Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 14

LA 56 အမှန်တရားကို ကိုယ်ပိုင်​ဖြစ်စေပါ

“Picinna Lamah Manawt Ni”

“Picinna Lamah Manawt Ni”

“Picinna lamah manawt ni.”HEB. 6:1, Zokam Standard Version.

အာရုံစိုက်​ရာ

ဘုရား တွေးခေါ်​ပြုမူ​စေချင်​တဲ့​အတိုင်း ရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဘယ်လို တွေးခေါ်​ပြုမူ​သလဲ၊ ဆုံးဖြတ်ချက်ကောင်းတွေ ဘယ်လို ချ​သလဲ လေ့လာကြည့်ပါ။

1. Jehovah in bang hong hisak nuam a hiam?

 အိမ်ထောင်သည်​မောင်နှံတွေ အပျော်ရဆုံး အချိန်​တစ်ချိန်က​တော့ ရင်သွေးလေး မွေး​လာချိန်​ပါပဲ။ မွေးကင်းစ ရင်သွေးလေး​ကို ကြည့်ပြီး သိပ်​ပျော်​ပေမဲ့ ဒီ​အရွယ်​လေး​အတိုင်းပဲ ဆက်​ရှိနေ​စေချင်​လိုက်တာ​လို့ မတွေးဘူး။ သူ့​အရွယ်​နဲ့​သူ ကြီးထွား​မ​လာမှာ​ကို​တောင် စိတ်ပူ​နေ​မှာ။ အဲဒီလိုပဲ ကျွန်တော်တို့ အမှန်တရား​လမ်းစဉ်​ထဲ ခြေလှမ်း စ​လှမ်း​ချိန်​မှာ ယေဟောဝါ​ဘုရား သိပ်ပျော်တယ်။ ဒါပေမဲ့ အမှန်တရား​လမ်းစဉ်​မှာ ကလေး​လို ဖြစ်​မနေစေချင်ဘူး။ (၁ ကော. ၃:၁) “အရွယ်ရောက်​သူ​တွေ” ဖြစ်​လာစေချင်တယ်။—၁ ကော. ၁၄:၂၀

2. Hih thulu-ah bang thu kikum ding i hiam?

ခရစ်ယာန်တွေ အရွယ်ရောက်​လာတယ်၊ ရင့်ကျက်လာ​တယ်​ဆိုတာ ဘာလဲ။ ဘယ်လို ရင့်ကျက်လာနိုင်​သလဲ။ ခရစ်ယာန် ရင့်ကျက်မှု​အတွက် အစာ​မာ စားခြင်း ဘယ်လောက် အရေးပါသလဲ။ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မလွန်​ကဲ​သင့်သလဲ။ ဒီဆောင်းပါးမှာ ဒီ​မေးခွန်းတွေကို သုံးသပ်​သွားပါမယ်။

KHRISTIANTE HONG PICING CIH IN BANG A HIAM?

3. Khristiante hong picing cih in bang a hiam?

ကျမ်းစာမှာ “အရွယ်ရောက်​သူ” လို့ ပြန်ဆို​ထားတဲ့ ဂရိ​စကားလုံးဟာ “ရင့်ကျက်​သူ” လို့လည်း အဓိပ္ပာယ်​ရတယ်။ a (၁ ကော. ၂:၆) ကလေးတွေ အရွယ်ရောက်​လာ​သလို ခရစ်ယာန်တွေ​လည်း ဘုရားနဲ့ ဆက်ဆံရေး ကောင်းသည်​ထက် ကောင်း​လာရမယ်။ ဒါမှ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာမယ်။ ရင့်ကျက်​သွား​ရင်တောင် ဆက်တိုးတက်​စ​ရာ​တွေ ရှိသေးတယ်။ (၁ တိ. ၄:၁၅) အသက် ငယ်ရွယ်သူ​တွေ အပါအဝင် ကျွန်တော်တို့​အားလုံး ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာနိုင်တယ်။ ရင့်ကျက်​သ​လား၊ မ​ရင့်ကျက်​သ​လား​ဆိုတာ ဘယ်လို သိနိုင်မလဲ။

4. A picing Khristian ahihlam bang in lakkhia a hiam?

ရင့်ကျက်တဲ့ ခရစ်ယာန်​ဟာ ဘုရား​တောင်းဆိုချက် မှန်သမျှ လိုက်နာတယ်။ ကိုယ်ကြိုက်တာ ရွေးပြီး လိုက်နာတာ​မျိုး မလုပ်ဘူး။ မစုံလင်သူမို့ အမှားတွေ လုပ်မိ​နိုင်တယ်။ ဒါပေမဲ့ ဘုရား တွေးခေါ်​ပြုမူ​စေချင်​တဲ့​အတိုင်း အတတ်နိုင်ဆုံး နေ့စဉ် တွေးခေါ်​ပြုမူ​တယ်။ ဘုရားလို စဉ်းစား​တွေးခေါ်​တတ်လာဖို့ အမြဲ ကြိုးစားတယ်။ စရိုက်သစ် ဝတ်ဆင်​တယ်။ (ဧ. ၄:၂၂-၂၄) ဘုရား​ပညတ်တွေ၊ ကျမ်းစာမူတွေကို အခြေခံပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချ​တတ်​ဖို့ လေ့ကျင့်​တယ်။ ဒါကြောင့် ဘာလုပ်ရမယ်၊ ဘာ​မလုပ်ရဘူး​ဆိုတဲ့ စည်းမျဉ်း​စည်းကမ်း အများကြီး မလိုဘူး။ ဆုံးဖြတ်ပြီး​ရင် ဆုံးဖြတ်တဲ့​အတိုင်း လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​တယ်။—၁ ကော. ၉:၂၆၊ ၂၇

5. A picing lo Khristiante tungah bang piang thei a hiam? (Efesa 4:14, 15)

မ​ရင့်ကျက်တဲ့ ခရစ်ယာန်​ကတော့ “လှည့်ဖြား​သူ​တွေ၊ က​လိမ်​ဉာဏ်​ဆင်​သူ​တွေ” နောက် လွယ်လွယ် ပါ​သွားနိုင်တယ်။ လူမှု​မီဒီယာ​ကတစ်ဆင့် သတင်း​မှား၊ ကော​လာ​ဟ​လ ဖြန့်​သူ​တွေ၊ အယူဖောက်ပြန်သူတွေ​စကား နားယောင်​သွားနိုင်တယ်။ b (ဧဖက် ၄:၁၄၊ ၁၅ ကို ဖတ်ပါ။) မနာလို​ဖြစ်တတ်တယ်။ ငြင်းခုံ​ရန်​တွေ့​တတ်တယ်။ အငြိုး​ကြီးတယ်။ သွေးဆောင်ခံရတဲ့အခါ စိတ်​အလိုလိုက်​တယ်။—၁ ကော. ၃:၃

6. Khristian picinna pen bang tawh kigenteh thei a hiam? (Lim zong en in.)

အစောပိုင်းမှာ ဖော်ပြသလို ခရစ်ယာန် ရင့်ကျက်မှု​ကို ကလေးတွေ အရွယ်ရောက်​လာတာ​နဲ့ ကျမ်းစာမှာ နှိုင်းယှဉ်ထားတယ်။ ကလေးတွေဟာ မသိတာ​တွေ များတယ်။ ဒါကြောင့် လူကြီး​တစ်ယောက်ရဲ့ ကာကွယ်​လမ်းပြမှု လိုတယ်။ ဥပမာ၊ လမ်းကူး​တဲ့အခါ သမီး​ငယ်​ကို မိခင်ဖြစ်သူ လက်ကိုင်​ထား​ခိုင်းတယ်။ နည်းနည်း ကြီးလာတော့ ကိုယ့်​ဘာသာ လမ်းကူး​ခိုင်းတယ်။ လမ်း​မကူးခင် ဘယ်​ညာ​ကြည့်ဖို့​တော့ သတိ​ပေးနေတုန်းပဲ။ သမီး အရွယ်ရောက်​လာတော့ ကိုယ့်​ဘာသာ အန္တရာယ် ကြည့်ရှောင်တတ်လာတယ်။ ကလေးငယ်​တွေ အန္တရာယ် ရှောင်နိုင်ဖို့ လူကြီးတွေရဲ့ အကူအညီ လို​သလို မ​ရင့်ကျက်တဲ့ ခရစ်ယာန်​တစ်ယောက် ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်​မယ့် အန္တရာယ်​တွေ ရှောင်နိုင်ဖို့၊ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ရင့်ကျက်တဲ့ ခရစ်ယာန်တွေရဲ့ အကူအညီ လိုတယ်။ ရင့်ကျက်​သွား​ရင်​တော့ ဆုံးဖြတ်ချက် ချဖို့ လိုတဲ့အခါ ယေဟောဝါရဲ့ စဉ်းစား​တွေးခေါ်ပုံ​ကို သိဖို့ ကျမ်းစာမူတွေ သုံးသပ်​တယ်။ ကျမ်းစာမူတွေ အခြေခံပြီး ဆုံးဖြတ်တယ်။

ကျမ်းစာမူတွေ အခြေခံပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချ​တတ်​အောင် မ​ရင့်ကျက်တဲ့ ခရစ်ယာန်တွေ သင်ယူဖို့ လို (စာပိုဒ် ၆ ကို ကြည့်ပါ)


7. A picing Khristiante in midangte’ huhna a kisam uh hiam?

ရင့်ကျက်တဲ့ ခရစ်ယာန်တွေ တခြားသူ​အကူအညီ ဘယ်တော့မှ မလိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ ဉာဏ်ပညာ၊ အတွေ့အကြုံ ပို​ရှိသူ​ဆီ​က အကူအညီ တောင်းရတဲ့​အချိန်တွေ ရှိတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချရမှာ ကိုယ့်​တာဝန် ဖြစ်ကြောင်း၊ “ကိုယ့်​တာဝန်​ကိုယ် ထမ်း” ဖို့ ယေဟောဝါ တောင်းဆို​ထား​ကြောင်း အသိအမှတ်ပြုတယ်။ (ဂလ. ၆:၅) မ​ရင့်ကျက်တဲ့ ခရစ်ယာန်တွေကတော့ ဘာလုပ်ရမလဲ​ဆိုတာ တခြားသူကို ပြောပြ​ခိုင်း​တတ်တယ်။ ကိုယ့်​ဘာသာ ချရမယ့် ဆုံးဖြတ်ချက် တခြားသူကို ချ​ခိုင်း​တတ်တယ်။

8. A picing mite khatlekhat koi bangin kilamdang thei a hiam?

ကလေးတွေ အရွယ်ရောက်​လာတာ​နဲ့​ပဲ တစ်ပုံစံတည်း ဖြစ်​မ​သွား​ဘူး။ ခရစ်ယာန်တွေ​လည်း ရင့်ကျက်လာတာ​နဲ့​ပဲ တစ်ပုံစံတည်း ဖြစ်​မ​သွား​ဘူး။ တချို့က အသိပညာ ကြွယ်တယ်။ တချို့က သတ္တိ​ရှိတယ်။ တချို့က ရက်ရော​တယ်။ တချို့က စာနာ​တတ်တယ်။ ဒါ့အပြင် အခြေအနေ တူ​ရင်တောင် ရင့်ကျက်​သူ​နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက် ကွာနိုင်တယ်။ အထူးသဖြင့် အမှားအမှန်​သိစိတ်နဲ့ ဆိုင်တဲ့​ကိစ္စတွေမှာ ဖြစ်တယ်။ ဒါပေမဲ့ နှစ်ယောက်စလုံး​ရဲ့ ဆုံးဖြတ်ချက်ဟာ ကျမ်းစာမူတွေနဲ့ ကိုက်​နေ​မှာ ဖြစ်တယ်။ ဒါကြောင့် အချင်းချင်း ပြစ်တင်​မဝေဖန်​ဘူး။ စိတ်​ဝမ်း​မ​ကွဲ​ဘူး။—ရော. ၁၄:၁၀။ ၁ ကော. ၁:၁၀

KOI BANGIN KIPICING THEI A HIAM?

9. Khristiante ama thu-in hong picing ding a hiam? Gentehna pia in.

အချိန်​ကြာလာတာနဲ့အမျှ ကလေးတွေ အလိုလို အရွယ်ရောက်​လာပေမဲ့ ခရစ်ယာန်တွေ အလိုလို ရင့်ကျက်​မလာဘူး။ ဥပမာ၊ ကောရိန္သု​မြို့က ညီအစ်ကို/မတွေဟာ သတင်းကောင်း လက်ခံတယ်။ နှစ်ခြင်းခံတယ်။ သန့်ရှင်းသော စွမ်းအားတော် ရတယ်။ တမန်တော် ပေါလု​ဆီ​က အများကြီး သင်ယူ​ရတယ်။ (တ. ၁၈:၈-၁၁) ဒါပေမဲ့ နှစ်ခြင်းခံပြီးနောက် နှစ်တွေ ကြာ​သွားတာတောင် ဒုံရင်း​က ဒုံရင်း ဖြစ်နေတယ်။ မ​ရင့်ကျက်​သေး​ဘူး။ (၁ ကော. ၃:၂) အဲဒီလို​အဖြစ်မျိုး ဘယ်လို ရှောင်နိုင်မလဲ။

10. Picin nadingin bang i sep ding kisam a hiam? (Jude 20)

၁၀ ရင့်ကျက်လာ​ဖို့​ဆိုရင် ရင့်ကျက်​ချင်စိတ် မွေး​ရမယ်။ ‘အတွေ့အကြုံ မရှိတာကို နှစ်သက်’ နေ​သူ၊ ဘုရားရေးရာမှာ လက်ရှိ အခြေအနေနဲ့​ပဲ ကျေနပ်​နေ​သူဟာ ရင့်ကျက်လာမှာ မဟုတ်ဘူး။ (ပညာ. ၁:၂၂) အရွယ်ရောက်​နေပါလျက်​နဲ့ တစ်ခုခု​ဆိုရင် မိဘကို ဆုံးဖြတ်​ခိုင်း​သူ​တွေ​လို ကျွန်တော်တို့ မဖြစ်ချင်ကြဘူး။ ကိုယ့်​တာဝန်​ကိုယ် ယူပြီး ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်း​ချင်ကြ​တယ်။ (ယုဒ ၂၀ ကို ဖတ်ပါ။) ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်း​နေရတုန်းပဲ​ဆိုရင် “လုပ်ဆောင်ချင်စိတ်​သာမက လုပ်ဆောင်​နိုင်စွမ်း​ကို​ပါ ပေးသနား” ဖို့ ယေဟောဝါဆီ ဆုတောင်းပါ။—ဖိ. ၂:၁၃

11. I picin nadingin Jehovah in bangteng hong pia a hiam? (Efesa 4:11-13)

၁၁ ရင့်ကျက်တဲ့အဖြစ်ကို တစ်ယောက်တည်း​အားနဲ့ ယေဟောဝါ မ​တက်လှမ်း​ခိုင်းပါ​ဘူး။ အသင်းတော်မှာ သိုးထိန်း​တွေ၊ ဆရာတွေ ပေးထားတယ်။ ကျွန်တော်တို့ “ရင့်ကျက်သူတွေ ဖြစ်​လာ” ဖို့၊ “ခရစ်တော်​လို လုံးလုံးလျားလျား ရင့်ကျက်တဲ့အဖြစ်ကို ရောက်” ဖို့ သူတို့ ကူညီပေးကြတယ်။ (ဧဖက် ၄:၁၁-၁၃ ကို ဖတ်ပါ။) “ခရစ်တော်ရဲ့ စိတ်သဘောထား” ရှိလာ​စေ​မယ့် သန့်ရှင်းသော စွမ်းအားတော်​လည်း ယေဟောဝါ ပေးထားတယ်။ (၁ ကော. ၂:၁၄-၁၆) ဒါ့အပြင် မြေကြီးပေါ် ရှိစဉ် ယေရှု ဘယ်လို တွေးခေါ်​ပြုမူ​တယ်၊ ပြောဆိုတယ်​ဆိုတာ သိစေဖို့ ခရစ်ဝင်ကျမ်း လေးစောင် ပေးထားတယ်။ ယေရှုရဲ့ တွေးခေါ်​ပြုမူပုံ​ကို အတုယူရင် ရင့်ကျက်လာ​မယ်။

KHRISTIAN PICINNA ADINGIN ANTAK BANGZAH TAKIN THUPI A HIAM?

12. “Khrih thu a kipat cilna lelte” in bang a hiam?

၁၂ ရင့်ကျက်လာ​ဖို့​ဆိုရင် “ခရစ်တော်​နဲ့​ဆိုင်တဲ့ အခြေခံ အယူဝါဒတွေ” ကို “ချန်ထား” ခဲ့​ရမယ်။ “ခရစ်တော်​နဲ့​ဆိုင်တဲ့ အခြေခံ အယူဝါဒတွေ” ဆိုတာ အခြေခံ ကျမ်းစာ​သွန်သင်ချက်တွေကို ပြောတာ​ပါ။ အဲဒီထဲမှာ နောင်တရခြင်း၊ ယုံကြည်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ နှစ်ခြင်း​အကြောင်း သွန်သင်ချက်တွေ ပါတယ်။ (ဟီ. ၆:၁၊ ၂) ဒီ​သွန်သင်ချက်တွေ​ဟာ ခရစ်ယာန် ယုံကြည်ချက်ရဲ့ အခြေခံ​ပဲ။ ဒါကြောင့်​လည်း ပင်တေကုတ္တေပွဲ​နေ့မှာ လူအုပ်ကို တမန်တော် ပေတရု ဟောပြော​တုန်းက ဒီ​သွန်သင်ချက်တွေ ထည့်​ပြောတာ။ (တ. ၂:၃၂-၃၅၊ ၃၈) ခရစ်တော်​တပည့် ဖြစ်လာဖို့ ဒီ​သွန်သင်ချက်တွေ လက်ခံရမယ်။ ဥပမာ၊ ရှင်ပြန်ထမြောက်ခြင်း သွန်သင်ချက်ကို လက်မခံသူ​ဟာ ခရစ်ယာန် ယုံကြည်ချက်​တစ်ခုလုံးကို လက်မခံတာ​ပဲ​လို့ ပေါလု သတိပေးတယ်။ (၁ ကော. ၁၅:၁၂-၁၄) ဒါပေမဲ့ အခြေခံ သွန်သင်ချက်တွေ​နဲ့​ပဲ ကျေနပ်​နေ​လို့ မရဘူး။

13. Hebru 5:14-a a gen, antak pan hamphatna i ngah nadingin bang sep ding kisam a hiam? (Lim zong en in.)

၁၃ အခြေခံ အယူဝါဒတွေ​နဲ့ မတူဘဲ အစာ​မာ​ကျတော့ ပညတ်တွေ​သာမက ကျမ်းစာမူတွေ​လည်း ပါတယ်။ ဘုရားရဲ့ စဉ်းစား​တွေးခေါ်ပုံ​ကို သဘောပေါက်​စေ​တယ်။ အဲဒီလို သဘောပေါက်​နိုင်ဖို့ ကျမ်းစာ​လေ့လာရမယ်။ တွေးတော​ဆင်ခြင်​ရမယ်။ သိလာတဲ့​အတိုင်း အတတ်နိုင်ဆုံး လိုက်လျှောက်ရမယ်။ ဒါက ဘုရား နှစ်သက်မယ့် ဆုံးဖြတ်ချက်တွေ ချ​တတ်​ဖို့ လေ့ကျင့်​ရာ​ရောက်တယ်။ cဟီဘရူး ၅:၁၄ ကို ဖတ်ပါ။

အစာ​မာ စားတာ​က ဘုရား နှစ်သက်မယ့် ဆုံးဖြတ်ချက်တွေ ချ​တတ်​ဖို့ ကူညီပေး (စာပိုဒ် ၁၃ ကို ကြည့်ပါ) d


14. Korin pawlpi-a Khristiante a hong picin nadingun Paul in koici huh a hiam?

၁၄ မ​ရင့်ကျက်တဲ့ ခရစ်ယာန်​ဟာ သတ်သတ်မှတ်မှတ် ကျမ်းစာ​ပညတ် မရှိတဲ့ အခြေအနေမျိုးမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့ အခက်တွေ့​တတ်တယ်။ ကျမ်းစာ​ပညတ် မရှိတဲ့အတွက် ကိုယ်​လုပ်ချင်​တာ လုပ်လို့ ရတယ်လို့ တချို့ တွေးတယ်။ တချို့ကျတော့ စည်းမျဉ်း ထုတ်​စေချင်တယ်။ တကယ်ဆိုရင် မလိုအပ်​လို့ ဘုရား​တောင် စည်းမျဉ်း ထုတ်​မထား​တာ။ ဥပမာ၊ ရုပ်တု​ရှေ့ ပူဇော်​ထားတဲ့​အစာ စားလို့ ရ​မရ ကောရိန္သု​အသင်းတော်က ခရစ်ယာန်တွေ ပေါလု​ကို စည်းမျဉ်း ထုတ်​ခိုင်း​ကြ​ပုံ​ရတယ်။ ဘာ​လုပ်ပါ​လို့ ပေါလု မပြောဘူး။ တစ်ယောက်စီရဲ့ အမှားအမှန်​သိစိတ်ကို အခြေခံပြီး “ရွေးချယ်ပိုင်ခွင့်” ရှိတဲ့ ကိစ္စ​ဆိုတာ အသိအမှတ်ပြုတယ်။ ကိုယ့်​အမှားအမှန်​သိစိတ်ကို မသိုးမသန့် မဖြစ်စေ​ဘဲ၊ တခြားသူတွေကို တိုက်မိ​မလဲ​စေ​ဘဲ ဆုံးဖြတ်နိုင်​စေ​မယ့် ကျမ်းစာမူ​တချို့ ပြောပြတယ်။ (၁ ကော. ၈:၄၊ ၇-၉) တခြားသူကို အားကိုး​မယ့်​အစား၊ စည်းမျဉ်း ထုတ်​ခိုင်း​မယ့်​အစား ပိုင်းခြား​သိမြင်နိုင်စွမ်း သုံးပြီး ကိုယ့်​ဘာသာ ဆုံးဖြတ်တတ်ဖို့၊ ရင့်ကျက်လာ​ဖို့ ကူညီပေး​လိုက်တာပဲ။

15. Hebru Khristiante a hong picin nadingun Paul in koici huh a hiam?

၁၅ ဟီဘရူး ခရစ်ယာန်တွေ​ဆီ ရေးတဲ့ ပေါလုရဲ့ စာ​ကနေလည်း နောက်ထပ် သင်ခန်းစာ ရတယ်။ ဟီဘရူး ခရစ်ယာန်​တချို့ဟာ “မာ​တဲ့​အစာ မစား​ဘဲ နို့ကို​သာ သောက်သုံး​နေတဲ့ လူနဲ့ တူ​နေတယ်။” (ဟီ. ၅:၁၂) အသင်းတော်က​တစ်ဆင့် ယေဟောဝါ တဖြည်းဖြည်း ဖွင့်​ပြတဲ့ အမှန်တရား​အသစ်တွေကို လက်မခံကြဘူး။ (ပညာ. ၄:၁၈) ဥပမာ၊ ခရစ်တော်ရဲ့ ပူဇော်သက္ကာကြောင့် ပညတ်တရား အဆုံးတိုင်​သွားတာ နှစ် ၃၀ လောက် ရှိပြီ။ ဒါပေမဲ့ မောရှေ​ပညတ်ကို စွဲစွဲမြဲမြဲ လိုက်နာ​နေကြတုန်းပဲ။ (ရော. ၁၀:၄။ တိ. ၁:၁၀) အတွေးအခေါ် ပြောင်းလဲဖို့ နှစ် ၃၀ တောင် အချိန် ရထားပြီးပြီ။ အစာ​မာ​နဲ့ တူတဲ့ နက်နဲတဲ့ အမှန်တရားတွေ လက်ခံဖို့ ပေါလု အခု ကူညီပေးနေ​ပြီ။ ပေါလုရဲ့ စာ​က ခရစ်ယာန် ဝတ်ပြုမှု​ပုံစံ ဘာကြောင့် သာလွန်​မြင့်မြတ်​ကြောင်း နားလည်စေတယ်။ ဂျူးတွေ ဆန့်ကျင်​ပေမဲ့ ဆက်​ဟော​ရဲ​တဲ့ သတ္တိ​ရှိစေတယ်။—ဟီ. ၁၀:၁၉-၂၃

NANG LE NANG A KHENGVALIN KIMUANG KEI IN

16. Picin nadinga i hanciam banah bang sep ding kisam a hiam?

၁၆ ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်းဖို့ ကြိုးစား​ရ​သလို ဆက်​ရင့်ကျက်​နေဖို့လည်း ကြိုးစားရမယ်။ ရင့်ကျက်​လှ​ပြီ​ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မလွန်​ကဲ​ရ​ဘူး။ (၁ ကော. ၁၀:၁၂) ဆက်တိုးတက်​နေ​မနေ “အမြဲ ဆန်းစစ်” ရမယ်။—၂ ကော. ၁၃:၅

17. Picinsuak ding kisam ahihlam Kolose pawlpi kianga Paul’ lai khak in koici lakkhia a hiam?

၁၇ ဆက်​ရင့်ကျက်​နေဖို့ လိုကြောင်း ကောလောသဲ​အသင်းတော်ဆီ ရေးတဲ့ စာမှာ ပေါလု ပြောတယ်။ ရင့်ကျက်​နေကြပြီ ဖြစ်ပေမဲ့ လူ့အတွေးအခေါ်ကြောင့် လှည့်ဖြား​မခံရဖို့ သတိပေးတယ်။ (ကော. ၂:၆-၁၀) သူတို့ “အဆုံးမှာ အပြည့်အဝ ရပ်တည်​နိုင်ဖို့၊” ရင့်ကျက်​နိုင်ဖို့ အဲဒီ​အသင်းတော်က ညီအစ်ကို/မတွေ​အကြောင်း ကောင်းကောင်း သိတဲ့ ဧပဖြ ထက်ထက်သန်သန် ဆုတောင်းပေးတယ်။ (ကော. ၄:၁၂) ဘာသိရသလဲ။ ဆက်​ရင့်ကျက်​နေဖို့ ဘုရား​အကူအညီ​အပြင် ကိုယ်တိုင်ရဲ့ ကြိုးစား​အားထုတ်မှု​လည်း လိုကြောင်း ပေါလုနဲ့ ဧပဖြ နှစ်ယောက်စလုံး နားလည်တယ်ဆိုတာ သိရတယ်။ အခက်အခဲတွေ ရှိပေမဲ့ ကောလောသဲ​အသင်းတော်က ခရစ်ယာန်တွေကို ဆက်​ရင့်ကျက်​စေချင်​ကြတယ်။

18. A picing Khristiante a kidop kei uh leh bangci thei a hiam? (Lim zong en in.)

၁၈ ဟီဘရူး ခရစ်ယာန်တွေကို ပေါလု သတိပေး​သလို​ပဲ ရင့်ကျက်တဲ့ ခရစ်ယာန်တွေ သတိမထားရင် ဘုရား​မျက်နှာသာ ထာဝစဉ် ဆုံးရှုံး​သွားနိုင်တယ်။ နောင်တ​မယူ၊ ဘုရား​ခွင့်လွှတ်မှု မရနိုင်တော့တဲ့​အထိ စိတ်နှလုံး မာကျော​သွားနိုင်တယ်။ ဟီဘရူး ခရစ်ယာန်တွေ အဲဒီ​အခြေအနေ​အထိ ရောက်​မ​သွားတာ ဝမ်းသာစရာ​ပါပဲ။ (ဟီ. ၆:၄-၉) ဒီနေ့ခေတ်မှာ မလှုပ်မရှား ဖြစ်သွား​ပေမဲ့၊ နှင်ထုတ်​ခံရပေမဲ့ နောက်ပိုင်း နောင်တရ​သူ​တွေ​နဲ့ပတ်သက်ပြီး​တော့​ကော။ နှိမ့်ချမှုရှိရှိ နောင်တ​ယူတာ​ကို​က ပေါလု ပြောတဲ့ ဘုရား​မျက်နှာသာ ထာဝစဉ် ဆုံးရှုံး​သွား​မယ့်​သူ​တွေ​နဲ့ မတူကြောင်း ပြ​နေတာပဲ။ ဒါပေမဲ့ ယေဟောဝါဆီ ပြန်လှည့်လာ​ပြီးနောက် သူတို့ အကူအညီ လိုတယ်။ (ယေဇ. ၃၄:၁၅၊ ၁၆) ယေဟောဝါနဲ့ သူတို့ ဆက်ဆံရေး ပြန်ကောင်း​လာအောင် ကူညီပေးဖို့ ရင့်ကျက်တဲ့ ညီအစ်ကို/မ​တစ်ယောက်ကို အကြီးအကဲတွေ စီစဉ်​ပေးနိုင်တယ်။

ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်း​ဖို့ လိုနေ​သူ​တွေ​အတွက် အကူအညီကို ယေဟောဝါ ပြင်ဆင်ပေးထား (စာပိုဒ် ၁၈ ကို ကြည့်ပါ)


19. Bang ngimna koih thei i hiam?

၁၉ သင်ဟာ ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်း​နေ​သူလား။ ဒါဆိုရင် ရင့်ကျက်လာမှာ​ပါ။ အစာ​မာ ဆက်​စားပါ။ ဆိုလိုတာက နက်နဲတဲ့ အမှန်တရားတွေ ဆက်​လေ့လာ​ပါ။ ယေဟောဝါ​လို စဉ်းစား​တွေးခေါ်​တတ်လာဖို့ ကြိုးစားပါ။ ရင့်ကျက်လာ​ပြီးရင်​လည်း ဆက်​ရင့်ကျက်​နေဖို့ ကြိုးစားပါ။

NANGH BANGCI DAWNG DING?

  • Khristiante hong picing cih in bang a hiam?

  • Khristiante koi bangin picing thei a hiam?

  • Bang hangin ei le ei a khengvala kimuan ding hi lo a hiam?

LA 65 တိုးတက်​နေပါ

a ဟီဘရူး​ကျမ်းစောင်တွေမှာ “ရင့်ကျက်၊” “မ​ရင့်ကျက်” ဆိုတဲ့ စကားလုံးတွေ သုံး​မ​ထားပေမဲ့ သဘောတရား တူ​တာ​တွေ ပါတယ်။ ဥပမာ၊ အတွေ့အကြုံ မရှိတဲ့ လူငယ်​နဲ့ သိနားလည်နိုင်စွမ်း ရှိတဲ့ ပညာရှိ​ကို ပညာအလိမ္မာကျမ်းမှာ နှိုင်းယှဉ်​ပြ​ထားတယ်။—ပညာ. ၁:၄၊ ၅

b jw.org နဲ့ JW Library® မှာ ရှိတဲ့ “ထပ်ဆင့် အကြောင်းအရာများ” ဆောင်းပါးတွဲ​ထဲက “သတင်း​မှား​တွေ​ရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ပုံ” ကို ကြည့်ပါ။

c ဒီစာစောင်မှာ ပါတဲ့ “လေ့လာစရာ အကြောင်းအရာ” ကို ကြည့်ပါ။

d ပုံအညွှန်း– ကျမ်းစာကနေ သိလာတဲ့ မူတွေကို အခြေခံပြီး ညီအစ်ကို​တစ်ယောက် ဖျော်ဖြေရေး ရွေးချယ်။