Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 17

LA 111 တို့​ဝမ်းမြောက်​ရတဲ့ အကြောင်းများ

Etsakna Paradais Pan Paikhia Kei In

Etsakna Paradais Pan Paikhia Kei In

“Keima piansaksa sungah lungdamin kipakin om tawntung un.”ISA. 65:18.

အာရုံစိုက်​ရာ

ပုံဆောင်​ပရဒိသု​ထဲ ရှိနေလို့ ဘာအကျိုးတွေ ရသလဲ။ ပုံဆောင်​ပရဒိသု​ထဲ တခြားသူတွေကို ဘယ်လို ဆွဲဆောင်​နိုင်​မလဲ။

1. Etsakna Paradais cih in bang a hiam? Bang i khensat kholh ding kisam a hiam?

 ဒီနေ့ ကမ္ဘာပေါ်မှာ လူ​သန်းချီ ပျားပန်းခတ် အလုပ်များနေတဲ့၊ သိပ်​ငြိမ်းချမ်း​သာယာတဲ့ အသိုက်အမြုံ​လေး​တစ်ခု ရှိတယ်။ အဲဒီမှာ ရှိနေ​သူ​တွေ​ဟာ ဘယ်တော့မှ ထွက်​မသွားဖို့ ဆုံးဖြတ်ထားကြတယ်။ နောက်ထပ် လူ​အများကြီးကိုလည်း ရောက်လာ​စေချင်​ကြတယ်။ အဲဒါကတော့ ပုံဆောင်​ပရဒိသု​ပါ။ a

2. Etsakna Paradais pen bang hangin lamdang a hiam?

အမုန်း​အာဃာတ​တွေ၊ ဆိုးညစ်မှု​တွေ၊ အန္တရာယ်​တွေ အပြည့်​ရှိတဲ့ နေရာ​အဖြစ် စာတန် ဖန်တီး​ထားတဲ့ လောက​မှာ ပုံဆောင်​ပရဒိသု ယေဟောဝါ​ဘုရား ဖန်တီး​ပေးထားတာ သိပ်ထူးခြားတယ်။ (၁ ယော. ၅:၁၉။ ဗျာ. ၁၂:၁၂) လူတွေကို ဒီလောကစနစ်​ဆိုး ဘယ်လောက် ဂယက်ရိုက်​နေသလဲ ယေဟောဝါ သိတယ်။ ဒါပေမဲ့ မိမိလူမျိုးကို ပျော်ပျော်ရွှင်ရွှင် အမှုဆောင်​စေချင်​လို့ ငြိမ်သက်စည်းလုံးတဲ့ အသိုက်အမြုံ​လေး ပေးထားတယ်။ အေးချမ်း​တဲ့ “ခိုနား​စ​ရာ၊” “ရေ​ဝ​တဲ့ ဥယျာဉ်” လို့ ကျမ်းစာမှာ တင်စား​ထားတယ်။ (ဟေရှာ. ၄:၆။ ၅၈:၁၁) ခက်ခဲတဲ့ နောက်ဆုံး​ကာလအတွင်း အသက်ရှင်​ရပေမဲ့ ပုံဆောင်​ပရဒိသု​ထဲ ရှိနေ​သူ​တွေ​ဟာ ဘုရား​ကောင်းချီးကြောင့် ငြိမ်သက်​ပျော်ရွှင်ကြတယ်။—ဟေရှာ. ၅၄:၁၄။ ၂ တိ. ၃:၁

3. Tanglai Israel hun lai-in Isaiah a lian 65 koi bangin na tangtung a hiam?

ပုံဆောင်​ပရဒိသု​အကြောင်း ပရောဖက် ဟေရှာယကတစ်ဆင့် ဟေရှာယ အခန်းကြီး ၆၅ မှာ ယေဟောဝါ ဖော်ပြတယ်။ နောင်တရတဲ့ ဂျူးတွေ ဗာဗုလုန်​သုံ့ပန်း​ဘဝကနေ လွတ်မြောက်ပြီး ပြည်တော် ပြန်လာတဲ့ ဘီစီ ၅၃၇ မှာ ပရောဖက်ပြုချက် ဦးဆုံး​အကြိမ် ပြည့်စုံ​တယ်။ ဂျေရုဆလင်​မြို့​ပျက် ပြန်​လှ​လာအောင်၊ ဗိမာန်တော်ကို အစ္စရေးပြည်ရဲ့ စင်ကြယ်တဲ့ ဝတ်ပြုရေး အချက်အချာ ဖြစ်အောင် လုပ်ဖို့ မိမိလူမျိုးကို ယေဟောဝါ ကူညီပေးတယ်။ ကောင်းချီးပေးတယ်။—ဟေရှာ. ၅၁:၁၁။ ဇာ. ၈:၃

4. Tu hunah, Isaiah a lian 65 koi bangin tangtung a hiam?

မဟာဗာဗုလုန်​သုံ့ပန်း​ဘဝကနေ ခေတ်သစ် ဘုရား​လူမျိုး လွတ်မြောက်လာတဲ့ ၁၉၁၉ ခုနှစ်မှာ ပရောဖက်ပြုချက် ဒုတိယ​အကြိမ် ပြည့်စုံ​လာတယ်။ အဲဒီအချိန်က​စပြီး ပုံဆောင်​ပရဒိသု​ဟာ ကမ္ဘာတစ်ခွင် ကျယ်ပြန့်​လာတယ်။ ပုံဆောင်​ပရဒိသု​ထဲ ရှိနေ​သူ​တွေ​ဟာ သတင်းကောင်း ထက်ထက်သန်သန် ကြေညာ​ကြတယ်။ အသင်းတော်သစ်တွေ တည်ထောင်​ကြတယ်။ ခရစ်ယာန် အရည်အသွေးတွေ ပြကြတယ်။ အကျင့်ပျက်​တဲ့၊ ကြမ်းတမ်းတဲ့ ဘဝ​ပုံစံ ရှိခဲ့​သူ​တွေ​ဟာ ‘အလိုတော်အတိုင်း ဘုရားသခင် ဖန်ဆင်း​တဲ့ စရိုက်သစ်​ကို ဝတ်ဆင်’ လာကြတယ်။ (ဧ. ၄:၂၄) ကမ္ဘာသစ်​မှာ ဟေရှာယ ပရောဖက်ပြုချက် ပကတိ​သဘော​နဲ့ ပြည့်စုံ​ဦးမယ်။ ဒါပေမဲ့ ပုံဆောင်​ပရဒိသု​ထဲ ရှိနေလို့ အခုကတည်းက အများကြီး အကျိုးရနေ​တယ်။ ဘာအကျိုးတွေ ရနေသလဲ။ ပုံဆောင်​ပရဒိသု​ကနေ ဘာကြောင့် ထွက်​မ​သွား​သင့်​သလဲ။

ETSAKNA PARADAIS SUNGA OM MITE’N HAMPHATNA NGAH UH

5. Isaiah 65:13-a kamciam mah bangin, etsakna paradais-ah bang thute hangin nuamsa i hiam?

အာဟာရ​ပြည့် လန်းဆန်းမှု။ ပုံဆောင်​ပရဒိသု အတွင်း​နဲ့ အပြင် ဘယ်လောက် ကွာခြား​ကြောင်း ဟေရှာယ ပရောဖက်ပြုချက်မှာ ဖော်ပြထားတယ်။ (ဟေရှာယ ၆၅:၁၃ ကို ဖတ်ပါ။) ပုံဆောင်​ပရဒိသု​ထဲ ရှိနေ​သူ​တွေ မိမိနဲ့ ရင်းနှီး​ဖို့ လိုအပ်သမျှ ယေဟောဝါ ဖောဖောသီသီ ပေးထားတယ်။ သန့်ရှင်းသော စွမ်းအားတော်၊ ကျမ်းစာ၊ ကျမ်းစာ​လမ်းညွှန်ချက်တွေ ပေးထားတယ်။ ဒါကြောင့် ကျွန်တော်တို့ “စား​ရ . . . သောက်​ရ . . . ဝမ်းမြောက်​ရ” တယ်။ (ဗျာဒိတ် ၂၂:၁၇ နဲ့ နှိုင်းယှဉ်ပါ။) ပုံဆောင်​ပရဒိသု​အပြင်မှာ ရှိသူတွေကတော့ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မရှိကြဘူး။ “ဆာလောင် . . . ရေငတ် . . . အရှက်ကွဲ” ကြတယ်။—အာ. ၈:၁၁

6. Jehovah’ hong vaihawmsak thu pawlkhat pen Joel 2:21-24 ah koi bangin gen a hiam? Hih vaihawmnate pan hamphatna koici ngah thei i hiam?

ကောက်နှံ၊ စပျစ်ဝိုင်၊ သံလွင်ဆီ စတဲ့ အဓိက စားသုံး​ကုန်​တွေ​ကို ယေဟောဝါ အလျှံပယ် ပေးတယ်လို့ ယောလ ပရောဖက်ပြုချက်မှာ ဖော်ပြတယ်။ ကျမ်းစာ​လမ်းညွှန်ချက်တွေ​အပြင် ယုံကြည်ခြင်း ခိုင်ခံ့စေဖို့ လိုအပ်သမျှ ပြင်ဆင်​ပေးတာကို ဆိုလိုတာ​ပါ။ (ယောလ ၂:၂၁-၂၄) ကျမ်းစာ၊ ကျမ်းစာ​အခြေပြု​စာပေတွေ၊ ဝက်ဘ်ဆိုက်​အပြင် အစည်းအဝေးတွေ၊ စည်းဝေးပွဲတွေ၊ အစည်းအဝေးကြီး​တွေ​ကတစ်ဆင့် ပြင်ဆင်​ပေးနေတာ။ ဒီ​ပြင်ဆင်ပေးချက်တွေကနေ နေ့တိုင်း အကျိုးရနေ​လို့ ကျွန်တော်တို့ အာဟာရ​ပြည့်​သည်ထက် ပြည့်၊ လန်းဆန်း​သည်ထက် လန်းဆန်း​နေကြတယ်။

7. Bang in hong ‘lungdamsak’ a hiam? (Isaiah 65:14)

ပျော်ရွှင်​ကျေနပ်မှု။ ယေဟောဝါကို ကျေးဇူးတင်​လွန်းလို့ ဘုရား​လူမျိုး “ရွှင်လန်းစွာ ကြွေးကြော်” တယ်။ (ဟေရှာယ ၆၅:၁၄ ကို ဖတ်ပါ။) အားရှိစေတဲ့ ကျမ်းစာ​အမှန်တရားတွေ၊ ကျမ်းစာက​တိ​တွေ၊ ရွေးဖိုးကြောင့် ရလာတဲ့ မျှော်လင့်ချက်​တွေ​ဟာ “စိတ်​ကြည်နူး” ရတဲ့ အကြောင်းရင်းတွေ​ပါပဲ။ ညီအစ်ကို/မ​အချင်းချင်း ဒီအကြောင်းတွေ ပြော​ရင်း သိပ်​ပျော်ရွှင်​ကျေနပ်​ကြတယ်။—ဆာ. ၃၄:၈။ ၁၃၃:၁-၃

8. Etsakna paradais ii a thupi diak a lamdang thu nih in bang a hiam?

ပုံဆောင်​ပရဒိသု​ရဲ့ အဓိက ထူးခြားချက် နှစ်ချက်​ကတော့ မေတ္တာနဲ့ စည်းလုံးမှု​ပါ။ ‘စည်းလုံးခြင်း​နှောင်ကြိုး’ က ကမ္ဘာသစ်​အသက်တာကို မြင်ယောင်​စေ​တယ်။ ကမ္ဘာသစ်​မှာ​ဆိုရင် ဘုရား​ကျေးကျွန်တွေ အခု​ထက် မေတ္တာ တိုးများ​နေ​ကြ​မှာ။ ပိုစည်းလုံး​နေ​ကြ​မှာ။ (ကော. ၃:၁၄) “မိသားစု​အတွင်းမှာ​တောင် ပျော်ရွှင်မှု​ဆိုတာ ဘာ​မှန်း ကျွန်မ မသိခဲ့ဘူး။ ယေဟောဝါ​သက်သေတွေ​နဲ့ တွေ့​မှ​ပဲ အချင်းချင်း မေတ္တာစစ်​နဲ့ ချစ်တယ်ဆိုတာ မြင်ဖူး​တာ” လို့ ယေဟောဝါ​သက်သေတွေ​နဲ့ စ​တွေ့​ချိန်​က​အကြောင်း ညီအစ်မ​တစ်ယောက် ပြောတယ်။ စစ်မှန်တဲ့ ပျော်ရွှင်မှု၊ ကျေနပ်မှု ခံစားချင်​သူ​တိုင်း ပုံဆောင်​ပရဒိသု​ထဲ ရှိနေ​သင့်တယ်။ လောက,က ဘယ်လို သမုတ်​ပါ​စေ ယေဟောဝါ​သက်သေတွေဟာ ဘုရား​မျက်နှာသာ ရထားကြတယ်။ ဘုရားရှေ့၊ ဝတ်ပြုသူ​တွေ​ရှေ့မှာ နာမည်ကောင်း ရထားကြတယ်။ ဒါကြောင့်​လည်း ‘ငါ့​ကျွန်တွေကို နာမည်​နောက်တစ်မျိုးနဲ့ မှ​ည့်​ခေါ်မယ်’ လို့ ယေဟောဝါ ပြောတာ။—ဟေရှာ. ၆၅:၁၅

9. A khasiathuai thute tawh kisai-in Isaiah 65:16, 17 ah bang kamciam hong pia a hiam?

ဘဝ​အမော​ပြေ အေးချမ်းမှု။ ပုံဆောင်​ပရဒိသု​အပြင်မှာ ရှိသူ​တွေ “စိတ်နာကျင်​နေတဲ့အတွက် ညည်းတွား​အော်ဟစ်​မယ်။ စိတ်​ကြေကွဲ​နေတဲ့အတွက် ငိုကြွေး​မြည်တမ်း​ရလိမ့်မယ်” လို့ ဟေရှာယ ၆၅:၁၄ မှာ ဖော်ပြထားတယ်။ ဘုရား​လူမျိုး​လည်း စိတ်နာကျင်​ကြေကွဲစရာ​တွေ ကြုံနေရတာ​ပဲ။ ဒါပေမဲ့ အဲဒါတွေ တဖြည်းဖြည်း “မေ့လျော့​သွားမယ်။ . . . [ဘုရား] ရှေ့​ကနေ ပျောက်ကွယ်​သွားမယ်။” (ဟေရှာယ ၆၅:၁၆၊ ၁၇ ကို ဖတ်ပါ။) ဒုက္ခပြဿနာတွေ​ကို ယေဟောဝါ အဆုံးတိုင်​ပေးမယ်။ ဒုက္ခပြဿနာတွေ​ကြောင့် ဘယ်လို ခံစားခဲ့ရတယ်ဆိုတာ​ပါ မေ့​ပျောက်သွားအောင် လုပ်ပေးမယ်။

10. Pasian’ pawlpi sunga omna in thupha hi, ci-in bang hang ngaihsun na hiam? (Lim zong en in.)

၁၀ အခု​အချိန်မှာ​တောင် ခရစ်ယာန် အစည်းအဝေးတွေ တက်တဲ့အခါ ကျွန်တော်တို့ ဘဝ​အမော​ပြေ​သွားကြတယ်။ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ကြင်နာခြင်း၊ နူးညံ့သိမ်မွေ့ခြင်း စတဲ့ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ ကျွန်တော်တို့ ပြတာ​ဟာ ဒီ​အသိုက်အမြုံ​လေး အေးချမ်း​နေဖို့ ဝိုင်းဝန်း​ကူညီရာ​ရောက်တယ်။ (ဂလ. ၅:၂၂၊ ၂၃) ဘုရား​အဖွဲ့အစည်း​ထဲ ရှိနေ​ရတာ ကောင်းချီးပါပဲ။ ပုံဆောင်​ပရဒိသု​ထဲ ဆက်​ရှိမယ်ဆိုရင် ‘ကောင်းကင်​သစ်၊ မြေကြီး​သစ်’ နဲ့​ပတ်သက်တဲ့ ဘုရားက​တိ အကုန်အစင် ပြည့်စုံ​လာတာ မြင်ရမယ်။

ဘုရား​မိသားစုဝင်အဖြစ် ပုံဆောင်​ပရဒိသုမှာ ရှိနေ​ရတာ ကောင်းချီးပါပဲ (စာပိုဒ် ၁၀ ကို ကြည့်ပါ) c


11. Isaiah 65:18, 19-a a gen bangin, Jehovah’ piansak ahi etsakna paradais-ah om ihih manin koi banga i ngaihsut ding kisam a hiam?

၁၁ ဂုဏ်ယူ​ဝမ်းမြောက်မှု။ ပုံဆောင်​ပရဒိသုမှာ ရှိနေလို့ ဘာကြောင့် “ရွှင်လန်း​ဝမ်းမြောက်” သင့်​ကြောင်း ဟေရှာယ ဆက်ပြောတယ်။ ပုံဆောင်​ပရဒိသု​ဆိုတာ ယေဟောဝါ ဖန်ဆင်းထားတာ။ (ဟေရှာယ ၆၅:၁၈၊ ၁၉ ကို ဖတ်ပါ။) ဘုရားအကြောင်း အမှန်အတိုင်း မ​သင်ပေးတဲ့ အဖွဲ့အစည်းတွေက​နေ လူတွေ ထွက်လာဖို့၊ လှပတဲ့ ပုံဆောင်​ပရဒိသု​ထဲ ဝင်လာ​ဖို့ ကျွန်တော်တို့ကို ယေဟောဝါ သုံး​နေတယ်။ ပုံဆောင်​ပရဒိသု​ထဲ ကောင်းချီးတွေ ခံစား​နေ​ရလို့ ကျွန်တော်တို့ သိပ်​ဝမ်းမြောက်ကြတယ်။ ဒီ​ကောင်းချီးတွေ​အကြောင်း တခြားသူတွေကို ပြန်​ဝေမျှချင်​ကြတယ်။—ယေ. ၃၁:၁၂

12. Isaiah 65:20-24-a lametna hangin na lungsim bangci om a hiam? Bang hang hiam?

၁၂ ကမ္ဘာသစ်​မျှော်လင့်ချက်ကြောင့်​လည်း ကျွန်တော်တို့ သိပ်​ဂုဏ်ယူ​ဝမ်းမြောက်ကြတယ်။ ကမ္ဘာသစ်​အသက်တာကို မြင်ယောင်​ကြည့်ပါ။ “ရက်အနည်းငယ်ပဲ အသက်ရှင်​တဲ့ နို့စို့​ကလေးတွေ ရှိမှာ မဟုတ်ဘူး။ သက်တမ်းစေ့ မနေ​ရတဲ့ အသက်ကြီးသူတွေ​လည်း ရှိမှာ မဟုတ်ဘူး။” “အိမ်တွေ ဆောက်ပြီး ကိုယ်တိုင် နေထိုင်​ရလိမ့်မယ်။ စပျစ်ခြံတွေ စိုက်ပြီး စပျစ်သီး​တွေ​ကို ကိုယ်တိုင် စားသုံး​ရလိမ့်မယ်။” “အပင်ပန်းခံ​ခဲ့​သမျှ အချည်းနှီး ဖြစ်မှာ မဟုတ်ဘူး။” “ယေဟောဝါ ပေးတဲ့ ကောင်းချီးကို ခံစားရ” လို့​ပဲ။ အေးချမ်းပြီး ကျေနပ်စရာကောင်းတဲ့၊ အဓိပ္ပာယ် ပြည့်ဝ​တဲ့ အသက်တာ ပိုင်ဆိုင်​ရမယ်။ အကူအညီ တောင်းဖို့ “မ​ခေါ်​ခင်ကတည်းက” ကျွန်တော်တို့ ဘာ​လိုသလဲ ယေဟောဝါ သိနေမယ်။ “သက်ရှိ​အားလုံးရဲ့ လိုအင်ဆန္ဒ​ကို ဖြည့်ဆည်းပေး” မယ်။—ဟေရှာ. ၆၅:၂၀-၂၄။ ဆာ. ၁၄၅:၁၆

13. Isaiah 65:25-a a gen bangin, Jehovah a biak theih nadingun mi te’n koi bang kikhelna na bawl uh a hiam?

၁၃ ငြိမ်းချမ်း​လုံခြုံမှု။ သားရဲ​တိရစ္ဆာန်​စရိုက် ရှိသူတွေဟာ ဘုရား​စွမ်းအားတော် အကူအညီကြောင့် အပြောင်းအလဲကြီးတွေ လုပ်နိုင်​ခဲ့ကြတယ်။ (ဟေရှာယ ၆၅:၂၅ ကို ဖတ်ပါ။) အကျင့်ဆိုးတွေ ချွတ်ပစ်​နိုင်​ခဲ့ကြတယ်။ (ရော. ၁၂:၂။ ဧ. ၄:၂၂-၂၄) မစုံလင်သူတွေ ဖြစ်နေဆဲ​မို့ အမှား​တော့ လုပ်မိ​နေ​ဦး​မှာ​ပဲ။ ဒါပေမဲ့ မိမိ​ဆွဲဆောင်​ထားတဲ့ “လူအမျိုးမျိုးကို” မေတ္တာ၊ စည်းလုံးခြင်း​နှောင်ကြိုး​နဲ့ ယေဟောဝါ ရစ်ပတ်​ထားလို့ ငြိမ်းချမ်း​လုံခြုံ​နေကြတယ်။ (တိ. ၂:၁၁) အံ့ဩစရာ​ပါပဲ။ အနန္တ​တန်ခိုးရှင်​မို့လို့​သာ ဒါမျိုး လုပ်နိုင်တာ။

14. Isaiah 65:25 man ahihlam unaupa khat in koi bang tuahkhakna nei a hiam?

၁၄ လူတွေ တကယ် စရိုက် ပြောင်းနိုင်သလား။ လူငယ်​တစ်ယောက်ရဲ့ တွေ့ကြုံမှုကို စဉ်းစားကြည့်ပါ။ ဘယ်အချိန်ဖြစ်ဖြစ် တိုက်မယ်ခိုက်မယ်​ဆို​တာချည်းပဲ။ အကျင့်ပျက် ကြမ်းတမ်း​တယ်။ ကား​ခိုးမှု၊ ဖောက်ထွင်းမှု၊ တခြား​ပြစ်မှု​ကြီး​တွေ ကျူးလွန်​တယ်။ အသက် ၂၀ ပဲ ရှိသေးပေမဲ့ ထောင်က အိမ်​ဦး​နဲ့ ကြမ်းပြင်​လို ဖြစ်နေပြီ။ ဒါပေမဲ့ ကျမ်းစာ​အမှန်တရား စ​သိ​ချိန်၊ အစည်းအဝေးတွေ စတက်ချိန်မှာ ပုံဆောင်​ပရဒိသု​ဆိုတာ ကိုယ်​ရှိနေ​ရမယ့် နေရာ​ပဲ​လို့ ခံစားလာရတယ်။ ဒါနဲ့ နှစ်ခြင်းခံလိုက်တယ်။ ဟေရှာယ ၆၅:၂၅ မှန်ကန်ကြောင်း ကိုယ်တွေ့ ခံစားရတယ်။ ဝံပုလွေ​လို လူကြမ်း​ကြီး​ကနေ သိုးလို လူ​အေး​လေး ဖြစ်လာတာ​ပဲ။

15. Etsakna paradais sungah bang hangin midangte tungsak nuam i hiam? A hong tun nadingun koici huh thei i hiam?

၁၅ “အချုပ်အခြာအာဏာ​ပိုင်ရှင် ယေဟောဝါ ပြောတာက” ဆိုပြီး ဟေရှာယ ၆၅:၁၃ ကို အစချီ​ထားတယ်။ “ယေဟောဝါ ပြောတယ်” ဆိုပြီး အခန်းငယ် ၂၅ ကို နိဂုံးချုပ်ထားတယ်။ ယေဟောဝါ ပြောရင် ပြောတဲ့​အတိုင်း အမြဲ ပြည့်စုံ​တယ်။ (ဟေရှာ. ၅၅:၁၀၊ ၁၁) ပုံဆောင်​ပရဒိသု ရှိနေပြီ။ ပုံဆောင်​ပရဒိသုမှာ ထူးခြားတဲ့ ကမ္ဘာချီ​မိသားစု​အဖြစ် ဘုရား​လူမျိုး နေ​နေတယ်။ ကြမ်းတမ်းတဲ့ လောက​အလယ်မှာ ရှိပေမဲ့ ငြိမ်သက်​အေးချမ်း​နေတယ်။ (ဆာ. ၇၂:၇) ဒါကြောင့် တခြားသူတွေကိုလည်း ပုံဆောင်​ပရဒိသု​ထဲ ရောက်​လာစေချင်တယ်။ ရောက်လာဖို့ ကူညီပေးနိုင်ပါတယ်။ တပည့်ဖြစ်စေခြင်း​လုပ်ငန်း​အားဖြင့်​ပါ။—မ. ၂၈:၁၉၊ ၂၀

ETSAKNA PARADAIS SUNGAH MIDANGTE KOICI KAIH THEIH DING I HIAM?

16. Pasian in etsakna paradais sungah mite koi bangin kai a hiam?

၁၆ နေချင်စဖွယ် ပုံဆောင်​ပရဒိသု ဖြစ်ဖို့ ကျွန်တော်တို့ ယောက်တိုင်း​မှာ တာဝန် ရှိတယ်။ တာဝန်ကျေ​ဖို့ ယေဟောဝါ​ဘုရားကို အတု​ယူရမယ်။ ပုံဆောင်​ပရဒိသု​ထဲ လူတွေကို ဘုရား တရွတ်တိုက် မ​ဆွဲ​ဘူး။ ညင်ညင်သာသာ “ဆွဲဆောင်” တယ်။ (ယော. ၆:၄၄။ ယေ. ၃၁:၃) ဘုရားရဲ့ မေတ္တာ၊ နှစ်လိုဖွယ် အရည်အသွေးတွေ သိလာတဲ့အခါ စိတ်ရိုးဖြောင့်သူတွေ တင်းမခံနိုင်​ကြ​ဘူး။ ဘုရား ဆွဲခေါ်​ရာ​နောက် ပါလာကြတယ်။ ကျွန်တော်တို့​ကော အရည်အသွေးကောင်း​တွေ၊ အမူ​အကျင့်ကောင်းတွေ​အားဖြင့် လူတွေကို ဘယ်လို ဆွဲဆောင်​နိုင်​မလဲ။

17. Koi bang danin midangte muhna-ah etsakna paradais pen tennophuai hisak thei i hiam?

၁၇ ကျွန်တော်တို့ အချင်းချင်း မေတ္တာ၊ ကြင်နာမှုနဲ့ ဆက်ဆံတဲ့အခါ တခြားသူတွေ​အမြင်မှာ ပုံဆောင်​ပရဒိသု​ဟာ နေချင်စဖွယ် ဖြစ်လာတယ်။ “ခင်ဗျားတို့နဲ့​အတူ ဘုရားသခင် တကယ် ရှိတာပဲ” လို့ ရှေးကောရိန္သု​အသင်းတော်မှာ အစည်းအဝေး လာ​တက်​ပုံ​ရတဲ့ မယုံကြည်သူတွေ ကောက်ချက်ချကြတယ်။ (၁ ကော. ၁၄:၂၄၊ ၂၅။ ဇာ. ၈:၂၃) ကျွန်တော်တို့​ဆီ အစည်းအဝေး လာတက်တဲ့ လူသစ်တွေကိုလည်း အဲဒီလို ကောက်ချက်ချ​စေချင်တယ်။ အဲဒီလို ကောက်ချက်ချ​စေ​ချင်ရင် ကျမ်းစာ အကြံ​ပေးတဲ့​အတိုင်း “အချင်းချင်း သင့်သင့်မြတ်မြတ် ရှိ​ကြ” ရမယ်။—၁ သက်. ၅:၁၃

18. Etsakna paradais sungah mite koici kaih theih ding i hiam?

၁၈ ညီအစ်ကို/မတွေကို ယေဟောဝါ မြင်သလို အမြဲ မြင်ပါ။ သူတို့ရဲ့ ကောင်းကွက်တွေ​ကို ကြည့်ပါ။ မကြာခင် ပျောက်ကွယ်​သွား​မယ့် အားနည်းချက်တွေကို မ​ကြည့်ပါ​နဲ့။ မပြေလည်​တာ​တွေ ရှိရင် မေတ္တာပါပါ ဖြေရှင်း​ပါ။ အမြဲတမ်း “အချင်းချင်း သနား​ကြင်နာ​ကြ​ပါ။ ကရုဏာ​ပြ​ကြ​ပါ။ . . . ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။” (ဧ. ၄:၃၂) အဲဒီလို ဆက်ဆံ​ခံ​ချင်​သူ​ဆိုရင် ပုံဆောင်​ပရဒိသု​ထဲ ဝင်လာလိမ့်မယ်။ b

ETSAKNA PARADAIS SUNGAH OM IN

19. (a) “ A Paikhiat Uh Hang, Hong Kilehkik Uh” cih kiu li bawm sunga a gen bangin, etsakna paradais-a a hong kilehkik khit ciangun mi pawlkhat in bang gen a hiam? (b) Bang i khensat kholh ding kisam a hiam? (Lim zong en in.)

၁၉ ပုံဆောင်​ပရဒိသု ပို​ပို​လှ​လာပြီ။ နေထိုင်သူတွေ ပို​ပိုများလာ​ပြီ။ ပုံဆောင်​ပရဒိသု ဖန်ဆင်း​ပေးထားလို့ ယေဟောဝါကို အမြဲ ကျေးဇူးတင်​သွား​ကြရအောင်။ လန်းဆန်း၊ ကျေနပ်၊ တည်ငြိမ်၊ လုံခြုံ​ချင်​သူ​တိုင်း ပုံဆောင်​ပရဒိသု​ထဲ ဝင်လာ​သင့်​တယ်။ ဘယ်တော့မှ ထွက်​မ​သွား​သင့်​ဘူး။ ဒါပေမဲ့ မထွက်​ထွက်​အောင် စာတန် လုပ်နေ​လို့ သတိထားပါ။ (၁ ပေ. ၅:၈။ ဗျာ. ၁၂:၉) စာတန်ကို အ​ခွင့်​မ​ပေးပါ​နဲ့။ လှပ၊ စင်ကြယ်၊ ငြိမ်သက်​နေတဲ့ ပုံဆောင်​ပရဒိသု​ကို ကြိုးစား​ထိန်းသိမ်း​သွား​ကြပါစို့။

ပုံဆောင်​ပရဒိသု​ထဲ ဆက်​ရှိနေ​သူ​တွေ​ဟာ အနာဂတ် တကယ့် ပရဒိသုမှာ​လည်း နေခွင့်​ရမယ် (စာပိုဒ် ၁၉ ကို ကြည့်ပါ)


NANGH BANGCI DAWNG DING?

  • Etsakna paradais cih in bang a hiam?

  • Etsakna paradais-ah bang thuphate kingah a hiam?

  • Etsakna paradais sungah midangte koici kaih theih ding i hiam?

သီချင်း ၁၄၄ ဆုလာဘ်တော်ကို မျက်ခြည်မပြတ်စေနဲ့

a စကားလုံး ရှင်းလင်းချက်။ “ပုံဆောင်​ပရဒိသု” ဆိုတာ ယေဟောဝါကို ကိုးကွယ်သူတွေရဲ့ အသိုက်အမြုံ ဖြစ်တယ်။ ပုံဆောင်​ပရဒိသုမှာ ယေဟောဝါနဲ့​ကော အချင်းချင်းနဲ့ပါ ကျွန်တော်တို့ သင့်မြတ်​ငြိမ်းချမ်း​တဲ့ ဆက်ဆံရေး ရှိကြတယ်။

b အခု သူတို့ ဘယ်မှာလဲ။ အယ်လီနာ ဇီနီကိုဗာအိပ်မက် တကယ် ဖြစ်​လာ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။ ပုံဆောင်​ပရဒိသုမှာ ရှိနေလို့ ညီအစ်မ ရတဲ့ ကောင်းချီးတွေကို သတိပြုပါ။

c ပုံအညွှန်း– အစည်းအဝေးမှာ တခြားသူတွေနဲ့ ပေါင်းသင်းခြင်းအားဖြင့် ညီအစ်ကို/မများစွာ အကျိုး​ရယူ​နေ။ ညီအစ်ကို​တစ်ယောက်ကတော့ သီးသန့်​နေ။