Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 43

Jehovah In Koi Bangin Hong ‘Thahatsak’ Ding A Hiam?

Jehovah In Koi Bangin Hong ‘Thahatsak’ Ding A Hiam?

‘Jehovah Pasian in note kipna, thahatna le bulkip kician hong pia ding hi.’—1 PE. 5:10.

LA 38 ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

အကြို​သုံးသပ်ချက် a

1. Jehovah hangin tanglai-a a citak mite koi bangin na thahat uh a hiam?

 သစ္စာရှိသူတွေကို သူရဲကောင်း​တွေ​အဖြစ် ကျမ်းစာမှာ ဖော်ပြလေ့ရှိ​တယ်။ ဒါပေမဲ့ သူရဲကောင်း​တွေ​တောင် အား​မရှိဘူးလို့ ခံစားရတဲ့​အချိန်တွေ ရှိတယ်။ ဥပမာ၊ ဘုရင် ဒါဝိဒ်ဟာ “တောင်တန်း​လို ခိုင်မြဲ​နေတယ်” လို့ ခံစားရတဲ့​အချိန် ခံစားရပြီး တစ်ခါတလေ​ကျတော့ “ကြောက်​လန့်​နေ” ပြန်​ရော။ (ဆာ. ၃၀:၇) ရှံဆုန်​လည်း ဘုရား​စွမ်းအားတော်ကြောင့် ထူးခြားတဲ့ ခွန်အား ပိုင်ဆိုင်​ပေမဲ့ ဘုရားပေး ခွန်အား မရှိတော့​ရင် “တခြား​လူတွေလို ဖြစ်သွားမယ်” ဆိုတာ အသိအမှတ်ပြုတယ်။ (သူကြီး. ၁၄:၅၊ ၆။ ၁၆:၁၇) ယေဟောဝါ​ဘုရားကြောင့်​သာ ဒီ​သစ္စာရှိသူတွေ အားရှိ​နေကြတာ။

2. Ka thaneem mahmah laitakin a thahat mahmah ka suak hi, ci-in Paul in bang hangin gen a hiam? (2 Korin 12:9, 10)

ဘုရားပေး ခွန်အား လိုတယ်ဆိုတာ တမန်တော် ပေါလု အသိအမှတ်ပြုတယ်။ (၂ ကောရိန္သု ၁၂:၉၊ ၁၀ ကို ဖတ်ပါ။) ကျွန်တော်တို့ အများစု​လိုပဲ ပေါလုမှာ ကျန်းမာရေး ပြဿနာ ရှိတယ်။ (ဂလ. ၄:၁၃၊ ၁၄) မှန်တာ လုပ်ဖို့ ခက်တဲ့ အချိန် ရှိတယ်။ (ရော. ၇:၁၈၊ ၁၉) ရှေ့မှာ ဘာ​ကြုံ​မယ်​မှန်း မသိလို့ တွေးပူ​မိ​တဲ့ အချိန်တွေ ရှိတယ်။ (၂ ကော. ၁:၈၊ ၉) ဒါပေမဲ့ အားနည်းနေချိန်မှာ အား​ပြည့်နေတယ်။ ဘယ်လိုလုပ်​ပြီးတော့​လဲ။ လိုနေတဲ့ ခွန်အား ယေဟောဝါ ပေးလို့​ပဲ။

3. Hih thulu-ah bang thu kikum ding i hiam?

ကျွန်တော်တို့ကိုလည်း အားရှိစေမယ်လို့ ယေဟောဝါ ကတိပေးတယ်။ (၁ ပေ. ၅:၁၀) ကိုယ့်ဘက်က ဘာမှ မလုပ်ဘဲ​နဲ့​တော့ ဘုရားပေး ခွန်အား ရဖို့ မျှော်နေ​လို့ မရဘူး။ ဥပမာ၊ ကိုယ့်​ရှေ့မှာ အစားအသောက် ချထားရုံနဲ့ ဗိုက်​ပြည့်​မသွား​ဘူး။ ခူးခပ်​စား​ရတယ်။ အဲဒီလိုပဲ၊ လိုတဲ့ ခွန်အား ပေးဖို့ ယေဟောဝါဘက်​က အဆင်​သင့် ရှိတယ် ဆိုပေမဲ့ ကိုယ့်ဘက်က လုပ်စရာ ရှိတာ လုပ်ရမယ်။ ဒါဆိုရင် ကျွန်တော်တို့ကို အားရှိစေဖို့ ယေဟောဝါ ဘာတွေ ပြင်ဆင်ပေးထားသလဲ။ ကျွန်တော်တို့ဘက်က ဘာလုပ်ရမလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေ သိရဖို့ ပရောဖက် ယောန၊ ယေရှုရဲ့ မိခင် မာရိ၊ တမန်တော် ပေါလု​တို့ကို ယေဟောဝါ ဘယ်လို အားရှိစေခဲ့ကြောင်း၊ ဒီနေ့ခေတ် ကျေးကျွန်တွေကိုလည်း အလားတူ နည်း​တွေ သုံးပြီး ဘယ်လို အားရှိစေ​ကြောင်း လေ့လာကြစို့။

THUNGETNA LE THU SINNA IN HONG THAHATSAK

4. Pasian hong piak thahatna i ngah nadingin bang i sep ding kisam a hiam?

ဘုရားပေး အားအင် ရနိုင်တဲ့ တစ်နည်းက ဆုတောင်းခြင်း​ပါ။ ဆုတောင်းချက်ကို အဖြေပေးတဲ့အနေနဲ့ “သာမန်ထက် ထူးကဲတဲ့ တန်ခိုး” ယေဟောဝါ ပေးနိုင်တယ်။ (၂ ကော. ၄:၇) ကျမ်းစာ ဖတ်တာ၊ တွေးတောတာက​လည်း အားရှိစေ​နိုင်တယ်။ (ဆာ. ၈၆:၁၁) ကျမ်းစာမှာ ပါတဲ့ ယေဟောဝါရဲ့ သတင်းစကားဟာ “အစွမ်းထက်တယ်။” (ဟီ. ၄:၁၂) ဆုတောင်းတဲ့အခါ၊ ကျမ်းစာ ဖတ်တဲ့အခါ ရလာတဲ့ ခွန်အား​က ခံနိုင်ရည် ရှိစေတယ်။ ဆက်​ဝမ်းမြောက်နေ​စေ​တယ်။ ခက်ခဲတဲ့ တာဝန် ထမ်းဆောင်​နိုင်စေတယ်။ ပရောဖက် ယောန​ကို ယေဟောဝါ ဘယ်လို အားရှိစေခဲ့ကြောင်း လေ့လာ​ကြရအောင်။

5. Kamsang Jonah bang hangin thahatna kisam a hiam?

ပရောဖက် ယောန အားအင် လိုခဲ့တယ်။ ယေဟောဝါ လွှတ်​တဲ့​နေရာ မ​သွား​ရဲ​လို့ သင်္ဘော​စီးပြီး ထွက်ပြေး​တယ်။ ကိုယ်တိုင်ရော သင်္ဘော​ပေါ်​က လူတွေပါ မုန်တိုင်းမိ​ပြီး သေဖို့ နည်းနည်းပဲ လိုတယ်။ ယောန​ကို သင်္ဘောသားတွေ ပင်လယ်ထဲ ပစ်ချ​လိုက်တော့ ငါးကြီး​တစ်ကောင် မျိုချ​လိုက်လို့ ငါး​ရဲ့ ဝမ်းဗိုက်​ထဲ​မှာ မှောင်မှောင်​မည်းမည်း နေခဲ့ရ​တယ်။ ယောန ဘယ်လို ခံစားရမလဲ။ သေ​ရတော့မယ်၊ ယေဟောဝါ စွန့်ပစ်​လိုက်ပြီ​လို့ တွေး​နေ​မ​လား။ အကြီးအကျယ် စိတ်ပူ​နေ​မှာတော့ သေချာတယ်။

အခက်အခဲ ကြုံရချိန်မှာ ပရောဖက် ယောန​လို ဘယ်လို အားယူနိုင်​မလဲ (စာပိုဒ် ၆-၉ ကို ကြည့်ပါ)

6. Jonah 2:1, 2, 7-a a gen bangin, Jonah in ngapi’ gil sunga a om lai-in thahatna a ngah nadingin bang hih a hiam?

တစ်ယောက်တည်း ကူကယ်ရာ မဲ့နေပြီလို့ ခံစား​ရချိန်မှာ အားအင် ရဖို့ ယောန ဘာလုပ်သလဲ။ ဆုတောင်းတယ်။ (ယောန ၂:၁၊ ၂၊ ကို ဖတ်ပါ။) ယေဟောဝါ​စကား နားမထောင်ဘဲ ထွက်ပြေး​လာ​ခဲ့​ပေမဲ့ နောင်တရပြီး ရိုရိုကျိုးကျိုး ဆုတောင်းတာကို ဘုရား နားထောင်မယ်​ဆိုတာ စိတ်ချတယ်။ ကျမ်းပိုဒ်တွေ ပြန်​စဉ်းစားတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ယောန အခန်းကြီး ၂ မှာ မှတ်တမ်းတင်ထားတဲ့ ဆုတောင်းချက်​မှာ ဆာလံ​ကျမ်း​ထဲက စာသား တော်တော်​များများ သုံးထားလို့​ပဲ။ (ဥပမာ၊ ယောန ၂:၂၊ ကို ဆာလံ ၆၉:၁။ ၈၆:၇ တို့နဲ့ နှိုင်းယှဉ်ပါ။) အဲဒီ​ကျမ်းပိုဒ်တွေ​ကို ယောန ကောင်းကောင်း သိတာ ပေါ်​တယ်။ အသက်​ယဲ့ယဲ့လေးပဲ ကျန်​တော့​တဲ့​အချိန်မှာ အဲဒီ​ကျမ်းပိုဒ်တွေ စဉ်းစားမိ​လိုက်တော့ ယေဟောဝါ ကယ်​မယ်​ဆိုတာ စိတ်ချသွားတယ်။ တကယ်လည်း ယေဟောဝါ ကယ်​တယ်။ ဘုရားပေး တာဝန် ထမ်းဆောင်ဖို့ ယောန အဆင်​သင့် ဖြစ်နေပြီ။—ယောန ၂:၁၀–၃:၄

7-8. Taiwan gam a unaupa khat haksatna a tuah hunin koi bangin hong thahat a hiam?

အခက်အခဲ အမျိုးမျိုး ကြုံရချိန်မှာ ယောနရဲ့ စံနမူနာ​က ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်။ ဥပမာ၊ ထိုင်၀မ်​နိုင်ငံက ညီအစ်ကို ကျိမင်း b ဟာ ကျန်းမာရေး တော်တော်လေး မကောင်းဘူး။ ဒါ့အပြင် ယေဟောဝါကို ယုံလို့​ဆိုပြီး မိသားစုဝင်တွေ အကြီးအကျယ် ဆန့်ကျင်တာ ခံရတယ်။ ဆုတောင်း၊ လေ့လာပြီး ကျိမင်း အားယူတယ်။ “တစ်ခါတလေ ပြဿနာတွေ ပေါ်လာတဲ့အခါ ရင်ထဲ ဗလောင်ဆူ​နေ​လို့ ကိုယ်ပိုင် လေ့လာမှု လုပ်ဖို့ စိတ်ကို အေး​အေး မထား​နိုင်​ဘူး” လို့ ပြောတယ်။ ဒါပေမဲ့ ယေဟောဝါကို အားကိုး​တယ်။ “အရင်ဆုံး ဆုတောင်းတယ်။ ပြီးရင် နားကြပ်​လေး တပ်၊ နိုင်ငံတော် သီချင်းတွေ နားထောင်တယ်။ တစ်ခါတလေ​ဆိုရင် သီချင်းတွေ လိုက်​တောင် ညည်း​လိုက်​သေးတယ်။ စိတ်​ငြိမ်​သွားတော့​မှ စလေ့လာတယ်” လို့ ပြောတယ်။

ကိုယ်ပိုင် လေ့လာမှု​ကနေ သိလာတာ​တွေ​ကြောင့် အခက်အခဲတွေ ခံရပ်ဖို့ ကျိမင်း အားရှိလာတယ်။ တစ်ခေါက် အကြီးစား ခွဲစိတ်မှု​အပြီး နာလန်တောင် မ​ထ​သေး​ဘူး၊ သွေးနီဥ လျော့​နေ​လို့ သွေးသွင်း​ရမယ်ဆိုပြီး သူနာပြု လာ​ပြောတယ်။ ဒါပေမဲ့ မခွဲစိတ်ခင် ည​က​ပဲ ညီအစ်မ​တစ်ယောက်ရဲ့ တွေ့ကြုံမှု ဖတ်ထားတယ်။ အဲဒီ​ညီအစ်မ ခံယူ​ရတဲ့ ခွဲစိတ်မှု​က သူနဲ့ အတူတူပဲ။ သွေးနီဥ လျော့​တာ​မှ သူ့​ထက်​တောင် ပိုဆိုးတယ်။ ဒါပေမဲ့ သွေးမသွင်း​ဘူး။ ပြန်​သက်သာ​လာတယ်။ အဲဒီ​တွေ့ကြုံမှု ဖတ်ထားလို့ ကျိမင်း အားရှိပြီး ဆက်သစ္စာရှိနိုင်ခဲ့တယ်။

9. Haksatnate hangin tha nei nawn lo ci-a i kingaihsut leh bang sem thei i hiam? (Lim zong en in.)

အခက်အခဲ ကြုံရတဲ့အခါ ထူပူပြီး ဘာ​ဆုတောင်းလို့ တောင်း​ရ​မှန်း မသိ ဖြစ်ဖူးသလား။ လေ့လာမှု လုပ်ဖို့ အား​မရှိဘူးလို့ ခံစား​ရဖူးသလား။ သင့်​အခြေအနေကို ယေဟောဝါ အပြည့်အဝ နားလည်တယ်ဆိုတာ သတိရပါ။ တိုတိုတုတ်တုတ်​ပဲ ဆုတောင်းရင်တောင် လိုအပ်တာ ကွက်တိ ဘုရား ပေးမယ်​ဆိုတာ စိတ်ချပါ။ (ဧ. ၃:၂၀) စိတ်​ပင်ပန်း၊ လူ​ပင်ပန်း​လွန်းလို့ ကျမ်းစာ မဖတ်နိုင်ဘူး၊ မ​လေ့လာ​နိုင်​ဘူး​ဆိုရင် ကျမ်းစာ၊ ကျမ်းစာ စာပေတွေ အသံသွင်း​ထားတာ နားထောင်နိုင်တယ်။ jw.org က သီချင်း​တစ်ပုဒ်​ပုဒ် နားထောင်နိုင်တယ်။ ဗီဒီယို ကြည့်​နိုင်တယ်။ ဆုတောင်းတာ၊ ကျမ်းစာနဲ့ ကျမ်းစာ စာပေတွေ​ကနေ ဆုတောင်းချက် အဖြေ​ရှာတာဟာ ကိုယ့်ကို အားအင်တွေ ပေးလို့ ရအောင် ဘုရားကို လမ်းဖွင့်​ပေးနေတာပဲ။

UNAU TE’N HONG THAHATSAK

10. Unau te’n koi bangin hong thahatsak a hiam?

၁၀ အထူးသဖြင့်၊ “ဒုက္ခရောက်ချိန်မှာ” ကျွန်တော်တို့ မိတ်ဆွေတွေ လိုတယ်။ (ပညာ. ၁၇:၁၇) ဒါကြောင့် ညီအစ်ကို/မတွေ သုံးပြီး ကျွန်တော်တို့ကို ယေဟောဝါ အားရှိစေ​နိုင်တယ်။ အခက်အခဲ ကြုံရချိန်မှာ၊ ခက်ခဲတဲ့ တာဝန် ထမ်းဆောင်​ရချိန်မှာ သူတို့ “တကယ် အားပေး​ထောက်မ” နိုင်တယ်။ (ကော. ၄:၁၀၊ ၁၁) အားနည်းချိန်​မှာ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဝတ်ပြုရေးပိုင်း ကူညီပေးနိုင်တယ်။ တခြားသူတွေကြောင့် ယေရှုရဲ့ မိခင် မာရိ ဘယ်လို အားရှိ​လာ​ကြောင်း သုံးသပ်ကြရအောင်။

11. Mary bang hangin thahatna kisam a hiam?

၁၁ ဘုရားပေး တာဝန် ထမ်းဆောင်ဖို့ မာရိ အားအင် လိုတယ်။ လက်မ​ထပ်​ရ​သေး​ပေမဲ့ ကိုယ်ဝန် ရတော့​မယ့်​အကြောင်း ကောင်းကင်တမန် ဂါဗြေလ ပြောတော့ ဘယ်လောက် ထူပူ​သွားမယ်​ဆိုတာ စဉ်းစားကြည့်ပါ။ သားသမီး ပြုစု​ပျိုးထောင်ဖူးတဲ့ အတွေ့အကြုံ ရှိတာ မဟုတ်ဘူး။ အခု ကလေး​တစ်ယောက် ပျိုးထောင်​ရတော့မယ်။ ပျိုးထောင်​ရမှာ​မှ မေရှိယ ဖြစ်လာမယ့်​သူ။ အပျို​လေး​တန်​မဲ့ ကိုယ်ဝန် ရှိနေပါပြီ​ဆိုတာ စေ့စပ်​ထားတဲ့ ယောသပ်​ကို ဘယ်လို ရှင်းပြမလဲ။—လု. ၁:၂၆-၃၃

12. Luka 1:39-45-a a gen bangin, Mary bang hangin hong thahat a hiam?

၁၂ ထူးခြား​ခက်ခဲတဲ့ ဒီ​တာဝန် ထမ်းဆောင်ဖို့ လိုတဲ့ အားအင် မာရိ ဘယ်လို ရသလဲ။ တခြားသူတွေကို အကူအညီ တောင်းတယ်။ ဥပမာ၊ တာဝန်နဲ့​ပတ်သက်ပြီး ထပ်ဆင့် ရှင်းပြဖို့ ဂါဗြေလ​ကို တောင်းဆိုတယ်။ (လု. ၁:၃၄) သိပ်​မ​ကြာ​ဘူး၊ ယုဒပြည် “တောင်တန်း​ဒေသ” က ဆွေမျိုး ဧလိရှဗက်​ဆီ သွားလည်တယ်။ သွားလည်​တာ မှန်သွားတယ်။ ဧလိရှဗက်​ဆီ​က ချီးမွမ်း​စကား ကြားရတယ်။ မွေး​မ​လာ​သေး​တဲ့ သားလေး​အကြောင်း အားရှိစရာ ပရောဖက်ပြုချက်ကို စွမ်းအားတော် စေ့ဆော်မှု​နဲ့ ပြောပြတာ ကြားရတယ်။ (လုကာ ၁:၃၉-၄၅ ကို ဖတ်ပါ။) ယေဟောဝါ “လက်ရုံးတော်​နဲ့ တန်ခိုး​ပြတယ်” လို့ ခံစားရတယ်။ (လု. ၁:၄၆-၅၁) ဂါဗြေလ​နဲ့ ဧလိရှဗက်​ကတစ်ဆင့် မာရိ​ကို ယေဟောဝါ အားရှိစေတယ်။

13. Bolivia gam a unaunu khat in unaute kianga huhna a nget manin bang hamphatna ngah a hiam?

၁၃ မာရိ​လိုပဲ သင်လည်း ညီအစ်ကို/မတွေ​ကြောင့် အားရှိ​လာနိုင်တယ်။ ဘိုလီးဗီးယား​နိုင်ငံက ညီအစ်မ ဒါဆူရီရဲ့ ဖခင် ရောဂါ​ကျွမ်း​နေပြီး ဆေးရုံတင်​ထား​ရတယ်။ ဖခင်ကို ဒါဆူရီ ဒိုင်ခံ ကြည့်​ပေးတယ်။ (၁ တိ. ၅:၄) လွယ်တော့ မလွယ်ဘူး။ “တောင့်မခံနိုင်တော့ဘူးလို့ ခဏခဏ ခံစားရတယ်” ဆိုပြီး ဒါဆူရီ ပြောတယ်။ တခြားသူတွေ​ဆီ အကူအညီ တောင်း​သ​လား။ အစပိုင်းမှာ မ​တောင်း​ဘူး။ “ညီအစ်ကို/မတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ ‘ငါ့ကို ခွန်အား ပေးမှာ ယေဟောဝါ​ပဲ’ လို့ စဉ်းစားမိတယ်။ ဒါပေမဲ့ တစ်သီးပုဂ္ဂလ နေတာဟာ ပြဿနာထုပ်​ကြီး​ကို တစ်ယောက်တည်း ထမ်း​နေတာ ဖြစ်မှန်း သဘောပေါက်လာတယ်” လို့ ပြောတယ်။ (ပညာ. ၁၈:၁) ဒါနဲ့ မိတ်ဆွေ​တချို့​ဆီ စာရေးပြီး အကျိုးအကြောင်း ပြောပြတယ်။ “ညီအစ်ကို/မတွေ​ကြောင့် ဘယ်လောက် အားရှိ​ရတယ်ဆိုတာ ပြော​တောင် ပြောမပြတတ်ဘူး။ ဆေးရုံကို အစားအသောက်တွေ ယူလာပေး​ကြတယ်။ ကျမ်းပိုဒ်တွေ​နဲ့ နှစ်သိမ့်​ပေးကြတယ်။ ကိုယ်​တစ်ယောက်တည်း မဟုတ်ပါ​လား​ဆိုတဲ့ အသိ​က စိတ်​ချမ်းသာ​စ​ရာ သိပ်​ကောင်းတာ​ပဲ။ ကိုယ်​နဲ့ အတူ ရှိ​ပေးမယ့်၊ အတူ ငို​ပေးမယ့်၊ အတူ ရင်ဆိုင်​ပေးမယ့် မိသားစု ကျွန်မတို့ ပိုင်ဆိုင်​ထားတယ်” လို့ ပြောတယ်။

14. Pawlpi upate’ huhna i san ding bang hangin kisam a hiam?

၁၄ ကျွန်တော်တို့ကို ယေဟောဝါ အားရှိစေတဲ့ နောက်တစ်နည်းကတော့ အကြီးအကဲတွေ​အားဖြင့်​ပါ။ ကျွန်တော်တို့ကို လန်းဆန်း​အားရှိစေဖို့ ဘုရား ပေးတဲ့ လက်ဆောင်မွန်​ပဲ။ (ဟေရှာ. ၃၂:၁၊ ၂) ဒါကြောင့် စိုးရိမ်​ပူပန်တဲ့အခါ အကြီးအကဲတွေဆီ ရင်ဖွင့်​ပါ။ အကူအညီ ပေးတဲ့အခါ ဝမ်းသာ​အားရ လက်ခံပါ။ အကြီးအကဲတွေ​ကတစ်ဆင့် သင့်ကို ယေဟောဝါ အားရှိစေ​နိုင်တယ်။

MAILAM LAMETNA IN HONG THAHATSAK

15. Khristian khempeuh in bang a manpha lametna nei uh a hiam?

၁၅ ကျမ်းစာ မျှော်လင့်ချက်​ကလည်း အားရှိစေ​နိုင်တယ်။ (ရော. ၄:၃၊ ၁၈-၂၀) မြေကြီး​ပရဒိသုမှာ ဖြစ်ဖြစ်၊ ကောင်းကင်မှာ ဖြစ်ဖြစ် ထာဝစဉ် အသက်ရှင်ဖို့​ဆိုတဲ့ အဖိုး​မဖြတ်နိုင်တဲ့ မျှော်လင့်ချက် ကျွန်တော်တို့ ပိုင်ဆိုင်​ထားကြတယ်။ အဲဒီ​မျှော်လင့်ချက်က အခက်အခဲတွေ ခံရပ်ဖို့၊ တခြားသူတွေကို သတင်းကောင်း ပြောပြဖို့၊ အသင်းတော် တာဝန်​အမျိုးမျိုး ထမ်းဆောင်ဖို့ အားရှိစေတယ်။ (၁ သက်. ၁:၃) တမန်တော် ပေါလုလည်း အဲဒီ​မျှော်လင့်ချက်ကြောင့်​ပဲ အားရှိခဲ့တာ။

16. Sawltak Paul bang hangin thahatna kisam a hiam?

၁၆ ပေါလု အားအင် လိုတယ်။ ကောရိန္သု အသင်းတော်ဆီ ရေးတဲ့ စာမှာ ကိုယ့်ကိုယ်ကိုယ် ကွဲ​လွယ်တဲ့ မြေအိုး​နဲ့ နှိုင်းယှဉ်​ဖော်ပြတယ်။ ပေါလုခမျာ “ဖိနှိပ်ခံရ” တယ်။ “ကြံရာမရ ဖြစ်” တယ်။ “ညှဉ်းပန်း​နှိပ်စက်​ခံရ” တယ်။ “အ​ထိုး​ခံရ” တယ်။ အသက်​အန္တရာယ်​တောင် ကြုံရတယ်။ (၂ ကော. ၄:၈-၁၀) ဒီစကားတွေကို တတိယ သာသနာပြု ခရီးစဉ်​အတွင်း ရေးခဲ့တာ။ ပိုဆိုးတာတွေ ကြုံ​ရဦးမယ်​ဆိုတာ ဒီ​စာရေးတုန်းက သိခဲ့မှာ မဟုတ်ဘူး။ နောက်ပိုင်းမှာ လူရမ်းကားအုပ်​စု တိုက်ခိုက်တာ ခံရတယ်။ အဖမ်းခံရတယ်။ သင်္ဘော​ပျက်​တယ်။ ထောင်ချခံရတယ်။

17. Korin Nihna 4:16-18-a a gen bangin, Paul in haksatnate a thuakzawh nadingin bang in thahatsak a hiam?

၁၇ မျှော်လင့်ချက်ကို အာရုံစိုက်​တဲ့အတွက် အခက်အခဲတွေ ခံရပ်ဖို့ ပေါလု အားရှိလာတယ်။ (၂ ကောရိန္သု ၄:၁၆-၁၈ ကို ဖတ်ပါ။) ခန္ဓာကိုယ် “ယိုယွင်း​ပျက်စီး​နေ” ပေမဲ့ စိတ်ဓာတ်​မကျဘူး​လို့ ကောရိန္သု အသင်းသားတွေကို ပြောတယ်။ အနာဂတ်ကို အာရုံစိုက်တယ်။ ကောင်းကင်မှာ ထာဝရ အသက်ရှင်​ရမယ်ဆိုတဲ့ မျှော်လင့်ချက်​ဟာ “အတိုင်းထက်အလွန် ကြီးမြတ်” တဲ့အတွက် ဘာ​ဒုက္ခ​ပဲ ခံရ​ခံရ တန်တယ်လို့ သဘောထားတယ်။ အဲဒီ​မျှော်လင့်ချက်ကို တွေးတော​ဆင်ခြင်​လို့ “တစ်နေ့ပြီး​တစ်နေ့ အသစ်​အသစ် ပြန်​ဖြစ်တယ်။”

18. Mailam lametna hangin unaupa Tihomir-te innkuan in koi bangin tha ngahkik uh a hiam?

၁၈ အနာဂတ် မျှော်လင့်ချက်ကြောင့် ဘူလ်ဂေးရီးယား​နိုင်ငံက ညီအစ်ကို တီဟိုးမီးယား အားရှိခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်​အနည်းငယ်​က ညီ​ဖြစ်သူ ဇဒရာ့ဗ်ဂို ကား​မတော်တဆမှု​ကြောင့် ဆုံးသွား​တယ်။ တော်တော်​ကြာတဲ့​အထိ ဖြေမဆည်​နိုင်အောင် တီဟိုးမီးယား ဝမ်းနည်း​နေတယ်။ ခံရပ်နိုင်ဖို့ ရှင်ပြန်ထမြောက်ခြင်း​အကြောင်း မိသားစုလိုက် စိတ်ကူး​ကြည့်ကြတယ်။ “ဥပမာ၊ ဇဒရာ့ဗ်ဂို​ကို ဘယ်နေရာမှာ တွေ့​မယ်၊ ဘာတွေ ချက်​ကျွေး​မယ်၊ ကြိုဆို​ပွဲ လုပ်ရင် ဘယ်သူတွေ ဖိတ်​မယ်၊ နောက်ဆုံး​ကာလ​အကြောင်း ဘာတွေ ပြောပြမယ် စသဖြင့် စဉ်းစား​ကြတယ်” လို့ တီဟိုးမီးယား ပြောတယ်။ မျှော်လင့်ချက်ကို အာရုံစိုက်တာက ခံနိုင်ရည် ဆက်ရှိနေဖို့၊ ဇဒရာ့ဗ်ဂို​ကို ယေဟောဝါ ထမြောက်​ပေးမယ့်​အချိန်ကို စောင့်မျှော်​နေဖို့ သူတို့​မိသားစုကို ကူညီပေးတယ်။

ကမ္ဘာသစ်​မှာ သင့်​အသက်တာ ဘယ်လို ဖြစ်နေမလဲ (စာပိုဒ် ၁၉ ကို ကြည့်ပါ) c

19. Na lametna a kip nadingin bang sem thei na hiam? (Lim zong en in.)

၁၉ မျှော်လင့်ချက်ကို ဘယ်လို ခိုင်မာ​စေနိုင်​မလဲ။ သင်ဟာ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူ​ဆိုရင် ပရဒိသု​အကြောင်း ကျမ်းစာ​ဖော်ပြချက်​တွေ ဖတ်ရှု၊ တွေးတောပါ။ (ဟေရှာ. ၂၅:၈။ ၃၂:၁၆-၁၈) ကမ္ဘာသစ် အသက်တာကို မြင်ယောင်​ကြည့်ပါ။ ကမ္ဘာသစ်​မှာ ရောက်နေပြီး ဘယ်သူနဲ့ တွေ့တယ်၊ ဘာ​အသံ​တွေ ကြားတယ်၊ ဘယ်လို ခံစားရတယ်ဆိုတာ စိတ်ကူး​ကြည့်ပါ။ ရုပ်လုံး​ပေါ်လာဖို့ အဖွဲ့အစည်း ပြင်ဆင်ပေးတဲ့ ရုပ်ပုံတွေ ကြည့်ပါ။ ကမ္ဘာသစ် မြင်ကွင်း လက်တစ်ကမ်း​မှာ မြင်ယောင်​နေပါ စတဲ့ တေးဗီဒီယိုတွေ ကြည့်ပါ။ ကမ္ဘာသစ် မျှော်လင့်ချက်သာ စိတ်ထဲ စွဲနေ​ရင် အခု ကြုံရတဲ့ အခက်အခဲတွေ​ဟာ “ခဏတာ” ဖြစ်ပြီး “ပေါ့ပါး” တယ်လို့ ခံစားရမယ်။ (၂ ကော. ၄:၁၇) ဘုရားပေး မျှော်လင့်ချက်က အခက်အခဲတွေ ခံရပ်ဖို့ တကယ်ပဲ ကူညီပေးတယ်။

20. I thaneem hun nangawnin zong koi bang danin thahat thei i hiam?

၂၀ အားနည်းချိန်​မှာ​တောင် “ဘုရားသခင်ဆီကနေ ကျွန်တော်တို့ ခွန်အား​ရ” ကြတယ်။ (ဆာ. ၁၀၈:၁၃) အားရှိစေဖို့ လိုအပ်တာတွေ ယေဟောဝါ ပေးထားတယ်။ ဒါကြောင့် တာဝန်​တစ်ခု ထမ်းဆောင်ဖို့၊ အခက်အခဲ​တစ်ခု ဆက်ခံရပ်ဖို့၊ ဆက်​ဝမ်းမြောက်​ဖို့ အကူအညီ လိုနေတယ်​ဆိုရင် ဆုတောင်းပါ။ ကိုယ်ပိုင်​လေ့လာမှု လုပ်ပြီး ဘုရား​လမ်းညွှန်မှု ရှာပါ။ ညီအစ်ကို/မတွေဆီကနေ အားပေးမှု ရယူပါ။ မျှော်လင့်ချက် ရှင်သန်​နေစေပါ။ ဒါဆိုရင် “[ဘုရားသခင့်] ဘုန်းတန်ခိုးတော်ကြောင့် ခွန်အား ပြည့်ဝ​လာပြီး အရာရာကို ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်” ပါလိမ့်မယ်။—ကော. ၁:၁၁

LA 33 သင့်ရဲ့ ဝန်ကို ယေဟောဝါဆီ ပုံအပ်​ပါ

a အခက်အခဲတွေ ခံရပ်နိုင်အောင်၊ တာဝန်တွေ ဆက်ထမ်းဆောင်နိုင်အောင် ဒီဆောင်းပါး​က ကူညီပေးပါမယ်။ ကျွန်တော်တို့ကို ဘုရား ဘယ်လို အားရှိစေ​နိုင်တယ်၊ အကူအညီ ရဖို့ ကိုယ့်ဘက်က ဘာလုပ်နိုင်တယ်​ဆိုတာ လေ့လာကြပါမယ်။

b အမည်လွှဲများ။

c ပုံအညွှန်း– နားမကြား ညီအစ်မ ကျမ်းစာ ကတိတွေ စဉ်းစား​နေ။ ကမ္ဘာသစ် အသက်တာကို မြင်ယောင်​နိုင်ဖို့ တေးဗီဒီယို ကြည့်နေ။