Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 47

Khatlekhat Ki-it Tawntung Un

Khatlekhat Ki-it Tawntung Un

“Pasian pen itna hong piankhiatna bulpi ahih manin eite khatlekhat ki-it ni.”—1 JOH 4:7.

LA 109 နှစ်နှစ်ကာကာ ချစ်ကြပါ

အကြို​သုံးသပ်ချက် a

1-2. (a) “Itna mah a thu lianpen ahi hi,” ci-in sawltak Pual in bang hangin gen a hiam? (b) Bang dotnate kikum ding i hiam?

 ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း​မေတ္တာ​ဆိုတဲ့ အရည်အသွေး သုံးမျိုး​ထဲ​မှာ “ချစ်ခြင်း​မေတ္တာဟာ အမြတ်ဆုံး​ပဲ” လို့ တမန်တော် ပေါလု ပြောတယ်။ (၁ ကော. ၁၃:၁၃) ဘာကြောင့်လဲ။ မျှော်လင့်​နေတဲ့ ကမ္ဘာသစ် ကတိ​အားလုံး အနာဂတ်မှာ ပြည့်စုံ​သွားတဲ့အခါ မျှော်နေ​စ​ရာ၊ ယုံ​နေစရာ မလိုတော့ဘူး။ ယေဟောဝါနဲ့ လူလူချင်းကိုတော့ အမြဲ ချစ်​နေ​ရမှာ။ ချစ်​သည်ထက် ချစ်​နေ​ရမှာ။

အမြဲ ချစ်​ရမှာ​ဆိုတော့ မေးခွန်း သုံးခု ဆွေးနွေး​ကြရအောင်။ ပထမ၊ ဘာကြောင့် ချစ်​ရမလဲ။ ဒုတိယ၊ ဘယ်လို ချစ်​ရမလဲ။ တတိယ၊ ဘယ်လို ချစ်မြဲ ချစ်​နိုင်​မလဲ။

BANG HANGIN KI-IT KUL A HIAM?

3. Khatlekhat bang hangin ki-it kul a hiam?

အချင်းချင်း ဘာကြောင့် ချစ်​ရမလဲ။ အကြောင်းရင်းတစ်ခုက ခရစ်ယာန်​စစ်​တွေ​ကို ခွဲခြား​သိစေ​လို့​ပဲ။ “အချင်းချင်း ချစ်မယ်​ဆိုရင် ခင်ဗျားတို့​ဟာ ကျွန်တော့်​တပည့်တွေပဲဆိုတာ လူတွေ သိ​လိမ့်မယ်” လို့ တမန်တော်တွေကို ယေရှု ပြောတယ်။ (ယော. ၁၃:၃၅) ဒါ့အပြင် ချစ်ခြင်း​မေတ္တာက စည်းလုံးစေတယ်။ “စည်းလုံးခြင်း​အတွက် ခိုင်မြဲတဲ့ နှောင်ကြိုး” လို့ ပေါလု ခေါ်ထားတယ်။ (ကော. ၃:၁၄) အချင်းချင်း ချစ်​သင့်​တဲ့ နောက်ထပ် အရေးကြီး အကြောင်းရင်းကတော့ ဘုရားကို ချစ်​ရာ ရောက်လို့​ပဲ။ “ဘုရားသခင်ကို ချစ်ရင် ညီအစ်ကိုကိုလည်း ချစ်​ရမယ်” လို့ တမန်တော် ယောဟန် ပြောတယ်။—၁ ယော. ၄:၂၁

4-5. Pasian i itna le khatlekhat itna koi bangin kizom a hiam? Gentehna pia in.

ဘုရားကို ချစ်တာနဲ့ ညီအစ်ကို/မတွေကို ချစ်တာ ဘယ်လို ဆက်စပ်သလဲ။ နှလုံး​နဲ့ တခြား​ကိုယ်အင်္ဂါ​တွေ ဘယ်လို ဆက်နွှယ်​နေသလဲ စဉ်းစားကြည့်ပါ။ လက်ကောက်ဝတ် သွေးခုန်နှုန်း စမ်းကြည့်ရုံနဲ့ နှလုံး​အခြေအနေကို ဆရာဝန် သိတယ်။ ဒီကနေ ဘာ​သိနိုင်သလဲ။

သွေးခုန်နှုန်း စမ်းပြီး နှလုံး​အခြေအနေ ဆရာဝန် သိ​သ​လို ညီအစ်ကို/မတွေကို ဘယ်လောက် ချစ်သလဲ​ဆိုတာ ကြည့်ပြီး ဘုရားကို ဘယ်လောက် ချစ်သလဲ ခန့်​မှန်း​နိုင်တယ်။ ညီအစ်ကို/မတွေကို ချစ်တဲ့ မေတ္တာ လျော့​လာတာ ဘုရားကို ချစ်တဲ့ မေတ္တာ လျော့​လာတဲ့ လက္ခဏာ​ပဲ။ ညီအစ်ကို/မတွေကို ချစ်မြဲ ချစ်တာ​ဟာ ဘုရားကို ချစ်တဲ့ မေတ္တာ ခိုင်မြဲ​နေတဲ့ လက္ခဏာ​ပဲ။

6. Unaute tungah i itna kiam leh bang hangin lauhuai a hiam? (1 Johan 4:7-9, 11)

ညီအစ်ကို/မတွေကို သိပ်​မချစ်တော့ဘူးဆိုရင် အန္တရာယ် ရှိတယ်။ ယေဟောဝါနဲ့ ကျွန်တော်တို့ ဆက်ဆံရေး အားနည်း​နေပြီဆိုတာ ပြ​လို့​ပဲ။ “မြင်နေရတဲ့ ညီအစ်ကိုကို မချစ်ရင် မမြင်ရတဲ့ ဘုရားသခင်ကို မချစ်နိုင်ဘူး” လို့ တမန်တော် ယောဟန် ပြောတယ်။ (၁ ယော. ၄:၂၀) ဘာသိရသလဲ။ “အချင်းချင်း ချစ်” မှ ကျွန်တော်တို့ကို ယေဟောဝါ နှစ်သက်​လက်ခံမှာ။—၁ ယောဟန် ၄:၇-၉၊ ၁၁ ကို ဖတ်ပါ။

KOI BANGA KI-IT KUL A HIAM?

7-8. Khatlekhat itna koi banga kilak kul a hiam?

“အချင်းချင်း ချစ်” ဖို့ ကျမ်းစာမှာ ထပ်ခါထပ်ခါ ပြောထားတယ်။ (ယော. ၁၅:၁၂၊ ၁၇။ ရော. ၁၃:၈။ ၁ သက်. ၄:၉။ ၁ ပေ. ၁:၂၂။ ၁ ယော. ၄:၁၁) ဒါပေမဲ့ ချစ်ခြင်း​မေတ္တာဟာ ခံစားချက် ဖြစ်လို့ မမြင်နိုင်ဘူး။ ဒါဆိုရင် အချင်းချင်း ချစ်တယ်ဆိုတာ ဘယ်လို မြင်သာ​စေနိုင်​မလဲ။ အပြောအဆို၊ လုပ်ရပ်​အားဖြင့်​ပါ။

ချစ်ကြောင်း ပြနိုင်တဲ့​နည်း အများကြီး ရှိတယ်။ ကျမ်းစာမှာ ဘယ်​နည်း​တွေ ဖော်ပြထားသလဲ။ “အချင်းချင်း မှန်သော​စကားကိုပဲ ပြောကြ​ပါ။” (ဇာ. ၈:၁၆) ‘အချင်းချင်း သင့်သင့်မြတ်မြတ် နေကြပါ။’ (မာ. ၉:၅၀) “ကိုယ်တိုင် အစပြုပြီး အချင်းချင်း​ကို ဂုဏ်တင်ပါ။” (ရော. ၁၂:၁၀) “အချင်းချင်း​ကို ကြိုဆို​လက်ခံ​ကြ​ပါ။” (ရော. ၁၅:၇) ‘အချင်းချင်း ခွင့်လွှတ်ကြပါ။’ (ကော. ၃:၁၃) “အချင်းချင်းရဲ့ ဝန်တွေကို ကူထမ်း​ပေးကြပါ။” (ဂလ. ၆:၂) “အချင်းချင်း ဆက်ပြီး နှစ်သိမ့်​အားပေး​နေကြပါ။” (၁ သက်. ၅:၁၁) “အချင်းချင်း​အတွက် ဆုတောင်းပေးကြပါ။”—ယာ. ၅:၁၆

သောကရောက်နေတဲ့ ညီအစ်ကို/မ​ကို ဘယ်လို ကူညီနိုင်သလဲ (စာပိုဒ် ၇-၉ ကို ကြည့်ပါ)

9. Hehnepna pen itna lah dan a thupi lam khat bang hang hi a hiam? (Lim zong en in.)

ရှေ့​စာပိုဒ်မှာ ပါတဲ့ ချစ်ကြောင်း ပြနိုင်တဲ့ နည်း​တစ်နည်း သုံးသပ်ကြရအောင်။ “အချင်းချင်း ဆက်ပြီး နှစ်သိမ့်​အားပေး​နေကြပါ” လို့ ပေါလု ပြောတယ်။ နှစ်သိမ့်​ပေးတာ ဘာကြောင့် ချစ်ကြောင်း ပြတဲ့ အရေးကြီး နည်း​တစ်နည်း ဖြစ်သလဲ။ အကိုးအကား​စာအုပ် တစ်အုပ်​အရ ပေါလု သုံးတဲ့ “နှစ်သိမ့်” ဆိုတဲ့ စကားလုံးဟာ “သောကရောက်​နေ​သူ ဘေးမှာ ရပ်ပြီး အားပေးတယ်” လို့ အဓိပ္ပာယ် ရတယ်။ ဒါကြောင့် သောကရောက်နေတဲ့ ညီအစ်ကို/မ​ကို နှစ်သိမ့်​ပေးတာ​ဟာ အသက်​လမ်းမှာ ဆက်လျှောက်​နိုင်အောင် ထူမ​ပေး၊ ဖေးမ​ပေးတာမို့ ချစ်​ရာ ရောက်တယ်။—၂ ကော. ၇:၆၊ ၇၊ ၁၃

10. Hehpihna le hehnepna koi bangin kizom a hiam?

၁၀ ကရုဏာ ထားတာ​နဲ့ နှစ်သိမ့်​ပေးတာ ဆက်စပ်နေတယ်။ ကရုဏာ ရှိသူဟာ တခြားသူတွေကို နှစ်သိမ့်​ပေးချင်တယ်။ ဒုက္ခ လျော့အောင် လုပ်ပေးချင်တယ်။ လူတွေကို ယေဟောဝါ ကရုဏာ ရှိလို့ နှစ်သိမ့်​ပေးတာ ဖြစ်ကြောင်း ပေါလု ရှင်းပြတယ်။ ယေဟောဝါကို “ကရုဏာကြီးတဲ့ အဖ၊ နှစ်သိမ့်ခြင်း​အမျိုးမျိုးရဲ့ အရှင်” လို့ ခေါ်ထားတယ်။ (၂ ကော. ၁:၃) ကရုဏာ အထားနိုင်ဆုံး ပုဂ္ဂိုလ် ဖြစ်လို့ ကရုဏာ​ရဲ့ ရင်းမြစ်၊ ကရုဏာကြီးတဲ့ အဖ​လို့ ခေါ်တာ။ ကရုဏာ ရှိလို့လည်း ကျွန်တော်တို့ “ဆင်းရဲဒုက္ခ​အမျိုးမျိုး ခံရတဲ့အခါ” နှစ်သိမ့်​ပေးတာ။ (၂ ကော. ၁:၄) စမ်းရေ အေး​အေး​လေး​က ရေငတ်​သူကို လန်းဆန်းစေသလို သောကရောက်​သူကို ယေဟောဝါ လန်းဆန်းစေ​တယ်။ နှစ်သိမ့်​ပေးတယ်။ ယေဟောဝါကို အတုယူပြီး တခြားသူတွေကို ဘယ်လို ကရုဏာ​ထား နှစ်သိမ့်​ပေးနိုင်မလဲ။ တစ်နည်းကတော့ ကရုဏာ ထား​တတ်​ဖို့၊ နှစ်သိမ့်​ပေး​တတ်​ဖို့ ကူညီပေးတဲ့ အရည်အသွေးတွေ ရှိလာအောင် ကြိုးစားခြင်း​ပါ။ ဘာအရည်အသွေးတွေ​လဲ။

11. Kolose 3:12 le Peter Masa 3:8-a a gen bangin, midangte it nading le hehnep nadingin bang pianziate kisam lai a hiam?

၁၁ တစ်ရက်ပြီး တစ်ရက် ညီအစ်ကို/မတွေကို ချစ်မြဲ ချစ်ဖို့၊ “ဆက်ပြီး နှစ်သိမ့်​အားပေး” ဖို့ ဘာက ကူညီပေးမလဲ။ ကိုယ်ချင်းစာ​ခြင်း၊ ညီရင်း​အစ်ကို မေတ္တာနဲ့ ချစ်ခင်​ခြင်း၊ ကြင်နာခြင်း​စတဲ့ အရည်အသွေးတွေပါ။ (ကောလောသဲ ၃:၁၂။ ၁ ပေတရု ၃:၈ တို့ကို ဖတ်ပါ။) ဒီ​အရည်အသွေးတွေက ဘယ်လို ကူညီပေးသလဲ။ “စိတ်ထဲ ရှိတာ​တွေ​ပဲ နှုတ်​က ထွက်​တတ်တယ်။ လူကောင်း​တစ်ယောက်ဟာ စိတ်ထဲမှာ ကောင်းတာတွေ ပြည့်​နေ​လို့ ကောင်းတာတွေ​ပဲ ပြောတတ်တယ်” လို့ ယေရှု ပြောတယ်။ (မ. ၁၂:၃၄၊ ၃၅) ဒါကြောင့် စိတ်ထဲမှာ​သာ ကရုဏာနဲ့ တခြား​ဆက်စပ် အရည်အသွေးတွေ ပြည့်​နေ​ရင် သောကရောက်​သူကို နှစ်သိမ့်​မပေးဘဲ မနေနိုင်တော့ဘူး။ နှစ်သိမ့်​အားပေးတာ​ဟာ ချစ်ကြောင်း ပြတဲ့ နည်း​တစ်နည်းပါပဲ။

KOI BANGIN IT TAWNTUNG THEI DING I HIAM?

12. (a) Bang i kidop ding kisam a hiam? (b) Bang dotnate kikum ding i hiam?

၁၂ ကျွန်တော်တို့​အားလုံး “အချင်းချင်း ချစ်မြဲ ချစ်” ချင်ကြ​တယ်။ (၁ ယော. ၄:၇) ဒါပေမဲ့ ‘အတော်များများ မေတ္တာ​တရား ခေါင်းပါး​လာမယ်’ လို့ ယေရှု သတိပေးထားတယ်။ (မ. ၂၄:၁၂) တပည့် တော်တော်​များများ မေတ္တာ ခေါင်းပါး​လာမယ်​လို့ ပြောနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီ​လောကရဲ့ မေတ္တာ ခေါင်းပါး​တဲ့ သဘောထား ကူးစက်​မလာအောင် သတိထားရမယ်။ ဒါဆိုရင် ညီအစ်ကို/မတွေကို ချစ်မြဲ ချစ်​နေ​မနေ စမ်းလို့ ရတဲ့ နည်း ရှိသလား။

13. Unau khat a tawntunga i it leh it loh bang hun ciangin kilang a hiam?

၁၃ တစ်နည်းကတော့ အခြေအနေ​တချို့​မှာ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်သလဲ ဆန်းစစ်ခြင်း​ပါ။ (၂ ကော. ၈:၈) “အရေးကြီးဆုံးကတော့ အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြပါ။ ချစ်ခြင်း​မေတ္တာ ရှိသူဟာ ခွင့်လွှတ်ဖို့ အမြဲ အသင့်ရှိတယ်” ဆိုပြီး အခြေအနေ​တစ်ခုကို တမန်တော် ပေတရု ပြောပြတယ်။ (၁ ပေ. ၄:၈) ညီအစ်ကို/မ​တစ်ယောက် ကိုယ့်အပေါ် အမှား​လုပ်တဲ့အခါ၊ စိတ်ထိခိုက်အောင် လုပ်တဲ့အခါ သူ့ကို ချစ်မြဲ ချစ်​နေ​မနေ ကိုယ့်​တုံ့ပြန်ပုံမှာ ပေါ်​တယ်။

14. Peter Masa 4:8-a a gen bangin, koi banga it ding kisam a hiam? Gentehna pia in.

၁၄ ပေတရု​စကားတွေကို သေသေချာချာ ဆန်းစစ်​ကြည့်ရအောင်။ အခန်းငယ် ၈ ပထမပိုင်းမှာ ဘယ်လို ချစ်ဖို့ ပြောသလဲ။ “နှစ်နှစ်ကာကာ ချစ်” ပါတဲ့။ ပေတရု သုံးတဲ့ “နှစ်နှစ်ကာကာ” ဆိုတဲ့ စကားလုံးဟာ “ဆွဲဆန့်” လို့ အဓိပ္ပာယ် ရတယ်။ နှစ်နှစ်ကာကာ ချစ်ရင် ဘာလုပ်မယ်လို့ ဆက်​ပြောသလဲ။ ခွင့်လွှတ်​မယ်​လို့ ပြောတယ်။ မူရင်း​ကျမ်းမှာ ဖုံးအုပ်​တယ်လို့ သုံးထားတယ်။ အစွန်း​အထင်း၊ ခြစ်ရာ အပြည့်​နဲ့ စားပွဲ​တစ်လုံး​ကို မြင်ယောင်​ကြည့်ပါ။ ဆွဲ​သား​ပိတ်စ​သာ ရှိရင် အစွန်း​အထင်း တစ်ခု၊ နှစ်ခု​လောက် မဟုတ်ဘဲ အစွန်း​အထင်း​အားလုံး လုံအောင် ဆွဲဖုံး​လိုက်လို့ ရတယ်။ အဲဒီလိုပဲ၊ ညီအစ်ကို/မတွေကို နှစ်နှစ်ကာကာ ချစ်ရင် အမှား​တစ်ခု၊ နှစ်ခု​လောက် မဟုတ်ဘဲ အမှား​အားလုံး ဖုံးလိုက်နိုင်၊ ခွင့်လွှတ်လိုက်​နိုင်တယ်။

15. I itna kip leh bang sem zo ding i hiam? (Kolose 3:13)

၁၅ ခွင့်လွှတ်ဖို့ ခက်ရင်တောင် ခွင့်လွှတ်နိုင်တဲ့​အထိ ချစ်ခြင်း​မေတ္တာ ခိုင်မြဲ​သင့်​တယ်။ (ကောလောသဲ ၃:၁၃ ကို ဖတ်ပါ။) တခြားသူတွေကို ခွင့်လွှတ်တာဟာ ချစ်ခြင်း​မေတ္တာ ခိုင်မြဲ​ကြောင်း၊ ဘုရားစိတ်တော်နဲ့ တွေ့ချင်ကြောင်း သက်သေ​ပဲ။ ခွင့်လွှတ်ဖို့၊ ဆတ်ဆတ်ထိ​မခံ မဖြစ်ဖို့ ဘာက ကူညီပေးနိုင်​သေးသလဲ။

ဓာတ်ပုံ လှလှလေး​တွေ​ပဲ သိမ်းထားပြီး မ​လှတဲ့ ပုံ ဖျက်ပစ်သလို ညီအစ်ကို/မတွေနဲ့​ပတ်သက်တဲ့ အမှတ်တရ​ကောင်း​တွေ​ပဲ သိမ်းထားပြီး မကောင်းတာတွေ အတွေး​ထဲကနေ ကျွန်တော်တို့ ဖျက်ပစ် (စာပိုဒ် ၁၆-၁၇ ကို ကြည့်ပါ)

16-17. Midangte ii a simtaak lo mawhnate ciamteh lo dingin bang in hong huh lai ding a hiam? Gentehna pia in. (Lim zong en in.)

၁၆ ညီအစ်ကို/မတွေရဲ့ အားနည်းချက် မဟုတ်ဘဲ ကောင်းကွက်​ကို အာရုံစိုက်ပါ။ ပျော်စရာ ပေါင်းသင်းမှု​အပြီး ဓာတ်ပုံ စု​ရိုက်တယ်လို့ မြင်ယောင်​ကြည့်ပါ။ ပထမ​တစ်​ပုံ ပုံ​ထွက် မကောင်းမှာ စိုးလို့ နောက်နှစ်ပုံ ထပ်​ရိုက်တယ်။ ဓာတ်ပုံ သုံး​ပုံ ရှိသွားပြီ။ တစ်​ပုံ​မှာ ညီအစ်ကို​တစ်ယောက် မျက်နှာ​မဲ့​နေတယ်။ ဘာလုပ်မလဲ။ အဲဒီ​ညီအစ်ကို​ကော ပုံထဲမှာ ပါသမျှ လူတွေ ပြုံး​နေတဲ့ နောက်ထပ် နှစ်ပုံ ရှိတာပဲ။ မ​လှတဲ့ ပုံ ဖျက်​လိုက်​မှာ​ပေါ့။

၁၇ ကိုယ့်​မှတ်ဉာဏ်​ထဲ ဘယ်​အမှတ်တရ​တွေ သိမ်းထား​မလဲ​ဆိုတာ ဘယ်​ဓာတ်ပုံ သိမ်းထား​မလဲ​ဆိုတာနဲ့ တူတယ်။ ကျွန်တော်တို့မှာ ညီအစ်ကို/မတွေနဲ့ အမှတ်တရ​ကောင်း​တွေ ရှိတယ်။ ညီအစ်ကို/မ​တစ်ယောက် ပြောလိုက်၊ လုပ်လိုက်တာ​ကြောင့် စိတ်ထိခိုက်​ရတဲ့​အချိန်​လည်း တစ်ခါတလေ ရှိနိုင်တယ်။ ဘာလုပ်မလဲ။ မ​လှတဲ့ ပုံ ဖျက်​လိုက်​သ​လို အဲဒီ​မှတ်ဉာဏ်​ကို ကြိုးစား​ဖျောက်ဖျက်​လိုက်ပါ။ (ပညာ. ၁၉:၁၁။ ဧ. ၄:၃၂) အမှတ်တရ​ကောင်း​တွေ ရှိနေတာပဲ။ ကောင်းတဲ့ အမှတ်တရ​တွေ​ပဲ သိမ်းထား၊ တန်ဖိုး​ထားချင်​တယ် မဟုတ်လား။ အသေးအဖွဲ အမှားတွေကို ဘာကြောင့် မှတ်ထားမှာ​လဲ။

TU HUNAH KHATLEKHAT KI-IT DING BANG HANG THUPI A HIAM?

18. Itna tawh kisai-in hih thulu-ah bang a thupi thute kikum khin i hiam?

၁၈ အချင်းချင်း ဘာကြောင့် ချစ်မြဲ ချစ်ချင်သလဲ။ ဆွေးနွေးခဲ့တဲ့အတိုင်း ညီအစ်ကို/မတွေကို ချစ်တာ​ဟာ ယေဟောဝါကို ချစ်​ရာ ရောက်လို့​ပဲ။ ညီအစ်ကို/မတွေကို ချစ်ကြောင်း ဘယ်လို ပြ​ကြ​မလဲ။ တစ်နည်းကတော့ ဆက်ပြီး နှစ်သိမ့်​အားပေးခြင်းအားဖြင့်​ပါ။ ကရုဏာ​သာ ရှိရင် “ဆက်ပြီး နှစ်သိမ့်​အားပေး” နိုင်မယ်။ အချင်းချင်း ဘယ်လို ချစ်မြဲ ချစ်​ရမလဲ။ အမှားတွေ ခွင့်လွှတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခြင်းအားဖြင့်​ပါ။

19. A diakin, tu hunah khatlekhat ki-it ding bang hangin kisam a hiam?

၁၉ အချင်းချင်း ချစ်ဖို့ အခု​အချိန်မှာ ဘာကြောင့် အရေးကြီးသလဲ။ “အရာခပ်သိမ်း​ရဲ့ အဆုံး ရောက်ခါနီးပြီ။ ဒါကြောင့် . . . အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြပါ” လို့ တမန်တော် ပေတရု ပြောတယ်။ (၁ ပေ. ၄:၇၊ ၈) ဒီ​ဆိုးညစ်တဲ့ လောက အဆုံး နီးလာတာနဲ့အမျှ ဘာတွေ ဖြစ်လာမလဲ။ “လူတွေက ကျွန်တော့်နာမည်ကြောင့် ခင်ဗျားတို့ကို မုန်းလိမ့်မယ်” လို့ ယေရှု ကြိုပြောတယ်။ (မ. ၂၄:၉) အမုန်း​ဒဏ် ခံနိုင်ဖို့ဆိုရင် စည်းလုံး​နေ​မှ ရမယ်။ “စည်းလုံးခြင်း​အတွက် ခိုင်မြဲတဲ့ နှောင်ကြိုး” မေတ္တာနဲ့ ရစ်ပတ်​ထား​ရင် ကျွန်တော်တို့ကို သွေးခွဲ​ဖို့ စာတန် ကြံစည်သမျှ ရှုံးနိမ့်​မှာ အသေအချာ​ပဲ။—ကော. ၃:၁၄။ ဖိ. ၂:၁၊ ၂

LA 130 ခွင့်လွှတ်တတ်ကြပါ

a ညီအစ်ကို/မတွေကို ချစ်ဖို့ အရင်ကထက် ပို​လို​လာပြီ။ ဘာကြောင့်လဲ။ ဘယ်လို ချစ်​ရမလဲ။