Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 3

LA 124 သစ္စာမြဲပါ

Haksat Hunah Jehovah In Nang Hong Huh Ding

Haksat Hunah Jehovah In Nang Hong Huh Ding

‘Amah pen nangma hunte a kipna hi ding hi.”ISA. 33:6.

အာရုံစိုက်​ရာ

ခက်ခဲချိန်မှာ ယေဟောဝါဆီက အကူအညီ ရဖို့ ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ။

1-2. Jehovah ii a citak nasem te’n bang haksatna tuak khathei uh a hiam?

 အဖြစ်ဆိုးတွေကြောင့် ကျွန်တော်တို့ရဲ့ ဘဝ​အခြေအနေ နေ့ချင်းညချင်း လုံးဝ ပြောင်းသွားနိုင်တယ်။ သစ္စာရှိ ညီအစ်ကို လူးဝစ္စ a ဟာ ရှားပါး ကင်ဆာ​ရောဂါ ရှိနေမှန်း သိလိုက်ရတယ်။ အသက်ရှင်ဖို့ လ​ပိုင်း​ပဲ ကျန်တော့တယ်​လို့ ဆရာဝန် ပြောတယ်။ မော်နီကာ​ဟာ အကြီးအကဲ ဖြစ်သူ ခင်ပွန်းနဲ့ တက်တက်ကြွကြွ ဘုရား​အမှု ဆောင်​နေတယ်။ ဒါပေမဲ့ ခင်ပွန်း အပြစ်တွေ ကျိတ်​လုပ်နေတာ နှစ်ချီ​နေပြီ ဖြစ်မှန်း တစ်နေ့ သိလိုက်ရတယ်။ ဟာရီကိန်း မုန်တိုင်းကြီး တိုက်တော့မှာမို့ တစ်ကိုယ်ရေ ညီအစ်မ အိုလီဗီယာ အိုးပစ်အိမ်ပစ် ထွက်ပြေး​ရတယ်။ ပြန်လာတော့ မုန်တိုင်း​ထဲ အိမ် ပါ​သွားပြီ။ မျက်စိ တစ်မှိတ်​အတွင်းမှာ​တင် ဒီ​ညီအစ်ကို/မတွေရဲ့ ဘဝ​အခြေအနေ အကြီးအကျယ် ပြောင်းသွားတယ်။ သင်​ကော ဘဝကို ကမောက်ကမ ဖြစ်စေတဲ့ အခြေအနေမျိုး ကြုံဖူးသလား။

ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေဟာ လောက,က လူတွေ​လိုပဲ အခက်အခဲတွေ ကြုံကြရတယ်။ ဖျား​ကြ​နာ​ကြတယ်။ ဒါ့အပြင် ဘုရား​လူမျိုးကို မုန်း​သူ​တွေ ဆန့်ကျင်တာ၊ နှိပ်စက်​ညှဉ်းပန်း​တာ ကြုံရနိုင်တယ်။ အခက်အခဲ မှန်သမျှ​ကနေ ကျွန်တော်တို့ကို ယေဟောဝါ လိုက်​ကာကွယ်​မပေးဘူး။ ဒါပေမဲ့ ကူညီ​မယ်​လို့ ကတိပေးတယ်။ (ဟေရှာ. ၄၁:၁၀) ဘုရား ကူညီလို့ အခက်ဆုံး ကာလမှာတောင် ဆက်​ဝမ်းမြောက်နိုင်တယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်တယ်။ ဆက်သစ္စာ​ရှိနိုင်တယ်။ ဘဝရဲ့ အမှောင်မိုက်ဆုံး အချိန်တွေမှာ ယေဟောဝါ ကူညီပေးတဲ့ နည်းလေး​နည်းက ဘာလဲ။ ဘုရား​အကူအညီ ရဖို့ ကျွန်တော်တို့ဘက်က ဘာလုပ်ရမလဲ။ ဒီဆောင်းပါးမှာ လေ့လာ​သွား​ကြ​မယ်။

JEHOVAH IN NANG HONG HUH DING

3. Tuahsiatna i tuah ciangin bang i sep ding haksa thei a hiam?

အခက်အခဲ။ အဖြစ်ဆိုး ကြုံရချိန်မှာ ရှင်းရှင်းလင်းလင်း စဉ်းစား၊ ဆုံးဖြတ်ဖို့ ခက်နိုင်တယ်။ ဘာကြောင့်လဲ။ စိုးရိမ်​စိတ်ကြောင့် ခေါင်း​ကော စိတ်​ကော ထူပူနေနိုင်​လို့​ပါ။ မြူ​တော​ထဲ စမ်းတဝါးဝါး လျှောက်​ရ​သ​လို ဘယ်​သွား​လို့ သွား​ရ​မှန်း မသိ ဖြစ်နေနိုင်တယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ​နှစ်ယောက်​အကြောင်း စဉ်းစားကြည့်ပါ။ “ဟာရီကိန်း​ကြောင့် အိမ်ပြိုသွား​တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားတယ်။ ထူပူ​သွားတာ​ပဲ” လို့ အိုလီဗီယာ ပြောတယ်။ ခင်ပွန်း သစ္စာဖောက်​သွားတော့ “စိတ်ပျက်တာ​ထက် ပို​တယ်။ နောက်ကျောကို ဓားနဲ့ အ​ထိုး​ခံ​လိုက်ရ​သ​လိုပဲ။ နိစ္စဓူဝ ကိစ္စတွေ​တောင် မလုပ်နိုင်တော့ဘူး။ ဒီလို​ကြုံရမယ်လို့ ထင်​ကို မထင်ထားတာ” လို့ မော်နီကာ ပြောတယ်။ ကျွန်တော်တို့ ထူပူ​နေချိန်မှာ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

4. Filippi [ZSV] 4:6, 7-a a gen bangin, Jehovah in bang hong kamciam a hiam?

ယေဟောဝါ ကူညီပေးပုံ။ “ဘုရားသခင့်​ငြိမ်သက်ခြင်း” ပေးတယ်။ (ဖိလိပ္ပိ ၄:၆၊ ၇ ကို ဖတ်ပါ။) ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိလို့ ခံစားရတဲ့ စိတ်​တည်ငြိမ်​အေးချမ်းမှု​ကို ဆိုလိုတာ​ပါ။ အဲဒီ​ငြိမ်သက်ခြင်း​ဟာ “လူ့ဉာဏ်နဲ့ မမီ​နိုင်” ဘူး။ ကျွန်တော်တို့ စိတ်ကူး​ကြည့်​နိုင်​တာ​ထက် အများကြီး သာတယ်။ ယေဟောဝါဆီ ပြင်းပြင်းပြပြ ဆုတောင်းပြီးနောက် အံ့ဩစရာ​ကောင်း​လောက်အောင် စိတ်​ငြိမ်သက်​သွားဖူး​သ​လား။ အဲဒါ ဘုရားသခင့်​ငြိမ်သက်ခြင်း​ပဲ။

5. Lungsim le ngaihsutnate pen Pasian hong piak lungmuanna in koi bangin hong cin hong kepsak a hiam?

ဘုရားသခင့်​ငြိမ်သက်ခြင်းက “စိတ်နှလုံး​နဲ့ ဉာဏ်ရည်​ဉာဏ်စွမ်း​ကို စောင့်ရှောက်ပေး” မယ်​လို့ အဲဒီ​အခန်းငယ်မှာ ဆက်​ပြောထားတယ်။ “စောင့်ရှောက်” ဆိုတဲ့ မူရင်း စကားလုံးဟာ စစ်ဘက်​ဆိုင်ရာ အသုံးအနှုန်း ဖြစ်ပြီး မြို့ တိုက်ခိုက်​မခံရဖို့ စောင့်ကြပ်နေ​တဲ့ စစ်သားတွေကို ဖော်ပြရာမှာ သုံးတယ်။ မြို့တံခါး​မှာ စစ်သားတွေ ကင်း​စောင့်နေ​မှန်း သိလို့ မြို့သားတွေ စိတ်အေးလက်အေး အိပ်​နိုင်​ကြတယ်။ အဲဒီလိုပဲ ဘုရားသခင့်​ငြိမ်သက်ခြင်းက စိတ်နှလုံး​နဲ့ အတွေးအခေါ်ကို စောင့်ရှောက်​ပေးလို့ လုံခြုံ​တယ်​ဆိုတဲ့ သိစိတ်ကြောင့် စိတ်အေးလက်အေး ဖြစ်နိုင်​ကြတယ်။ (ဆာ. ၄:၈) ဟန္န​အဖြစ်မှာလိုပဲ ပြဿနာ ချက်ချင်း ပြေလည်​မ​သွား​ရင်တောင် စိတ်​အေး​အေး ထား​နိုင်​သွားတယ်။ (၁ ရှ. ၁:၁၆-၁၈) စိတ်​အေး​အေး ထား​နိုင်ရင် ရှင်းရှင်းလင်းလင်း စဉ်းစား​နိုင်ဖို့၊ ဆုံးဖြတ်ချက်ကောင်း ချဖို့ လွယ်တယ်။

စိတ်နှလုံး​နဲ့ အတွေးအခေါ်ကို “ဘုရားသခင့်​ငြိမ်သက်ခြင်း” စောင့်ရှောက်​ပေးတဲ့​အထိ ဆုတောင်းပါ (စာပိုဒ် ၄-၆ ကို ကြည့်ပါ)


6. Pasian’ hong piak lungmuanna ngah nadingin bang sep ding kisam hiam? (Lim zong en in.)

လုပ်ဆောင်နိုင်ရာ။ အဖြစ်ဆိုး ကြုံတဲ့အခါ အစောင့်​ကို လှမ်း​ခေါ်​လိုက်ပါ။ ဘယ်လိုနည်းနဲ့လဲ။ ဘုရားသခင့်​ငြိမ်သက်ခြင်း ခံစားရတဲ့အထိ ဆုတောင်းခြင်းအားဖြင့်​ပါ။ (လု. ၁၁:၉။ ၁ သက်. ၅:၁၇) အသက်ရှင်ဖို့ လ​ပိုင်း​လောက်​ပဲ ကျန်တော့တယ်​ဆိုတာ သိ​လိုက်ရ​ချိန် ဇနီး အန်နာနဲ့​အတူ လူးဝစ္စ ဘာလုပ်သလဲ။ “ထူပူ​နေ​တော့ ကျန်းမာရေး​ကိစ္စ၊ တခြား​ကိစ္စတွေ​အတွက် ဆုံးဖြတ်ချက် ချဖို့ တော်တော် ခက်တယ်။ ဆုတောင်းလိုက်တော့​မှ​ပဲ စိတ်​ငြိမ်သက်​သွားတယ်” လို့ လူးဝစ္စ ပြောတယ်။ စိတ်​ငြိမ်သက်​ဖို့၊ ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ဉာဏ်ပညာ ပေးဖို့ ယေဟောဝါဆီ ပြင်းပြင်းပြပြ ထပ်တလဲလဲ ဆုတောင်းကြတယ်။ ယေဟောဝါ ကူညီပေးတယ်လို့ ခံစားကြရတယ်။ သင်လည်း အဖြစ်ဆိုး ကြုံရတဲ့အခါ ဇွဲမလျှော့တမ်း ဆုတောင်းပါ။ ဒါဆိုရင် သင့်​စိတ်နှလုံး​နဲ့ အတွေးအခေါ်ကို ဘုရားသခင့်​ငြိမ်သက်ခြင်း စောင့်ရှောက်​ပေးမယ်။—ရော. ၁၂:၁၂

JEHOVAH IN NANG HONG KIPSAK DING

7. Haksatna i tuah ciangin koi bangin ngaihsun khathei i hiam?

အခက်အခဲ။ အခက်အခဲ ကြုံရချိန် ခါတိုင်း​လို တွေးဖို့၊ ခံစားဖို့၊ လုပ်ဖို့ ခက်နိုင်တယ်။ မုန်တိုင်း​ဒဏ် ခံနေရတဲ့ သင်္ဘောဟာ လှိုင်း​တစ်လုံး​နဲ့ တစ်လုံး​ကြား လူးခါသွား​သ​လိုပဲ စိတ်​ခံစားချက် တစ်ခုနဲ့ တစ်ခု​ကြား ဟန်ချက် ပျက်​သွားနိုင်တယ်။ လူးဝစ္စ ဆုံးပြီးနောက် စိတ်​အခြေအနေ သောင်းပြောင်းထွေလာ ဖြစ်နေတယ်လို့ အန်နာ ပြောတယ်။ “ဟာတာတာ ဖြစ်​မိတယ်။ ကိုယ့်ကိုယ်ကိုယ် သနား​မိတယ်။ တစ်ခါတလေ​ကျတော့ သူ ထား​သွား​ရ​ကောင်းလား​ဆိုပြီး ဒေါသ​ထွက်​နေ​ပြန်​ကော” လို့ ပြောတယ်။ လူးဝစ္စ ရှိတုန်းက တာဝန်ယူ​ပေးနေ​ကျ ကိစ္စတွေ အခု ကိုယ်တိုင် တာဝန်ယူ​ရတော့ အန်နာ စိတ်ရှုပ်​လာတယ်။ ပခုံး​တစ်ဖက် ပြုတ်​သွား​သ​လို၊ တစ်ခါတလေ မုန်တိုင်းထန်​နေတဲ့ ပင်လယ်ပြင်​ထဲ ရောက်နေ​သ​လို ခံစားရတယ်။ ကျွန်တော်တို့ စိတ်​မွန်းကြပ်လာ​တဲ့အခါ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

8. Isaiah 33:6 ah Jehovah in bang hong kamciam a hiam?

ယေဟောဝါ ကူညီပေးပုံ။ တည်ငြိမ်​စေ​တယ်။ (ဟေရှာယ ၃၃:၆ ကို ဖတ်ပါ။) မုန်တိုင်းမိ​တဲ့အခါ ကြောက်စရာ ကောင်း​လောက်အောင် သင်္ဘော လူးလာ​နိုင်တယ်။ ဒါပေမဲ့ သင်္ဘော​အောက် တစ်ဖက်တစ်ချက်​မှာ ထိုး​ထွက်​နေတဲ့ ဆူးတောင်​တွေ ရှိတယ်။ အဲဒီ​ဆူးတောင်​တွေ​က သင်္ဘော တအား လူးခါမနေ​အောင် ထိန်းပေး​တယ်။ ခရီးသည်​တွေ​ကို ဘေးကင်း​စေ​တယ်။ ခံ​သာ​စေ​တယ်။ ဒါပေမဲ့ သင်္ဘော ရှေ့ကို ဆက်​ခုတ်မောင်း​မှ ဆူးတောင်​တွေ ကောင်းကောင်း အလုပ်​လုပ်မှာ။ အဲဒီလိုပဲ အခက်အခဲ ကြုံနေရပေမဲ့ သစ္စာရှိရှိ ရှေ့ကို ဆက်လျှောက်လှမ်း​ရင် တည်ငြိမ်​အောင် ယေဟောဝါ ကူညီပေးမယ်။

လေ့လာမှု ကိရိယာတွေ သုံးပြီး တည်ငြိမ်​အောင် လုပ်ပါ (စာပိုဒ် ၈-၉ ကို ကြည့်ပါ)


9. Kip taka i om theih nadingin thukanna vante in koi bangin hong huh thei a hiam? (Lim zong en in.)

လုပ်ဆောင်နိုင်ရာ။ သောက​မုန်တိုင်း အလယ် ရောက်နေရင် အတတ်နိုင်ဆုံး ဆက်ပြီး ဆုတောင်းပါ။ အစည်းအဝေး တက်ပါ။ အမှုဆောင်မှာ ပါဝင်ပါ။ အရင်ကလောက် လုပ်နိုင်​မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ယေဟောဝါဟာ အကျိုးသင့်​အ​ကြောင့်​သင့် ရှိတဲ့ ဘုရား​ပါ။ (လုကာ ၂၁:၁-၄ နဲ့ နှိုင်းယှဉ်ပါ။) ကိုယ်ပိုင်​လေ့လာမှု လုပ်ဖို့၊ တွေးတော​ဆင်ခြင်​ဖို့ အချိန် ဖယ်ထားပါ။ ကျွန်တော်တို့ ဟန်ချက် ထိန်း​နိုင်အောင် ဆောင်းပါးတွေ၊ ဗီဒီယိုတွေကို အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါ ပြင်ဆင်ပေးထားတယ်။ JW Library®ယေဟောဝါ​သက်သေတွေ​အတွက် ကျမ်းစာ​လေ့လာမှု လမ်းညွှန် လို​မျိုး သင့်​ဘာသာစကားနဲ့ ရနိုင်တဲ့ လေ့လာမှု ကိရိယာတွေ သုံးပြီး ရှာဖွေ​လေ့လာ​ပါ။ စိတ်​အခြေအနေ သိပ်​မဟန်တော့​မှန်း ရိပ်မိ​တာ​နဲ့ လေ့လာမှု ကိရိယာတွေ သုံးပြီး အကြံ​ကောင်း​တွေ ရှာ​တော့​တာ​ပဲ​လို့ အစောပိုင်းမှာ ဖော်ပြတဲ့ မော်နီကာ ပြောတယ်။ ဥပမာ၊ ရှာဖွေမှု အကွက်မှာ “ဒေါသ” ဆိုတဲ့ စကားလုံး ရိုက်​ထည့်​တယ်။ တစ်ခါတလေ၊ “သစ္စာဖောက်ခြင်း၊” “သစ္စာရှိခြင်း” အကြောင်း ရှာတယ်။ စိတ်​မ​ငြိမ်​မချင်း ဆောင်းပါးတွေ ဖတ်တယ်။ “စ​စ​ချင်း​တုန်းက​တော့ ဗျာများ​နေတာ။ ဒါပေမဲ့ ဖတ်​လေ ဖတ်​လေ ယေဟောဝါ ဖက်ထား​ပေးသလို ခံစားရလေပဲ။ ကျွန်မကို ယေဟောဝါ နားလည်တယ်၊ ကူညီပေးနေတယ်ဆိုတာ သဘောပေါက်လာတယ်” လို့ ပြောတယ်။ သင့်ကိုလည်း ယေဟောဝါ အဲဒီလို ကူညီပေးနိုင်တယ်။ ဘုရား​အကူအညီကြောင့် သောက​မုန်တိုင်း ငြိမ်​သွားချိန်​ထိ ဟန်ချက် ဆက်​ထိန်း​နိုင်​ပါလိမ့်မယ်။—ဆာ. ၁၁၉:၁၄၃၊ ၁၄၄

JEHOVAH IN NANG HONG HUH DING

10. Tuahsiatna i tuah khit ciangin i lungsim bangci om thei a hiam?

၁၀ အခက်အခဲ။ အဖြစ်ဆိုး ကြုံရရင် ကိုယ်ရော စိတ်​ပါ နုံး​သွားနိုင်တယ်။ အရင်ကလို မ​ပြေး​နိုင်​တော့​ဘဲ ထော့နဲ့​ထော့နဲ့ လျှောက်နေ​ရတဲ့ ဒဏ်ရာ​ရ အားကစားသမား​လို ခံစားရနိုင်တယ်။ ခါတိုင်း လွယ်လွယ်ကူကူ လုပ်နိုင်တာ​တွေ မလုပ်နိုင်တော့တာ၊ လုပ်​ပျော်တာ​တွေ မ​လုပ်ချင်တော့​တာ ဖြစ်နိုင်တယ်။ ဧလိယလိုပဲ အိပ်ရာ မထချင်​လောက်​တဲ့​အထိ ခွေပဲ ခွေချင်​နေနိုင်တယ်။ (၁ ဘု. ၁၉:၅-၇) ကျွန်တော်တို့ နုံး​နေချိန်မှာ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

11. Jehovah’ hong huh dan adang khat in bang a hiam? (Late 94:18)

၁၁ ယေဟောဝါ ကူညီပေးပုံ။ ထောက်မ​ပေးတယ်။ (ဆာလံ ၉၄:၁၈ ကို ဖတ်ပါ။) ဒဏ်ရာ​ရ အားကစားသမား လှုပ်ရှား​ဖို့ အကူအညီ လို​သ​လို ဘုရားအမှုတော်မှာ တက်တက်ကြွကြွ ဆက်​ပါဝင်နိုင်ဖို့ အကူအညီ လိုတယ်။ “မင်းရဲ့ ဘုရား ယေဟောဝါဟာ မင်းရဲ့ ညာလက်ကို ဆုပ်ကိုင်​ပြီး ‘မကြောက်နဲ့။ ငါ ကူညီ​မယ်’ လို့ ပြောတဲ့​အရှင်​ပဲ” လို့ ယေဟောဝါ အာမခံထားတယ်။ (ဟေရှာ. ၄၁:၁၃) စမ်းသပ်မှုတွေ ကြုံရတဲ့အခါ၊ ရန်သူတွေ အဝိုင်း​ခံရတဲ့အခါ ယေဟောဝါ “ညာလက်ရုံး​တော်​နဲ့ ထောက်မ​တယ်” လို့ ဘုရင် ဒါဝိဒ် ပြောတယ်။ (ဆာ. ၁၈:၃၅) ဘယ်လို ထောက်မ​ပေးသလဲ။

မိသားစု၊ မိတ်ဆွေတွေ၊ အကြီးအကဲတွေရဲ့ အကူအညီကို လက်ခံပါ (စာပိုဒ် ၁၁-၁၃ ကို ကြည့်ပါ)


12. Eite hong huh dingin Jehovah in kuate zang thei a hiam?

၁၂ ကူညီချင်​စိတ် ပေါ်လာအောင် တခြားသူတွေကို လှုံ့ဆော်ခြင်း​အားဖြင့် ယေဟောဝါ ထောက်မ​ပေးတယ်။ ဥပမာ၊ ဒါဝိဒ် စိတ်အားငယ်​နေချိန် မိတ်ဆွေ ယောနသန် ရောက်လာပြီး အားပေးတယ်။ (၁ ရှ. ၂၃:၁၆၊ ၁၇) ဧလိယကို ထောက်မဖို့ ဧလိရှဲ​ကို ယေဟောဝါ ရွေး​တယ်။ (၁ ဘု. ၁၉:၁၆၊ ၂၁။ ၂ ဘု. ၂:၂) ကျွန်တော်တို့ကို ထောက်မဖို့ မိသားစု၊ မိတ်ဆွေတွေ၊ အကြီးအကဲတွေကို သုံးနိုင်တယ်။ စိတ်ထိခိုက်​နေချိန်မှာ တခြားသူတွေနဲ့ ခပ်ခွာခွာ၊ တစ်ယောက်တည်း နေချင်​နိုင်တယ်။ ဒါ သဘာဝ​ပဲ။ ဒါပေမဲ့ ဘုရား​အကူအညီ ရဖို့ ဘာလုပ်ရမလဲ။

13. Jehovah’ huhna i ngah nadingin bang i sep ding kisam a hiam? (Lim zong en in.)

၁၃ လုပ်ဆောင်နိုင်ရာ။ တစ်သီးပုဂ္ဂလ နေချင်​စိတ်ကို တိုက်ထုတ်ပါ။ တစ်သီးပုဂ္ဂလ နေတဲ့အခါ အမြင် ကျဉ်း​လာမယ်။ ကိုယ့်​အကြောင်း၊ ကိုယ့်​ပြဿနာ​အကြောင်း​ပဲ တွေးမိ​လာမယ်။ အဲဒီလိုချည်း တွေးရင် ကောင်းကောင်း ဆုံးဖြတ်နိုင်​မှာ မဟုတ်ဘူး။ (ပညာ. ၁၈:၁) စိတ်ဒဏ်ရာ ရတဲ့အခါ တစ်ယောက်တည်း နား​အေး​ပါး​အေး နေဖို့ အချိန် လိုတာ မှန်ပါတယ်။ ဒါပေမဲ့ တစ်သီးပုဂ္ဂလ နေတာ ကြာ​လာ​ရင် ထောက်မပေးဖို့ ယေဟောဝါ သုံး​သူတွေကို တွန်းထုတ်ရာ ရောက်သွားမယ်။ ဒါကြောင့် မိသားစု၊ မိတ်ဆွေတွေ၊ အကြီးအကဲတွေဆီက အကူအညီ လက်ခံပါ။ ကိုယ့်ကို ထောက်မပေးဖို့ ယေဟောဝါ သုံး​နေ​သူ​တွေ​လို့ မြင်ပါ။—ပညာ. ၁၇:၁၇။ ဟေရှာ. ၃၂:၁၊ ၂

JEHOVAH IN NANG HONG HEHNEM DING

14. Bang a lauhuai dinmunte tuak khathei i hiam?

၁၄ အခက်အခဲ။ ရန်သူတွေ၊ ဖိအား​တွေ​ကြောင့် ကြောက်ရွံ့​တုန်လှုပ်​ခဲ့​ကြ​တဲ့ ရှေးသစ္စာရှိ ကျေးကျွန်တွေ​အကြောင်း ကျမ်းစာမှာ ပါတယ်။ (ဆာ. ၁၈:၄။ ၅၅:၁၊) ကျွန်တော်တို့လည်း ကြောက်စိတ် ဝင်ချိန်​တွေ ရှိနိုင်တယ်။ ကျောင်းမှာ၊ အလုပ်မှာ ဖိအား​တွေ ကြုံနိုင်တယ်။ မိသားစု၊ အစိုးရရဲ့ ဆန့်ကျင်မှု ရင်ဆိုင်ရ​နိုင်တယ်။ ကျန်းမာရေး ပြဿနာ​ကြောင့် သေရမှာ ကြောက်​နေနိုင်တယ်။ ကလေးလေးလို ကူကယ်ရာ မဲ့နေတယ်လို့ ခံစားမိနိုင်တယ်။ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

15. Late 94:19 ah Jehovah in bang hong kamciam a hiam?

၁၅ ယေဟောဝါ ကူညီပေးပုံ။ နှစ်သိမ့်​ပေးပြီး စိတ်သက်သာရာ ရစေတယ်။ (ဆာလံ ၉၄:၁၉ ကို ဖတ်ပါ။) မိုးသက်မုန်တိုင်း ကျ​လို့ ကြောက်ပြီး အိပ်မပျော်တဲ့ သမီး​ငယ်​ဆီ အဖေ ရောက်လာပြီး အိပ်ပျော်​သွားတဲ့​အထိ ထွေးပိုက်​ထားပေးတယ်​လို့ မြင်ယောင်ကြည့်ပါ။ မုန်တိုင်း တိုက်​နေတုန်းပဲ။ ဒါပေမဲ့ အဖေ့​ရင်ခွင်ထဲမှာမို့ လုံခြုံတယ်လို့ ခံစားရတယ်။ ကျွန်တော်တို့လည်း ထိတ်လန့်စရာ အခြေအနေတွေ ရင်ဆိုင်ရတဲ့အခါ ကြောက်စိတ် မ​ပျောက်​မချင်း ယေဟောဝါ ထွေးပိုက်​ထား​ပေးတာကို လိုချင်ကြတယ်။ လိုချင်ရင် ဘာလုပ်ရမလဲ။

ကျမ်းစာ ဖတ်ခြင်းအားဖြင့် ကောင်းကင်ဘုံစံ အဖ နှစ်သိမ့်​ပေးတာ လက်ခံပါ (စာပိုဒ် ၁၅-၁၆ ကို ကြည့်ပါ)


16. Jehovah’ hehnepna i ngah nadingin bang i sep ding kisam a hiam? (Lim zong en in.)

၁၆ လုပ်ဆောင်နိုင်ရာ။ အချိန်ယူပြီး မှန်မှန် ဆုတောင်း၊ ကျမ်းစာ ဖတ်တဲ့ အကျင့် ရှိအောင် လုပ်ပါ။ (ဆာ. ၇၇:၁၊ ၁၂-၁၄) အကျင့် ဖြစ်နေရင် စိတ်ဖိစီး​စ​ရာ ကြုံ​တာ​နဲ့ အရင်ဆုံး အဖ ယေဟောဝါဆီ ပြေး​ပြီး အကူအညီ တောင်း​တတ်​သွားမယ်။ ကိုယ့်​သောက​တွေ အဖ​ကို ပြောပြပါ။ ကျမ်းစာ ဖတ်ခြင်းအားဖြင့် အဖ ပြောတာ နားထောင်ပါ။ နှစ်သိမ့်​ပေးတာ လက်ခံပါ။ (ဆာ. ၁၁၉:၂၈) တချို့ ကျမ်းစာ​အပိုင်းတွေ​က အထူးသဖြင့် သောကရောက်​ချိန်​မှာ နှစ်သိမ့်မှု ပေးနိုင်တယ်။ ဥပမာ၊ ယောဘ​ကျမ်း၊ ဆာလံ​ကျမ်း၊ ပညာအလိမ္မာ​ကျမ်း ဖတ်နိုင်တယ်။ မဿဲ အခန်းကြီး ၆ မှာ ပါတဲ့ ယေရှု​စကားတွေ ဖတ်နိုင်တယ်။ ဆုတောင်း၊ ကျမ်းစာ ဖတ်​ရင် ဘုရား နှစ်သိမ့်​ပေးနေတယ်​ဆိုတာ ခံစား​လာရမယ်။

17. Bang muang thei i hiam?

၁၇ ဘဝရဲ့ အမှောင်မိုက်ဆုံး အချိန်တွေမှာ ယေဟောဝါ အတူ ရှိနေ​ပေးမယ်​ဆိုတာ စိတ်ချနိုင်ပါတယ်။ ဘယ်တော့မှ တစ်ယောက်တည်း ဖြစ်​နေ​မှာ မဟုတ်ဘူး။ (ဆာ. ၂၃:၄။ ၉၄:၁၄) စောင့်ရှောက်​ပေးမယ်၊ တည်ငြိမ်​စေမယ်၊ ထောက်မ​ပေးမယ်၊ နှစ်သိမ့်ပေးမယ်​လို့ ယေဟောဝါ ကတိ​ပေးထားတယ်။ “ဘုရားက အပြည့်အဝ မှီခို​တဲ့​သူတွေကို ကာကွယ်​စောင့်ရှောက်​ပေးမယ်။ ယုံကြည်​ကိုးစားတဲ့​သူတွေကို တည်မြဲတဲ့ ငြိမ်သက်မှု ပေးလိမ့်မယ်” လို့ ဟေရှာယ ၂၆:၃ မှာ ပြောထားတယ်။ ဒါကြောင့် ဘုရားကို ယုံကြည်​ကိုးစားပါ။ ဘုရား​အကူအညီ ရဖို့ လုပ်နိုင်တာ မှန်သမျှ လုပ်ပါ။ ဒါဆိုရင် ခက်ခဲတဲ့ ကာလမှာ အား​ပြန်​ပြည့်​လာ​ပါလိမ့်မယ်။

NANGH BANGCI DAWNG DING?

  • Bang hun ciangin Jehovah’ huhna kisam phadiak i hiam?

  • Haksat hunah Jehovah’ hong huh dan nam li in bang a hiam?

  • Jehovah’ huhna i ngah nadingin bang sem thei i hiam?

LA 12 ကြီးမြတ်သော​ဘုရား ယေဟောဝါ

a အမည်လွှဲများ။