Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 4

LA 30 ကျွန်တော့်​ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ

Jehovah In Nang Hong It

Jehovah In Nang Hong It

‘Pa mahmah in note hong it hi.’JOH. 16:27.

အာရုံစိုက်​ရာ

ယေဟောဝါ​ဘုရား မေတ္တာ​ရှိလို့ ဘုရားနဲ့ ကျွန်တော်တို့ ပိုရင်းနှီး​လာတယ်။ စိတ်အေးလက်အေး ဖြစ်နေတယ်။ လိုလေသေးမရှိ ပြည့်စုံ​တယ်။ လန်းဆန်း​တယ်။

1. Jehovah’ thu na ngaihsut ciangin na lungsimah bang hong kilang a hiam?

 ယေဟောဝါ ဘယ်လို ဘုရား​မျိုး​လဲ​လို့ စိတ်ကူး​ကြည့်ဖူးသလား။ ဆုတောင်းတဲ့အခါ စိတ်ထဲ ဘာ​ပေါ်လာသလဲ။ ယေဟောဝါကို မမြင်နိုင်ပေမဲ့ ကျမ်းစာမှာ အမျိုးမျိုး ပုံဖော်​ထားတယ်။ “နေ​မင်း၊” “ဒိုင်းလွှား၊” “လောင်ကျွမ်း​စေ​တဲ့ မီး” လို့ ခေါ်ထားတယ်။ (ဆာ. ၈၄:၁၁။ ဟီ. ၁၂:၂၉) နီလာကျောက်လို သဏ္ဌာန် ရှိတယ်၊ တောက်ပ​နေတဲ့ သတ္တု၊ ရောင်ခြည် ဖြာထွက်​နေတဲ့ သက်တံ​နဲ့ တူတယ်လို့ ဖော်ပြတယ်။ (ယေဇ. ၁:၂၆-၂၈) ယေဟောဝါနဲ့ပတ်သက်ပြီး အဲဒီလို ဖော်ပြထားလို့ အံ့ဩ​မှင်တက်​မိ​နိုင်တယ်။ ဒါမှမဟုတ် ရှိန်သွားနိုင်တယ်။

2. Jehovah in amau a itlam a muan ding uh pen mi pawlkhat in bang hangin haksa sa uh a hiam?

ကိုယ့်ကို ဘုရား ချစ်တယ်ဆိုတာ တချို့ ယုံ​ရ ခက်​ကြ​တယ်။ ဘုရားကို မမြင်ရလို့၊ ဖခင်​မေတ္တာ မခံစားဖူးလို့၊ ဘဝ မ​လှ​ခဲ့​လို့ ဖြစ်နိုင်တယ်။ ဘာကြောင့်၊ ဘယ်လို ခံစားရတယ်ဆိုတာ ယေဟောဝါ နားလည်တယ်။ မိမိ ဘယ်လို ဘုရား​မျိုး​လဲ​ဆိုတာ ကျမ်းစာကတစ်ဆင့် ဖော်ပြတယ်။

3. Jehovah’ itna thu a neng a tawnga i sin ding bang hang kisam a hiam?

ယေဟောဝါအကြောင်း ဖော်ပြဖို့ အကောင်းဆုံး စကားလုံး​ကတော့ ချစ်ခြင်း​မေတ္တာ​ပါ။ (၁ ယော. ၄:၈) ယေဟောဝါဟာ ချစ်ခြင်း​မေတ္တာ ဖြစ်တယ်။ လုပ်သမျှ မေတ္တာပါတယ်။ မိမိကို မချစ်​သူတွေကို​တောင် ချစ်​နိုင်​တဲ့​အထိ မေတ္တာ အားကြီး​တယ်။ နွေးထွေး​တယ်။ (မ. ၅:၄၄၊ ၄၅) ဒီဆောင်းပါးမှာ ယေဟောဝါဘုရားအကြောင်း၊ ဘုရား​မေတ္တာ​အကြောင်း အသေးစိတ် လေ့လာ​ကြ​မယ်။ ဘုရားအကြောင်း သိလေ ချစ်လေ ဖြစ်လာမယ်။

JEHOVAH IN EITE HONG IT MAHMAH

4. Jehovah itna hangin na lungsim bangci om a hiam? (Lim zong en in.)

“ယေဟောဝါဟာ အလွန် ချစ်ခင်​စာနာ” တယ်။ (ယာ. ၅:၁၁) မိမိကိုယ်ကိုယ် ကြင်နာ​ယုယ​တဲ့ မိခင်နဲ့ ကျမ်းစာမှာ နှိုင်းထားတယ်။ (ဟေရှာ. ၆၆:၁၂၊ ၁၃) ကြင်နာ​ယုယ​စွာ ကလေး ထိန်း​နေတဲ့ မိခင်​ကို မြင်ယောင်​ကြည့်ပါ။ ကလေးကို ပေါင်​ပေါ်မှာ မြှောက်​ချည် ချ​ချည် ဆော့​ကစား​ပေးတယ်။ လေသံ​အေး​အေး​လေး​နဲ့ ချော့မြှူ​တယ်။ ကလေး ငို​ရင်၊ နာ​သွား​ရင် ဘာကြောင့်လဲ သိအောင် လုပ်တယ်။ လုပ်စရာ ရှိတာ လုပ်ပေးတယ်။ ကျွန်တော်တို့လည်း နာကျင်​ခံစား​ရချိန်မှာ​တောင် ယေဟောဝါ ချစ်တယ်ဆိုတာ စိတ်ချနိုင်တယ်။ “စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ကိုယ်တော် နှစ်သိမ့်​ပေးပြီး စိတ်သက်သာရာ ရစေတယ်” လို့ ဆာလံ​ကျမ်း​ရေးသူ ပြောတယ်။—ဆာ. ၉၄:၁၉

“မိခင်​က သားကို နှစ်သိမ့်​ပေးသလို ငါ​ကလည်း မင်းတို့ကို နှစ်သိမ့်ပေးမယ်” (စာပိုဒ် ၄ ကို ကြည့်ပါ)


5. Jehovah’ itna kip ahih manin bang hamphatna ngah na hiam?

ယေဟောဝါရဲ့ မေတ္တာဟာ ခိုင်မြဲ​တယ်။ (ဆာ. ၁၀၃:၈) ကျွန်တော်တို့ အမှား လုပ်မိရင်တောင် မေတ္တာ မပျက်ဘူး။ ဥပမာ၊ ယေဟောဝါ စိတ်ပျက်အောင် အစ္စရေးလူမျိုး ခဏခဏ လုပ်တယ်။ ဒါပေမဲ့ နောင်တ ရတဲ့အခါ မေတ္တာ​မပျက် ချစ်​ပေးတယ်။ “မင်းဟာ ငါ့အတွက် တန်ဖိုး​ရှိတယ်။ ဒါကြောင့် မင်းကို ဂုဏ်တင်ခဲ့တယ်၊ ချစ်ခဲ့တယ်” လို့ ပြောတယ်။ (ဟေရှာ. ၄၃:၄၊ ၅) ကျွန်တော်တို့ကိုလည်း အဲဒီလို အချစ်​မျိုးနဲ့ ဘုရား ချစ်တယ်။ ဒါကို အမြဲ စိတ်ချနိုင်တယ်။ ကြီးလေးတဲ့ အပြစ် လုပ်မိရင်တောင် မေတ္တာ မပျက်ဘူး။ နောင်တ ရပြီး ပြန်လာတဲ့အခါ ဘုရား ချစ်နေဆဲပဲဆိုတာ တွေ့ရမယ်။ “အကြွင်းမဲ့ ခွင့်လွှတ်” မယ်​လို့ ကတိ​ပေးထားတယ်။ (ဟေရှာ. ၅၅:၇) ဘုရား​ခွင့်လွှတ်မှု ခံစားရတာ​ဟာ “လန်းဆန်းစေတဲ့ အချိန်ကာလ ရောက်” သွား​သ​လိုပဲ​လို့ ကျမ်းစာမှာ ဖော်ပြတယ်။—တ. ၃:၁၉

6. Zekhariah 2:8 pan Jehovah’ thu bang thei i hiam?

ဇာခရိ ၂:၈ ကို ဖတ်ပါ။ မျက်လုံးဟာ နူးညံ့ပြီး အ​ထိခိုက်​မခံ​တဲ့ အဖိုးတန် အစိတ်အပိုင်း ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ကို မျက်ဆန်​နဲ့ ဘုရား နှိုင်းတာ​ဟာ ‘မင်းတို့ကို ထိ​ရဲ ထိ​ကြည့်။ ထိ​တဲ့သူ​ဟာ ငါ တန်ဖိုးထားရတဲ့​အရာကို ထိ​တဲ့သူ​ပဲ’ လို့ ပြောလိုက်သလိုပါပဲ။ ကျွန်တော်တို့ကို ဘုရား သိပ်ချစ်လို့ ဘာ​ခံစားနေရသလဲ တန်း​သိတယ်။ ကာကွယ်​ပေးချင်တယ်။ ကျွန်တော်တို့ နာကျင်​ခံစား​ရင် ဘုရားလည်း နာကျင်​ခံစားရတယ်။ ဒါကြောင့် “ကိုယ်တော်ရဲ့ မျက်ဆန်​လို ကျွန်တော့်ကို ကာကွယ်​ပေးပါ” လို့ ရဲရဲ ဆုတောင်းနိုင်တယ်။—ဆာ. ၁၇:၈

7. Jehovah’ hong itlam i muan nadinga sep ding bang hangin kisam a hiam?

အချစ်ခံရတယ်လို့ သင့်ကို ယေဟောဝါ ခံစားစေချင်တယ်။ ဒါပေမဲ့ ဘဝ မ​လှ​ခဲ့​လို့ ကိုယ့်ကို ဘုရား ချစ်ပါ့မလားလို့ တွေးမိနိုင်တယ်။ လောလောဆယ် အခက်အခဲတွေ ကြုံနေ​ရလို့ ဘုရား ချစ်​ရဲ့​လား​လို့ သံသယ ဝင်လာနိုင်တယ်။ ဒါကြောင့် ယေဟောဝါ ချစ်တယ်ဆိုတာ ယုံကြည်​စိတ်ချအောင် လုပ်ဖို့ လိုတယ်။ ဘာက စိတ်ချ​စေ​မလဲ။ ယေရှုကို၊ ဘိသိက်ခံတွေကို၊ ကျွန်တော်တို့​အားလုံးကို ချစ်ကြောင်း ယေဟောဝါ ဘယ်လို ပြသလဲ လေ့လာခြင်း​ပါပဲ။

JEHOVAH IN ITNA A LAHKHIAT DAN

8. A Pa’n a itlam Jesuh in bang hangin muang a hiam?

နှစ်​သန်းပေါင်း​များစွာ​အတွင်း ယေဟောဝါနဲ့ ချစ်​သားရဲ့ မေတ္တာ​နှောင်ကြိုး သိပ်​ခိုင်မာ​လာ​တယ်။ စကြဝဠာမှာ သက်တမ်း​အကြာဆုံး နှောင်ကြိုး​ပဲ။ ယေရှုကို ချစ်တယ်လို့ မဿဲ ၁၇:၅ မှာ ယေဟောဝါ ရှင်းရှင်းလင်းလင်း ပြော​ထား​တယ်။ ‘ဒါ ငါ့​စိတ်နဲ့ တွေ့​သူပဲ’ လို့ ရိုးရိုးလေး ပြော​လို့ ရတယ်။ ဒါပေမဲ့ ယေရှုကို ဘယ်လောက် ချစ်မှန်း ကျွန်တော်တို့ကို သိစေချင်​လို့ “ငါ့ရဲ့ ချစ်သား” လို့ ပြောတယ်။ ယေရှု​အတွက် ယေဟောဝါ သိပ်ဂုဏ်ယူတယ်။ အထူးသဖြင့်၊ မကြာခင် လိုလိုလားလား အသက်​စွန့်တော့မှာမို့ ဂုဏ်ယူတယ်။ (ဧ. ၁:၇) မိမိကို ဖခင် ချစ်တယ်ဆိုတာ ယေရှု သံသယ မရှိဘူး။ လုံးဝ စိတ်ချတယ်။ ဒါကြောင့်​လည်း မိမိကို အဖ ချစ်တယ်လို့ ယုံကြည်စိတ်ချမှု​အပြည့်​နဲ့ ထပ်ခါထပ်ခါ ပြောတာ။—ယော. ၃:၃၅။ ၁၀:၁၇။ ၁၇:၂၄

9. Jehovah in sathau nilhte a itlam bang kammal in lakkhia a hiam? Hilhcian in. (Rom 5:5)

ဘိသိက်ခံတွေကို ချစ်ကြောင်း​လည်း ယေဟောဝါ ပြတယ်။ (ရောမ ၅:၅ ကို ဖတ်ပါ။) “ချစ်မြတ်နိုး​ကြောင်း ဖော်ပြ” ဆိုတဲ့ စကားလုံးကို သတိပြုပါ။ “စမ်းရေ​လို စီးကျ​လာ” ဆိုပြီး အကိုးအကား​စာအုပ်​တစ်အုပ်​က ဖော်ပြတယ်။ ဘိသိက်ခံတွေ​အပေါ် ယေဟောဝါရဲ့ မေတ္တာ လျှံထွက်စီးကျနေတာကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်​ထားတာ​ပဲ။ မိမိတို့​ဟာ “ဘုရားသခင် ချစ်တဲ့သူတွေ” ဖြစ်မှန်း ဘိသိက်ခံတွေ သိကြတယ်။ (ယု. ၁) “အဖ​ဘုရားက ကျွန်တော်တို့ကို ဘယ်လောက်တောင် ချစ်မြတ်နိုးတယ်​ဆိုတာ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ သားသမီးတွေ​လို့ ခေါ်တယ်” ဆိုပြီး ဘိသိက်ခံတွေ​ရဲ့ ခံစားချက်ကို တမန်တော် ယောဟန် ဖော်ပြတယ်။ (၁ ယော. ၃:၁) ဘိသိက်ခံတွေကို​ပဲ ယေဟောဝါ ချစ်သလား။ မဟုတ်ပါဘူး။ ကျွန်တော်တို့​အားလုံး​ကို ချစ်တယ်။

10. Jehovah in nang hong it ahihlam a muanhuaisak pen thu khat in bang a hiam?

၁၀ ကျွန်တော်တို့ကို ယေဟောဝါ ချစ်ကြောင်း အခိုင်လုံဆုံး သက်သေ​က ဘာလဲ။ ရွေးဖိုး​ပါ။ စကြဝဠာမှာ ဘယ်သူမှ ဒီလောက်​အတိုင်းအတာနဲ့ မချစ်နိုင်ဘူး။ (ယော. ၃:၁၆။ ရော. ၅:၈) ဘုရားရဲ့ တရားမျှတမှု စံနှုန်း​အရ ရွေးဖိုး ပေး​မှ ဖြစ်မှာမို့လို့ ပေးတာ မဟုတ်ဘူး။ ချစ်လို့ ပေးတာ။ ကျွန်တော်တို့ အပြစ် ခွင့်လွှတ်ခံရဖို့၊ ဘုရားနဲ့ မိတ်ဆွေ ဖြစ်နိုင်ဖို့ တန်ဖိုးအထားရဆုံး သား​ယေရှုကို ဝေဒနာ ခံစားပြီး သေဆုံး​စေ​ခြင်း​အားဖြင့် ကျွန်တော်တို့ကို ချစ်ကြောင်း သက်သေပြတယ်။ (၁ ယော. ၄:၁၀) ယေဟောဝါနဲ့ ယေရှု ပေးဆက်​ခဲ့​တာကို တွေး​ကြည့်လေ ကျွန်တော်တို့​တစ်ယောက်စီကို ဘယ်လောက် ချစ်သလဲ သဘောပေါက်​လာ​လေ​ပဲ။—ဂလ. ၂:၂၀

11. Jeremiah 31:3 pan bang theikhia i hiam?

၁၁ သိခဲ့​တဲ့​အတိုင်း ကျွန်တော်တို့ကို ယေဟောဝါ အုံ့ပုန်း မချစ်ဘူး။ ချစ်တယ်လို့ ပြောတယ်။ ချစ်ကြောင်း ပြတယ်။ (ယေရမိ ၃၁:၃ ကို ဖတ်ပါ။) ချစ်လို့ မိမိဆီ ဆွဲဆောင်တယ်။ (တရားဟောရာ ၇:၇၊ ၈ နဲ့ နှိုင်းယှဉ်ပါ။) ဘုရား​မေတ္တာ မခံစားရအောင် ဘာကမှ၊ ဘယ်သူကမှ မတားဆီးနိုင်ဘူး။ (ရော. ၈:၃၈၊ ၃၉) ဘုရား ချစ်​ပေးလို့ သင် ဘယ်လို ခံစားရသလဲ။ ဆာလံ ၂၃ ကို ဖတ်​ကြည့်ပါ။ ဘုရား ချစ်​ပေးလို့ ဒါဝိဒ် ဘယ်လို ခံစားရတယ်၊ ကျွန်တော်တို့​အားလုံးလည်း ဘယ်လို ခံစားရနိုင်တယ်ဆိုတာ သတိပြုပါ။

JEHOVAH IN NANG HONG IT AHIH MANIN NA LUNGSIM BANGCI OM A HIAM?

12. Late 23 a tomin gen in.

၁၂ ဆာလံ ၂၃:၁-၆ ကို ဖတ်ပါ။ ကိုယ့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ ယုံကြည်​စိတ်ချကြောင်း ဆာလံ ၂၃ မှာ ဒါဝိဒ် သီချင်း စပ်ဆို​ထားတယ်။ သိုးထိန်း ယေဟောဝါနဲ့ မိမိရဲ့ ခိုင်မြဲတဲ့ နှောင်ကြိုး​အကြောင်း စပ်ဆို​ထားတာ။ ယေဟောဝါ ဦးဆောင်​ခေါ်သွား​ရာ​နောက် လိုက်တဲ့အတွက်၊ အကြွင်းမဲ့ အားကိုးတဲ့အတွက် လုံခြုံတယ်လို့ ခံစားရတယ်။ ဘုရား​မေတ္တာ တစ်သက်လုံး ခံစားရမယ်ဆိုတာ စိတ်ချတယ်။ ဘာကြောင့် အဲဒီလောက် စိတ်ချသလဲ။

13. Jehovah in don ding ahihlam David in bang hangin muang a hiam?

၁၃ “လိုလေသေးမရှိ ငါ ပြည့်စုံ​နေတာ။” လို​လေ​သေး​မရှိ ပြည့်စုံ​တယ်လို့ ဒါဝိဒ် ခံစားရတယ်။ လိုသမျှ ဘုရား အမြဲ ဖြည့်ဆည်း​ပေးလို့၊ ဘုရားနဲ့ ရင်းနှီး​နေ​လို့၊ ဘုရား​မျက်နှာသာ ရထားလို့​ပဲ။ ဒါကြောင့်​လည်း ရှေ့မှာ ဘာပဲ ကြုံကြုံ လိုသမျှ ယေဟောဝါ ဆက်​ဖြည့်ဆည်းပေးမယ်ဆိုတာ စိတ်ချ​နေတာ။ အဲဒီလို စိတ်ချ​လွန်းလို့ စိုးရိမ်စိတ်တွေ ပျောက်သွားတယ်။ ပျော်ရွှင်​ကျေနပ်​နေတယ်။—ဆာ. ၁၆:၁၁

14. Jehovah in koi bangin hong itin, hong don a hiam?

၁၄ အထူးသဖြင့်၊ အဖြစ်ဆိုးတွေ ကြုံရချိန်မှာ ယေဟောဝါ မေတ္တာထား ဂရုစိုက်ပေးတယ်။ ဗေသလမှာ အမှုဆောင်တာ နှစ် ၂၀ ကျော်ပြီ ဖြစ်တဲ့ ညီအစ်မ က​လယ်​ရာ a အကြောင်း စဉ်းစားကြည့်ပါ။ အဖေ လေဖြတ်​သွားတယ်။ အသင်းတော်ကနေ ညီမလေး နှင်ထုတ်​ခံရတယ်။ မိသားစု စီးပွားရေး ပျက်သွားတယ်။ အိမ်​ကို ဘဏ်​သိမ်းသွား​တယ်။ ပြဿနာတွေ တန်းစီ ကြုံရလို့ မိသားစုကို ဘယ်လို ကူညီ​ရ​မလဲ​ဆိုပြီး ကလယ်​ရာ တော်တော်လေး အကြံအိုက်​မိတယ်။ ဒါပေမဲ့ ယေဟောဝါ ဂရုစိုက်​ပေးတာကို သူတို့​မိသားစု ဘယ်လို ခံစားရသလဲ။ “မိသားစုမှာ တစ်ရက်​စာ တစ်ရက် လိုတာ ဘာမဆို ရှိနေ​အောင် ယေဟောဝါ အမြဲ စီစဉ်ပေးတယ်။ လိုတာ​ထက် ပိုပေး​တာ​လည်း အကြိမ်ကြိမ်​ပဲ။ ယေဟောဝါရဲ့ မေတ္တာ ခံစားရတဲ့ အချိန်တွေကို ပြန်ပြန် စဉ်းစားတယ်။ ဘယ်တော့မှ မမေ့ဘူး။ ဒါကြောင့်​လည်း အခက်အခဲတွေ ရှိပေမဲ့ ရှေ့ဆက်​နိုင်​တာ” လို့ က​လယ်​ရာ ပြောတယ်။

15. David in bang hangin thahatna thak a nei-in kingaihsun a hiam? (Lim zong en in.)

၁၅ “ငါ့ကို လန်းဆန်းစေ​တယ်။” ပြဿနာ များလွန်းလို့ ဒါဝိဒ် တစ်ခါတလေ စိတ်မောလာတယ်။ (ဆာ. ၁၈:၄-၆) ပင်ပန်း​နွမ်းလျ​နေတဲ့ မိတ်ဆွေ ဒါဝိဒ်​ကို “စိမ်းစို​တဲ့ စားကျက်၊” “ရေပေါများ​တဲ့​နေရာဆီ” ယေဟောဝါ ခေါ်သွား​ပေးတယ်။ ယေဟောဝါရဲ့ မေတ္တာ၊ ဂရုစိုက်မှု ခံစားရလို့ ဒါဝိဒ် လန်းဆန်း​အား​ပြည့်​လာပြီး ရှေ့ဆက်​နိုင်​သွားတယ်။—ဆာ. ၁၈:၂၈-၃၂

အသက်​လု​ပြီး ပြေး​နေ​ရတာ​တောင် ယေဟောဝါရဲ့ မေတ္တာ၊ ဂရုစိုက်မှုကြောင့် ဒါဝိဒ် လန်းဆန်း​နေ (စာပိုဒ် ၁၅ ကို ကြည့်ပါ)


16. Jehovah’ itna hangin koi bangin thahatna thak nei ngei na hiam?

၁၆ ဒီနေ့လည်း ဘဝ​ပြဿနာတွေ ကြုံရပေမဲ့ “ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကြောင့် ကျွန်တော်တို့ ဇာတ်သိမ်း​သွားမှာ မဟုတ်ဘူး။” (မြည်. ၃:၂၂။ ကော. ၁:၁၁) ညီအစ်မ ရေချယ်​အကြောင်း စဉ်းစားကြည့်ပါ။ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း မိမိကို​ရော ယေဟောဝါကို​ပါ ခင်ပွန်း စွန့်​သွား​လို့ ဝမ်းနည်း​ပက်လက် ဖြစ်ခဲ့​ရတယ်။ ယေဟောဝါ ဘာလုပ်ပေးသလဲ။ “အချစ်ခံရတယ်လို့ ခံစားရအောင် ယေဟောဝါ လုပ်ပေးတယ်။ မိတ်ဆွေကောင်းတွေ​နဲ့ ဝန်းရံ​ထားပေးတယ်။ မိတ်ဆွေတွေက ကျွန်မ​ဘေးမှာ ရှိ​ပေးကြတယ်။ အစားအသောက်တွေ ယူလာပေး​ကြတယ်။ အားရှိစရာ စာတိုလေး​တွေ၊ ကျမ်းပိုဒ်တွေ ပို့ကြတယ်။ ပြုံးပြ​ကြတယ်။ ကျွန်မကို ယေဟောဝါ ဂရုစိုက်တယ်ဆိုတာ မပြတ် သတိပေးကြတယ်။ ဒီလို မေတ္တာ လွှမ်းခြုံတဲ့ မိသားစုကြီး ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်​မဆုံးဘူး” လို့ ရေချယ် ပြောတယ်။

17. David in bang hangin bangmah “lau” lo a hiam?

၁၇ “ကိုယ်တော် ရှိနေလို့ ဘာအန္တရာယ်မှ မကြောက်ဘူး။” ဒါဝိဒ် အသက် အန္တရာယ် ခဏခဏ ကြုံတယ်။ အင်အားကြီး ရန်သူတွေ ဝိုင်းနေတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ မေတ္တာကြောင့် ဘေးကင်း​လုံခြုံတယ်လို့ ခံစားရတယ်။ ဘယ်​အခြေအနေ ရောက်ရောက် မိမိနဲ့​အတူ ယေဟောဝါ ရှိနေတယ်လို့ ခံစားရ​တဲ့အတွက် အားရှိတယ်။ ဒါကြောင့် “ကြောက်လန့်စရာ မှန်သမျှ​ကနေ ငါ့ကို [ယေဟောဝါ] ကယ်တင်တယ်” လို့ စပ်ဆို​ခဲ့တယ်။ (ဆာ. ၃၄:၄) ဒါဝိဒ် ကြုံရသမျှ ကြောက်စရာချည်း​ပဲ။ ဒါပေမဲ့ ကြောက်​အား​ထက် ဘုရား​မေတ္တာကို ယုံ​အား ပို​ကြီးတယ်။

18. Jehovah hong itlam na theihna in a lauhuai dinmunte na tuah ciangin koi bangin tha hong neisak thei a hiam?

၁၈ ကိုယ့်ကို ယေဟောဝါ ချစ်မှန်း သိထားတာက ထိတ်လန့်စရာ အခြေအနေတွေ ကြုံရချိန်မှာ ဘယ်လို အားရှိစေသလဲ။ သား​ဖြစ်သူ ကိုယ့်ကိုယ်ကိုယ် သတ်​သေသွား​ချိန်​မှာ မိမိတို့ ဇနီးမောင်နှံ ဘယ်လို ခံစားရသလဲဆိုတာ ရှေ့ဆောင် ညီအစ်မ ဆူဇီ ဒီလိုပြောတယ်– “ရုတ်တရက် အဖြစ်ဆိုး ကြုံရရင် လူတွေ စိတ်ဒဏ်ရာ ရသွား​တတ်​ကြတယ်။ ကူကယ်ရာ မဲ့​သွားပြီ၊ ဒီထက် ပို​ဆိုး​တာ ဘာတွေ​များ ကြုံရမလဲ​ဆိုပြီး ချောက်ချား​တတ်​ကြတယ်။ ကျွန်မတို့​ကတော့ ယေဟောဝါရဲ့ မေတ္တာကြောင့် ခံ​သာတယ်။” အစောပိုင်းမှာ ဖော်ပြတဲ့ ရေချယ်လည်း ဒီလို ပြောတယ်– “တစ်ည စိုးရိမ်​စိတ်၊ ထိတ်လန့်​စိတ်​တွေ​နဲ့ အသည်းခိုက်​အောင် နာကျင်​လွန်းလို့ ယေဟောဝါဆီ အော်ဟစ်​ဆုတောင်းတယ်။ မိခင်​က ကလေးကို ချော့သိပ်​သ​လို ကျွန်မ စိတ်​အေး​သွား​အောင်၊ စိတ်​ငြိမ်​သွား​အောင် ယေဟောဝါ ချော့သိပ်​ပေးတယ်လို့ ခံစားလိုက်ရတယ်။ အဲဒီနောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်​သွားတယ်။ အဲဒီအချိန်ကို ဘယ်တော့မှ မမေ့ဘူး။” စစ်​ထဲ မဝင်​လို့ ထောင်​လေးနှစ် ကျသွားတဲ့ အကြီးအကဲ ညီအစ်ကို တာ​ဆော့​အကြောင်းလည်း စဉ်းစားကြည့်ပါ။ ယေဟောဝါရဲ့ မေတ္တာ၊ ဂရုစိုက်မှု ဘယ်လို ခံစားရသလဲ။ “ယေဟောဝါက လိုတာ​ရော လိုတာ​ထက်​ပါ ဖြည့်ဆည်းပေးတယ်။ ယေဟောဝါကို အပြည့်အဝ ယုံကြည်​ကိုးစား​နိုင်​မှန်း ပို​စိတ်ချသွားတယ်။ ထောင်​လို​မျိုး စိတ်ဓာတ်ကျစရာ နေရာမှာ​တောင် ပျော်​နေဖို့ စွမ်းအားတော်က​တစ်ဆင့် ကူညီပေးတယ်။ ဘုရားနဲ့ ရင်းနှီး​လေ ဘုရား​မေတ္တာ ခံစားရ​လေ​ဆိုတာ သဘောပေါက်သွားတယ်။ ဒါကြောင့် ထောင်ကျနေတုန်း​မှာ​ပဲ မှန်မှန်ရှေ့ဆောင် စ​လုပ်တယ်” လို့ ပြောတယ်။

ITNA PASIAN TAWH KINAIH NADINGIN SEM IN

19. (a) Pasian hong itlam thei lehang koi bangin thungen ding i hiam? (b) Jehovah’ itna koi banga a kigen deihpen na hiam? (“ Jehovah’ Itna I Theihtel Nadinga Hong Huh Kammalte” cih kiu li bawm en in.)

၁၉ ကျွန်တော်တို့နဲ့​အတူ ‘မေတ္တာရှင်’ ယေဟောဝါ ရှိနေကြောင်း ဒီဆောင်းပါးမှာ ပါတဲ့ တွေ့ကြုံမှုတွေ​က သက်သေပါပဲ။ (၂ ကော. ၁၃:၁၁) တစ်ယောက်ချင်းစီ​ကို ဘုရား ဂရုစိုက်​တယ်။ “ခိုင်မြဲတဲ့ မေတ္တာတော်” နဲ့ “ဝိုင်းရံ” ထားပေးတယ်။ (ဆာ. ၃၂:၁၀) ဘုရား မေတ္တာ ဘယ်လို ပြသလဲ တွေးလေ ကိုယ့်ကို ဘယ်လောက် ဂရုစိုက်သလဲ မြင်လာ​လေ၊ ဘုရားနဲ့ ရင်းနှီး​လာ​လေ​ပဲ။ ကိုယ့်ကို ဘုရား နားလည်တယ်၊ ကူညီပေးချင်တယ်ဆိုတာ စိတ်ချ​ရင် ဘုရား​မေတ္တာ ဘယ်လောက်တောင် လိုအပ်တယ်ဆိုတာ တွန့်မနေဘဲ ပြောပြ​ရဲ​မယ်။ စိုးရိမ်​စ​ရာ​တွေ ပြောပြ​ရဲ​မယ်။—ဆာ. ၁၄၅:၁၈၊ ၁၉

20. Pasian’ itna in koi bangin hong kai a hiam?

၂၀ ဆောင်းတွင်း​ဆိုရင် မီးဖို​နား​ပဲ ကပ်​နေချင်​သ​လို ယေဟောဝါရဲ့ မေတ္တာဟာ နွေးထွေးတာမို့ ယေဟောဝါ​နား ကျွန်တော်တို့ ကပ်​နေချင်​ကြတယ်။ ယေဟောဝါဟာ မေတ္တာ အားကြီး​တယ်။ ချစ်ခင်​တွယ်တာ​တတ်တယ်။ ဒီလို​ဘုရား​မျိုး​ရဲ့ အချစ်ခံ​ရတယ်ဆိုတဲ့ သိစိတ်နဲ့ ပျော်လိုက်ပါ။ “ယေဟောဝါကို ငါ ချစ်မြတ်နိုးတယ်” လို့ ကြွေးကြော်​ပြီး ချစ်​တုံ့ပြန်​လိုက်ပါ။—ဆာ. ၁၁၆:၁

NANGH BANGCI DAWNG DING?

  • Jehovah’ itna koi bangin genteh nuam na hiam?

  • Jehovah in nang hong it ahihlam bang hangin muang thei na hiam?

  • Jehovah in nang hong it ahih manin na lungsim bangci om a hiam?

LA 108 ဘုရားရဲ့ ခိုင်မြဲတဲ့ မေတ္တာ

a အမည်လွှဲများ။