Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 12

LA 77 မှောင်မိုက်​လောက​ထဲက အလင်း

Khuamial Pelh Unla, Khuavak Sungah Om Un

Khuamial Pelh Unla, Khuavak Sungah Om Un

‘Note pen khuamial sungah a omngei hinapi-in, Topa’ mi na suahkhit uh ciangin khuavak sungah a om hita na hih uh hi.’EFE. 5:8.

အာရုံစိုက်​ရာ

ဧဖက် အခန်းကြီး ၅ မှာ ပါတဲ့ အမှောင်​နဲ့ အလင်း တင်စားချက်​ကနေ ဘာသင်ယူနိုင်သလဲ။

1-2. (a) Koi bang dinmunah Paul in Efesa pawlpi kiang lai khak a hiam? Bang hang hiam? (b) Bang dotnate kikum ding i hiam?

 ရောမ​မြို့မှာ တမန်တော် ပေါလု အိမ်​အကျယ်ချုပ် ကျ​နေပေမဲ့ ညီအစ်ကို/မ​တွေကို အား​ပေးချင်တယ်။ လူ​ကိုယ်တိုင် သွား​အား​မပေးနိုင်​လို့ စာတွေ ရေးတယ်။ တစ်စောင်ကတော့ အေဒီ ၆၀ ဒါမှမဟုတ် ၆၁ လောက်​မှာ ဧဖက်​အသင်းတော်ဆီ ရေးတဲ့ စာပါ။—ဧ. ၁:၁။ ၄:၁

လွန်ခဲ့တဲ့ ဆယ်နှစ်​နီးပါး​က ဧဖက်​မြို့မှာ ပေါလု အချိန်​အတော်ကြာ သတင်းကောင်း ဟောပြော​သွန်သင်တယ်။ (တ. ၁၉:၁၊ ၈-၁၀။ ၂၀:၂၀၊ ၂၁) ညီအစ်ကို/မတွေကို သိပ်ချစ်တယ်။ ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်ဖို့ ကူညီပေးချင်တယ်။ ဒါပေမဲ့ ဘာကြောင့် အမှောင်​နဲ့ အလင်း​အကြောင်း ဘိသိက်ခံ ခရစ်ယာန်တွေ​ဆီ ရေး​သလဲ။ ခရစ်ယာန်​အားလုံး ဘာသင်ယူနိုင်သလဲ။

KHUAMIAL PAN KHUAVAK

3. Efesa khua-a Khristiante’ kikhelna lianpi pen Paul in bang tawh genteh a hiam?

“ခင်ဗျားတို့​ဟာ တစ်ချိန်က အမှောင်​ထဲ​မှာ ရှိခဲ့ကြတယ်။ အခုတော့ . . . အလင်း​ထဲ ရောက်နေပြီ” လို့ ဧဖက်မြို့က ခရစ်ယာန်တွေကို ပေါလု ပြောတယ်။ (ဧ. ၅:၈) သူတို့ အကြီးအကျယ် ပြောင်းလဲသွားတာ​ကို ဖော်ပြဖို့ အမှောင်​နဲ့ အလင်း တင်စားချက် သုံးထားတယ်။ “တစ်ချိန်က အမှောင်​ထဲ​မှာ ရှိခဲ့ကြတယ်” လို့ ပေါလု ဘာကြောင့် ပြောသလဲ။

4. Efesa khua mite koi bang danin biakna lamah khuamial sungah na om uh a hiam?

ဘာသာရေး အမှောင်​ကျခြင်း။ ဧဖက်မြို့က အာတေမိ ဘုရားကျောင်း​ဟာ ရှေးခေတ် ကမ္ဘာ့​အံ့ဖွယ် ခုနစ်ပါး​မှာ ပါတယ်။ ရုပ်တုတွေ အပြည့်​ပဲ။ အာတေမိ ဘုရားမ​ရဲ့ ငွေ​နတ်ကွန်းတွေ လုပ်​ရောင်းပြီး ပန်းထိမ်သမားတွေ စီးပွား​တက်​နေကြတယ်။ (တ. ၁၉:၂၃-၂၇) ဒါ့အပြင် မြို့သား တော်တော်​များများ မှော်အတတ် လိုက်​စားကြတယ်။ (တ. ၁၉:၁၉) ဒါကြောင့် ဧဖက်မြို့က ခရစ်ယာန်တွေဟာ အမှန်တရား မသိခင်၊ ခရစ်ယာန် ဖြစ်​မလာခင် မှားယွင်းတဲ့ ဘာသာရေး သွန်သင်ချက်၊ မှော်အတတ်​ရဲ့ ကျွန် ဖြစ်ခဲ့ကြတယ်။

5. Efesa khua mite koi bang danin gamtatna lamah khuamial sungah na om uh a hiam?

ကိုယ်ကျင့်တရား အမှောင်​ကျခြင်း။ ဧဖက်​မြို့သားတွေဟာ အကျင့်ပျက် လုပ်ရပ်တွေ၊ မျက်နှာပြောင်​တိုက်တဲ့ လုပ်ရပ်တွေ​နဲ့ နာမည်ကြီးတယ်။ ဇာတ်ရုံ​တွေ၊ ဘာသာရေးပွဲ​တွေ​မှာ မကြားဝံ့မနာသာ စကားတွေ မကြားချင်​မှ အဆုံး​ပဲ။ (ဧ. ၅:၃) မြို့သား အများစုမှာ “ကိုယ်ကျင့်တရား မရှိတော့” ဘူး။ တစ်နည်းအားဖြင့် “စိတ်နှလုံး ထုံထိုင်း​နေတယ်။” (ဧ. ၄:၁၇-၁၉) အမှားအမှန် မသိခင် အချိန်မို့ အမှား​လုပ်လည်း စိတ်​ကြည်​ကြည်​ပဲ။ ယေဟောဝါဆီ​မှာ စာရင်းရှင်းရမယ်ဆိုတာ မသိဘူး။ ဒါကြောင့် “ဉာဏ်​အလင်းကွယ်​နေတယ်။ . . . ဘုရားသခင် ပေးသနား​တဲ့ အသက်နဲ့ ကင်းကွာ​နေတယ်” လို့ ပေါလု ပြောတာ။

6. Efesa khua-a Khristiante “khuavak sungah a om hita” ci-in Paul in bang hangin gen a hiam?

ဧဖက်​မြို့သား​တချို့ အမှောင်​ကနေ ထွက်လာတယ်။ “အခုတော့ သခင်ယေရှု​နဲ့ စပ်ဆိုင်​ပြီ ဖြစ်လို့ အလင်း​ထဲ ရောက်နေပြီ” လို့ ပေါလု ပြောတယ်။ (ဧ. ၅:၈) အမှန်တရား​အလင်း လမ်းပြတဲ့​အတိုင်း ကျင့်ကြံ​ပြုမူ​ကြတယ်။ (ဆာ. ၁၁၉:၁၀၅) မှားယွင်းတဲ့ ဘာသာရေး အကျင့်​အကြံ​တွေ၊ အကျင့်ပျက် လုပ်ရပ်တွေ စွန့်​ကြတယ်။ “ဘုရားသခင်ကို အတုယူ​ကြ” တယ်။ ဘုရားကို ဝတ်ပြုဖို့၊ ဘုရား​စိတ်နဲ့ တွေ့ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။—ဧ. ၅:၁

7. I dinmun pen Efesa khua-a Khristiante’ dinmun tawh koici kibang a hiam?

ကျွန်တော်တို့လည်း အမှန်တရား မသိခင်က ဘာသာရေး၊ ကိုယ်ကျင့်တရား အမှောင်​ကျခဲ့ကြတယ်။ တချို့က မှားယွင်းတဲ့ ဘာသာရေးပွဲ​တွေ ကျင်းပတယ်။ အကျင့်ပျက် ဘဝ​ပုံစံနဲ့ နေတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အမှားအမှန်​စံနှုန်း သိလာ​တော့ ပြောင်းလဲ​လာတယ်။ ဘုရား နေ​စေချင်​တဲ့ ဘဝ​ပုံစံနဲ့ နေတယ်။ ဒါကြောင့် ကောင်းကျိုး အများကြီး ရတယ်။ (ဟေရှာ. ၄၈:၁၇) ဒါပေမဲ့ ထွက်လာ​ခဲ့​တဲ့ အမှောင်​နဲ့ ကင်း​ကင်း​နေဖို့၊ “အလင်းရဲ့ သားသမီးတွေ​အဖြစ် လျှောက်လှမ်း​နေ” ဖို့ အမြဲ မလွယ်ဘူး။

Image digitally reproduced with the permission of the Papyrology Collection, Graduate Library, University of Michigan, P.Mich.inv. 6238. Licensed under CC by 3.0

ဧဖက်​အသင်းတော်ဆီ ရေးတဲ့ စာထဲက ပေါလုရဲ့ မေတ္တာပါ အကြံပြုချက်တွေ​ဟာ ကျွန်တော်တို့နဲ့လည်း ဆိုင် (စာပိုဒ် ၇ ကို ကြည့်ပါ) b


KHUAMIAL PELH UN

8. Efesa 5:3-5-a a gen bangin, Efesa khua-a Khristiante in bang a pelh ding uh kisam a hiam?

ဧဖက် ၅:၃-၅ ကို ဖတ်ပါ။ ကိုယ်ကျင့်တရား အမှောင်​လောကနဲ့ ဧဖက်မြို့က ခရစ်ယာန်တွေ ကင်း​ကင်း​နေနိုင်ဖို့​ဆိုရင် ယေဟောဝါ မနှစ်သက်တဲ့ အကျင့်​အကြံ​တွေ မပြတ် တွန်းလှန်​နေ​ရမယ်။ လိင်​အကျင့် မ​ယိုယွင်း​ရုံနဲ့ မရဘူး။ မကြားဝံ့မနာသာ စကားတွေ​လည်း မပြောရဘူး။ “ခရစ်တော်​နဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေ” ခံ​ချင်ရင် အဲဒါတွေ ရှောင်ရမယ်​လို့ ပေါလု သတိပေးတယ်။

9. Nulepa vai-a paktat theihna dinmunte bang hangin i do ding kisam a hiam?

ကျွန်တော်တို့လည်း “အမှောင်​နဲ့ ဆိုင်တဲ့ အကျိုးမဲ့ အကျင့်​တွေ” မပြတ် တွန်းလှန်​နေ​ရမယ်။ (ဧ. ၅:၁၁) မသန့်ရှင်း​တာ​တွေ၊ အကျင့်ပျက်တာ​တွေ ကြည့်လေ၊ နားထောင်​လေ၊ ပြောလေ အမှား​လုပ်ဖို့ လွယ်​လေ​ဆိုတာ တွေ့ကြုံမှုတွေ​က သက်သေပါပဲ။ (က. ၃:၆။ ယာ. ၁:၁၄၊ ၁၅) နိုင်ငံ​တစ်နိုင်ငံမှာ ညီအစ်ကို​တစ်စု အွန်လိုင်းမှာ “ဖရန့်” လုပ်ထားပြီး စကားပြောကြတယ်။ အစပိုင်းမှာတော့ ဘုရားရေးရာ​အကြောင်း​ပဲ ပြောတာ​ပါ။ ဒါပေမဲ့ တဖြည်းဖြည်း စကားဝိုင်း​မှာ မကောင်းတာတွေ ပါလာတယ်။ ပြောသမျှ လိင်​အကြောင်း​ကနေ မထွက်တော့ဘူး။ လိင်​အကျင့်​ယိုယွင်း​မိ​သွားတာ အဲဒီ​အပြောအဆို​တွေ​ကနေ စတာ​ပဲ​လို့ ညီအစ်ကို တော်တော်​များများ နောက်ပိုင်း ဝန်ခံ​ကြတယ်။

10. Satan in koi bangin hong ngaihsunsak nuam a hiam? (Efesa 5:6)

၁၀ ကျွန်တော်တို့ကို စာတန့်လောက လှည့်ဖြား​ချင်တယ်။ အကျင့်ပျက်​တယ်၊ မသန့်ရှင်း​ဘူး​လို့ ယေဟောဝါ သတ်မှတ်ထား​တာ​တွေ​ဟာ တကယ်တမ်း အဆိုးကြီး​တော့​လည်း မဟုတ်ပါဘူးလို့ ထင်စေချင်တယ်။ (၂ ပေ. ၂:၁၉) ဒါ အံ့ဩစရာ​တော့ မဟုတ်ဘူး။ လူတွေ အမှားအမှန် မသဲကွဲ​အောင် လုပ်တဲ့​နည်းဟာ စာတန် တောက်လျှောက် သုံး​လာတဲ့ နည်း​ပဲ။ (ဟေရှာ. ၅:၂၀။ ၂ ကော. ၄:၄) မသန့်ရှင်းတဲ့ အကျင့်၊ ဘဝ​ပုံစံ​ဟာ မမှားဘူး၊ ပျော်စရာ​ကောင်းတယ်၊ အန္တရာယ် ကင်းတယ်လို့ ထင်စေချင်တယ်။ (ဧဖက် ၅:၆ ကို ဖတ်ပါ။) ဒါကြောင့်​လည်း ရုပ်ရှင်၊ တီဗီ အစီအစဉ်၊ ဝက်ဘ်ဆိုက်တွေ​မှာ ဘုရား​စံနှုန်းနဲ့ မညီတဲ့ အတွေးအခေါ်တွေ ပလူပျံ​နေတာ။

11. Efesa 5:7-a a pilvai thuhilhna zuih ding a kisaplam Angela’ tuahkhakna pan bang theikhia i hiam? (Lim zong en in.)

၁၁ ဘုရား​စံနှုန်း လိုက်နာဖို့ အခက်တွေ့စေမယ့် အပေါင်းအသင်းတွေ​နဲ့ ကျွန်တော်တို့ကို စာတန် ပေါင်း​မိ​သွား​စေချင်တယ်။ ဒါကြောင့်​လည်း အမှား​လုပ်နေ​သူ​တွေ​နဲ့ “မပတ်သက်​ကြ​နဲ့” လို့ ဧဖက်​အသင်းတော်ကို ပေါလု တိုက်တွန်းတာ။ (ဧ. ၅:၇) ဒီနေ့ခေတ်မှာ လူချင်းတွေ့​မှ မဟုတ်ဘဲ လူမှု​မီဒီယာ​ကနေလည်း ပေါင်းလို့ ရ​နေတာမို့ ရှေး​ဧဖက်မြို့က ခရစ်ယာန်တွေ​ထက် ပို​သတိထားရမယ်။ လူမှု​မီဒီယာ ဘယ်လောက် အန္တရာယ် များ​မှန်း အာရှ​မှာ နေတဲ့ ညီအစ်မ အန်ဂျလာ a သိလာတယ်။ “လူမှု​မီဒီယာ​ဟာ ထောင်ချောက်ပဲ။ ကျွန်မကို အတွေးအခေါ် တစ်စ​တစ်စ ပြောင်း​လာ​စေ​တယ်။ နောက်တော့ ကျမ်းစာမူတွေကို မလေးစား​သူ​တွေ​နဲ့ ‘ဖရန့်’ လုပ်တာ စိတ်ထဲ ဘယ်လိုမှ မနေတော့ဘူး။ ယေဟောဝါ မနှစ်သက်တဲ့ ဘဝ​ပုံစံနဲ့ နေတာ ဘာမှ မဖြစ်ပါဘူး​လို့​တောင် တွေး​လာတဲ့​အထိပဲ” လို့ ဝန်ခံတယ်။ အန်ဂျလာ လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်နိုင်ဖို့ အကြီးအကဲတွေ မေတ္တာပါပါ ကူညီပေးကြတယ်။ “လူမှု​မီဒီယာ​ကို မဟုတ်ဘဲ ဘုရားရေးရာကို​ပဲ အာရုံစိုက်​နေပြီ” လို့ အန်ဂျလာ ပြောတယ်။

ယေဟောဝါရဲ့ စံနှုန်းတွေ လိုက်​နိုင်၊ မလိုက်​နိုင်​ဆိုတာ ဘယ်သူတွေနဲ့ ကိုယ် ပေါင်း​နေသလဲဆိုတာ​အပေါ် အများကြီး မူတည် (စာပိုဒ် ၁၁ ကို ကြည့်ပါ)


12. A man le a man lo tawh kisai-a Jehovah’ tehnate zui dingin bang in hong huh ding a hiam?

၁၂ အကျင့်ပျက် ဘဝ​ပုံစံ​ဟာ မမှားပါဘူး​ဆိုတဲ့ လောက​အမြင်ကို တွန်းလှန်​ရမယ်။ ဘယ်ဟာ မှားတယ်၊ မှန်တယ်ဆိုတာ လောက,က လူတွေ​ထက် ကျွန်တော်တို့ ပို​သိတာပဲ။ (ဧ. ၄:၁၉၊ ၂၀) ‘ဘုရား​စံနှုန်းတွေကို မလေးစားတဲ့ အလုပ်ဖော်၊ အတန်းဖော်၊ တခြားသူတွေနဲ့ မလိုအပ်ဘဲ မ​ပေါင်း​မိအောင် ငါ ရှောင်​ရဲ့​လား။ အမြင်​ကျဉ်း​တယ်လို့ အပြော​ခံရ​ရင်တောင် ဘုရား​စံနှုန်းတွေ ငါ သတ္တိရှိရှိ လိုက်နာသလား’ လို့ စဉ်းစားပါ။ ၂ တိမောသေ ၂:၂၀-၂၂ မှာ ဖော်ပြသလို အသင်းတော်ထဲမှာ​တောင် ဘယ်သူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်း​နေသလဲ ဂရုစိုက်​ရမယ်။ သစ္စာရှိရှိ ဘုရား​အမှုဆောင်ဖို့ အပေါင်းအသင်း​တိုင်း​က အကူအညီ ဖြစ်​နေ​မှာ မဟုတ်လို့​ပါပဲ။

“KHUAVAK SUNGAH A OM MITE BANGIN NA GAMTA UN”

13. “Khuavak sungah a om mite bangin na gamta un” cih in bang a cihnopna hiam? (Efesa 5:7-9)

၁၃ အမှောင်​နဲ့ ကင်း​ကင်း​နေ​ရုံသာမက “အလင်းရဲ့ သားသမီးတွေ​အဖြစ် လျှောက်လှမ်း​နေ” ဖို့ ဧဖက်​အသင်းတော်ကို ပေါလု အားပေးတယ်။ (ဧဖက် ၅:၇-၉ ကို ဖတ်ပါ။) ခရစ်ယာန်​စစ်​တွေ​လို အချိန်ပြည့် ပြုမူဖို့ ပြောနေတာ။ တစ်နည်းကတော့ ကျမ်းစာနဲ့ ကျမ်းစာ အခြေပြု စာပေတွေ ဝီရိယရှိရှိ ဖတ်တာ၊ လေ့လာတာ​ပဲ။ အထူးသဖြင့် ယေရှုခရစ်ရဲ့ စံနမူနာ​နဲ့ သွန်သင်ချက်တွေကို အာရုံစိုက်ဖို့ အရေးကြီးတယ်။ ယေရှုဟာ “ဒီ​လောကရဲ့ အလင်း” ဖြစ်လို့ပဲ။—ယော. ၈:၁၂။ ပညာ. ၆:၂၃

14. Kha siangtho in koi bangin hong huh thei a hiam?

၁၄ “အလင်းရဲ့ သားသမီးတွေ​အဖြစ်” ဆက်​ပြုမူ​နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော်ရဲ့ အကူအညီလည်း လိုတယ်။ အကျင့်ပျက် လောက​မှာ သန့်ရှင်း​မြဲ သန့်ရှင်းနေဖို့ မလွယ်​လို့​ပဲ။ (၁ သက်. ၄:၃-၅၊ ၇၊ ၈) ဘုရား​အတွေးအခေါ်နဲ့ မညီတဲ့ လောက​အတွေးအခေါ်တွေ၊ အမြင်တွေ တွန်းလှန်​ဖို့ သန့်ရှင်းသော စွမ်းအားတော် ကူညီပေးနိုင်တယ်။ “ကောင်းမြတ်” နေဖို့၊ “ဖြောင့်မတ်” နေဖို့လည်း ကူညီပေးနိုင်တယ်။—ဧ. ၅:၉

15. Kha siangtho koi bangin ngah thei i hiam? (Efesa 5:19, 20)

၁၅ စွမ်းအားတော် ရနိုင်တဲ့ တစ်နည်းကတော့ ဆုတောင်းခြင်း​ပါပဲ။ “တောင်းတဲ့​သူတွေကို သန့်ရှင်းသော စွမ်းအားတော်” ယေဟောဝါ ပေးမယ်​လို့ ယေရှု ပြောတယ်။ (လု. ၁၁:၁၃) အစည်းအဝေးမှာ ယေဟောဝါကို အတူတကွ ချီးမွမ်း​တဲ့​အခါလည်း စွမ်းအားတော် ရတယ်။ (ဧဖက် ၅:၁၉၊ ၂၀ ကို ဖတ်ပါ။) သန့်ရှင်းသော စွမ်းအားတော် သက်​ရောက်နေရင် သန့်ရှင်းတဲ့ ဘဝ​ပုံစံနဲ့ နေနိုင်မယ်။

16. Thukhensatna hoih i bawl theih nadingin bang in hong huh ding a hiam? (Efesa 5:10၊, 17)

၁၆ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချဖို့ လိုတဲ့အခါ “ယေဟောဝါရဲ့ အလိုတော်ကို သိ​နားလည်အောင်” ကြိုးစားရမယ်။ အလိုတော်နဲ့​အညီ ကျင့်ကြံ​ပြုမူ​ရမယ်။ (ဧဖက် ၅:၁၀၊ ၁၇ ကို ဖတ်ပါ။) ကိုယ့်​အခြေအနေနဲ့ သက်ဆိုင်တဲ့ ကျမ်းစာမူတွေ ရှာတာဟာ ဘုရား​အတွေးအခေါ်ကို သိနားလည်ဖို့ ကြိုးစားတာ​ပဲ။ ဘုရား​အတွေးအခေါ်ကို အခြေခံ​ရင် ဆုံးဖြတ်ချက်ကောင်း ချနိုင်မယ်။

17. Hunte pilvang takin koici zat theih i hiam? (Efesa 5:15, 16) (Lim zong en in.)

၁၇ အချိန်ကို အကျိုးရှိရှိ အသုံးချဖို့​လည်း ဧဖက်​အသင်းတော်ကို ပေါလု အကြံပေးတယ်။ (ဧဖက် ၅:၁၅၊ ၁၆ ကို ဖတ်ပါ။) “ဆိုးညစ်သူ” ရန်သူ စာတန်က ကျွန်တော်တို့ ဘုရား​အမှုဆောင်ဖို့ အချိန်​မရှိတော့တဲ့​အထိ လောက​မှာ အလုပ်များ​နေ​စေချင်တယ်။ (၁ ယော. ၅:၁၉) အမှုဆောင် အခွင့်အရေး​တွေ​နောက် မဟုတ်ဘဲ ငွေ၊ ပညာရေး၊ အလုပ်အကိုင်​နောက် လိုက်​မိ​ဖို့ သိပ်လွယ်တယ်။ လိုက်နေ​ပြီ​ဆိုရင် လောက​အတွေးအခေါ် ဝင်​နေပြီ​ဆိုတဲ့ အဓိပ္ပာယ်​ပဲ။ အဲဒီ​အရာတွေ​ဟာ မမှားပေမဲ့ ဘဝမှာ နံပါတ်​တစ် ဖြစ်​မနေ​သင့်​ဘူး။ “အလင်းရဲ့ သားသမီးတွေ​အဖြစ် လျှောက်လှမ်း​နေ” နိုင်ဖို့​ဆိုရင် “အချိန်ကို အကျိုးရှိရှိ အသုံးချ” ရမယ်။ တကယ် အရေးကြီးတာကို အာရုံစိုက်ရမယ်။

အချိန်ကို အကျိုးရှိရှိ အသုံးချဖို့ ဧဖက်မြို့က ခရစ်ယာန်တွေ အားပေး​ခံရ (စာပိုဒ် ၁၇ ကို ကြည့်ပါ)


18. Unaupa Donald in hunte pilvang takin koici zat a hiam?

၁၈ ယေဟောဝါ​အတွက် ပိုအမှုဆောင်နိုင်ဖို့ အခွင့်အရေး​တွေ ရှာပါ။ “ကိုယ့်​အခြေအနေကို ဆန်းစစ်​တယ်။ အမှုဆောင်မှာ ပို​ပါဝင်နိုင်ဖို့၊ ပို​ပါဝင်စေ​နိုင်​မယ့် အလုပ်​ရဖို့ ဆုတောင်းတယ်။ ယေဟောဝါ ကူညီပေးလို့ သင့်တော်တဲ့ အလုပ် ရှာတွေ့သွားတယ်။ မောင်နှံစုံလိုက် အချိန်ပြည့် အမှုဆောင်​နိုင်​သွားတယ်” လို့ တောင်အာဖရိကမှာ နေတဲ့ ညီအစ်ကို ဒေါ်နယ် ပြောတယ်။

19. “Khuavak sungah a om mite bangin” koici om thei i hiam?

၁၉ ပေါလုရဲ့ စာ​က ဧဖက်​အသင်းတော်ကို အများကြီး ကူညီပေး​ခဲ့​မှာ​ပဲ။ ဖျော်ဖြေရေး၊ အပေါင်းအသင်း ပညာရှိရှိ ရွေးဖို့ ကျွန်တော်တို့ကိုလည်း ကူညီပေးတယ်။ ကျမ်းစာ မှန်မှန် လေ့လာဖို့ လှုံ့ဆော်ပေးတယ်။ ဒါမှ အမှန်တရား​အလင်း လမ်းပြတဲ့​အတိုင်း ကျင့်ကြံ​ပြုမူ​နိုင်​မှာ။ အရည်အသွေးကောင်း​တွေ ရှိလာ​စေနိုင်​တဲ့ သန့်ရှင်းသော စွမ်းအားတော်ရဲ့ အရေးကြီးမှုကို​လည်း ပေါလုရဲ့ စာ​က အလေးပေး​ဖော်ပြတယ်။ ယေဟောဝါရဲ့ အတွေးအခေါ်နဲ့ ကိုက်ညီတဲ့ ပညာရှိ ဆုံးဖြတ်ချက်တွေ ချဖို့ ကူညီပေးတယ်။ စာမှာ ပါတဲ့ အကြံ​ပေး​ချက်​တွေ လိုက်နာရင် အမှောင်​နဲ့ ကင်း​ကင်း​နေပြီး အလင်း​ထဲ လျှောက်လှမ်း​နေနိုင်​ပါလိမ့်မယ်။

NANGH BANGCI DAWNG DING?

  • Efesa 5:8-a “khuamial” le “khuavak” in bang etsakna hi a hiam?

  • “Khuamial” tawh koi bang danin kipelh thei i hiam?

  • “Khuavak sungah a om mite bangin” koici om thei i hiam?

LA 95 လင်း​သည်ထက် လင်းလာ

a အမည်လွှဲများ။

b ပုံအညွှန်း– ဧဖက်​အသင်းတော်ဆီ ရေးတဲ့ တမန်တော် ပေါလုရဲ့ စာ ရှေး​မိတ္တူ​ပုံ။