Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 9

LA 75 “ကျွန်တော့်ကို စေလွှတ်ပါ”

Jehovah Kiang Ki-ap Dingin A Kigingsa-in Na Omta Hiam?

Jehovah Kiang Ki-ap Dingin A Kigingsa-in Na Omta Hiam?

“Kei tunga ama thupha tampite TOPA’ tungah bangci thuk ding ka hi hiam?”LA. 116:12.

အာရုံစိုက်​ရာ

ယေဟောဝါ​ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာဖို့ ဒီဆောင်းပါး​က ကူညီပေးနိုင်ပါတယ်။ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိမှ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံချင်​လာမယ်။

1-2. Tui kiphum ma-in bang sep ding kisam a hiam?

 လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ယေဟောဝါ​သက်သေ​အဖြစ် နှစ်ခြင်းခံသူ တစ်သန်း​ကျော် ရှိတယ်။ အများစုဟာ ပထမရာစုက တပည့် တိမောသေ​လိုပဲ “နို့စို့အရွယ်​ကတည်းက” အမှန်တရား သိလာကြတာ။ (၂ တိ. ၃:၁၄၊ ၁၅) တချို့ကတော့ သက်လတ်​ပိုင်း၊ သက်ကြီး​ပိုင်း ရောက်မှ သိလာကြတာ။ အမျိုး​သမီးတစ်ယောက်​ဆိုရင် ယေဟောဝါ​သက်သေတွေ​နဲ့ ကျမ်းစာ​လေ့လာပြီး နှစ်ခြင်းခံချိန်မှာ အသက် ၉၇ နှစ် ရှိနေပြီ။

သင်ဟာ ကျမ်းစာ​သင်သား ဒါမှမဟုတ် သက်သေခံ မိဘ​လက်အောက်မှာ ကြီးပြင်းလာ​သူ​ဆိုရင် နှစ်ခြင်းခံဖို့ ပန်းတိုင် ရှိသလား။ ဒါ သိပ်ကောင်းတဲ့ ပန်းတိုင်​ပဲ။ ဒါပေမဲ့ နှစ်ခြင်း​မခံခင် ယေဟောဝါဆီ ဆက်ကပ်အပ်နှံ​ရမယ်။ ဆက်ကပ်အပ်နှံ​တယ်​ဆိုတာ ဘာလဲ။ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ အဆင်​သင့်​ဖြစ်ပြီ​ဆိုရင် ဘာကြောင့် တွန့်ဆုတ်​မနေ​သင့်​သလဲ။

KI-AP CIH IN BANG A CIHNOPNA HIAM?

3. Jehovah kianga a ki-ap mi pawlkhat’ thu gentehna pia in.

ကျမ်းစာမှာ ဆက်ကပ်အပ်နှံ​တယ်​ဆိုတာ အထူး​ရည်ရွယ်ချက်​အတွက် သီးသန့်​ဖယ်ထားခံရတာကို ဆိုလိုတယ်။ အစ္စရေးတွေဟာ ယေဟောဝါဆီ လူမျိုး​လိုက် ဆက်ကပ်​ထားကြတယ်။ ဒါပေမဲ့ တစ်ယောက်ချင်း အထူး သီးသန့်​ဆက်ကပ်​သူ တချို့​လည်း ရှိတယ်။ ဥပမာ၊ အာရုန်​ဟာ “သန့်ရှင်း​မြင့်မြတ်တဲ့ ဆက်ကပ်အပ်နှံခြင်း အမှတ်အသား” ရွှေစင်ပြား​ကို ခေါင်း​ပေါင်း​အရှေ့ဘက်မှာ တပ်​တယ်။ ဒါက အစ္စရေး ပုရောဟိတ်မင်း​အဖြစ် အထူး​နည်းနဲ့ အမှုဆောင်ဖို့ ရွေးချယ်ခံ​ထား​ရ​ကြောင်း ပြတယ်။ (ဝတ်. ၈:၉) နာဇရိ​လူတွေလည်း ယေဟောဝါဆီ အထူး​နည်းနဲ့ ဆက်ကပ်​ကြတယ်။ “နာဇရိ​လူ” ဆိုတာ “သီးသန့်​ဖယ်​ထား​ခံရသူ၊” “ဆက်ကပ်​ထား​သူ” လို့ အဓိပ္ပာယ်​ရတဲ့ ဟီဘရူး​စကားလုံး နာ​ဇာ ကနေ ဆင်းသက်လာတယ်။ နာဇရိ​လူတွေ လိုက်နာ​ရမယ့် အထူး​တောင်းဆိုချက်တွေ မောရှေ​ပညတ်မှာ ပါတယ်။—တော. ၆:၂-၈

4. (a) Jehovah kiang ki-apna in bang sep ding teelna hi a hiam? (b) “Ama deihna bangin gamta lo” cih in bang a cihnopna hiam? (Lim zong en in.)

ယေဟောဝါ​ဘုရားဆီ ဆက်ကပ်အပ်နှံ​တာ​ဟာ ယေရှုခရစ်နောက် လိုက်ဖို့၊ ဘဝမှာ ဘုရား​အလိုတော် ဦးစားထားဖို့ ရွေးချယ်​လိုက်တာပဲ။ “ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူ​တိုင်း ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်” လို့ ယေရှု ပြောတယ်။ (မ. ၁၆:၂၄) ဒါကြောင့် ဆက်ကပ်အပ်နှံ​ထား​သူဟာ ဘုရား မကြိုက်တာ မှန်သမျှ ငြင်းပယ်ရမယ်။ (၂ ကော. ၅:၁၄၊ ၁၅) ငြင်းပယ်​ရမယ့်​အထဲမှာ လိင်​အကျင့်​ယိုယွင်းခြင်း​လို​မျိုး “အပြစ်ရှိတဲ့ အကျင့်​တွေ” ပါတယ်။ (ဂလ. ၅:၁၉-၂၁။ ၁ ကော. ၆:၁၈) ဆောင်ရန်၊ ရှောင်ရန်​တွေ များ​လို့ စိတ်​ကျဉ်းကျပ်​သွားမလား။ ဘုရားကို ချစ်ရင်၊ ဘုရား​ပညတ်တွေ​ဟာ ကိုယ့်​အကျိုးအတွက်ပဲ​ဆိုတာ သိထားရင် စိတ်​ကျဉ်းကျပ်​မှာ မဟုတ်ဘူး။ (ဆာ. ၁၁၉:၉၇။ ဟေရှာ. ၄၈:၁၇၊ ၁၈) “ယေဟောဝါရဲ့ စံနှုန်းတွေဟာ လုပ်ချင်​တာ လုပ်​ခွင့် မရအောင် ကာဆီးထား​တဲ့ အကျဉ်းခန်း သံ​တိုင်​နဲ့ တူတယ်လို့ မြင်ချင်​ရင် မြင်နိုင်တယ်။ ဒါမှမဟုတ် ခြင်္သေ့​ရန်ကနေ ကာကွယ်ပေးတဲ့ လှောင်အိမ် သံတိုင်နဲ့ တူတယ်လို့ မြင်ချင်​ရင် မြင်နိုင်တယ်” လို့ ညီအစ်ကို နီကိုးလတ် ပြောတယ်။

လုပ်ချင်​တာ လုပ်​ခွင့် မရအောင် ကာဆီးထား​တဲ့ အကျဉ်းခန်း သံ​တိုင်​လို့ ယေဟောဝါရဲ့ စံနှုန်းတွေကို မြင်သလား၊ ခြင်္သေ့​ရန်ကနေ ကာကွယ်ပေးတဲ့ လှောင်အိမ် သံ​တိုင်​လို့ မြင်သလား (စာပိုဒ် ၄ ကို ကြည့်ပါ)

5. (a) Jehovah kiang koi bangin ki-ap ding na hiam? (b) Ki-apna le tui kiphumna a kibat lohna in bang a hiam? (Lim zong en in.)

ယေဟောဝါဆီ ဘယ်လို ဆက်ကပ်အပ်နှံ​ရမလဲ။ ယေဟောဝါ​ဘုရား​တစ်ပါးတည်းကိုပဲ ဝတ်ပြုမယ်၊ ဘဝမှာ ဘုရား​အလိုတော် ဦး​စား​ထား​မယ်​လို့ ဆုတောင်း​ကတိ​ပေးရမယ်။ ဒါက ဘုရားကို “စိတ်စွမ်း ရှိသမျှ၊ ကိုယ်စွမ်း ရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှ၊ ခွန်အား ရှိသမျှနဲ့” ချစ်မြဲ ချစ်မယ်​လို့ ကတိ​ပေး​လိုက်တာပဲ။ (မာ. ၁၂:၃၀) ဆက်ကပ်အပ်နှံ​တယ်​ဆိုတာ ဘုရားကို နှစ်ကိုယ်ကြား ကတိ​ပေးတာ။ နှစ်ခြင်းခံတာ​ကျတော့ ဘုရားဆီ ဆက်ကပ်အပ်နှံပြီး​ကြောင်း လူအများရှေ့ ဖော်ပြတာ။ ဆက်ကပ်အပ်နှံခြင်း​ကတိဟာ လေးနက်​တယ်။ ကတိတည်​သင့်​တယ်။ ကတိတည်​ဖို့ ဘုရား မျှော်လင့်တယ်။—ဒေ. ၅:၄၊ ၅

ယေဟောဝါဆီ ဆက်ကပ်အပ်နှံ​တယ်​ဆိုတာ ယေဟောဝါ​တစ်ပါးတည်းကိုပဲ ဝတ်ပြုမယ်၊ ဘဝမှာ ဘုရား​အ​လို ဦးစားထား​မယ်​လို့ ကတိ​ပေးတာ ဖြစ် (စာပိုဒ် ၅ ကို ကြည့်ပါ)

BANG HANGIN JEHOVAH KIANG KI-AP KUL A HIAM?

6. Jehovah kiang i ki-apna a hang a thupipen in bang a hiam?

ဆက်ကပ်အပ်နှံ​ရတဲ့ အဓိက အကြောင်းရင်းဟာ ဘုရားကို ချစ်လို့​ပဲ။ ဘုရားကို ချစ်တာ​ဟာ ခံစားချက်ကို​ပဲ အခြေ​မခံ​ဘူး။ ဘုရားအကြောင်း၊ ဘုရား​ရည်ရွယ်ချက်​အကြောင်း “တိကျမှန်ကန်စွာ သိကျွမ်း” ခြင်း​ကို အခြေခံတယ်။ (ကော. ၁:၉) သင် ကျမ်းစာ​လေ့လာ​လို့ ဘာတွေ တိတိကျကျ သိလာသလဲ။ (၁) ယေဟောဝါ တကယ် ရှိတယ်၊ (၂) ကျမ်းစာဟာ ဘုရားရဲ့ တရားစကား ဖြစ်တယ်၊ (၃) အလိုတော် ပြီးမြောက်​ဖို့ အဖွဲ့အစည်းကို ဘုရား သုံး​နေတယ်ဆိုတာ သိလာတယ်။

7. Jehovah kiang i ki-ap ma-in bang teng i sep ding kisam a hiam?

ယေဟောဝါဆီ မ​ဆက်ကပ်​ခင်ကတည်းက အခြေခံ ကျမ်းစာ​သွန်သင်ချက်တွေ သိနေ​သင့်​တယ်။ ဘုရား​စံနှုန်း လိုက်နာ​နေ​သင့်​တယ်။ တခြားသူတွေကို ကိုယ့်​ယုံကြည်ချက် အတတ်နိုင်ဆုံး ပြောပြနေ​သင့်​တယ်။ (မ. ၂၈:၁၉၊ ၂၀) ဒီလိုနဲ့ ဘုရားကို ချစ်​သည်ထက် ချစ်လာတဲ့အခါ ဘုရား​တစ်ပါးတည်းကိုပဲ ဝတ်ပြု​ချင်လာ​မယ်။ သင်​ကော ဘုရားကို ချစ်ပါ​သ​လား။ ဘုရားကို​သာ ချစ်ရင် ကျမ်းစာ​သင်ပေးသူ ဒါမှမဟုတ် မိဘကို စိတ်​ချမ်းသာ​စေချင်​လို့၊ အပေါင်းအသင်းတွေကို အားကျ​လို့ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတာမျိုး မဖြစ်တော့ဘူး။

8. Lungdamna in Pasian kiang ki-ap nopna lungsim koi bangin hong neisak a hiam? (Late 116:12-14)

ကိုယ့်အတွက် ယေဟောဝါ လုပ်ပေးသမျှ စဉ်းစားတဲ့အခါ ကျေးဇူးတင်စိတ်၊ ဆက်ကပ်အပ်နှံချင်​စိတ် တဖွားဖွား ပေါ်လာမယ်။ (ဆာလံ ၁၁၆:၁၂-၁၄ ကို ဖတ်ပါ။) ယေဟောဝါဟာ “ကောင်းမြတ်တဲ့ ဆုကျေးဇူး၊ ပြည့်ဝစုံလင်တဲ့ လက်ဆောင်​မှန်သမျှ” ပေးတဲ့​အရှင် ဖြစ်တယ်။ (ယာ. ၁:၁၇) တန်ဖိုး အကြီးမားဆုံး လက်ဆောင်​ကတော့ သားတော်​ယေရှုရဲ့ ရွေးဖိုး​ပါ။ ရွေးဖိုးကြောင့်​သာ ဘုရားနဲ့ ရင်းနှီး​နိုင်​တာ။ ဒါ့အပြင် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက်​လည်း ဘုရား ပေးထားတယ်။ (၁ ယော. ၄:၉၊ ၁၀၊ ၁၉) ကောင်းချီး​အားလုံးနဲ့ ရွေးဖိုး​အတွက် ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ အကောင်းဆုံးနည်း​က ဘုရားဆီ ဆက်ကပ်အပ်နှံ​တာ​ပါပဲ။ (တရား. ၁၆:၁၇။ ၂ ကော. ၅:၁၅) ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်၊ သင်ခန်းစာ ၄၆ အချက် ၄ မှာ ပါတဲ့ ဘုရားသခင်ဆီ လက်ဆောင်​တွေ ဆက်သ​ပါ သုံး​မိနစ်​စာ ဗီဒီယိုမှာ ဒီအကြောင်း ဖော်ပြထားတယ်။

KI-APIN, TUI NA KIPHUM THEI TA DING HIAM?

9. Bang hangin nawhsa-a tui kiphum ding hi lo a hiam?

ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ အဆင်​သင့် မဖြစ်သေး​ဘူး​လို့ သင် ခံစားမိနိုင်တယ်။ ဘုရား​စံနှုန်းနဲ့ ကိုက်အောင် အပြောင်းအလဲတွေ လုပ်ဖို့ လိုနေ​သေး​တာ၊ ယုံကြည်ခြင်း ခိုင်ခံ့အောင် လုပ်ဖို့ အချိန် လိုနေ​သေး​တာ ဖြစ်နိုင်တယ်။ (ကော. ၂:၆၊ ၇) ကျမ်းစာ​သင်သား တစ်ယောက်နဲ့ တစ်ယောက် တိုးတက်တဲ့​နှုန်း မတူကြဘူး။ လူငယ် တစ်ယောက်နဲ့ တစ်ယောက် ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ အဆင်​သင့်​ဖြစ်တဲ့ အသက်အရွယ် မတူကြဘူး။ ကိုယ့်​တိုးတက်မှုကို ကိုယ့်​ပေတံ​နဲ့​ပဲ တိုင်း​ပါ။ တခြားသူ​ပေတံ​နဲ့ မ​တိုင်း​ပါ​နဲ့။—ဂလ. ၆:၄၊ ၅

10. Ki-ap a, tui kiphum thei nai lo ding na hih leh zong bang sem thei na hiam? (“ Teci Nu le Pa Khutnuai-a A Khangkhiate Ading” cih kiu li bawm en in.)

၁၀ အဆင်​သင့် မဖြစ်သေး​ရင်တောင် ဆက်ကပ်အပ်နှံ​ဖို့ ပန်းတိုင်​တော့ ဆက်​ထား​နေပါ။ လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်နိုင်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ (ဖိ. ၂:၁၃။ ၃:၁၆) ဆုတောင်းသံ​ကို ဘုရား ကြားပြီး ကူညီပေးမယ်​ဆိုတာ စိတ်ချပါ။—၁ ယော. ၅:၁၄

MI PAWLKHAT BANG HANGIN TUI KIPHUM NGAM LO UH A HIAM?

11. I cihtaksuak nadingin Jehovah in koi bangin hong huh ding a hiam?

၁၁ တချို့က ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ အဆင်​သင့်​ဖြစ်ပေမဲ့ တွန့်ဆုတ်နေ​ကြတယ်။ ‘နှစ်ခြင်းခံပြီး​မှ ကြီးလေးတဲ့​အပြစ် လုပ်မိ​လို့ နှင်ထုတ်​ခံ​ရရင် ဘယ်လို လုပ်မလဲ’ ဆိုပြီး တွေး​ကြောက်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အသင်းတော်ကနေ နှင်ထုတ်​ခံရတယ်ဆိုတာ တော်တော် ရှားပါတယ်။ မိမိလူမျိုး ဆက်သစ္စာရှိဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ “နှစ်သက်​လက်ခံမှုကို အပြည့်အဝ ရရှိပြီး [မိမိ] နဲ့ ထိုက်တန်​စွာ လျှောက်လှမ်း​နိုင်” ဖို့ လိုအပ်သမျှ ပေးတယ်။ (ကော. ၁:၁၀) မှန်ရာ လုပ်နိုင်စွမ်း ပေးတယ်။ ဘုရား​အကူအညီကြောင့် မှန်ရာ လုပ်နိုင်သူ​များစွာ​ကို သင် တွေ့​နေတာပဲ။—၁ ကော. ၁၀:၁၃

12. Mawhna bawlnopna lungsim hong om leh koi bangin do thei i hiam?

၁၂ မစုံလင်သူတွေမို့ အမှား​လုပ်ချင်စိတ် ပေါ်လာတတ်တယ်။ (ယာ. ၁:၁၄) ဒါပေမဲ့ အမှား​လုပ်ချင်စိတ် ပေါ်လာတဲ့အခါ လုပ်​မလုပ် ကိုယ်တိုင် ရွေး​နိုင်တယ်။ ဘယ်လို အသက်ရှင်​မလဲ​ဆိုတာ ကိုယ်​နဲ့​ပဲ ဆိုင်​တယ်။ အတွေး၊ လုပ်ရပ်တွေ​ကို မထိန်းချုပ်​နိုင်​ဘူး​လို့ တချို့ ပြောကြပေမဲ့ ထိန်းချုပ်​နိုင်ပါတယ်။ အမှား​လုပ်ချင်စိတ် ကြွလာ​ရင် ချိုးနှိမ်​လိုက်​နိုင်တယ်။ အဲဒီလို ချိုးနှိမ်​နိုင်ဖို့ နေ့တိုင်း ဆုတောင်းပါ။ ကျမ်းစာ မှန်မှန် လေ့လာ​ပါ။ အစည်းအဝေး တက်ပါ။ တခြားသူတွေကို ကိုယ့်​ယုံကြည်ချက် ပြောပြပါ။ ဒါဆိုရင် ဆက်ကပ်အပ်နှံခြင်း​ကတိ တည်​နိုင်မယ်။ ကတိ တည်​နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်။—ဂလ. ၅:၁၆

13. Joseph in koi bang etteh ding lim hoih lakkhia a hiam?

၁၃ ဘယ်လို တုံ့ပြန်မလဲဆိုတာ သွေးဆောင်မခံရခင်​ကတည်းက ဆုံးဖြတ်ထား​ရင် ဆက်သစ္စာရှိဖို့ လွယ်တယ်။ မစုံလင်ပေမဲ့ ဒီ​ကဏ္ဍမှာ စံနမူနာကောင်း ပြ​သူ​များစွာ​အကြောင်း ကျမ်းစာမှာ ပါတယ်။ ဥပမာ၊ ယောသပ်ဟာ ပေါတိဖာ​ရဲ့ မိန်းမ နေ့စဉ်​ရက်​ဆက် သွေးဆောင်တာကို ခံရတယ်။ ဒါပေမဲ့ “ဒီလို​ကြီးလေးတဲ့​အပြစ် ကျူးလွန်ပြီး ဘုရားသခင်ကို ပြစ်မှားတဲ့​အဖြစ်မျိုး ကျွန်တော် အရောက်မခံနိုင်ဘူး” လို့ ပြောပြီး သွေးဆောင်မှုကို “ငြင်းဆန်” တယ်။ (က. ၃၉:၈-၁၀) ဘယ်လို တုံ့ပြန်မလဲဆိုတာ သွေးဆောင်မခံရခင်​ကတည်းက ယောသပ် ဆုံးဖြတ်ထား​ပြီး​သား​ဆိုတာ ရှင်းနေပါတယ်။ ဒါကြောင့်​လည်း သွေးဆောင်ခံရချိန်မှာ မှန်ရာ လုပ်ဖို့ လွယ်​တာ။

14. Zolnate i nial theih nadingin koici sep theih i hiam?

၁၄ ယောသပ်​ကို ဘယ်လို အတုယူ​နိုင်​မလဲ။ သွေးဆောင်ခံရ​ရင် ဘယ်လို တုံ့ပြန်မလဲ အခုကတည်းက ဆုံးဖြတ်ထားပါ။ ယေဟောဝါ မုန်းတဲ့​အရာတွေကို ချက်ချင်း ငြင်းပယ်​တတ်​အောင် လုပ်ထားပါ။ စဉ်းတောင် မစဉ်းစားပါနဲ့။ (ဆာ. ၉၇:၁၀။ ၁၁၉:၁၆၅) ဒါဆိုရင် သွေးဆောင်ခံရတဲ့အခါ ဝေခွဲမရ ဖြစ်​နေ​မှာ မဟုတ်တော့ဘူး။ ဘယ်လို တုံ့ပြန်​ရမလဲ သိနေမယ်။

15. Jehovah kuhkal tak a, i ‘zon’ lam koi baingin lakkhia thei i hiam? (Hebru 11:6)

၁၅ အမှန်တရား ရှာ​တွေ့ပြီဆိုတာ သိပေမဲ့၊ ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြု​ချင်ပေမဲ့ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ သင် တွန့်ဆုတ်နေ​နိုင်တယ်။ ဒါဆိုရင် “အို ဘုရားသခင်၊ ကျွန်တော့်ကို အသေအချာ စစ်ဆေးလှည့်ပါ။ ကျွန်တော့်​စိတ်ကို သိမြင်လှည့်ပါ။ အသေအချာ ဆန်းစစ်ပြီး ပူပန်​သောကတွေကို သိမြင်လှည့်ပါ။ ကျွန်တော့်​စိတ်ဟာ အန္တရာယ်​လမ်းကို ဦးတည်​နေ​သ​လား​ဆိုတာ ကြည့်ရှုပေး​ပါ။ ကျွန်တော့်ကို ထာဝရ​လမ်း​ထဲ ပို့ဆောင်ပေးပါ” လို့ ဘုရင် ဒါဝိဒ်လို ဆုတောင်းနိုင်တယ်။ (ဆာ. ၁၃၉:၂၃၊ ၂၄) “မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို” ဘုရား ဆုချတယ်။ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ ပန်းတိုင်​ထား​ကြိုးစားတာ​ဟာ ဘုရားကို ထက်ထက်သန်သန် ရှာဖွေ​ကြောင်း ပြ​နေတာပဲ။—ဟီဘရူး ၁၁:၆ ကို ဖတ်ပါ။

JEHOVAH TAWH KINAI DINGIN HANCIAMSUAK IN

16-17. Teci nu le pa khutnuai-a a khangkhiate pen Jehovah in koi bangin kai a hiam? (Johan 6:44)

၁၆ ယေဟောဝါ ဆွဲဆောင်​ထားလို့ မိမိနောက်​လိုက် ဖြစ်လာကြတာ​ဆိုပြီး ယေရှု ပြောတယ်။ (ယောဟန် ၆:၄၄ ကို ဖတ်ပါ။) ဘယ်လောက် အားရှိစရာကောင်း​လိုက်သလဲ။ တစ်ယောက်ချင်းစီ​မှာ ကောင်းကွက် တွေ့လို့ ဘုရား ဆွဲဆောင်တယ်။ တစ်ယောက်ချင်းစီ​ကို ‘တန်ဖိုးထား​ရသူ’ လို့ မြင်တယ်။ (တရား. ၇:၆) သင့်ကိုလည်း အဲဒီလိုပဲ မြင်တယ်။

၁၇ သင်ဟာ သက်သေခံ မိဘ​လက်အောက်​က လူငယ် ဖြစ်နိုင်တယ်။ ယေဟောဝါ ဆွဲဆောင်​လို့ အမှန်တရားထဲ ရောက်လာတာ မဟုတ်ဘဲ မိဘနဲ့ အတွဲ​လိုက်​လေး ပါလာ​တာ​လို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်​လည်း ခင်ဗျားတို့နဲ့ ရင်းနှီး​လာ​လိမ့်မယ်” လို့ ကျမ်းစာ ဆိုတယ်။ (ယာ. ၄:၈။ ၁ ရာ. ၂၈:၉) ဆိုလိုတာက ဘုရားနဲ့ ရင်းနှီးအောင် သင့်ဘက်က စ​ကြိုးစားရင် ဘုရားလည်း သင်နဲ့ ရင်းနှီးအောင် လုပ်​လိမ့်မယ်။ သင့်ကို ဘယ်သူဘယ်ဝါ​ရဲ့ မိသားစုဝင်​လို့​ပဲ မမြင်ဘူး။ သက်သေခံ မိဘ​လက်အောက်မှာ ကြီးပြင်းလာ​သူ ဖြစ်​နေပါစေ ဘယ်သူ့ကိုမဆို တစ်ယောက်ချင်းစီ ဆွဲဆောင်တယ်။ ဒါကြောင့် ဘုရားနဲ့ ရင်းနှီးအောင်​သာ စ​ကြိုးစားရင် ယာကုပ် ၄:၈ မှာ ဖော်ပြသလို ဘုရား တုံ့ပြန်​ပါလိမ့်မယ်။—၂ သက်သာလောနိတ် ၂:၁၃ နဲ့ နှိုင်းယှဉ်ပါ။

18. A zomah bang thu kikum ding i hiam? (Late 40:8)

၁၈ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတာ​ဟာ ဘုရား တောင်းဆိုသမျှ လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် လိုလိုလားလား ဆက်သ​တဲ့ ယေရှုကို အတုယူ​နေတာပါ​ပဲ။ (ဆာလံ ၄၀:၈ ကို ဖတ်ပါ။ ဟီ. ၁၀:၇) နှစ်ခြင်းခံပြီးနောက် ယေဟောဝါကို သစ္စာရှိရှိ ဆက်​ဝတ်ပြုနိုင်ဖို့ ဘာက ကူညီပေးမလဲ​ဆိုတာ နောက်ဆောင်းပါးမှာ လေ့လာပါမယ်။

NANGH BANGCI DAWNG DING?

  • Jehovah kiang ki-ap cih in bang a hiam?

  • Lungdamna in ki-ap dingin koi bangin hong huh a hiam?

  • Mawhna lianpi na bawlkhak loh nadingin bang in hong huh ding a hiam?

LA 38 ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်