်နေတယ်။ ဒါပေမဲ့ ဆရာမ တွေ့သွားပြီး “လာ​လေ။ အားလုံး စောင့်​နေကြပြီ” လို့ ခေါ်တယ်။ “သား​က နိုင်ငံရေး​မှာ ကြားနေ​တယ်။ ဆန္ဒ​ထုတ်ဖော်​ပွဲတွေ​မှာ မပါဘူး။ သားတို့ ယေဟောဝါ​သက်သေတွေ​ထဲ​မှာ စစ်​ထဲ မဝင်​လို့ ထောင်ကျနေတာ အများကြီး​ပဲ” လို့ သတ္တိ​မွေးပြီး ရှင်းပြ​လိုက်တယ်။ ရှင်းပြ​တာကို ဆရာမ လက်ခံပြီး အခမ်းအနား​မှာ မပါ​ခိုင်း​တော့​ဘူး။ ဒါပေမဲ့ ဘာကြောင့် မပါသလဲ​ဆိုပြီး အတန်းဖော်တွေ ဝိုင်းမေးကြတယ်။ ဘင်ဂျမင် ကြောက်ပြီး ငို​မိ​မတတ်​ပဲ။ ဒါပေမဲ့ ဆရာမ​ကို ပြောပြတဲ့​အတိုင်း သတ္တိ​မွေးပြီး တစ်တန်း​လုံး​ကို ပြောပြတယ်။ အဲဒီလို ပြော​ရဲ​အောင် ယေဟောဝါ ကူညီပေးတယ်လို့ ခံစားရတဲ့​အကြောင်း မိဘတွေကို နောက်ပိုင်းမှာ ပြောပြတယ်။

9. Koi bang dan tawh Jehovah lungdamsak thei i hiam?

ယေဟောဝါကို နာခံ​လို့ လောက,က လူတွေနဲ့ မတူဘဲ ကျွန်တော်တို့ ကွဲ​ထွက်​နေကြတယ်။ အလုပ်မှာ၊ ကျောင်းမှာ ယေဟောဝါ​သက်သေ​ပါ​လို့ ပြော​ရဲ​ဖို့ သတ္တိ လိုတယ်။ လောက,က လူတွေရဲ့ သဘောထား၊ အကျင့်​အကြံ ဆိုးသည်ထက် ဆိုးလာလို့ ကျမ်းစာ​စံနှုန်းအတိုင်း အသက်ရှင်ဖို့၊ သတင်းကောင်း ပြောပြဖို့ ပို​ခက်​လာနိုင်တယ်။ (၂ တိ. ၁:၈။ ၃:၁၃) ဒါပေမဲ့ ဘုရား​အမှု မ​ဆောင်​သူ​တွေ​နဲ့ မတူဘဲ သတ္တိရှိရှိ ကွဲ​ထွက်​နေ​ရဲ​တာ​ဟာ “[ယေဟောဝါ] စိတ်ကို ရွှင်လန်းစေ” တာ ဖြစ်ကြောင်း အမြဲ သတိရပါ။—ပညာ. ၂၇:၁၁။ မာ​လ. ၃:၁၈

NA NUNTAKNA-AH JEHOVAH A MASA PENIN KOIH IN

10. Gamlak Vakna 6:​6, 7-a ngetna zuih ding pen Nazir mite adingin bang hangin haksa thei a hiam?

၁၀ တောလည်ရာ ၆:၆၊ ၇ ကို ဖတ်ပါ။ နာဇရိ​လူဟာ လူသေကောင်​အနား မ​သွား​ရ​ဘူး။ ဘာ​ခက်​လို့​လဲ​ဆိုပြီး ထင်​မိ​မယ်။ ဒါပေမဲ့ ကျမ်းစာ​ခေတ်က ဈာပန​ထုံးစံ​မှာ အလောင်း​နား ကပ်ပြီး လုပ်ရတာ​တွေ ရှိတယ်။ ဒါကြောင့် မိသားစု​ရင်းချာ ဆုံးသွားတဲ့အခါ နာဇရိ​လူ​အတွက် တော်တော် ခက်​မှာ။ (ယော. ၁၉:၃၉၊ ၄၀။ တ. ၉:၃၆-၄၀) နာဇရိ​သစ္စာ ခံ​ထားလို့ ဈာပန​ထုံးစံတွေ လိုက်လို့ မရတော့ဘူး။ ပူဆွေး​နေပေမဲ့ သစ္စာ​ကတိ တည်​ရတယ်။ ခံရပ်နိုင်ဖို့ ယေဟောဝါ ခွန်အားပေးမှာ သေချာတယ်။

11. Innkuan vai tawh kisai-in Khristian te’n bang thu a khensat ding uh kisam a hiam? (Lim zong en in.)

၁၁ ကျွန်တော်တို့ ခရစ်ယာန်တွေဟာ ဆက်ကပ်အပ်နှံခြင်း​ကတိကို အလေးအနက်​ထားကြတယ်။ မိသားစုနဲ့​ပတ်သက်ပြီး ဆုံးဖြတ်၊ ပြုမူတဲ့​အခါ အဲဒီကတိ ထည့်စဉ်းစား​ကြတယ်။ မိသားစု​တာဝန် ကျေဖို့ ကြိုးစားပေမဲ့ ယေဟောဝါ​အ​လို​ထက် မိသားစု​အလိုကို ဘယ်တော့မှ ရှေ့တန်း​မတင်​ကြ​ဘူး။ (မ. ၁၀:၃၅-၃၇။ ၁ တိ. ၅:၈) ယေဟောဝါ​စိတ်နဲ့ တွေ့ဖို့ မိသားစု၊ ဆွေမျိုးတွေ သဘော​မ​တွေ့​မယ့် ဆုံးဖြတ်ချက် ချ​ရနိုင်တယ်။

အခက်ခဲဆုံး အခြေအနေမှာတောင် ယေဟောဝါ​အလိုကို ဦးစားထားဖို့ သင် တလိုတလား ရှိသလား (စာပိုဒ် ၁၁ ကို ကြည့်ပါ) e


12. Alexandru in bang sem a hiam? Bang sem lo a hiam?

၁၂ အလက်ဇန်းဒရူး​နဲ့ ဇနီး ဒိုရီနာ​အကြောင်း သုံးသပ်ကြည့်ပါ။ မောင်နှံစုံလိုက် ကျမ်းစာ တစ်နှစ် လေ့လာပြီးနောက် ဒိုရီနာ ဆက်​မ​လေ့လာတော့​ဘူး။ ခင်ပွန်း​ကိုလည်း ဆက်​မ​လေ့လာ​စေချင်​ဘူး။ ဒါပေမဲ့ ဆက်​လေ့လာချင်​တဲ့​အကြောင်း အလက်ဇန်းဒရူး အေးအေးဆေးဆေး ပြောတယ်။ ဒိုရီနာ မကျေနပ်​ဘူး။ မရ​မ​က လိုက်​တားတယ်။ ဇနီးရဲ့ ခံစားချက်ကို နားလည်ပေးဖို့ ကြိုးစားပေမဲ့ တော်တော် အကျပ်ရိုက်​တယ်လို့ အလက်ဇန်းဒရူး ပြောတယ်။ ဒိုရီနာ ပူညံပူညံ လုပ်​လွန်းလို့၊ ကြမ်းကြမ်းတမ်းတမ်း ပြော​လွန်းလို့ အလက်ဇန်းဒရူး ဆက်​မ​လေ့လာဖို့ တွေးမိ​တဲ့​အချိန်တွေ​တောင် ရှိတယ်။ ဒါပေမဲ့ ဘုရားကို ဦး​စား​ထားတယ်။ တစ်ဖက်​မှာ ဇနီးကိုလည်း မေတ္တာ၊ လေးစားမှု ပြတယ်။ အလက်ဇန်းဒရူး​ရဲ့ စံနမူနာကောင်းကြောင့် ဒိုရီနာ ကျမ်းစာ ပြန်​လေ့လာပြီး နှစ်ခြင်းခံလိုက်တယ်။—“အမှန်တရားက ဘဝပုံစံတွေကို ပြောင်းလဲပေး” ဗီဒီယိုတွဲ​ထဲက အလက်ဇန်းဒရူး​နဲ့ ဒိုရီနာ ဝါကာ။ မေတ္တာဟာ စိတ်ရှည်​တတ်တယ်၊ ကြင်နာ​တတ်တယ် ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

13. Jehovah le innkuanpihte koi bangin itna lak thei i hiam?

၁၃ မိသားစု​ဘဝ အစပြုရှင် ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ မိသားစု​ဘဝ သာယာ​စေချင်တယ်။ (ဧ. ၃:၁၄၊ ၁၅) သာယာ​ချင်ရင် ဘုရား​စကား နားထောင်​ရမယ်။ မိသားစုကို မေတ္တာ၊ လေးစားမှု ပြ​ရင်း မိမိကို ဝတ်ပြုဖို့ သင် ကိုယ်ကျိုးစွန့်​သမျှ ဘုရား တန်ဖိုးထားတယ်။—ရော. ၁၂:၁၀

NAZIR MI LUNGSIM A NEI DINGIN KHATLEKHAT THA KIPIA UN

14. A diakin kuate tha piak ding kisam a hiam?

၁၄ ယေဟောဝါကို ချစ်ရင် ကိုယ်ကျိုးစွန့်​နိုင်​ရမယ်။ တစ်ခါတလေတော့ မလွယ်ဘူး။ နာဇရိ​လူ စိတ်ဓာတ် ရှိဖို့ အချင်းချင်း အားပေး​စကား ပြော​ရမယ်။ (ယောဘ ၁၆:၅) ဘုရား​အမှု ပို​ဆောင်​ချင်လို့ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်း​နေ​သူ​တွေ အသင်းတော်မှာ ရှိသလား။ မလွယ်ပေမဲ့ ကျောင်းမှာ အများ​နောက် မလိုက်ဘဲ သတ္တိရှိရှိ ရပ်တည်​နေတဲ့ လူငယ်လေး​တွေ​ကို သိသလား။ မိသားစု အတိုက်အခံ ကြုံရပေမဲ့ ဆက်သစ္စာရှိဖို့ ကြိုးစား​နေတဲ့ ကျမ်းစာ​သင်သားတွေ၊ ညီအစ်ကို/မတွေ ရှိသလား။ အခွင့်အရေး ယူပြီး အားပေး​စကား ပြောကြ​ရအောင်။ သူတို့ရဲ့ ကိုယ်ကျိုးစွန့်​စိတ်ဓာတ်၊ သတ္တိကို တန်ဖိုးထားကြောင်း ပြ​ကြရအောင်။—ဖိ​လေ. ၄၊ ၅၊

15. Hun bit a Pasian nasemte pen mi pawlkhat in koi bangin huhna pia uh a hiam?

၁၅ အချိန်ပြည့် အမှုဆောင်နေသူတွေကို လက်တွေ့ကျကျ ကူညီပေးနိုင်တယ်။ (ပညာ. ၁၉:၁၇။ ဟီ. ၁၃:၁၆) သီရိလင်္ကာ​နိုင်ငံက သစ္စာရှိ သက်ကြီး ညီအစ်မ​အကြောင်း စဉ်းစားကြည့်ပါ။ ပင်စင် တိုး​သွားတယ်။ အဲဒီအချိန်မှာ​ပဲ ရှေ့ဆောင် ညီအစ်မငယ်​နှစ်ယောက် ငွေကြေး ခက်ခဲ​နေတာ သတိထားမိ​သွားပြီး ကူညီပေးချင်လာတယ်။ ဒါနဲ့ လတိုင်း သူတို့အတွက် ဖုန်း​ဘေ ထောက်ပေး​တယ်။ တကယ် စိတ်ထား​လှတဲ့ ညီအစ်မ​ပဲ။

16. Tanglai-a Nazir mi sepna pan bang theikhia i hiam?

၁၆ ရှေးခေတ် နာဇရိ​လူ အစီအစဉ်ကနေ အများကြီး သင်ယူ​ရတယ်။ ကောင်းကင်ဘုံစံ​အဖ ယေဟောဝါအကြောင်း​လည်း သိလာရတယ်။ ကျွန်တော်တို့ ဘုရား​စိတ်နဲ့ တွေ့ချင်​ကြတယ်၊ ဆက်ကပ်အပ်နှံခြင်း​ကတိ တည်ဖို့ လိုလိုလားလား ကိုယ်ကျိုးစွန့်​ချင်ကြ​တယ်​ဆိုတာ ဘုရား စိတ်ချတယ်။ မိမိကို ချစ်ကြောင်း ဘယ်လို ပြမလဲ​ဆိုတာ ရွေးချယ်ခွင့် ပေးခြင်းအားဖြင့် ကျွန်တော်တို့ကို ဂုဏ်တင်တယ်။ (ပညာ. ၂၃:၁၅၊ ၁၆။ မာ. ၁၀:၂၈-၃၀။ ၁ ယော. ၄:၁၉) ကျွန်တော်တို့ ကိုယ်ကျိုးစွန့်​တာကို သတိထားမိတယ်၊ တန်ဖိုးထားတယ်။ ဒါကြောင့် လိုလိုလားလား အကောင်းဆုံး ပေးဆက်ခြင်းအားဖြင့် ဘုရား​အမှု ဆက်​ဆောင်ဖို့ ဆုံးဖြတ်ထား​ကြရအောင်။

NANGH BANGCI DAWNG DING?

  • Nazir mite koi bangin kipiakhia-in, hangsan uh a hiam?

  • Nazir mi lungsim a nei dingin koi bangin khatlekhat tha kipia thei i hiam?

  • Nazir mi sepna panin a nasemte tunga Jehovah ii muanna tawh kisai bang theikhia i hiam?

LA 124 သစ္စာမြဲပါ

a နာဇရိ​လူ​အဖြစ် နေဖို့ အစ္စရေး​တချို့ကို ယေဟောဝါ ရွေး​ပေမဲ့ အများစုဟာ စိတ်လိုကိုယ်လျောက် နေ​သူ​တွေ ဖြစ်ပုံရတယ်။​—“ ယေဟောဝါ ရွေးတဲ့ နာဇရိ​လူတွေ” လေးထောင့်ကွက်ကို ကြည့်ပါ။

b အချိန်ပြည့် အမှုဆောင်သူတွေကို နာဇရိ​လူတွေနဲ့ အဖွဲ့အစည်း စာပေ​မှာ နှိုင်း​လေ့ရှိတယ်။ ဒီဆောင်းပါး​မှာတော့ ဆက်ကပ်အပ်နှံပြီး​သား ဘုရား​ကျေးကျွန်​အားလုံး နာဇရိ​လူ စိတ်ဓာတ် ဘယ်လို ပြနိုင်မလဲ အာရုံစိုက်​သွားပါမယ်။

c ပုံမှန်အားဖြင့် နာဇရိ​လူ သစ္စာ​ကတိ တည်ဖို့ ထမ်းဆောင်​ရမယ့် ထပ်ဆင့် တာဝန်​ရယ်​လို့ ရှိ​ပုံ​မရဘူး။

d “ယေဟောဝါသက်သေတွေရဲ့ တွေ့ကြုံမှုများ” ဆောင်းပါးတွဲ​ထဲက “ဘဝကို ရိုးရှင်းအောင် လုပ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြ” ဆောင်းပါးကို jw.org မှာ ကြည့်ပါ။

e ပုံအညွှန်း– မိသားစုဝင်​ရဲ့ ဈာပန အစီအစဉ်ကို ခေါင်မိုးပေါ်​ကနေ နာဇရိ​လူ ကြည့်နေ။ နာဇရိ​သစ္စာ ခံ​ထားလို့ အစီအစဉ်မှာ ပါ​လို့ မရ။