Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 13

LA 127 ဘယ်လို​လူစားမျိုး ဖြစ်သင့်

Jehovah In Nang Hong It A Hiam?

Jehovah In Nang Hong It A Hiam?

‘Nang pen ka it ka Tapa na hi hi.’LK 3:22.

အာရုံစိုက်​ရာ

ကိုယ့်ကို ယေဟောဝါ နှစ်သက်​မြတ်နိုးတယ်​ဆိုတာ ဘယ်လို စိတ်ချလာ​နိုင်​မလဲ။

1. A citak Pasian’ nasem pawlkhat in koi bangin ngaihsun khathei uh a hiam?

 “ယေဟောဝါက မိမိရဲ့ လူတွေကို နှစ်သက်တယ်” လို့ ကျမ်းစာမှာ ဆိုတယ်။ (ဆာ. ၁၄၉:၄) မိမိရဲ့ လူတွေကို အုပ်စုလိုက်​အနေနဲ့ ယေဟောဝါ နှစ်သက်​မြတ်နိုး​ကြောင်း သိရတာ စိတ်​ချမ်းသာ​စ​ရာ​ပါပဲ။ ဒါပေမဲ့ ‘တစ်ယောက်ချင်းစီ​အနေနဲ့​ဆိုရင်ကော ငါ့ကို နှစ်သက်​မြတ်နိုး​ရဲ့​လား’ လို့ တွေးပြီး တချို့ စိတ်ဓာတ်ကျ​မိ​နိုင်တယ်။ ကျမ်းစာမှာ ပါတဲ့ သစ္စာရှိ ဘုရား​ကျေးကျွန်​များစွာ အဲဒီလို တွေးပြီး စိတ်ဓာတ်ကျတဲ့​အချိန်တွေ ရှိတယ်။—၁ ရှ. ၁:၆-၁၀။ ယောဘ ၂၉:၂၊ ၄။ ဆာ. ၅၁:၁၁

2. Jehovah in kuate it a hiam?

မစုံလင်သူတွေ ယေဟောဝါရဲ့ နှစ်သက်မှု ရနိုင်တယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ နှစ်သက်မှု ရဖို့ ဘာလုပ်ရမလဲ။ ယေရှုခရစ်ကို ယုံကြည်​သက်ဝင်​ပြီး နှစ်ခြင်းခံရမယ်။ (ယော. ၃:၁၆) ဒါက အပြစ်တွေ​အတွက် နောင်တ​ယူပြီး​ကြောင်း၊ အလိုတော် ဆောင်ဖို့ ဘုရားကို ကတိ​ပေးပြီး​ကြောင်း လူအများရှေ့ ဖော်ပြတာ​ပဲ။ (တ. ၂:၃၈။ ၃:၁၉) မိမိနဲ့ ခင်မင်​ရင်းနှီး​ချင်ကြောင်း ဒီ​နည်းတွေနဲ့ ပြတဲ့အခါ ယေဟောဝါ ဝမ်းသာတယ်။ ဆက်ကပ်အပ်နှံခြင်း​ကတိ တည်ဖို့ အတတ်နိုင်ဆုံး ကြိုးစား​နေသရွေ့ နှစ်သက်​မြတ်နိုးတယ်။ မိတ်ဆွေ​လို့ သတ်မှတ်တယ်။—ဆာ. ၂၅:၁၄

3. Bang dotnate kikum ding i hiam?

ဘုရား မနှစ်သက်ဘူးလို့ တချို့ ဘာကြောင့် ခံစားရနိုင်သလဲ။ နှစ်သက်​မြတ်နိုး​ကြောင်း ဘုရား ဘယ်လို ပြသလဲ။ ဘုရား​နှစ်သက်မှု ရထားကြောင်း ဘယ်လို စိတ်ချ​လာနိုင်သလဲ။

JEHOVAH IN HONG IT LO CI-IN MI PAWLKHAT IN BANG HANGIN NGAIHSUN KHATHEI UH A HIAM?

4-5. Kimanna nei lo, manpha lo ci-a i kingaihsun zongin bang pen muang thei i hiam?

အသုံးမကျ​ဘူး၊ တန်ဖိုး မရှိဘူးဆိုတဲ့ ခံစားချက်​နဲ့ ကြီးပြင်းလာ​သူ​များစွာ ရှိတယ်။ (ဆာ. ၈၈:၁၅) “ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မရှိဘူးလို့ အမြဲ ခံစားရတယ်။ ‘ကျွန်တော်က ပရဒိသု ရောက်​ထိုက်တဲ့ လူစားမျိုး မဟုတ်ပါဘူး။ မိသားစုကို​တော့ ပရဒိသု ရောက်​စေချင်တယ်’ ဆိုပြီး ငယ်ငယ်​တုန်းက ဆုတောင်းတာ မှတ်မိသေးတယ်” လို့ ညီအစ်ကို အေဒရီယန် ပြောတယ်။ “ချစ်တယ်၊ ဂုဏ်ယူတယ်​လို့ မိဘတွေ တစ်ခါမှ မပြောဖူး​ဘူး။ ကျွန်တော် ဘာလုပ်လုပ် မိဘ အလိုမကျ​နိုင်​ဘူး​လို့ ခံစားရတယ်” ဆိုပြီး သက်သေခံ မိသားစုက မဟုတ်တဲ့ ညီအစ်ကို တိုနီ ပြောတယ်။

အသုံးမကျ​ဘူး၊ တန်ဖိုး မရှိဘူးဆိုတဲ့ ခံစားချက် ဝင်လာ​ရင် ယေဟောဝါ​ကိုယ်တိုင် ကိုယ့်ကို ဆွဲဆောင်​ထားတာ သတိရပါ။ (ယော. ၆:၄၄) ကိုယ်တိုင် မ​မြင်တဲ့ ကောင်းကွက်တွေ ဘုရား မြင်တယ်။ ကိုယ် ဘယ်လို လူစားမျိုးလဲ ကိုယ့်​ထက် ပိုသိတယ်။ (၁ ရှ. ၁၆:၇။ ၂ ရာ. ၆:၃၀) ဒါကြောင့် ကိုယ့်ကို တန်ဖိုး ရှိပါတယ်လို့ ဘုရား ပြောရင် စိတ်ချလက်ချ ယုံ​လိုက်ပါ။—၁ ယော. ၃:၁၉၊ ၂၀

6. Paul in a beisa hun a, a bawl khak mawhnate tawh kisai-in a lungsim bangci om a hiam?

အမှန်တရား မသိခင်က လုပ်ခဲ့​မိ​တာ​တွေ​အတွက် အပြစ်ရှိတယ်လို့ တချို့ တနုံ့နုံ့ ခံစား​နေရတုန်းပဲ။ (၁ ပေ. ၄:၃) သစ္စာရှိ ခရစ်ယာန်​တချို့​လည်း အားနည်းချက်တွေ တိုက်လှန်​နေရတုန်းပဲ။ သင့်​အဖြစ်​ကော အဲဒီလိုပဲ​လား။ ယေဟောဝါ ခွင့်လွှတ်​နိုင်​မှာ မဟုတ်ဘူးလို့ ခံစားရသလား။ တခြား​သစ္စာရှိ ဘုရား​ကျေးကျွန်တွေ​လည်း အဲဒီလို ခံစားကြရတယ်။ ဥပမာ၊ မိမိ​အပြစ်တွေ စဉ်းစားမိ​တဲ့အခါ အဖြစ်ဆိုး​လိုက်တာ​လို့ တမန်တော် ပေါလု ခံစားရတယ်။ (ရော. ၇:၂၄) တကယ်ဆိုရင် အပြစ်တွေ​အတွက် နောင်တ​ယူပြီး​ပြီ။ နှစ်ခြင်းခံပြီး​ပြီ။ ဒါပေမဲ့ “တမန်တော်တွေ​ထဲ​မှာ အရေးမပါဆုံး​သူ၊” ‘အပြစ်ရှိသူတွေ​ထဲ​မှာ အပြစ်​အများဆုံး​သူ’ လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်။—၁ ကော. ၁၅:၉။ ၁ တိ. ၁:၁၅

7. A beisa hun a, i bawl khak mawhnate tawh kisai-in bang i muan ding kisam a hiam?

နောင်တရ​ရင် ခွင့်လွှတ်​မယ်​လို့ ကောင်းကင်ဘုံစံ​အဖ ကတိ​ပေးထားတယ်။ (ဆာ. ၈၆:၅) ဒါကြောင့် လုပ်ခဲ့​မိ​တဲ့ အပြစ်တွေ​အတွက် တကယ် နောင်တရ​ရင် ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ စိတ်ချပါ။ ခွင့်လွှတ်​မယ်​လို့ ပြော​ထားတာ​ပဲ။—ကော. ၂:၁၃

8-9. Pasian’ hong it nading zahin sem zo lo ci-a i kingaihsut leh bang sem thei i hiam?

ယေဟောဝါ​အတွက် ကျွန်တော်တို့​အားလုံး အတတ်နိုင်ဆုံး အမှုဆောင်ချင်ကြတယ်။ ဒါပေမဲ့ ဘုရား​နှစ်သက်မှု ရ​လောက်အောင် ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်တာ မရှိဘူးလို့ တချို့ ခံစားရနိုင်တယ်။ “ယေဟောဝါကို လက်ရှိထက် အမြဲ တိုး​တိုးပြီး ပေးနေ​မှ အကောင်းဆုံး ပေး​ရာ​ရောက်မယ်​လို့ ကျွန်မ တွေးမိတယ်။ ဒါကြောင့် တတ်နိုင်တာထက် ပို​ပေးဆက်​ဖို့ ကြိုးစားတယ်။ မှန်း​ထားသလောက် မ​ပေးဆက်​နိုင်​တဲ့အခါ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်​သလို ယေဟောဝါ​လည်း စိတ်ပျက်​နေ​မှာ​ပဲ” လို့ ညီအစ်မ အမန်ဒါ ပြောတယ်။

ဘုရား​နှစ်သက်မှု ရ​လောက်အောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူး​လို့ ခံစားနေရရင် ဘာလုပ်နိုင်သလဲ။ ယေဟောဝါ အကျိုးသင့်​အကြောင်းသင့် ရှိတယ်ဆိုတာ သတိရပါ။ ကျွန်တော်တို့ တတ်နိုင်တာထက် ဘယ်တော့မှ ပိုမတောင်းဆိုဘူး။ အတတ်နိုင်ဆုံး ပေးဆက်​နေသရွေ့ ပေးသလောက်​ကို တန်ဖိုးထားတယ်။ ယေဟောဝါ​အတွက် စိတ်နှလုံး အကြွင်းမဲ့ အမှုဆောင်ခဲ့တဲ့ ကျမ်းစာ​စံနမူနာရှင်တွေ​အကြောင်းလည်း စဉ်းစားကြည့်ပါ။ ဥပမာ၊ ပေါလုဟာ နှစ်ပေါင်းများစွာ အားသွန်ခွန်စိုက် အမှုဆောင်တယ်။ မိုင်​ထောင်ချီ ခရီးသွားတယ်။ အသင်းတော် အများကြီး တည်ထောင်​တယ်။ ဒါပေမဲ့ အခြေအနေ ပြောင်းသွားလို့ အရင်ကလောက် မ​ဟောပြောနိုင်​ချိန်​မှာ ဘုရား​နှစ်သက်မှု ဆုံးရှုံး​သွား​သ​လား။ မဆုံးရှုံး​ဘူး။ တတ်နိုင်​တာ ပေါလု ဆက်လုပ်တယ်။ ယေဟောဝါ ကောင်းချီးပေးတယ်။ (တ. ၂၈:၃၀၊ ၃၁) ကျွန်တော်တို့လည်း ပေးဆက်​နိုင်​တာ​တွေ ပြောင်းသွားနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ​အတွက် အရေးကြီးတာ ကျွန်တော်တို့ရဲ့ စိတ်ရင်း​ပါ။ ကျွန်တော်တို့ကို နှစ်သက်​မြတ်နိုး​ကြောင်း ယေဟောဝါ ပြတဲ့ နည်း​တချို့ သုံးသပ်ကြည့်​ရအောင်။

JEHOVAH IN HONG IT AHIHLAM KOICI LAKKHIA A HIAM?

10. Eite hong it ahihlam Jehovah hong genna koici zak thei i hiam? (Johan 16:27)

၁၀ ကျမ်းစာကတစ်ဆင့် ပြတယ်။ နှစ်သက်​မြတ်နိုး​ရသူတွေကို နှစ်သက်​မြတ်နိုး​ကြောင်း ယေဟောဝါ ပြတယ်။ ယေရှုဟာ မိမိ မြတ်နိုးတဲ့ ချစ်သား ဖြစ်ကြောင်း ယေဟောဝါ နှစ်ကြိမ် ပြောတာကို ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ (မ. ၃:၁၇။ ၁၇:၅) သင်​ကော ကိုယ့်ကို နှစ်သက်​မြတ်နိုးတယ်​လို့ ယေဟောဝါ ပြောတာ ကြား​ချင်ပါသလား။ ကောင်းကင်ကနေ လှမ်း​မ​ပြောပေမဲ့ ကျမ်းစာကတစ်ဆင့် ပြောတယ်။ ခရစ်ဝင်ကျမ်း​တွေ​မှာ ပါတဲ့ ယေရှု​စကားတွေ ဖတ်တဲ့အခါ ယေဟောဝါ​အသံ “ကြား” ရ​သလို​ပါပဲ။ (ယောဟန် ၁၆:၂၇ ကို ဖတ်ပါ။) ဖခင်ကို ယေရှု အပြည့်အဝ အတုယူတယ်။ ဒါကြောင့် မစုံလင်ကြပေမဲ့ သစ္စာရှိတဲ့ နောက်လိုက်တွေကို ချစ်မြတ်နိုး​ကြောင်း ယေရှု ပြောတာ ဖတ်ရတဲ့အခါ ကိုယ့်ကို ယေဟောဝါ ပြော​နေတယ်လို့ ကြားယောင်​နိုင်တယ်။—ယော. ၁၅:၉၊ ၁၅

ကျွန်တော်တို့ကို နှစ်သက်​မြတ်နိုး​ကြောင်း ယေဟောဝါ နည်းအမျိုးမျိုးနဲ့ ပြ (စာပိုဒ် ၁၀ ကို ကြည့်ပါ)


11. Haksatna i tuak pen Pasian’ hong it lohna bang hang hi lo a hiam? (James 1:12)

၁၁ လုပ်ရပ်နဲ့ ပြတယ်။ ကျွန်တော်တို့ကို ယေဟောဝါ သိပ်​ကူညီပေးချင်တယ်။ လိုအပ်တာ ဖြည့်ဆည်းပေး​ချင်တယ်။ တစ်ခါတလေတော့ ဖြောင့်မတ်သူ ယောဘ​အဖြစ်​မှာ​လို ဒုက္ခ​ကြုံဖို့ ခွင့်ပြုနိုင်တယ်။ (ယောဘ ၁:၈-၁၁) ဒုက္ခ​ကြုံရတာ​ဟာ ဘုရား​နှစ်သက်မှု ဆုံးရှုံး​တာ မဟုတ်ဘူး။ ဘုရားကို ချစ်တယ်၊ ကိုးစားတယ်ဆိုတာ ပြဖို့၊ ကိုယ့်ကို ဘုရား ချစ်တယ်၊ ကြံ့​ကြံ့​ခံရပ်ဖို့ ကူညီပေးတယ်ဆိုတာ မြင်ဖို့ အခွင့်အရေး​တောင် ရ​သေးတယ်။—ယာကုပ် ၁:၁၂ ကို ဖတ်ပါ။

12. Dmitrii’ tuahkhakna pan bang theikhia i hiam?

၁၂ အာရှ​မှာ နေတဲ့ ညီအစ်ကို ဒီမီထရီ​အကြောင်း စဉ်းစားကြည့်ပါ။ ဒီမီထရီ အလုပ်ပြုတ်သွားတယ်။ တော်တော်​နဲ့ အလုပ် မရဘူး။ ဒါပေမဲ့ ယေဟောဝါကို ကိုးစားကြောင်း ပြတဲ့အနေနဲ့ အမှုဆောင်မှာ တိုးပြီး ပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အချိန်တွေ​သာ ကြာသွားတယ်။ အလုပ် မရသေးဘူး။ နောက်တော့ အကြီးအကျယ် နေမကောင်း ဖြစ်လို့ အိပ်ရာထဲ​ပါ လဲသွားတယ်။ ခင်ပွန်း​ကောင်း၊ ဖခင်ကောင်း မပီသ​ဘူး​လို့ ခံစားလာရတယ်။ ဘုရား​နှစ်သက်မှု ဆုံးရှုံးသွားလို့ များ​လား​ဆိုပြီး သံသယ ဝင်လာတယ်။ တစ်ညနေ​တော့ ဟေရှာယ ၃၀:၁၅ မှာ ပါတဲ့ ကျမ်းစကားတွေကို သမီးလေး ပရင့်ထုတ်​လာတယ်။ “တည်ငြိမ်စွာ ယုံကြည်​ကိုးစားမယ်ဆိုရင် ခွန်အားကြီးလိမ့်မယ်” တဲ့။ “ဖေဖေ၊ စိတ်မကောင်း​ဖြစ်တဲ့ အချိန်တွေမှာ ဒီ​ကျမ်းပိုဒ် သတိရ​နော်” လို့ ပြောပြီး အိပ်ရာ​ဘေးမှာ ထား​သွားတယ်။ စဉ်းစား​ကြည့်လိုက်တော့ မိသားစုမှာ စားစရာ၊ ဝတ်စရာ၊ နေစရာ ရှိနေတာ ဘုရား​ကျေးဇူး​ကြောင့်​ပဲ​ဆိုတာ ဒီမီထရီ သဘောပေါက်သွားတယ်။ “တည်ငြိမ်​နေဖို့၊ ဘုရားကို ဆက်​ကိုးစားဖို့ပဲ လိုတာ” လို့ ပြောတယ်။ သင်လည်း ဒုက္ခ​ကြုံနေရတယ်​ဆိုရင် ယေဟောဝါ ဂရုစိုက်​တယ်၊ ကြံ့​ကြံ့​ခံရပ်ဖို့ ကူညီပေးမယ်​ဆိုတာ စိတ်ချပါ။

ကျွန်တော်တို့ကို နှစ်သက်​မြတ်နိုး​ကြောင်း ယေဟောဝါ နည်းအမျိုးမျိုးနဲ့ ပြ (စာပိုဒ် ၁၂ ကို ကြည့်ပါ) a


13. Jehovah in hong it ahihlam a lahkhiat nadingin kuate zang thei a hiam? Koi bang danin zang a hiam?

၁၃ ယုံကြည်သူတွေ​ကတစ်ဆင့် ပြတယ်။ ကျွန်တော်တို့ကို နှစ်သက်​မြတ်နိုး​ကြောင်း ပြဖို့ ညီအစ်ကို/မတွေကို ယေဟောဝါ သုံးတယ်။ ဥပမာ၊ လိုအပ်ချိန် ကွက်တိ​မှာ အားပေး​စကား ပြောဖို့ သူတို့ကို လှုံ့ဆော်​ပေးနိုင်တယ်။ အာရှ​မှာ နေတဲ့ ညီအစ်မ​တစ်ယောက်​အကြောင်း စဉ်းစားကြည့်ပါ။ ညီအစ်မ တအား စိတ်ဖိစီး​နေတယ်။ အလုပ်က ပြုတ်၊ ကျန်းမာရေးက မကောင်း​နဲ့။ ဒီ​ကြားထဲ ခင်ပွန်း​ဖြစ်သူ ကြီးလေးတဲ့​အပြစ် ကျူးလွန်​လို့ အကြီးအကဲ​တာဝန် နား​လိုက်ရတယ်။ “ဘာကြောင့် ဒါတွေ ကြုံရသလဲ စဉ်းစား​လို့​ကို မရဘူး။ ကျွန်မ အမှား​တစ်ခုခု လုပ်ခဲ့​မိ​လို့ ဘုရား​နှစ်သက်မှု ဆုံးရှုံး​သွားတာများလား” လို့ ပြောတယ်။ ဒါနဲ့ ယေဟောဝါ ချစ်ရင် ချစ်တယ်ဆိုတာ ပြပေးပါလို့ ဆုတောင်းလိုက်တယ်။ ယေဟောဝါ ဘယ်လို ပြသလဲ။ “ကျွန်မကို ယေဟောဝါ ချစ်​နေတုန်းပဲ​ဆိုတာ နားလည်လာအောင် အကြီးအကဲတွေ ကူညီပေးကြတယ်” လို့ ပြောတယ်။ နောက်ပိုင်း၊ နည်းနည်း ကြာတော့ ထပ်​ဆုတောင်း​ပြန်​တယ်။ “အဲဒီနေ့မှာပဲ အသင်းတော်က ညီအစ်ကို/မ​တစ်စု​ဆီကနေ စာ​တစ်စောင် ရတယ်။ စာထဲမှာ ပါတဲ့ အားပေးစကားတွေ ဖတ်​လိုက်ရ​တော့ ကျွန်မ​ဆုတောင်းချက်ကို ယေဟောဝါ ကြားတယ်​ဆိုတာ သေချာ​သွားတယ်” လို့ ပြောတယ်။ မှန်ပါတယ်၊ ကြင်နာမှု ရှိတဲ့ စကားတွေ ပြောဖို့ တခြားသူတွေကို လှုံ့ဆော်​ပေးခြင်းအားဖြင့် ကျွန်တော်တို့ကို နှစ်သက်​မြတ်နိုး​ကြောင်း ယေဟောဝါ ပြတယ်။—ဆာ. ၁၀:၁၇

ကျွန်တော်တို့ကို နှစ်သက်​မြတ်နိုး​ကြောင်း ယေဟောဝါ နည်းအမျိုးမျိုးနဲ့ ပြ (စာပိုဒ် ၁၃ ကို ကြည့်ပါ) b


14. Jehovah in hong it ahihlam a lahkhiat dan adang thu khat in bang a hiam?

၁၄ လိုအပ်ချိန်​မှာ အကြံ​ပေး​ဆုံးမဖို့ ညီအစ်ကို/မတွေကို သုံးခြင်းအားဖြင့်​လည်း ကျွန်တော်တို့ကို နှစ်သက်​မြတ်နိုး​ကြောင်း ယေဟောဝါ ပြတယ်။ ဥပမာ၊ ပထမရာစု ခရစ်ယာန်တွေ​ဆီ စာ ၁၄ စောင် ရေးဖို့ တမန်တော် ပေါလု​ကို စွမ်းအားတော်နဲ့ လမ်းညွှန်တယ်။ စာမှာ ပါတဲ့ အကြံ​ပေး​ဆုံးမစကား​တွေ​ဟာ တဲ့တိုး​ကျပေမဲ့ မေတ္တာပါတယ်။ အဲဒီလို အကြံ​ပေး​ဆုံးမဖို့ ယေဟောဝါ ဘာကြောင့် လမ်းညွှန်​သလဲ။ “ချစ်ရတဲ့” သားသမီးတွေကို ဆုံးမ​ပဲ့ပြင်​တဲ့ ဖခင်ကောင်း ဖြစ်လို့​ပါ။ (ပညာ. ၃:၁၁၊ ၁၂) ဒါကြောင့် ကျမ်းစာကို အခြေခံပြီး အကြံ​ပေး​ဆုံးမ​ခံရတာဟာ ဘုရား​နှစ်သက်မှု ဆုံးရှုံးတဲ့ အထောက်အထား မဟုတ်ဘဲ နှစ်သက်မှု ရတဲ့ အထောက်အထား ဖြစ်တယ်။ (ဟီ. ၁၂:၆) နောက်ထပ် ဘာ​အထောက်အထားတွေ ရှိသေးသလဲ။

JEHOVAH IN HONG IT AHIHLAM A KILANGSAK ADANG THUTE

15. Jehovah in a kha siangtho kuate pia a hiam? Tua in bang hangin lungmuanna hong neisak a hiam?

၁၅ ချစ်မြတ်နိုးရသူတွေကို သန့်ရှင်းသော စွမ်းအားတော် ယေဟောဝါ ပေးတယ်။ (မ. ၁၂:၁၈) ‘စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ ငါ ပြနိုင်​ပြီလား’ လို့ စဉ်းစားကြည့်ပါ။ အမှန်တရား မသိခင်က​ထက် စိတ်ရှည်​တတ်​နေပြီလား။ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ ပြနိုင်​လေ ဘုရား​နှစ်သက်မှု ရ​နေတယ်ဆိုတာ စိတ်ချနိုင်​လေ​ပဲ။—“ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” လေးထောင့်ကွက်ကို ကြည့်ပါ။

ယေဟောဝါ နှစ်သက်​မြတ်နိုး​ကြောင်း အထောက်အထားတွေ ဘယ်လို တွေ့နိုင်သလဲ (စာပိုဒ် ၁၅ ကို ကြည့်ပါ)


16. Lungdamna thu taangko dingin Jehovah in kuate zang a hiam? Tua hangin na lungsim bangci om a hiam? (1 Thesalonika 2:4)

၁၆ ချစ်မြတ်နိုးရသူတွေကို သတင်းကောင်း ဟောပြောတဲ့ တာဝန် ယေဟောဝါ ပေးတယ်။ (၁ သက်သာလောနိတ် ၂:၄ ကို ဖတ်ပါ။) သတင်းကောင်း ဟောခြင်း​ရဲ့ အကျိုးကို ညီအစ်မ ဂျစလင်း ခံစားရတယ်။ တစ်ရက်၊ ဂျစလင်း အိပ်ရာနိုး​လာတော့ တော်တော်လေး စိတ်ဓာတ်ကျနေတယ်။ “ဘယ်​နေရာ​မှ အသုံးမဝင်​သူ​လို့ ခံစားရတယ်။ ဒါပေမဲ့ အဲဒီတုန်းက ရှေ့ဆောင် လုပ်နေတာ။ အမှုဆောင် ထွက်​မယ့်​ရက်ဆို​တော့ ဆုတောင်းပြီး အမှုဆောင် သွား​လိုက်တယ်” လို့ ပြောတယ်။ အဲဒီ​မနက်​မှာ မေရီ​လို့ ခေါ်တဲ့ အမျိုး​သမီးတစ်ယောက်​နဲ့ ဆုံတယ်။ မေရီ ကျမ်းစာ​လေ့လာမှု လက်ခံတယ်။ ဂျစလင်း တံခါး​လာ​ခေါက်​ချိန်​ဟာ အကူအညီ ရဖို့ ဘုရားဆီ ဆုတောင်းနေ​ချိန် ဖြစ်ကြောင်း လ​အတော်ကြာ​မှာ မေရီ ပြောပြတယ်။ “‘သမီးဟာ ငါ မြတ်နိုးတဲ့ ငါ့​ချစ်​သမီး​ပဲ’ ဆိုပြီး ကျွန်မကို ယေဟောဝါ ပြောလိုက်​သလို​ပဲ” လို့ ဂျစလင်း ပြောတယ်။ ကျွန်တော်တို့ ဟောတဲ့အခါ လူတိုင်း လက်ခံ​တုံ့ပြန်​မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကြိုးစား​ဟောပြောတဲ့အခါ ယေဟောဝါ ဝမ်းသာတယ်​ဆိုတာ စိတ်ချပါ။

ယေဟောဝါ နှစ်သက်​မြတ်နိုး​ကြောင်း အထောက်အထားတွေ ဘယ်လို တွေ့နိုင်သလဲ (စာပိုဒ် ၁၆ ကို ကြည့်ပါ) c


17. Tatkhiatna tawh kisai-in Vicky’ thugen pan bang sin thei i hiam? (Late 5:12)

၁၇ ချစ်မြတ်နိုးရသူတွေ​အတွက် ရွေးဖိုး​တန်ဖိုးကို ယေဟောဝါ သုံးတယ်။ (၁ တိ. ၂:၅၊ ၆) ဒါပေမဲ့ ရွေးဖိုး​ကို ယုံကြည်​သက်ဝင်​ပြီး နှစ်ခြင်းခံပြီးတာ​တောင် ကိုယ့်ကို ယေဟောဝါ နှစ်သက်​မြတ်နိုးတယ်​ဆိုတာ လက်ခံရ ခက်နေရင်​ကော။ ကိုယ့်​ခံစားချက်ကို အမြဲ ယုံလို့ မရ​ကြောင်း၊ ယေဟောဝါကို​တော့ အမြဲ ယုံ​နိုင်​ကြောင်း သတိရပါ။ ရွေးဖိုး ယုံကြည်​သက်ဝင်​သူတွေကို ဖြောင့်မတ်တယ်လို့ ယေဟောဝါ သတ်မှတ်တယ်။ ကောင်းချီးပေးမယ်​လို့ ကတိပေးတယ်။ (ဆာလံ ၅:၁၂ ကို ဖတ်ပါ။ ရော. ၃:၂၆) ရွေးဖိုး​အကြောင်း စဉ်းစား​လို့ ညီအစ်မ ဗစ်ကီ အကျိုး​ရခဲ့တယ်။ တစ်ရက်၊ ရွေးဖိုး​အကြောင်း ဗစ်ကီ လေးလေးနက်နက် စဉ်းစား​ဖြစ်တယ်။ “ကျွန်မ​အပေါ် ယေဟောဝါ တော်တော် စိတ်ရှည်တယ်။ . . . ဒါပေမဲ့ ကျွန်မ​လုပ်ရပ်က ‘ဘုရားရဲ့ မေတ္တာဟာ အဲဒီလောက် မ​ကြီးမား​ပါ​ဘူး။ ကျွန်မ​အပြစ်တွေကို ဖုံးအုပ်​ဖို့ သားတော်ရဲ့ ပူဇော်သက္ကာ​နဲ့ မလောက်​ဘူး’ လို့ ပြော​နေ​ခဲ့​သလို​ပဲ” လို့ ပြောတယ်။ ရွေးဖိုး လက်ဆောင်​အကြောင်း စဉ်းစား​လိုက်တော့ ယေဟောဝါ ချစ်တယ်ဆိုတာ ဗစ်ကီ ခံစားလာရတယ်။ ကျွန်တော်တို့လည်း ရွေးဖိုး​အကြောင်း စဉ်းစား​ရင် ယေဟောဝါ နှစ်သက်​မြတ်နိုးတယ်​ဆိုတာ ခံစား​လာရမယ်။

ယေဟောဝါ နှစ်သက်​မြတ်နိုး​ကြောင်း အထောက်အထားတွေ ဘယ်လို တွေ့နိုင်သလဲ (စာပိုဒ် ၁၇ ကို ကြည့်ပါ)


18. Jehovah it tawntung lehang bang pen muang thei i hiam?

၁၈ ဆောင်းပါးမှာ ပါတဲ့ အကြံပြုချက်တွေ စမ်းကြည့်ပေမဲ့ စိတ်ဓာတ်ကျ​ချိန်၊ ဘုရား​နှစ်သက်မှု ဆုံးရှုံး​သွားပြီ​လို့ ခံစားရ​ချိန် တစ်ခါတလေ ရှိနိုင်တယ်။ “မိမိကို ချစ်မြဲ ချစ်​နေသူတွေကို” ယေဟောဝါ နှစ်သက်​မြတ်နိုးတယ်​ဆိုတာ သတိရပါ။ (ယာ. ၁:၁၂) ယေဟောဝါနဲ့ ရင်းနှီးအောင် ဆက်ကြိုးစားပါ။ နှစ်သက်​မြတ်နိုး​ကြောင်း ဘုရား ပြနေတဲ့ နည်းတွေကို မြင်အောင် ကြည့်ပါ။ ယေဟောဝါဟာ “ကျွန်တော်တို့​တစ်ယောက်နဲ့​မှ မဝေး” ကြောင်း အမြဲ သတိရပါ။—တ. ၁၇:၂၇

NANGH BANGCI DAWNG DING?

  • Jehovah in hong it lo ci-in mi pawlkhat in bang hangin ngaihsun khathei uh a hiam?

  • Jehovah in hong it ahihlam hong lahkhiat dan thu pawlkhat in bangteng a hiam?

  • Pasian’ itna ngah ihihlam bang hangin muang thei i hiam?

LA 88 ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ

a ပုံအညွှန်း– ပြန်လည်​သရုပ်ဖော်ပုံ

b ပုံအညွှန်း– ပြန်လည်​သရုပ်ဖော်ပုံ

c ပုံအညွှန်း– ပြန်လည်​သရုပ်ဖော်ပုံ