Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 46

Jehovah In Paradais Kamciam Kipsak

Jehovah In Paradais Kamciam Kipsak

“Leitungah thupha a ngente in thuman Pasian kiang pan thupha ngah ding hi.”—ISA. 65:16, New World Translation.

LA 3 တို့​မျှော်လင့်​ကိုးစားရာ

အကြို​သုံးသပ်ချက် a

1. Kamsang Isaiah in Israel-te bang theisak nuam a hiam?

 ယေဟောဝါ​ကို “အမှန်တရားရဲ့ ဘုရားသခင်” လို့ ပရောဖက် ဟေရှာယ ခေါ်ထားတယ်။ “အမှန်တရား” လို့ ပြန်ဆိုတဲ့ စကားလုံးဟာ “အာမင်” လို့ အဓိပ္ပာယ် ရတယ်။ (ဟေရှာ. ၆၅:၁၆) “အာမင်” ဆိုတာ “ပြောတဲ့​အတိုင်း ဖြစ်ပါစေ၊” “ဧကန်​မုချ ဖြစ်ပါစေ” ဆိုတဲ့ အဓိပ္ပာယ် ဖြစ်တယ်။ ယေဟောဝါ၊ ယေရှု​တို့​ရဲ့ အဆို​တစ်ခုခု မှန်တယ်ဆိုတာ ဖော်ပြဖို့ ကျမ်းစာမှာ “အာမင်” ဆိုတဲ့ စကားလုံး သုံးလေ့​ရှိတယ်။ ဒီတော့ အစ္စရေးတွေ​ကို ဟေရှာယ သိစေချင်​တာက ယေဟောဝါ ကြိုပြောတာ​တွေ အမြဲ စိတ်ချ​လို့ ရတယ်​ဆိုတာပဲ။ ကတိ တစ်ခု​မကျန် ပြည့်စုံစေ​ခြင်း​အားဖြင့် စိတ်ချ​လို့ ရ​ကြောင်း ယေဟောဝါ သက်သေပြတယ်။

2. Mailam hun tawh kisai-a Pasian’ kamciamte bang hangin muang thei i hiam? Bang dotnate kikum ding i hiam?

အနာဂတ် ဘုရား​ကတိတွေကို ကျွန်တော်တို့​ကော စိတ်ချ​လို့ ရ​သ​လား။ စိတ်ချ​လို့ ရတဲ့ အကြောင်းရင်းကို ဟေရှာယ​ခေတ်​ပြီးနောက် အနှစ် ၈၀၀ နီးပါး​မှာ တမန်တော် ပေါလု ရှင်းပြတယ်။ “ဘုရားသခင်​ဘက်​က မုသား ပြောဖို့​ဆိုတာ မဖြစ်နိုင်ဘူး” တဲ့။ (ဟီ. ၆:၁၈) စမ်းရေ တစ်​ပေါက်​တည်း​ကနေ ရေချို​ရော ရေငန်ပါ မ​ထွက်​နိုင်​သ​လို အမှန်တရားရဲ့ ဘုရားသခင် ယေဟောဝါဆီက မုသား မ​ထွက်​နိုင်​ဘူး။ အနာဂတ် ကတိ​အားလုံး အပါအဝင် ယေဟောဝါ ပြောသမျှ အကြွင်းမဲ့ ယုံလို့ ရတယ်။ ဒါဆိုရင် အနာဂတ်နဲ့​ပတ်သက်ပြီး ယေဟောဝါ ဘာကတိ​ပေးသလဲ။ ကတိ ပြည့်စုံလာမယ်ဆိုတာ ဘယ်လို အာမခံသလဲ။ ဒီ​မေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေး​ကြ​မယ်။

JEHOVAH IN KAMCIAM HONG PIA

3. (a) Pasian’ silate in bang kamciam deih mahmah uh a hiam? (Mangmuhna 21:3, 4) (b) Hih kamciam i gen ciangin mi pawlkhat in koi bangin hong dawngkik uh a hiam?

အခု ဆွေးနွေးမယ့် ကတိကို ကမ္ဘာတစ်ဝန်းက ဘုရား​ကျေးကျွန်တွေ သိပ်​မြတ်နိုးကြတယ်။ (ဗျာဒိတ် ၂၁:၃၊ ၄ ကို ဖတ်ပါ။) အနာဂတ်မှာ ‘သေခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်း မရှိတော့ဘူး’ လို့ ယေဟောဝါ ကတိပေးတယ်။ တခြားသူတွေကို သတင်းကောင်း ပြောတဲ့အခါ ပရဒိသု အသက်တာ​အကြောင်း စိတ်​ချမ်းသာ​စ​ရာ ဒီကျမ်းပိုဒ်ကို ကျွန်တော်တို့ ဖတ်ပြတတ်​ကြတယ်။ တချို့ ဘယ်လို တုံ့ပြန်​ကြ​သလဲ။ “ကောင်းလွန်း​နေတယ်။ ဟုတ်​ကော ဟုတ်ပါ့မလား” လို့ ပြောကြတယ်။

4. (a) Ei hun tawh kisai-in Jehovah in bang theikhol a hiam? (b) Kamciam hong piak banah bang sem lai a hiam?

ပရဒိသု အသက်တာ​အကြောင်း တမန်တော် ယောဟန်ကို မှတ်တမ်းတင်​ခိုင်း​တုန်းက ကျွန်တော်တို့​ခေတ်​နဲ့ပတ်သက်ပြီး ယေဟောဝါ ဘာကြိုသိ​နေသလဲ။ တခြားသူတွေကို သတင်းကောင်း ဟောတဲ့အခါ ဒီ​မျှော်လင့်ချက် ကျွန်တော်တို့ ပြောပြမယ်​ဆိုတာ သိနေတယ်။ “အသစ်​သော​အရာတွေအကြောင်း” ဒီ​ကတိကို လူများစွာ ယုံဖို့ ခက်မယ်ဆိုတာ​လည်း သိနေတယ်။ (ဟေရှာ. ၄၂:၉။ ၆၀:၂။ ၂ ကော. ၄:၃၊ ၄) ဗျာဒိတ် ၂၁:၃၊ ၄ မှာ ပါတဲ့ ကောင်းချီးတွေ တကယ် ခံစားရမယ်ဆိုတာ ကိုယ်တိုင်နဲ့ တခြားသူတွေ စိတ်ချလာဖို့ ဘာလုပ်နိုင်သလဲ။ ယေဟောဝါက စိတ်​ချမ်းသာ​စ​ရာ ဒီ​ကတိကို ပေးရုံ ပေးတာ မဟုတ်ဘူး။ ယုံလို့ ရတဲ့ အကြောင်းရင်းတွေ​လည်း ပြောတယ်။ ဘာအကြောင်းရင်းတွေလဲ။

JEHOVAH IN A KAMCIAM KIPSAK

5. Paradais kamciam i muan theihna a hangte Lai Siangtho-ah koi bangin gen a hiam?

နောက်​အခန်းငယ်​တွေ​မှာ ပရဒိသု ကတိကို ယုံလို့ ရတဲ့ အကြောင်းရင်းတွေ တွေ့ရတယ်။ “ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရားသခင်က ‘အရာခပ်သိမ်း​ကို ငါ အသစ်​ဖန်ဆင်း​နေတယ်’ လို့ ပြောတယ်။ ပြီးတော့ ‘ဒါဟာ သစ္စာ​စကား၊ ဟုတ်မှန်တဲ့​စကား ဖြစ်တဲ့အတွက် ရေးမှတ်​ထားပါ’ လို့လည်း ပြောတယ်။ အဲဒီနောက် ဘုရားသခင်က ကျွန်တော့်ကို ပြောတယ်– ‘အဲဒီစကား​အတိုင်း ဖြစ်နေပြီ။ ငါဟာ အာလဖ​နဲ့ သြမေဃ ဖြစ်တယ်၊ အစနဲ့ အဆုံး ဖြစ်တယ်’” လို့ ဖတ်ရတယ်။—ဗျာ. ၂၁:၅၊ ၆

6. Mangmuhna 21:5, 6-a thute in Pasian’ kamciam bang hangin hong muangsak semsem a hiam?

ဒီကျမ်းပိုဒ်က ဘုရား​ကတိကို ဘာကြောင့် ပိုယုံကြည်​စိတ်ချစေသလဲ။ “ယေဟောဝါ​ကိုယ်တော်တိုင်​က သစ္စာရှိ လူသားများ​အတွက် ထို​အနာဂတ် ကောင်းချီးများ ရပိုင်သော အာမခံချက် သို့မဟုတ် ပိုင်ဆိုင်ခွင့် စာချုပ်​စာတမ်း​ကို လက်မှတ်​ရေးထိုးတော်မူသည့်​အ​လား ဖြစ်၏” လို့ ဒီကျမ်းပိုဒ်နဲ့​ပတ်သက်ပြီး ဗျာဒိတ်​ကျမ်း အထွတ်အထိပ် စာအုပ်မှာ ဖော်ပြတယ်။ b ဒါကြောင့် ဗျာဒိတ် ၂၁:၃၊ ၄ မှာ ပါတာက ဘုရား​ကတိ ဖြစ်ပြီး အခန်းငယ် ၅ နဲ့ ၆ မှာ ပါတာက ဘုရားရဲ့ အာမခံချက် ဖြစ်တယ်။ ကတိ တကယ် ပြည့်စုံလာမယ်ဆိုတာ အာမခံ​တဲ့​အနေနဲ့ လက်မှတ်ထိုး​ထား​သ​လို​ပါပဲ။ ဘယ်လို အာမခံသလဲ ကြည့်ရအောင်။

7. Pasian’ kamciam tawh kisai-a a thupat dan bang hangin lamdang a hiam?

“ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရားသခင်” ဆိုပြီး ဗျာဒိတ် ၂၁:၅ ကို နိဒါန်းပျိုး​ထားတယ်။ အဲဒီနောက် ပြောတဲ့ စကားဟာ ဗျာဒိတ်​ကျမ်းမှာ ယေဟောဝါ​ကိုယ်တိုင် ပြောတဲ့ စကား သုံးခွန်း​ထဲက တစ်ခွန်း ဖြစ်တယ်။ ဒီတော့ တန်ခိုးကြီး ကောင်းကင်တမန်ကတစ်ဆင့်၊ ရှင်ပြန်​ထမြောက်ပြီး​သား ယေရှုကတစ်ဆင့် အာမခံ​နေတာ မဟုတ်ဘူး။ ယေဟောဝါ​ကိုယ်တိုင် အာမခံ​နေတာ။ ဆက်​ပြော​မယ့် စကားကို အကြွင်းမဲ့ ယုံလို့ ရတယ်ဆိုတာ ဒီအချက်က ပေါ်လွင်​စေ​တယ်။ ယေဟောဝါ “မုသာ မ​သုံး” လို့​ပဲ။ (တိ. ၁:၂) ဗျာဒိတ် ၂၁:၅၊ ၆ မှာ ပါတဲ့ စကားတွေကို တကယ် ယုံလို့ ရတယ်။

“TU-IN NA KHEMPEUH A THAKIN KA BAWL HI”

8. Jehovah in a kamciam hong tangtun ding thu a thupisak na-in bang gen a hiam? (Isaiah 46:10)

အဲဒီနောက် “အရာခပ်သိမ်း​ကို ငါ အသစ်​ဖန်ဆင်း​နေတယ်” လို့ ယေဟောဝါ ပြောတယ်။ တကယ်တော့ အနာဂတ်မှာ လုပ်ပေးမယ့်​အရာတွေအကြောင်း ပြောနေတာ။ ဒါပေမဲ့ သေချာ​လွန်းလို့ ဖန်ဆင်း​နေတယ်လို့​ကို ပြောထားတယ်။—ဟေရှာယ ၄၆:၁၀ ကို ဖတ်ပါ။

9. (a) “Tu-in na khempeuh a thakin ka bawl hi,” cih in bang a cihnopna hiam? (b) Tu-a “vantung” le “leitung” bang piang ding a hiam?

“အရာခပ်သိမ်း​ကို ငါ အသစ်​ဖန်ဆင်း​နေတယ်” ဆိုတာ ဘာကို ဆိုလိုသလဲ။ အစားထိုးခြင်း၊ နဂို​အတိုင်း ပြန်ကောင်း​စေ​ခြင်း​ဆိုတဲ့ ယေဟောဝါ လုပ်မယ့်​အရာ နှစ်ခုကို ဆိုလိုတယ်။ ပထမ၊ ယေဟောဝါ ဘာကို အစားထိုး​မလဲ။ ‘အရင်​ကောင်းကင်နဲ့ အရင်​မြေကြီး ကွယ်ပျောက်​ပြီ’ လို့ ဗျာဒိတ် ၂၁:၁ မှာ ဖတ်ရတယ်။ “အရင်​ကောင်းကင်” ဆိုတာ စာတန်နဲ့ နတ်ဆိုးတွေရဲ့ ဩဇာ​အောက်မှာ ရှိတဲ့ အစိုးရတွေ ဖြစ်တယ်။ (မ. ၄:၈၊ ၉။ ၁ ယော. ၅:၁၉) ကျမ်းစာမှာ “မြေကြီး” လို့ သုံးတဲ့အခါ မြေကြီးသား၊ လူသားတွေကို ရည်ညွှန်းလေ့​ရှိတယ်။ (ဆာ. ၉၆:၁) ဒါကြောင့် “အရင်​မြေကြီး” ဆိုတာ လက်ရှိ ဆိုးညစ်တဲ့ လူ့ဘောင် အဖွဲ့အစည်း ဖြစ်တယ်။ လက်ရှိ “ကောင်းကင်” နဲ့ “မြေကြီး” ကို ယေဟောဝါ ပြုပြင်​မွမ်းမံရုံ မွမ်းမံ​မှာ မဟုတ်ဘူး။ လုံးဝ ဖျက်​လိုက်​မှာ။ ပြီးရင် “ကောင်းကင်​သစ်၊” “မြေကြီး​သစ်” နဲ့ အစားထိုး​မယ်။ “ကောင်းကင်​သစ်၊” “မြေကြီး​သစ်” ဆိုတာ အစိုးရသစ်၊ လူ့ဘောင် အဖွဲ့အစည်း​သစ်​ကို ဆိုလိုတယ်။

10. Jehovah in bangteng a thak bangin bawl ding a hiam?

၁၀ ဒုတိယ၊ ဘာတွေကို ယေဟောဝါ နဂို​အတိုင်း ပြန်ကောင်း​စေ​မလဲ။ ကမ္ဘာမြေနဲ့ လူတွေကို ပြန်​ကုစား​ပေးခြင်းအားဖြင့် အသစ်​လို ဖြစ်သွား​စေမယ်။ ဟေရှာယ ကြို​ဟောသလို ကမ္ဘာ​တစ်ခုလုံးကို ဧဒင်ဥယျာဉ်​လို နေချင်စဖွယ် ဖြစ်စေမယ်။ ခြေဆွံ့သူ၊ မျက်မမြင်၊ နားမကြား​သူတွေကို ကုပေးမယ်။ သေဆုံးသွားသူတွေကို အသက်ပြန်ရှင်​စေမယ်။ ဒီနည်းနဲ့ လူ​တစ်ယောက်ချင်းစီ​ကို အသစ်​လို ဖြစ်စေမယ်။ နဂို​အတိုင်း ပြန်ကောင်း​စေမယ်။—ဟေရှာ. ၂၅:၈။ ၃၅:၁-၇

‘HIH THUTE THUMANIN MUANTAAK HI. TU-IN MAN KHINTA!’

11. Jehovah in Johan bang thupia a hiam? Bang hang hiam?

၁၁ ယေဟောဝါ အာမခံ​တဲ့​အနေနဲ့ ဘာဆက်​ပြောသလဲ။ “ဒါဟာ သစ္စာ​စကား၊ ဟုတ်မှန်တဲ့​စကား ဖြစ်တဲ့အတွက် ရေးမှတ်​ထားပါ” လို့ ပြောတယ်။ (ဗျာ. ၂၁:၅) “ရေးမှတ်​ထားပါ” လို့​ပဲ မပြောဘူး။ အကြောင်းရင်း ထည့်ပြောတယ်။ “ဒါဟာ သစ္စာ​စကား၊ ဟုတ်မှန်တဲ့​စကား ဖြစ်တဲ့အတွက်” တဲ့။ ယေဟောဝါ ခိုင်းတဲ့​အတိုင်း ယောဟန် “ရေးမှတ်ထား” တာ ကျေးဇူးတင်စရာပါပဲ။ ဒီလို ရေးမှတ်ထား​လို့သာ ပရဒိသု ကတိ​အကြောင်း ကျွန်တော်တို့ ဖတ်​နိုင်​တာ။ အနာဂတ် ကောင်းချီးတွေ တွေးတော​ဆင်ခြင်​နိုင်​တာ။

12. “Tu-in man khinta!” ci-in Jehovah in bang hangin gen a hiam?

၁၂ “အဲဒီစကား​အတိုင်း ဖြစ်နေပြီ” လို့ ဘုရား ဆက်ပြောတယ်။ (ဗျာ. ၂၁:၆) “ဖြစ်နေပြီ” လို့ ဘာကြောင့် ပြောသလဲ။ ဖြစ်​မလာအောင် ဘာကမှ မတားဆီး​နိုင်လို့ပဲ။ ကတိ တကယ် ပြည့်စုံလာမယ်ဆိုတာ အာမခံ​တဲ့​အနေနဲ့ ယေဟောဝါ ဆက်ပြောတာ ရှိသေးတယ်။ ဘာများလဲ။

“ALFA LE OMEGA KA HI HI”

13. “Alfa le Omega ka hi hi,” ci-in Jehovah in bang hangin gen a hiam?

၁၃ အစောပိုင်းမှာ ဖော်ပြတဲ့​အတိုင်း စိတ်အာရုံမှာ ယေဟောဝါ​ကိုယ်တိုင် ယောဟန်ကို သုံးကြိမ် စကားပြောတယ်။ (ဗျာ. ၁:၈။ ၂၁:၅၊ ၆။ ၂၂:၁၃) သုံးကြိမ်​စလုံး​မှာ “ငါဟာ အာလဖ​နဲ့ သြမေဃ ဖြစ်တယ်” လို့ ပြောတယ်။ ဂရိ အက္ခရာ​မှာ အာလဖ​ဟာ ဦးဆုံး ဖြစ်ပြီး ဩမေဃ​ဟာ နောက်ဆုံး ဖြစ်တယ်။ ဒါကြောင့် “အာလဖ​နဲ့ သြမေဃ” လို့ ယေဟောဝါ ပြောတာ​ဟာ တစ်ခုခုကို စပြီးရင် အောင်အောင်မြင်မြင် အဆုံး​သတ်မယ်လို့ ပြောလိုက်တာပဲ။

ယေဟောဝါ တစ်ခုခု စပြီ​ဆိုရင် အောင်အောင်မြင်မြင် အဆုံးသတ် (စာပိုဒ် ၁၄၊ ၁၇ ကို ကြည့်ပါ)

14. (a) Jehovah pen bang hunah “Alfa” kici a, bang hunah “Omega” kici a hiam? Gentehna pia in. (b) Piancilna 2:1-3 in bang thu kipsak a hiam?

၁၄ အာဒံ၊ ဧဝ​ကို ဖန်ဆင်း​ပြီးနောက် လူတွေနဲ့ ကမ္ဘာမြေ​အတွက် မိမိ​ရည်ရွယ်ချက်​နဲ့ပတ်သက်ပြီး “သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်​စေ​ပြီး အုပ်ထိန်း​ကြ” လို့ ယေဟောဝါ ပြောတယ်။ အဲဒီနောက် သူတို့ကို ကောင်းချီးပေးတယ်။ (က. ၁:၂၈) “အာလဖ” လို့ ပြောလိုက်တဲ့ သဘောပါပဲ။ ရည်ရွယ်ချက်​အတိုင်း အာဒံ၊ ဧဝ​ရဲ့ စုံလင်​ပြီး နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်​တွေ ကမ္ဘာမြေမှာ ပြည့်​သွားပြီး ပရဒိသုအဖြစ် ပြောင်းလဲ​မယ့်​အချိန်ဟာ “ဩ​မေ​ဃ” လို့ ပြော​မယ့်​အချိန်​ပဲ။ “ကောင်းကင်နဲ့ မြေကြီးကို၊ အဲဒါတွေ​ပေါ် ရှိသမျှကို ဖန်ဆင်းပြီး” နောက် ကမ္ဘာဦး ၂:၁-၃ မှာ ယေဟောဝါ ပြောတဲ့ စကားက ရည်ရွယ်ချက် ကျိန်းသေ ပြည့်စုံလာမယ်ဆိုတာ အာမခံ​နေတယ်။ (ဖတ်ပါ။) သတ္တမ​နေ့ကို မြင့်မြတ်တဲ့ နေ့​လို့ ယေဟောဝါ သတ်မှတ်တယ်။ အောက်ခြေမှတ်ချက်​အရ အထူး​ရည်ရွယ်ချက်​အတွက် သီးသန့်​ဖယ်ထားတယ်။ လူတွေနဲ့ ကမ္ဘာမြေ​အတွက် ရည်ရွယ်ချက် ပြည့်စုံ​လာဖို့ သီးသန့်​ဖယ်​ထားတာ။ ဒါကြောင့် သတ္တမနေ့​အကုန်မှာ ရည်ရွယ်ချက် ပြည့်စုံ​မယ်​ဆိုတဲ့ အဓိပ္ပာယ်​ပဲ။

15. Satan in mihingte adinga Pasian’ ngimna a susia zo tawh bang hangin kibang a hiam?

၁၅ အာဒံ၊ ဧဝ ပုန်ကန်​တော့ အပြစ်သားတွေ ဖြစ်သွား​ကြတယ်။ အပြစ်နဲ့ သေခြင်းကို သားစဉ်မြေးဆက်​တွေ အမွေ​ရသွားကြတယ်။ (ရော. ၅:၁၂) စုံလင်​ပြီး နာခံမှု ရှိတဲ့ လူတွေ ကမ္ဘာမြေမှာ ပြည့်​နေဖို့​ဆိုတဲ့ ဘုရား​ရည်ရွယ်ချက်ကို စာတန် ဖျက်​လိုက်​နိုင်​ပုံ​ပဲ။ “ဩ​မေ​ဃ” လို့ ယေဟောဝါ ဘယ်တော့မှ မပြော​နိုင်အောင် လုပ်လိုက်​နိုင်​ပုံ​ပဲ။ ယေဟောဝါ ရွေး​စ​ရာ လမ်း မရှိတော့ဘူးလို့ စာတန် ထင်​မိ​နိုင်တယ်။ လူတွေ​အတွက် ရည်ရွယ်ချက် ပြည့်စုံစေဖို့​ဆိုရင် အာဒံနဲ့ ဧဝ​ကို ဖျက်ဆီး၊ စုံလင်တဲ့ မောင်နှံတစ်စုံ ထပ်​ဖန်ဆင်း​မှ​ပဲ ရတော့မယ်​ပေါ့။ အဲဒီလိုသာ​ဆိုရင် ဘုရား မုသား သုံးတယ်လို့ စာတန် ပြောတော့​မှာ။ ဘာကြောင့်လဲ။ ကမ္ဘာဦး ၁:၂၈ အရ ယေဟောဝါ ကတိ​ပေးထားတာက အာဒံ၊ ဧဝ​ရဲ့ သားစဉ်မြေးဆက်​တွေ ကမ္ဘာမြေမှာ ပြည့်စေဖို့ ဖြစ်လို့ပဲ။

16. Jehovah guallel ta ci-in Satan in bang hangin ngaihsun khathei a hiam?

၁၆ ဘုရား ဘယ်​လမ်း ရွေး​မယ်​လို့ စာတန် ထင်​နိုင်​သေးသလဲ။ အာဒံနဲ့ ဧဝ သားသမီး မွေးပါလေ့စေ၊ ဘယ်တော့မှ စုံလင်​မ​လာကြ​ရင်​လည်း နေပါစေ​တော့​ဆိုပြီး ဘုရား ခွင့်ပြု​ရတော့မယ်​လို့ ထင်​နေနိုင်တယ်။ (ဒေ. ၇:၂၀။ ရော. ၃:၂၃) အဲဒီလိုသာ​ဆိုရင် ဘုရားကို အရှုံးသမားလို့ စာတန် ပြောတော့​မှာ။ ဘာကြောင့်လဲ။ အာဒံ၊ ဧဝ​ရဲ့ စုံလင်​ပြီး နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်​တွေ ပရဒိသု ကမ္ဘာမြေမှာ ပြည့်နေဖို့​ဆိုတဲ့ ဘုရား​ရည်ရွယ်ချက် ပြည့်စုံ​တော့​မှာ မဟုတ်လို့​ပဲ။

17. Satan le nupa masate’ langpanna pen Jehovah in koi bangin siangsak a hiam? Bangteng hong piang ding a hiam? (Lim zong en in.)

၁၇ စာတန်နဲ့ ပထမ လူသား မောင်နှံရဲ့ ပုန်ကန်မှု​ကို ယေဟောဝါ ဖြေရှင်းပုံ​ကြောင့် စာတန် ငုတ်တုတ်​မေ့သွား​မှာ​ပဲ။ (ဆာ. ၉၂:၅) အာဒံနဲ့ ဧဝ သားသမီး မွေးဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။ မုသား မသုံးဘူး၊ ကတိတည်တယ်​ဆိုတာ ပြလိုက်တာပဲ။ အာဒံ၊ ဧဝ​ရဲ့ နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်​တွေ​ကို ကယ်ဖို့ “မျိုးနွယ်” ပေါ်လာ​စေ​ခြင်း​အားဖြင့် ရည်ရွယ်ချက် မ​ပြည့်​ပြည့်​အောင် စီစဉ်တယ်။ အရှုံးသမား မဟုတ်ဘူး၊ အောင်နိုင်သူ​ဆိုတာ ပြလိုက်တာပဲ။ (က. ၃:၁၅။ ၂၂:၁၈) ဒီလိုမျိုး ရွေးဖိုး အစီအစဉ် ရှိလာမယ်​လို့ စာတန် စဉ်းတောင် စဉ်းစားမိ​မှာ မဟုတ်ဘူး။ ရွေးဖိုး အစီအစဉ်ဟာ ကိုယ်ကျိုးမဖက်​တဲ့ မေတ္တာကို အခြေခံပြီး ဒီလို​မေတ္တာဟာ စာတန်​မှာ လုံးဝ မရှိတဲ့ အရည်အသွေး ဖြစ်လို့ပဲ။ (မ. ၂၀:၂၈။ ယော. ၃:၁၆) ရွေးဖိုး အစီအစဉ်​ကြောင့် ဘာတွေ ဖြစ်မြောက်​လာမလဲ။ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု​အကုန်မှာ အာဒံ၊ ဧဝ​ရဲ့ စုံလင်​ပြီး နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်​တွေ ပရဒိသု ကမ္ဘာမြေမှာ နေ​ကြ​မယ်။ ယေဟောဝါ မူလ ရည်ရွယ်ထားသလို​ပေါ့။ အဲဒီအချိန်ဟာ “ဩ​မေ​ဃ” လို့ ပြော​မယ့်​အချိန်​ပဲ။

PARADAIS KAMCIAM I MUAN SEMSEM THEIH DAN

18. Pasian in bang a muanhuai thu thum hong pia a hiam? (“ Jehovah Kamciam I Muan Theihna A Hang Thu Thum” cih kiu li bawm zong en in.)

၁၈ ကမ္ဘာမြေ ပရဒိသု ဖြစ်လာမယ်​ဆိုတာ မယုံ​သူတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့ ဘယ်​အာမခံချက်​တွေ ပြောပြလို့ ရသလဲ။ ပထမ၊ ယေဟောဝါ​ကိုယ်တိုင် ကတိပေးတယ်။ “ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရားသခင်က ‘အရာခပ်သိမ်း​ကို ငါ အသစ်​ဖန်ဆင်း​နေတယ်’ လို့ ပြောတယ်။” ကတိ ပြည့်စုံစေဖို့ ဉာဏ်ပညာ၊ တန်ခိုး၊ ဆန္ဒ ဘုရား​မှာ ရှိတယ်။ ဒုတိယ၊ သေချာ​လွန်းလို့ ယေဟောဝါ​အမြင်မှာ ပြည့်စုံ​ပြီး​သ​လို​တောင် ဖြစ်နေပြီ။ ဒါကြောင့်​လည်း “ဒါဟာ သစ္စာ​စကား၊ ဟုတ်မှန်တဲ့ စကား။ . . . အဲဒီစကား​အတိုင်း ဖြစ်နေပြီ” လို့ ပြောတာ။ တတိယ၊ ယေဟောဝါ တစ်ခုခု စပြီ​ဆိုရင် အောင်အောင်မြင်မြင် အဆုံးသတ်​မယ်။ ဒါကြောင့်​လည်း “ငါဟာ အာလဖ​နဲ့ သြမေဃ ဖြစ်တယ်” လို့ ပြောတာ။ စာတန်​သာ မုသာကောင်၊ အရှုံးသမား ဖြစ်ကြောင်း ယေဟောဝါ သက်သေပြ​လိမ့်မယ်။

19. Paradais kamciam a um lote tawh na kimuh leh bang hih thei na hiam?

၁၉ အမှုဆောင်မှာ တွေ့တဲ့​သူတွေကို ဘုရားရဲ့ အာမခံချက်​တွေ ပြောပြတာ​ဟာ ဘုရား​ကတိတွေကို ကိုယ်တိုင် ပိုယုံကြည်စိတ်ချလာအောင် လုပ်နေတာပဲ။ နောက်တစ်ခါ ဗျာဒိတ် ၂၁:၄ မှာ ပါတဲ့ စိတ်​ချမ်းသာ​စ​ရာ ပရဒိသု ကတိ ဖတ်ပြ​လို့ “ကောင်းလွန်း​နေတယ်။ ဟုတ်​ကော ဟုတ်ပါ့မလား” ဆိုပြီး တစ်ယောက်ယောက် ပြောလာရင် ဘာလုပ်မလဲ။ အခန်းငယ် ၅ နဲ့ ၆ ကို ဖတ်ပြီး ရှင်းပြ​လိုက်ပါ။ ယေဟောဝါ​ကိုယ်တိုင် ကျိန်ဆို​လက်မှတ်ထိုး​ထား​သ​လို အာမခံ​ထားတာကို ပြ​လိုက်ပါ။—ဟေရှာ. ၆၅:၁၆

LA 145 ဘုရား​ကတိတော် ပရဒိသု

a ပရဒိသု ကတိ ပြည့်စုံလာမယ်ဆိုတာ ယေဟောဝါ ဘယ်လို အာမခံ​ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ တခြားသူတွေကို ဒီ​အာမခံချက် ပြောပြတာ​ဟာ ဘုရား​ကတိတွေကို ကိုယ်တိုင် ပိုယုံကြည်စိတ်ချလာအောင် လုပ်နေတာပဲ။