Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 16

LA 64 ရိတ်သိမ်းခြင်း​မှာ ပျော်ရွှင်စွာ

Pasian’ Nasepna-ah Nuam I Sak Theih Dan

Pasian’ Nasepna-ah Nuam I Sak Theih Dan

“Lungdamna tawh Jehovah’ na sem un.”LA. 100:2.

အာရုံစိုက်​ရာ

အမှုဆောင်မှာ ပို​ပျော်​စေ​မယ့် နည်း​တွေ လေ့လာ​သွား​ကြ​မယ်။

1. Lungdamna thu taangkona tawh kisai-in mi pawlkhat in koici ngaihsut uh a hiam? (Lim zong en in.)

 ကောင်းကင်ဘုံစံ​အဖ​ကို ချစ်လို့၊ အဖ​အကြောင်း လူတွေကို သိစေချင်​လို့ ကျွန်တော်တို့ ဟောပြောကြတယ်။ ညီအစ်ကို/မများစွာဟာ ဟောပြော​ရတာ နှစ်ခြိုက်​ကြတယ်။ တချို့ကတော့ ဟော​သာ ဟော​နေတယ်။ မနှစ်ခြိုက်​တတ်​ဘူး ဖြစ်နေတယ်။ ရှက်တတ်​လို့၊ အဟောအပြော မကောင်းဘူး​လို့ ခံစားရလို့ ဖြစ်နိုင်တယ်။ ဖိတ်ခေါ်​မခံရ​ဘဲ တခြားသူ​အိမ် မ​သွား​ချင်လို့ ဖြစ်နိုင်တယ်။ ခါးခါးသီးသီး တုံ့ပြန်​ခံရမှာ စိုးလို့ ဖြစ်နိုင်တယ်။ ကိုယ့်​ကြောင့် သူတစ်ပါး စိတ်​အနှောင့်​အယှက် မဖြစ်စေဖို့ ငယ်ငယ်ကတည်းက သွန်သင်ခံ​ထား​ရလို့ ဖြစ်နိုင်တယ်။ ယေဟောဝါ​ဘုရားကို သိပ်​ချစ်​ပေမဲ့ ဒီလို​ခံစားချက်တွေ​ကြောင့် အခက်တွေ့​နေကြတယ်။ ဒါပေမဲ့ ဟောပြောခြင်း​လုပ်ငန်း အရေးကြီးမှန်း သိလို့ ဒီလုပ်ငန်းမှာ မှန်မှန် ပါဝင်ကြတယ်။ ယေဟောဝါ သိပ်ကို နှစ်သက်မှာ။

အမှုဆောင်ရတာ ပျော်သလား (စာပိုဒ် ၁ ကို ကြည့်ပါ)


2. Pasian’ nasepna-ah nuamsa lo ihih leh bang hang lungkiat ding hi lo a hiam?

သင်​ကော အဲဒီလို​ခံစားချက်တွေ​ကြောင့် အမှုဆောင်ရတာ မပျော်မရွှင် ဖြစ်​နေ​သ​လား။ စိတ်ဓာတ်​မကျပါနဲ့။ ရှက်​တယ်၊ အဟောအပြော မကောင်းဘူး​လို့ ခံစားရတယ်ဆိုတာ နှိမ့်ချ​သူ၊ အာရုံစိုက်​မခံ​ချင်​သူ၊ အငြင်းအခုံ မ​လုပ်ချင်​သူမို့လို့ ဖြစ်နိုင်တယ်။ ဘယ်သူမှ ခါးခါးသီးသီး တုံ့ပြန်​မခံ​ချင်ဘူး။ အထူးသဖြင့် တခြားသူ​အကျိုး သယ်ပိုး​နေ​သူ​ဆိုရင်​ပေါ့။ သင် ခံစားနေရတာ​ကို ကောင်းကင်ဘုံစံ​အဖ ကောင်းကောင်း သိတယ်။ ကူညီပေးချင်တယ်။ (ဟေရှာ. ၄၁:၁၃) အဲဒီ​ခံစားချက်တွေ ဖျောက်​နိုင်ဖို့၊ အမှုဆောင်မှာ ပျော်ဖို့ အကြံပြုချက် ငါး​ချက်ကို ဒီဆောင်းပါးမှာ ဆွေးနွေး​သွား​ကြ​မယ်။

PASIAN’ KAMMAL PAN THA LA IN

3. Kamsang Jeremiah in thu a gen ngam nadingin bang in huh a hiam?

ရှေးသစ္စာရှိ ကျေးကျွန်တွေ ခက်ခဲတဲ့ တာဝန် ရချိန်မှာ ဘုရားဆီ​က သတင်းစကားကြောင့် အားရှိ​သွားကြတယ်။ ပရောဖက် ယေရမိ​အကြောင်း သုံးသပ်ကြည့်ပါ။ ဟောဖို့ တာဝန်​ရတုန်း​က မဝံ့မရဲ ဖြစ်နေတယ်။ “ကျွန်တော်ဟာ လူငယ်လေးပါ။ ပြောတတ်​ဆို​တတ်​သူ မဟုတ်ပါဘူး” လို့ ပြောတယ်။ (ယေ. ၁:၆) ဟောရဲဖို့ ဘာက ကူညီပေးသလဲ။ ဘုရား​နှုတ်ထွက်​စကားက ကူညီပေးတာ​ပါ။ “နှုတ်ထွက်​စကားတွေ​ဟာ အရိုး​ကို လောင်မြှိုက်တဲ့ မီး​လိုပဲ။ ချုပ်တည်း​ရ​လွန်းလို့ ပင်ပန်း​လှ​ပြီ” လို့ ပြောတယ်။ (ယေ. ၂၀:၈၊ ၉) ဟော​ရမယ့် ရပ်ကွက် မ​ကောင်းပေမဲ့ ဘုရား ဟော​ခိုင်းတဲ့ သတင်းစကားကြောင့် အားရှိသွားတယ်။

4. Lai Siangtho i sim ciangin le lungngaihngaih ciangin bang hamphatna kingah a hiam? (Kolose 1:9, 10)

ခရစ်ယာန်တွေ​လည်း ကျမ်းစာမှာ ပါတဲ့ ဘုရားဆီ​က သတင်းစကားကြောင့် အားရှိကြတယ်။ ဘုရား​အလိုတော်ကို တိကျမှန်ကန်စွာ သိမှသာ ‘ဘုရားသခင်နဲ့ ထိုက်တန်​စွာ လျှောက်လှမ်း​နိုင်​ကြ​မှာ​ပါ။ ကောင်းမှု​အမျိုးမျိုး လုပ်ဆောင်တဲ့အခါ​မှာ​လည်း ရလဒ်ကောင်း ရရှိကြ​မှာ​ပါ’ လို့ ကောလောသဲ​အသင်းတော်ဆီ ရေးတဲ့ စာမှာ တမန်တော် ပေါလု ပြောတယ်။ (ကောလောသဲ ၁:၉၊ ၁၀ ကို ဖတ်ပါ။) ကျမ်းစာ​ဖတ်တဲ့အခါ၊ တွေးတော​ဆင်ခြင်​တဲ့အခါ ဘုရားကို ပို​ယုံ​လာမယ်။ ကောင်းမှု​တစ်မျိုး ဖြစ်တဲ့ နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်း အရေးကြီးကြောင်း ပို​သဘောပေါက်​လာမယ်။

5. Lai Siangtho simna le kankhiatna pan hamphatna a kicinga ngah nadingin bang sem thei i hiam?

အကျိုးအပြည့်အဝ ရချင်ရင် ကျမ်းစာ​ဖတ်၊ လေ့လာ၊ တွေးတော​တဲ့အခါ မလောပါနဲ့။ အချိန်ယူပါ။ နားမလည်တဲ့ ကျမ်းပိုဒ် ရှိရင် မ​ကျော်လိုက်​ပါ​နဲ့။ ယေဟောဝါ​သက်သေတွေ​အတွက် ကျမ်းစာ​လေ့လာမှု လမ်းညွှန် ဒါမှမဟုတ် တခြား​လေ့လာမှု ကိရိယာ သုံးပြီး ထပ်ဆင့် လေ့လာ​ပါ။ အချိန်ယူ လေ့လာတဲ့အခါ ကျမ်းစာအဆို မှန်​ကြောင်း စိတ်ချလာမယ်။ (၁ သက်. ၅:၂၁) စိတ်ချ​လေ သိထားတာ​တွေ တခြားသူတွေကို ပြောပြ​ရတာ ပျော်လေ ဖြစ်လာမယ်။

PASIAN’ NASEPNA ADINGIN LIMTAKIN KIGINGKHOL IN

6. Pasian’ nasepna adingin bang hangin limtaka kiginkholh ding kisam a hiam?

အမှုဆောင်အတွက် ကောင်းကောင်း ပြင်ဆင်ထား​ရင် ပေါ့ပေါ့ပါးပါး ဟော​နိုင်​ပြော​နိုင်မယ်။ အမှုဆောင်ဖို့ တပည့်တွေကို မစေလွှတ်ခင် ယေရှု မှာစရာ ရှိတာ​တွေ မှာတယ်။ (လု. ၁၀:၁-၁၁) မှာ​တဲ့​အတိုင်း တပည့်တွေ လက်တွေ့​လုပ်လို့ ရလဒ်ကောင်းတွေ ရပြီး ဝမ်းသာ​အား​ရကြတယ်။—လု. ၁၀:၁၇

7. Pasian’ nasepna adingin koici kigingkhol thei i hiam? (Lim zong en in.)

အမှုဆောင်အတွက် ဘယ်လို ပြင်ဆင်​နိုင်​သလဲ။ ဘာအကြောင်း ပြော​မလဲ၊ ကိုယ်ပိုင်​စကားနဲ့ သဘာဝကျကျ ဘယ်လို ပြော​မလဲ ကြိုစဉ်းစားထားပါ။ ရပ်ကွက်​က လူတွေ တုံ့ပြန်​လေ့ရှိ​တဲ့ ပုံစံ နှစ်မျိုး၊ သုံးမျိုးနဲ့ အခြေအနေ​တစ်မျိုးစီ​မှာ ကိုယ် ဘယ်လို ပြန်ပြော​မလဲ ကြိုတွေး​ထားပါ။ ပေါ့ပေါ့ပါးပါး၊ ပြုံးပြုံးရွှင်ရွှင်၊ ဖော်ဖော်ရွေရွေ ပြောပါ။

အမှုဆောင်အတွက် ကောင်းကောင်း ပြင်ဆင်​ပါ (စာပိုဒ် ၇ ကို ကြည့်ပါ)


8. Khristiante pen leibeel tawh koici kibang a hiam?

ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်တော်တို့ရဲ့ ကဏ္ဍ​နဲ့ပတ်သက်ပြီး “မြေအိုး​တွေ​လို ဖြစ်တဲ့ ကျွန်တော်တို့​ဆီ​မှာ ဒီ​ဘဏ္ဍာ ရှိနေတယ်” လို့ တမန်တော် ပေါလု ပြောတယ်။ (၂ ကော. ၄:၇) ဘဏ္ဍာ​ဆိုတာ ဘာလဲ။ အသက်ကယ်​လုပ်ငန်း ဖြစ်တဲ့ နိုင်ငံတော် သတင်းကောင်း ဟောခြင်း​ပါ။ (၂ ကော. ၄:၁) မြေအိုး​တွေ​ဆိုတာ​ကော။ သတင်းကောင်း ဟောတဲ့ ဘုရား​ကျေးကျွန်တွေ​ပါ။ ပေါလု​ခေတ်​တုန်းက အစားအစာ၊ ဝိုင်၊ ငွေ​တို့​လို အဖိုးတန် ပစ္စည်းတွေ သယ်​ဖို့ မြေအိုး​တွေ​ကို ကုန်သည်​တွေ သုံးကြတယ်။ အဲဒီလိုပဲ အဖိုးတန် သတင်းကောင်း သယ်ဆောင်​ဖို့ ကျွန်တော်တို့ကို ယေဟောဝါ သုံးတယ်။ ယေဟောဝါရဲ့ အကူအညီကြောင့် ဟောပြောခြင်း​တာဝန် ကျေပွန်နိုင်ဖို့ ခွန်အား ရ​ကြပါလိမ့်မယ်။

HANGSAN NADINGIN THUNGEN IN

9. Launa lungsim koici paikhia thei i hiam? (Lim zong en in.)

တစ်ခါတလေ ကျွန်တော်တို့ လူ​ကြောက်မိနိုင်တယ်။ ခါးခါးသီးသီး တုံ့ပြန်​ခံရမှာ ကြောက်မိနိုင်တယ်။ မဟောဖို့ အမိန့်​ပေး​ခံ​ရတုန်း​က တမန်တော်တွေ ဘာလုပ်ကြသလဲ စဉ်းစားကြည့်ပါ။ ကြောက်​မ​သွား​ဘူး။ ဆက်​မဟောဘဲ မနေဘူး။ “တရားစကားတော်ကို ရဲရဲရင့်ရင့် ဟောပြောနိုင်​ခွင့် ပေးသနားပါ” လို့ ဆုတောင်းတယ်။ ယေဟောဝါ ချက်ချင်း ဖြေပေးတယ်။ (တ. ၄:၁၈၊ ၂၉၊ ၃၁) ကျွန်တော်တို့လည်း ကြောက်စိတ် ဝင်လာ​ရင် ဘယ်လို ဖျောက်​နိုင်​မလဲ။ ဆုတောင်းနိုင်တယ်။ လူတွေကို ကြောက်တဲ့​စိတ်​ထက် ချစ်တဲ့စိတ် ပို​များလာအောင် ကူညီပေးပါ​လို့ ဆုတောင်းပါ။

ရဲစွမ်းသတ္တိ ရဖို့ ဆုတောင်းပါ (စာပိုဒ် ၉ ကို ကြည့်ပါ)


10. Jehovah in ama thu Teci i pan zawh nadingin koi bangin hong huh a hiam? (Isaiah 43:10-12)

၁၀ မိမိရဲ့ သက်သေတွေအဖြစ် ကျွန်တော်တို့ကို ယေဟောဝါ ခန့်ထားတယ်။ သတ္တိရှိဖို့ ကူညီ​မယ်​လို့ ကတိ​ပေးထားတယ်။ (ဟေရှာယ ၄၃:၁၀-၁၂ ကို ဖတ်ပါ။) နည်းလေး​နည်း​အားဖြင့် ကူညီပေးတယ်။ ပထမ၊ ဟောပြော​ချိန်​တိုင်း ကျွန်တော်တို့နဲ့​အတူ ယေရှုကို ရှိနေစေတယ်။ (မ. ၂၈:၁၈-၂၀) ဒုတိယ၊ ကူညီပေးဖို့ ကောင်းကင်တမန်တွေကို တာဝန်​ပေးထားတယ်။ (ဗျာ. ၁၄:၆) တတိယ၊ သိထားတဲ့ ကျမ်းစာ​အကြောင်းအရာတွေ ပြန်မှတ်မိအောင် ကူညီပေးနိုင်တဲ့ သန့်ရှင်းသော စွမ်းအားတော် ပေးထားတယ်။ (ယော. ၁၄:၂၅၊ ၂၆) စတုတ္ထ၊ ညီအစ်ကို/မတွေကို တွဲဖက်​အဖြစ် ပေးထားတယ်။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေရဲ့ အကူအညီကြောင့် ရဲရဲရင့်ရင့် ဆက်​ဟောနိုင်မှာ သေချာတယ်။

KIKHELNA LE A HOIHLAMA MUHNA NEI IN

11. Mi tampi na muh nadingin bang sem thei na hiam? (Lim zong en in.)

၁၁ အိမ်တွေမှာ လူ​သိပ်​မ​တွေ့လို့ စိတ်ဓာတ်ကျ​သ​လား။ ‘အိမ်ရှင်​တွေ အခု ဘယ်​ရောက်နေသလဲ’ လို့ စဉ်းစား​ကြည့်လိုက်ပါ။ (တ. ၁၆:၁၃) ‘အလုပ်သွား​နေ​သ​လား၊ ဈေး​သွား​နေ​သ​လား။’ လမ်းပေါ် သက်သေခံ​ရင် လူ​ပို​တွေ့​မ​လား။ “ဈေးဝယ်​စင်တာ၊ ပန်းခြံ​တို့​လို လူစည်တဲ့ နေရာတွေမှာ သွားရင်း​လာ​ရင်း ဟောဖို့ အခွင့်အရေး ရ​တတ်တယ်” လို့ ညီအစ်ကို ဂျက်ရှဝါ ပြောတယ်။ ဂျက်ရှဝါ​နဲ့ ဇနီး ဘရစ်ဂျက်​ဟာ ညနေစောင်း​တွေ၊ တနင်္ဂနွေ နေ့လယ်​လို အချိန်တွေမှာ ပြောင်း​ဟော​လို့ အိမ်ရှင် တော်တော်​များများ​နဲ့ ဆုံတယ်။—ဧ. ၅:၁၅၊ ၁၆

အချိန်၊ နေရာ ပြောင်း​ဟော​ပါ (စာပိုဒ် ၁၁ ကို ကြည့်ပါ)


12. Mite’ lunglut thute le a up thute koici theihtheih i hiam?

၁၂ ကိုယ်​ဟောတာ လူတွေ စိတ်မဝင်စား​ရင် သူတို့ ဘာ​စိတ်ဝင်စား​သလဲ၊ ဘာ​ယုံကြည်​လက်ခံ​သလဲ သိအောင် လုပ်ပါ။ ဝေစာ​မှာ ပါတဲ့ မေးခွန်းတွေ သုံးပြီး ဂျက်ရှဝါ​နဲ့ ဘရစ်ဂျက် စကား​စ​လေ့ရှိ​ကြတယ်။ ဥပမာ၊ သမ္မာကျမ်းစာကို သင် ဘယ်လို ရှုမြင်ပါ​သလဲ ဝေစာ သုံးပြီး “တချို့က ဘုရားပေး ကျမ်းလို့ ထင်တယ်။ တချို့ကျတော့ အဲဒီလို မထင်​ဘူး။ အစ်ကို/အစ်မ​ကော ဘယ်လို ထင်သလဲ” လို့ မေးကြတယ်။ ဒီလိုနဲ့ စကားဆက်​နိုင်​သွားတယ်။

13. Mite’n a ngaih nop loh uh hang, Pasian’ nasepna bang hangin gualzo a hiam? (Paunak 27:11)

၁၃ ကျွန်တော်တို့ ဟောတာ လူတွေ နားမထောင်​ရင်တောင် အမှုဆောင်​လုပ်ငန်း အောင်မြင်​နေတယ်။ ဟောပြော​သက်သေခံ​နေတာကို​က ယေဟောဝါနဲ့ ယေရှု ပေးတဲ့ တာဝန် ထမ်းဆောင်​နေတာမို့​ပါပဲ။ (တ. ၁၀:၄၂) ဒါကြောင့် ဟော​စ​ရာ လူ​မ​တွေ့​ရင်တောင်၊ ဟောတာ နားမထောင်​ရင်တောင် ကောင်းကင်ဘုံစံ​အဖ​ကို စိတ်​ရွှင်လန်း​နေ​စေ​တယ်​ဆိုတဲ့ အသိကြောင့် ကျွန်တော်တို့ ပျော်ကြတယ်။—ပညာအလိမ္မာ ၂၇:၁၁ ကို ဖတ်ပါ။

14. Unau khat in lungdamna thu a lunglut mi a muh ciangin i vekpi-in bang hangin lungdam i hiam?

၁၄ ညီအစ်ကို/မ​တစ်ယောက် သတင်းကောင်း စိတ်ဝင်စားသူ တွေ့တဲ့​အခါမှာလည်း ကျွန်တော်တို့ ပျော်ကြတယ်။ အမှုဆောင်​လုပ်ငန်းဟာ ကလေး​ပျောက် ရှာ​တာ​နဲ့ တူတယ်လို့ ကင်းမျှော်စင် မှာ ဖော်ပြ​ဖူးတယ်။ ကလေးကို တွေ့ဖို့ အဖွဲ့​လိုက် တစ်နေရာပြီး တစ်နေရာ ရှာကြတယ်။ တွေ့တဲ့အခါ ရှာတွေ့​တဲ့ တစ်ယောက်ပဲ ပျော်တာ မဟုတ်ဘူး။ အားလုံး ပျော်ကြတယ်။ အဲဒီလိုပဲ တပည့်​ဖြစ်စေခြင်း​ဟာ အဖွဲ့​လိုက် လုပ်ရတဲ့ အလုပ် ဖြစ်တယ်။ စေ့စေ့စပ်စပ် ဟောနိုင်ဖို့​ဆိုရင် ညီအစ်ကို/မ​အားလုံးရဲ့ လုပ်အား လိုတယ်။ စိတ်ဝင်စားသူ​တစ်ယောက် အစည်းအဝေး လာတက်တဲ့အခါ ညီအစ်ကို/မ​အားလုံး ပျော်ကြတယ်။

JEHOVAH LE MIDANGTE IT IN

15. Matthai 22:37-39 in Pasian’ nasepna-ah thalawp dingin koici hong huh thei a hiam? (Lim zong en in.)

၁၅ ဟောပြောတာဟာ ယေဟောဝါနဲ့ လူလူချင်းကို ချစ်ကြောင်း ပြ​နိုင်တဲ့နည်း ဖြစ်တယ်ဆိုတာ သတိရရင် အမှုဆောင်မှာ ထက်သန်​လာမယ်။ (မဿဲ ၂၂:၃၇-၃၉ ကို ဖတ်ပါ။) ဘုရားပေး တာဝန် ထမ်းဆောင်​နေတာ ဖြစ်လို့ ဘုရား စိတ်​ရွှင်လန်း​နေ​မှာ​ကို မြင်ယောင်​ကြည့်လိုက်ပါ။ ကျမ်းစာ စ​လေ့လာတဲ့အခါ လူတွေ ကျေနပ်​ပျော်ရွှင်ကြ​မှာ၊ သတင်းတရား လက်ခံပြီး ဘုရားကို ဝတ်ပြုဖို့ ဆုံးဖြတ်တဲ့အခါ ထာဝရ​အသက် ရကြ​မှာ​ကို မြင်ယောင်​ကြည့်​လိုက်ပါ။—ယော. ၆:၄၀။ ၁ တိ. ၄:၁၆

ဟောပြောတာဟာ ယေဟောဝါနဲ့ လူလူချင်းကို ချစ်ကြောင်း ပြ​နိုင်တဲ့နည်း ဖြစ်တယ်ဆိုတာ သတိရရင် အမှုဆောင်မှာ ပိုပျော်လာ​မယ် (စာပိုဒ် ၁၅ ကို ကြည့်ပါ)


16. Inn pan i paikhiat theih loh ciangin Pasian’ nasepna-ah koi bangin nuamsa thei i hiam? Sep theih dan pawlkhat gentehna pia in.

၁၆ အကြောင်းရင်း​တချို့ကြောင့် အိမ်မှာ ခြေချုပ်မိ​နေ​သ​လား။ ဒါဆိုရင် ယေဟောဝါနဲ့ လူလူချင်းကို ချစ်ကြောင်း ပြဖို့ ကိုယ်​လုပ်နိုင်တာကို အာရုံစိုက်ပါ။ ကိုဗစ်-၁၉ ကပ်ရောဂါ​ကာလအတွင်း ညီအစ်ကို ဆမ်မြူရယ်​နဲ့ ညီအစ်မ ဒန်​ညာ အိမ်မှာ ခြေချုပ်မိ​သွားကြတယ်။ ခက်ခဲတဲ့ ကာလအတွင်း မှန်မှန် ဖုန်းဆက် သက်သေခံတယ်။ စာရေး သက်သေခံတယ်။ Zoom နဲ့ ကျမ်းစာ​သင်အံမှုတွေ လုပ်တယ်။ ကင်ဆာ​ကုထုံး ခံယူဖို့ ဆေးခန်း​သွားတဲ့အခါ ဆုံ​ရသူတွေကို ဆမ်မြူရယ် သက်သေခံတယ်။ “အခက်အခဲတွေကြောင့် ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း ချုံးချုံးကျ​လာတယ်။ ဒါကြောင့် အမှုဆောင်မှာ​တော့ ပျော်​နေ​မှ ဖြစ်မယ်” လို့ ဆမ်မြူရယ် ပြောတယ်။ အဲဒီ​အတောအတွင်း ဒန်​ညာ ချော်လဲ​ပြီး အိပ်ရာထဲ သုံးလလောက် လဲသွားတယ်။ ခြောက်လ​လောက် ဘီးတပ်​ကုလားထိုင်​နဲ့ နေ​ရတယ်။ “အခြေအနေ ပေးသလောက် ကြိုးစား​ဟောတယ်။ လာ​ကြည့်​ပေးတဲ့ သူနာပြု​ဆရာမ​လေး​ကို၊ မှာထားတဲ့​ပစ္စည်း လာ​ပို့​သူတွေကို ဟောတယ်။ ဆေး​ကုမ္ပဏီ​ဝန်ထမ်း​တစ်ယောက်ကို​လည်း ကျမ်းစာ​အကြောင်းအရာတွေ ဖုန်းဆက် ပြောပြနေတယ်” လို့ ဒန်​ညာ ပြောတယ်။ ဆမ်မြူရယ်​နဲ့ ဒန်​ညာ အရင်ကလောက် မ​လုပ်နိုင်ပေမဲ့ တတ်နိုင်​တာ လုပ်ကြတယ်။ ပျော်ရွှင်ကြတယ်။

17. Hih thulu-a thuhilhnate pan hamphatna na ngah nadingin bang sem thei na hiam?

၁၇ ဒီဆောင်းပါးမှာ ပါတဲ့ အကြံပြုချက် တစ်ချက်စီ​ဟာ ဟင်းချက်နည်း​ထဲက ပါဝင်​ပစ္စည်းတွေ​နဲ့ တူတယ်။ ပါဝင်​ပစ္စည်း​အားလုံး ထည့်​ချက်​မှ အရသာရှိတဲ့ ဟင်းတစ်ခွက် ရလာ​မှာ။ ဒါကြောင့် ဆောင်းပါးမှာ ပါတဲ့ အကြံပြုချက်​အားလုံး လက်တွေ့​အသုံးချပါ။ ဒါဆိုရင် ရလဒ်ကောင်းတွေ ရလာမယ်။ အပျက်သဘော ခံစားချက်တွေ ဖျောက်​နိုင်မယ်။ အမှုဆောင်မှာ ပိုပျော်လာ​မယ်။

NANGH BANGCI DAWNG DING?

  • Hun pia-a kiginkholhna in Pasian’ nasepna-ah nuamsa dingin koi bangin hong huh ding a hiam?

  • Hangsan nadinga thungetna in Pasian’ nasepna-ah nuamsa dingin koi bangin hong huh ding a hiam?

  • Jehovah le midangte itna in Pasian’ nasepna-ah nuamsa dingin koi bangin hong huh ding a hiam?

LA 80 ‘ယေဟောဝါ ကောင်းမြတ်ကြောင်း မြည်း​စမ်းကြည့်ပါ’