Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 11

LA 129 ခံရပ်​နေမယ်

A Lungkiat Huai Thute Na Tuak Zongin Cihtakna Tawh Semsuak In

A Lungkiat Huai Thute Na Tuak Zongin Cihtakna Tawh Semsuak In

“Note in ..., keima min hangin thuak zo-in, lungkia het loin na omma uh ka thei hi.”MAANG. 2:3.

အာရုံစိုက်​ရာ

စိတ်ပျက်​စ​ရာ​တွေ ကြုံရရင်တောင် သစ္စာရှိရှိ ဘုရား​အမှု ဆက်​ဆောင်​နိုင်တယ်။

1. Jehovah’ pawlpi sunga i om manin bang thuphate ngah i hiam?

 ကသောင်းကနင်းနိုင်တဲ့ နောက်ဆုံး​ကာလမှာ ဘုရား​အဖွဲ့အစည်း​ထဲ ရှိနေ​ရတာ ကောင်းချီးပါပဲ။ ကမ္ဘာ့​အခြေအနေ ဆိုးသည်ထက် ဆိုး​လာပေမဲ့ စည်းလုံးတဲ့ ကမ္ဘာချီ ညီအစ်ကို​အသင်းအပင်း ယေဟောဝါ ပေးထားတယ်။ (ဆာ. ၁၃၃:၁) မိသားစု​ဘဝ သာယာ​ဖို့ ကူညီပေးတယ်။ (ဧ. ၅:၃၃–၆:၁) စိတ်ငြိမ်သက်မှု ရှိအောင် လုပ်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာ​လည်း ပေးထားတယ်။

2. Bang i sep ding kisam a hiam? Bang hang hiam?

ကောင်းချီးတွေ ရှိပေမဲ့ သစ္စာရှိရှိ ဘုရား​အမှု ဆက်​ဆောင်နိုင်ဖို့ ကြိုးစားရမယ်။ ဘာကြောင့်လဲ။ တခြားသူတွေရဲ့ အပြော၊ လုပ်ရပ်ကြောင့် တစ်ခါတလေ စိတ်ထိခိုက်​ရနိုင်တယ်။ အမှား​လုပ်မိရင်၊ အထူးသဖြင့် အမှား​တစ်ခုတည်းကို ထပ်တလဲလဲ လုပ်မိရင် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်​ရနိုင်တယ်။ (၁) ညီအစ်ကို/မ​တစ်ယောက်ကြောင့် စိတ်ပျက်​ရတဲ့အခါ၊ (၂) အိမ်ထောင်ဖက်ကြောင့် စိတ်ပျက်​ရတဲ့အခါ၊ (၃) ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်​တဲ့အခါ သစ္စာရှိရှိ ဘုရား​အမှု ဆက်​ဆောင်​နေဖို့ လိုတယ်။ အခြေအနေ​တစ်ခုစီ​အတွက် ကျမ်းစာ​စံနမူနာရှင်​တစ်ယောက်စီအကြောင်း ဒီဆောင်းပါးမှာ လေ့လာ​သွားပါမယ်။

UNAU KHAT HANGA NA LUNGKIAT CIANGIN

3. Pasian’ minamte in bang haksatna tuak kha uh a hiam?

အခက်အခဲ။ ညီအစ်ကို/မတချို့​မှာ စိတ်​အနှောင့်​အယှက်​ဖြစ်ချင်​စ​ရာ အကျင့်​လေး​တွေ ရှိတတ်တယ်။ ညီအစ်ကို/မ​တချို့ကျတော့ ပြောလိုက်​လုပ်လိုက်ရင် ခံရသူ ရင်ထဲ နင့်ခနဲ​ပဲ။ အကြီးအကဲတွေလည်း အမှား​လုပ်မိ​နိုင်တယ်။ ဒီလို အခြေအနေတွေ ကြုံတဲ့အခါ ဒါ ဘုရား​အဖွဲ့အစည်း​မှ ဟုတ်ရဲ့လား​လို့ သံသယ ဝင်လာနိုင်တယ်။ ယေဟောဝါကို “စည်းလုံးစွာ ဝတ်ပြု” မယ့်​အစား ကိုယ့်ကို စိတ်ပျက်အောင် လုပ်တဲ့ ညီအစ်ကို/မတွေကို ရှောင်ဖယ်​ရှောင်ဖယ် လုပ်​လာနိုင်တယ်။ အစည်းအဝေးတွေ မ​တက်​တော့​တာ​တောင် ဖြစ်သွားနိုင်တယ်။ (ဇေ. ၃:၉) ဒါ ပညာရှိရာ​ရောက်​သ​လား။ ဒီလို အခြေအနေတွေ ကြုံခဲ့ရတဲ့ ကျမ်းစာ​စံနမူနာရှင်​အကြောင်း လေ့လာ​ကြည့်ရအောင်။

4. Sawltak Paul in bang haksatnate tuak a hiam?

ကျမ်းစာ​စံနမူနာ။ ဂျေရုဆလင်​အသင်းတော်နဲ့ စ​ပေါင်း​ချိန်​မှာ တမန်တော် ပေါလု မယုံသင်္ကာ ဖြစ်​ခံရတယ်။ (တ. ၉:၂၆) နောက်ပိုင်း မကောင်း​ပြော​ခံရတယ်။ (၂ ကော. ၁၀:၁၀) တခြားသူတွေ တိုက်မိလဲ​သွား​စေ​မယ့် အမှားမျိုး အကြီးအကဲ​တစ်ယောက် လုပ်တာ တွေ့ရတယ်။ (ဂလ. ၂:၁၁၊ ၁၂) မိတ်ဆွေရင်း မာကုကြောင့် အကြီးအကျယ် စိတ်​ပျက်ရတယ်။ (တ. ၁၅:၃၇၊ ၃၈) ညီအစ်ကို/မ​တွေရဲ့ အားနည်းချက်တွေကို သိတယ်။ ကိုယ့်ကို စိတ်ပျက်အောင် လုပ်​သူ​တွေ​နဲ့ ဆက်​မ​ပေါင်း​ဘဲ နေ​ချင်ရင် နေ​လို့ ရတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကောင်းကွက်တွေ ရှာတယ်။ တက်တက်ကြွကြွ ဘုရား​အမှု ဆက်​ဆောင်​တယ်။ ပေါလု​ကို ဘာက ကူညီပေးသလဲ။

5. Paul in bang hangin unaute’ mawhna maisak thei a hiam? (Kolose 3:13, 14) (Lim zong en in.)

ညီအစ်ကို/မတွေကို ပေါလု ချစ်တယ်။ ချစ်လို့လည်း မကောင်းကွက်တွေ​ကို မဟုတ်ဘဲ ကောင်းကွက်တွေ​ကို အာရုံစိုက်နိုင်​တာ။ ကောလောသဲ ၃:၁၃၊ ၁၄ မှာ ပါတဲ့ ကိုယ့်​စကား​အတိုင်း ခွင့်လွှတ်​နိုင်​တာ။ (ဖတ်ပါ။) မာကု​နဲ့ ကိစ္စကို စဉ်းစားကြည့်ပါ။ ပထမ သာသနာပြု ခရီးစဉ်​မှာ မိမိကို မာကု ထား​သွား​ပေမဲ့ ပေါလု တေး​မထားဘူး။ နောက်ပိုင်း ကောလောသဲ​အသင်းတော်ဆီ ရေးတဲ့ စာမှာ “တကယ် အားပေး​ထောက်မခဲ့​သူ” ဆိုပြီး ချီးကျူး​တယ်။ (ကော. ၄:၁၀၊ ၁၁) ရောမ​မြို့မှာ ထောင်ကျနေတုန်း လာ​ကူညီပေးဖို့ မာကု​ကို သတ်သတ်မှတ်မှတ် တောင်းဆိုတယ်။ (၂ တိ. ၄:၁၁) ညီအစ်ကို/မတွေကို ပေါလု ခွင့်လွှတ်တာ ရှင်းနေပါတယ်။ ဘာသင်ယူနိုင်သလဲ။

ပေါလု၊ ဗာနဗ၊ မာကု​တို့ စိတ်ဝမ်းကွဲ။ ဒါပေမဲ့ နောက်ပိုင်း၊ ပေါလု စိတ်​မ​ခု​ဘဲ မာကု​နဲ့ ပျော်ပျော်ရွှင်ရွှင် တွဲ​အမှုဆောင် (စာပိုဒ် ၅ ကို ကြည့်ပါ)


6-7. Unaute a cingtaak loh uh hang, i it tawntung nadingin bang in hong huh ding a hiam? (1 Johan 4:7)

သင်ခန်းစာ။ သစ္စာရှိ ဝတ်ပြုသူ​တွေ​မှာ အားနည်းချက်တွေ ရှိပေမဲ့ ယေဟောဝါ ချစ်တယ်။ အမှား​လုပ်မိတာ​နဲ့ အဆက်​မ​ဖြတ်လိုက်​ဘူး။ အငြိုး​မထားဘူး။ (ဆာ. ၁၀၃:၉) ကျွန်တော်တို့ကိုလည်း အချင်းချင်း ချစ်မြဲ ချစ်​စေချင်တယ်။ (၁ ယောဟန် ၄:၇ ကို ဖတ်ပါ။) ဒါကြောင့် တစ်ယောက်ယောက် ခရစ်ယာန် မဆန်တဲ့ လုပ်ရပ် လုပ်မိရင်တောင် ရည်ရွယ်ချက်​ရှိရှိ လုပ်တာ မဟုတ်​လောက်​ပါ​ဘူး၊ သူလည်း ဘုရား​အမြင်မှာ မှန်ရာ လုပ်ချင်​မှာ​ပါ​လို့ ဖြည့်​တွေး​ပေးပါ။ (ပညာ. ၁၂:၁၈) ခွင့်လွှတ်​တတ်တဲ့ အဖ​ကို အတုယူပါ။—ဧ. ၄:၃၂–၅:၁

အဆုံး နီးလာတာနဲ့အမျှ နှိပ်စက်ညှဉ်းပန်းမှု ပြင်းထန်​သည်ထက် ပြင်းထန်​လာနိုင်တယ်။ ယုံကြည်ချက်ကြောင့် ထောင်ကျ​သွားတာတောင် ဖြစ်နိုင်တယ်။ အဲဒီအချိန်မှာ ညီအစ်ကို/မတွေကို အရင်ကထက် ပို​အားကိုး​လာ​ရမှာ။ (ပညာ. ၁၇:၁၇) စပိန်​နိုင်ငံက အကြီးအကဲ ညီအစ်ကို ဂျိုးဇက် a အကြောင်း စဉ်းစားကြည့်ပါ။ ကြားနေမှုကြောင့် ညီအစ်ကို ဂျိုးဇက်​နဲ့ တခြား​ညီအစ်ကိုတွေ အတူတူ ထောင်ကျသွားတယ်။ “ထောင်ထဲမှာ​ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အကုန်​သိ၊ အကုန်​မြင်၊ အကုန်​ကြား​ပဲ။ ဒါကြောင့် စိတ်​အနှောင့်​အယှက်​ဖြစ်ရတာ​တွေ ရှိတယ်။ တော်တော် သည်းခံ၊ ခွင့်လွှတ်​ခဲ့​ရတယ်။ သည်းခံ​ခွင့်လွှတ်​လို့ ဆက်​စည်းလုံး​နိုင်​တာ။ အချင်းချင်း ကာကွယ်ပေး​နိုင်​တာ။ သိတဲ့အတိုင်း ထောင်​ဆိုတာ မယုံကြည်သူတွေ ပတ်လည်​ဝိုင်း​နေတဲ့ နေရာ​လေ။ တစ်ခေါက် ကျွန်တော် လက်​ဒဏ်ရာ ရသွားလို့ ပတ်တီး စည်းထား​ရတယ်။ ကိုယ့်​ဝေယျာဝစ္စ​ကိုယ် မလုပ်နိုင်ဘူး။ ညီအစ်ကို​တစ်ယောက် ကျွန်တော့်​အဝတ်တွေ လျှော်ပေး​တယ်။ တခြား​လိုအပ်တာတွေ လုပ်ပေးတယ်။ အလိုအပ်ဆုံး​အချိန်မှာ မေတ္တာ အ​ပြ​ခံရတာ​ပဲ” လို့ ပြောတယ်။ အချင်းချင်း မပြေလည်​တာ​တွေ ရှိရင် အခုကတည်းက ဖြေရှင်း​ထားသင့်​တယ် မဟုတ်လား။

INNKUANPIH HANGA NA LUNGKIAT CIANGIN

8. Nupate in bang haksatna tuak a hiam?

အခက်အခဲ။ ပြဿနာ ကင်းတဲ့ အိမ်ထောင်​ရယ်​လို့ မရှိဘူး။ ကျမ်းစာမှာ ပွင့်ပွင့်လင်းလင်း ပြော​ထား​သလို “အိမ်ထောင်ပြုရင်​တော့ ဘဝ​ဒုက္ခတွေ ကြုံတွေ့​ရမှာပဲ။” (၁ ကော. ၇:၂၈) ဘာကြောင့်လဲ။ အိမ်ထောင်​ဆိုတာ စရိုက် မတူ၊ အကြိုက် မတူတဲ့ မစုံလင်သူ​နှစ်ယောက် ပေါင်းစည်း​ထားတာ။ ယဉ်ကျေးမှု၊ နောက်ခံ မတူတာ​တောင် ဖြစ်နိုင်တယ်။ အရင်က ရှိ​မှန်း မသိတဲ့ စရိုက်တွေ လက်ထပ်ပြီး​နောက်မှ သိလာနိုင်တယ်။ ဒီ​အကြောင်းရင်းတွေကြောင့် အိမ်ထောင်မှာ အဖုအထစ် ဖြစ်လာနိုင်တယ်။ အမှား​မကင်း​ဘူး​ဆိုတာ ဝန်ခံ၊ ပြဿနာ အတူ​ဖြေရှင်း​မယ့်​အစား အိမ်ထောင်ဖက်​ကို အပြစ်​ဖို့​မိ​နိုင်တယ်။ ခွဲနေဖို့၊ ကွာရှင်းဖို့ တွေး​လာနိုင်တယ်။ ဒါ ပြဿနာ ဖြေရှင်းနည်း​လား။ b အိမ်ထောင် မသာယာ​ပေမဲ့ အိမ်ထောင်မြဲ​ဖို့ ကြိုးစားခဲ့တဲ့ ကျမ်းစာ​စံနမူနာရှင်​အကြောင်း လေ့လာ​ကြည့်ရအောင်။

9. Abigail in bang haksatna tuak a hiam?

ကျမ်းစာ​စံနမူနာ။ အဘိဂဲလရဲ့ ခင်ပွန်း နာဗလဟာ ခက်ထန်​တဲ့​အပြင် စရိုက်​လည်း ကြမ်းတယ်။ (၁ ရှ. ၂၅:၃) ဒီလို​လူနဲ့ နေ​ရတာ အဘိဂဲလ​အတွက် တော်တော် ခက်​မှာ။ နာဗလ စော်ကားမော်ကား ပြောလိုက်လို့ အစ္စရေး​မင်းလောင်း ဒါဝိဒ်နဲ့ လူတွေ သတ်ဖို့ လာချိန်​မှာ အဘိဂဲလ လွတ်လမ်း ရှာဖို့ အခွင့်အရေး ပေါ်လာတယ်။ (၁ ရှ. ၂၅:၉-၁၃) ဒါဝိဒ်​လက်ထဲ နာဗလ ဖြစ်ချင်​ရာ​ဖြစ်​ဆိုပြီး ကိုယ်လွတ်ရုန်းပြေး​လို့ ရတယ်။ ဒါပေမဲ့ ကိုယ်လွတ်မရုန်း​ဘူး။ နာဗလ​ကို အသက်ချမ်းသာပေး​ဖို့ ဒါဝိဒ်​ဆီ အသနားခံတယ်။ (၁ ရှ. ၂၅:၂၃-၂၇) ဘာကြောင့် အသနားခံ​ပေးသလဲ။

10. Innkuan a kip nadingin Abigail in bang hangin na hanciam hi ding a hiam?

၁၀ ယေဟောဝါ​ဘုရားကို အဘိဂဲလ ချစ်တယ်။ အိမ်ထောင်နဲ့​ပတ်သက်တဲ့ ဘုရား​စံနှုန်းကို လေးစားတယ်။ အာဒံနဲ့ ဧဝ​ကို ဘုရား စုံဖက်​ပေး​တုန်းက ဘာ​ပြောခဲ့တယ်​ဆိုတာ သိထား​မှာ​ပဲ။ (က. ၂:၂၄) အိမ်ထောင်ရေး​ကို မြင့်မြတ်တဲ့ အစီအစဉ်လို့ ဘုရား ရှုမြင်​မှန်း သိတယ်။ ဘုရား​စိတ် ရွှင်လန်းစေ​ချင်လို့ ခင်ပွန်း​ကော အိမ်သူအိမ်သားတွေပါ အသက်ဘေး လွတ်အောင် လုပ်နိုင်တာ မှန်သမျှ လုပ်ခဲ့တာ။ နာဗလ​ကို အသက်ချမ်းသာပေး​ဖို့ ဒါဝိဒ်​ဆီ ချက်ချင်း သွား​တောင်းပန်တယ်။ ကိုယ်​မလုပ်ခဲ့​တဲ့ အမှား​အတွက် ခခယယ တောင်းပန်တယ်။ သတ္တိ​လည်း ရှိ၊ ကိုယ်ကျိုး​လည်း စွန့်တဲ့ အဘိဂဲလ​ကို ယေဟောဝါ သိပ်ချစ်မှာ သေချာတယ်။ အဘိဂဲလ​ဆီကနေ အိမ်ထောင်သည်တွေ ဘာသင်ယူနိုင်သလဲ။

11. (a) Nupate adingin Jehovah in bang lamlahna pia a hiam? (Efesa 5:33) (b) Unaunu Carmen tung pan bang sin thei i hiam? (Lim zong en in.)

၁၁ သင်ခန်းစာ။ အိမ်ထောင်ဖက် ပေါင်းရသင်းရ ခက်ရင်တောင် အိမ်ထောင်မြဲ​အောင် လုပ်ဖို့ ယေဟောဝါ လမ်းညွှန်​ထားတယ်။ ပြဿနာတွေ အတူတူ ကြိုးစား​ဖြေရှင်း​နေတာ၊ အချင်းချင်း ကိုယ်ကျိုးစွန့်မေတ္တာ၊ လေးစားမှု ပြနေတာကို ယေဟောဝါ မြင်တဲ့အခါ သိပ်ပျော်မယ်။ (ဧဖက် ၅:၃၃ ကို ဖတ်ပါ။) ညီအစ်မ ကာမန်​ရဲ့ တွေ့ကြုံမှု စဉ်းစားကြည့်ပါ။ အိမ်ထောင်သက် ခြောက်​နှစ်လောက်မှာ ယေဟောဝါ​သက်သေတွေ​နဲ့ ကျမ်းစာ စလေ့လာတယ်။ နောက်ပိုင်းမှာ နှစ်ခြင်းခံတယ်။ “ကျွန်မ​ဆုံးဖြတ်ချက်ကို ခင်ပွန်း မကြိုက်ဘူး။ ယေဟောဝါ​အတွက် အချိန်ပေးတာ​ကို အူ​တို​လာတယ်။ ကျွန်မကို ဆဲဆိုတယ်။ ထား​သွားမယ်လို့ ကြိမ်းတယ်” ဆိုပြီး ပြောတယ်။ ဒါပေမဲ့ အိမ်ထောင်မြဲ​ဖို့ ကာမန် ကြိုးစားတယ်။ အိမ်ထောင်သက် ၅၀ ရှိပြီ။ ခင်ပွန်း​ကို မေတ္တာနဲ့ လေးစားမှု ပြဖို့ ကြိုးစားတယ်။ “နှစ်တွေ ကြာလာတာနဲ့အမျှ ကျွန်မ​ယောက်ျားရဲ့ ခံစားချက်ကို နားလည်​ပေး​တတ်လာတယ်။ နား​ဝင်​အောင် ပြော​တတ်လာတယ်။ အိမ်ထောင်ဟာ မြင့်မြတ်တယ်​ဆိုတာ သိထားလို့၊ ယေဟောဝါကို ချစ်လို့ အိမ်ထောင်မြဲ​ဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။ လွတ်လမ်း မ​ရှာ​ဘူး” လို့ ပြောတယ်။ c သင့်​အိမ်ထောင်မှာလည်း အခက်အခဲတွေ ကြုံရရင်တောင် အိမ်ထောင်မြဲ​အောင် ယေဟောဝါ ထောက်မ​ပေးမယ်​ဆိုတာ စိတ်ချနိုင်ပါတယ်။

အိမ်သူအိမ်သားတွေ အသက်ဘေး​လွတ်ဖို့ အဘိဂဲလ လုပ်ခဲ့​ရာ​ကနေ ဘာသင်ယူနိုင်သလဲ (စာပိုဒ် ၁၁ ကို ကြည့်ပါ)


NANG LE NGAG NA LUNGKIAT CIANGIN

12. Mawhna lianpi i bawl khak ciangin bang tuak thei i hiam?

၁၂ အခက်အခဲ။ ကြီးလေးတဲ့​အပြစ် လုပ်မိတဲ့အခါ အဖတ်ဆယ်​မရတော့ဘူး​လို့ ခံစားရနိုင်တယ်။ စိတ် “ကျိုးပဲ့​ကြေမွ” နိုင်တယ်။ (ဆာ. ၅၁:၁၇) ညီအစ်ကို ရောဘတ်​အကြောင်း စဉ်းစားကြည့်ပါ။ အသင်းတော် အမှုထမ်း ဖြစ်ဖို့ နှစ်တွေ အများကြီး ကြိုးစားခဲ့​တာ။ ဒါပေမဲ့ ကြီးလေးတဲ့​အပြစ် လုပ်မိ​သွားတယ်။ ယေဟောဝါကို သစ္စာဖောက်မိပြီလို့ ခံစားရတယ်။ “ကိုယ့်​စိတ်​က ကိုယ့်ကို ဒုက္ခပေး​လာတယ်။ ရင်ထဲ တဆစ်ဆစ် နာကျင်​လာတယ်။ ရှိုက်ကြီးတငင် ငိုပြီး ဆုတောင်းလိုက်တယ်။ ဒါပေမဲ့ ကျွန်တော် ဆုတောင်းတာကို ဘုရား နားထောင်​တော့​မှာ မဟုတ်ဘူး။ ဘုရား စိတ်ပျက်အောင် ကျွန်တော် လုပ်ထားတာ​ကိုး” လို့ ပြောတယ်။ ကျွန်တော်တို့လည်း ကြီးလေးတဲ့​အပြစ် လုပ်မိတဲ့အခါ အဖတ်ဆယ်​မရတော့ဘူး​လို့ ခံစားရနိုင်တယ်။ ကိုယ့်ကို ဘုရား စွန့်​သွားပြီ၊ ဘုရား​အမှု ဆက်​ဆောင်​နိုင်​တော့​မှာ မဟုတ်ဘူးလို့ စတွေးလာနိုင်တယ်။ (ဆာ. ၃၈:၄) ကြီးလေးတဲ့​အပြစ် လုပ်မိ​ပေမဲ့ သစ္စာရှိရှိ ဆက်​အမှုဆောင်ခဲ့တဲ့ ကျမ်းစာ​စံနမူနာရှင်​အကြောင်း လေ့လာ​ကြည့်​ရအောင်။

13. Peter in mawhna lianpi bang sem kha a hiam? Tua ma-in bang mawhnate na bawl a hiam?

၁၃ ကျမ်းစာ​စံနမူနာ။ ယေရှု အသတ်​မခံရခင်​ညမှာ တမန်တော် ပေတရု အမှားတွေ တန်းစီ လုပ်မိ​တယ်။ ပထမ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲ​ပြီး ယေရှုကို တခြား​တမန်တော်တွေ စွန့်​သွား​ရင်တောင် မစွန့်ဘူး​လို့ ပြောတယ်။ (မာ. ၁၄:၂၇-၂၉) ဒုတိယ၊ ဂေသရှေမန်​ဥယျာဉ်မှာ သတိနဲ့ စောင့်​မနေဘူး။ (မာ. ၁၄:၃၂၊ ၃၇-၄၁) တတိယ၊ လူအုပ် ရောက်လာတော့ ယေရှုကို ထားခဲ့ပြီး ထွက်ပြေး​တယ်။ (မာ. ၁၄:၅၀) နောက်ဆုံးတော့ ကြီးလေးတဲ့​အမှား လုပ်မိ​ပါ​လေ​ရော။ ယေရှုကို မသိဘူးလို့ သုံးကြိမ်​တိုင်တိုင် ကျိန်တွယ်​သစ္စာဆို​ပြီး ငြင်း​လိုက်တာ။ (မာ. ၁၄:၆၆-၇၁) ကြီးလေးတဲ့​အမှား လုပ်မိ​မှန်း သိသွားတော့ စိတ်​မထိန်းနိုင်​ဘဲ ချုံးပွဲချ ငို​တော့​တယ်။ တော်တော် စိတ်​ကျိုးပဲ့​ကြေမွ​သွား​ပုံ​ရတယ်။ (မာ. ၁၄:၇၂) ယေရှု အသတ်ခံရ​ချိန် ပေတရု ယူကျုံးမရ ဖြစ်သွားမှာ။ ‘ငါတော့ သွားပြီ’ လို့ ခံစား​သွား​ရမှာ။

14. Peter in bang hangin cihtakna tawh Pasian’ na semsuak zo a hiam? (Lim zong en in.)

၁၄ ပေတရု ဘာကြောင့် သစ္စာရှိရှိ ဘုရား​အမှု ဆက်​ဆောင်​နိုင်​သလဲ။ တစ်သီးပုဂ္ဂလ မနေ​ဘဲ တမန်တော်တွေ​ဆီ သွား​လို့ နှစ်သိမ့်မှု ရခဲ့တယ်။ (လု. ၂၄:၃၃) ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ပေတရု​ကို ကိုယ်ထင်ပြ​တယ်။ အားပေးချင်လို့ ဖြစ်နိုင်တယ်။ (လု. ၂၄:၃၄။ ၁ ကော. ၁၅:၅) အမှားတွေ​အတွက် အပြစ်မတင်​တဲ့​အပြင် တာဝန်ကြီးတွေ ပေးတယ်။ (ယော. ၂၁:၁၅-၁၇) မိမိကို သခင်ယေရှု ချစ်နေဆဲပဲဆိုတာ စိတ်ချ​သွား​လို့၊ ညီအစ်ကိုတွေ အားပေးလို့ ပေတရု ဆက်​အမှုဆောင်​နိုင်ခဲ့တယ်။ ပေတရု​ဆီကနေ ဘာသင်ယူနိုင်သလဲ။

ယောဟန် ၂၁:၁၅-၁၇ အရ မိမိကို ယေရှု စိတ်ပျက်​မ​သွား​လို့ ပေတရု ဆက်အမှုဆောင်ဖို့ ခွန်အား​ရ (စာပိုဒ် ၁၄ ကို ကြည့်ပါ)


15. Jehovah in bang pen hong muangsak nuam a hiam? (Late 86:5;Rom 8:38, 39) (Lim zong en in.)

၁၅ သင်ခန်းစာ။ ချစ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်ဆိုတာ ကျွန်တော်တို့ကို ယေဟောဝါ စိတ်ချ​စေချင်တယ်။ (ဆာလံ ၈၆:၅။ ရောမ ၈:၃၈၊ ၃၉ တို့ကို ဖတ်ပါ။) အပြစ်​လုပ်လို့ အပြစ်ရှိတယ် ခံစားရတာ သဘာဝ​ပဲ။ ခံ​လည်း ခံစား​သင့်​ပါတယ်။ ဒါပေမဲ့ အချစ်​မခံထိုက်​တော့​ဘူး၊ ခွင့်လွှတ်​မခံထိုက်​တော့​ဘူး​လို့ မတွေး​သင့်​ဘူး။ ချက်ချင်း အကူအညီ တောင်းပါ။ “သွေးဆောင်မှုကို တစ်ယောက်တည်း​အားနဲ့ တွန်းလှန်​လို့ အပြစ်​လုပ်မိ​သွားတာ” လို့ အစောပိုင်းမှာ ဖော်ပြတဲ့ ရောဘတ် ပြောတယ်။ အကြီးအကဲတွေကို အကူအညီ တောင်းဖို့ လိုမှန်း သဘောပေါက်သွားတယ်။ “ယေဟောဝါ ချစ်​နေဆဲပဲ၊ စွန့်​မ​သွား​ဘူး​ဆိုတာ စိတ်ချအောင် အကြီးအကဲတွေ ကူညီပေးကြတယ်။ အကြီးအကဲတွေလည်း ကျွန်တော့်ကို မေတ္တာ​ပျက်​မ​သွား​ဘူး” လို့ ပြောတယ်။ ကျွန်တော်တို့လည်း အပြစ်တွေ​အတွက် နောင်တ​ယူမယ်၊ အကူအညီ တောင်း​မယ်၊ အပြစ် ထပ်​မလုပ်မိဖို့ ကြိုးစားမယ်ဆိုရင် ယေဟောဝါ ဆက်​ချစ်မယ်၊ ခွင့်လွှတ်​မယ်​ဆိုတာ စိတ်ချနိုင်တယ်။ (၁ ယော. ၁:၈၊ ၉) အဲဒီလို စိတ်ချ​ရင် ကိုယ့်ကိုယ်ကိုယ် အဖတ်ဆယ်​မရတော့ဘူး​လို့ တွေးမှာ မဟုတ်ဘူး။ ဘုရား​အမှု ဆက်​မဆောင်​တော့​တာ​မျိုး ဖြစ်မှာ မဟုတ်ဘူး။

အကြီးအကဲတွေ သင့်ကို ကြိုးစား​ကူညီပေးနေတာ​က ဘာကို စိတ်ချစေသလဲ (စာပိုဒ် ၁၅ ကို ကြည့်ပါ)


16. Cihtakna tawh Pasian’ na sepsuak ding bang hangin khensat na hiam?

၁၆ ခက်ခဲတဲ့ နောက်ဆုံး​ကာလအတွင်း ကျွန်တော်တို့ ကြိုးစား​အမှုဆောင်​နေတာ ဘုရား သိပ်တန်ဖိုးထားတယ်။ စိတ်ပျက်​စ​ရာ​တွေ ကြုံရရင်တောင် ဘုရား​အကူအညီကြောင့် သစ္စာရှိရှိ ဆက်​အမှုဆောင်​နိုင်ပါတယ်။ ညီအစ်ကို/မတွေ စိတ်ထိခိုက်အောင် လုပ်ရင်​တောင် ချစ်မြဲ ချစ်နိုင်တယ်။ ခွင့်လွှတ်နိုင်တယ်။ အိမ်ထောင်ရေး ပဋိပက္ခ​တွေ အတတ်နိုင်ဆုံး ဖြေရှင်းခြင်း​အားဖြင့် ဘုရားကို ချစ်ကြောင်း၊ အိမ်ထောင်​အစီအစဉ်ကို လေးစားကြောင်း ပြနိုင်တယ်။ အမှား​လုပ်မိတဲ့အခါ ဘုရား​အကူအညီ ရှာနိုင်တယ်။ ဘုရား​ခွင့်လွှတ်မှု ရနိုင်တယ်။ ဘုရား​မေတ္တာ ဆက်ခံ​စားနိုင်တယ်။ “မွန်မြတ်တဲ့​အရာတွေကို လက်မလျှော့ဘဲ ဆက်လုပ်” ရင် ကောင်းချီး ကြွယ်ဝစွာ ရိတ်သိမ်း​ရပါလိမ့်မယ်။—ဂလ. ၆:၉

NANGH BANGCI DAWNG DING?

  • Unau khat hanga na lungkiat ciangin koi bang danin cihtakna tawh Pasian’ na semsuak thei ding na hiam?

  • Innkuanpih hanga na lungkiat ciangin koi bang danin cihtakna tawh Pasian’ na semsuak thei ding na hiam?

  • Nang le nang na lungkiat ciangin koi bang danin cihtakna tawh Pasian’ na semsuak thei ding na hiam?

LA 139 မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်​မှာ

a အမည်လွှဲများ။

b ခွဲနေဖို့ ကျမ်းစာ အားမပေးဘူး။ ခွဲနေ​လိုက်လို့ နောက်​အိမ်ထောင်ပြု​ခွင့် ရှိတယ်လို့ မဆိုလိုဘူး။ ဒါပေမဲ့ ခရစ်ယာန်​တချို့ ခွဲနေလို့ ရတဲ့ အခြေအနေတွေ ရှိတယ်။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်၊ ရှင်းလင်းချက် ၄ “ခွဲနေခြင်း” ကို ကြည့်ပါ။

c jw.org မှာ တင်ထားတဲ့ ငြိမ်းချမ်းရေး အတုအယောင်​ရဲ့ လှည့်စားမှု မခံပါနဲ့—ဒယ်ရယ်​နဲ့ ဒက်ဘရာ ဖရစ်ဇင်ကာ ဗီဒီယိုမှာ တွေ့ကြုံမှု နောက်တစ်ခု ကြည့်ပါ။