Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 42

‘Thu Na Mang’ Hiam?

‘Thu Na Mang’ Hiam?

“Tunglam pana hong pai pilna a neite in . . . thu mang hi.”—JAMES. 3:17, New World Translation.

LA 101 စည်းလုံးစွာ လုပ်ဆောင်ခြင်း

အကြို​သုံးသပ်ချက် a

1. Thu man ding bang hangin haksa thei a hiam?

 နာခံဖို့ တစ်ခါတလေ ခက်​သ​လား။ “စိတ်ပါလက်ပါ နာခံ​ချင်စိတ် ရှိအောင် လှုံ့ဆော်​ပေးပါ” လို့ ဘုရင် ဒါဝိဒ် ဆုတောင်းတယ်။ (ဆာ. ၅၁:၁၂) ယေဟောဝါ​ဘုရားကို ချစ်​ပေမဲ့ နာခံဖို့ ခက်တဲ့​အချိန်တွေ ရှိလို့ပဲ။ ကျွန်တော်တို့လည်း နာခံဖို့ ခက်တဲ့​အချိန်တွေ ရှိနိုင်တယ်။ ဘာကြောင့်လဲ။ ပထမ၊ ကလန်ကဆန် လုပ်ချင်​စိတ်ဟာ မွေးရာပါ ဖြစ်နေလို့။ ဒုတိယ၊ ယေဟောဝါကို မိမိ​လို ပုန်ကန်​ဖို့ စာတန် မပြတ် လှုံ့ဆော်​နေ​လို့။ (၂ ကော. ၁၁:၃) တတိယ၊ “နာခံမှု မရှိသူတွေဆီ​မှာ ရှင်သန်​လှုပ်ရှား​နေ” တဲ့ ကလန်ကဆန် စိတ်ဓာတ် ကျွန်တော်တို့​ဝန်းကျင်​မှာ ပျံ့​နေလို့ပါ။ (ဧ. ၂:၂) ဒါကြောင့် ယေဟောဝါ​ဘုရားနဲ့ ဘုရား အခွင့်အာဏာ ပေးထားသူ​တွေ​ကို နာခံနိုင်ဖို့ဆိုရင် ကိုယ်တိုင်ရဲ့ အပြစ်​လုပ်ချင်တဲ့ ဆန္ဒ၊ စာတန်နဲ့ ဒီ​လောကရဲ့ ဖိအား​ကို ကြိုးစား​တိုက်လှန်​မှ ရမယ်။

2. “Thu mang” cih in bang a cihnopna hiam? (James 3:17)

ယာကုပ် ၃:၁၇ ကို ဖတ်ပါ။ ဉာဏ်ပညာ ရှိသူတွေဟာ “နာခံဖို့ အသင့်ရှိတယ်” လို့ ကျမ်း​ရေးသူ ယာကုပ် ပြောတယ်။ ဘာကို ဆိုလိုသလဲ။ ယေဟောဝါ အခွင့်အာဏာ ပေးထားသူ​တွေ​ကို စိတ်ပါလက်ပါ၊ ကြည်ကြည်သာသာ နာခံချင်တာကို ဆိုလိုတယ်။ မိမိ​ပညတ် ချိုးဖောက်ဖို့ တောင်းဆို​သူတွေကိုတော့ ယေဟောဝါ မနာခံစေချင်ဘူး။—တ. ၄:၁၈-၂၀

3. Thuneite’ thu i manna pen Jehovah’ muhna-ah bang hangin thupi a hiam?

လူ​ထက် ယေဟောဝါကို နာခံ​ရတာ ပိုလွယ်တယ်။ ယေဟောဝါရဲ့ လမ်းညွှန်ချက်တွေ အမြဲ ပြည့်ဝ​စုံလင်​တာ​ကိုး။ (ဆာ. ၁၉:၇) လူတွေကျတော့ မ​စုံလင်​ဘူး။ ဒါပေမဲ့ မစုံလင်သူ မိဘ၊ အစိုးရ အာဏာပိုင်၊ အကြီးအကဲတွေကို ကောင်းကင်ဘုံစံ အဖ အခွင့်အာဏာ အတော်အတန် ပေးထားတယ်။ (ပညာ. ၆:၂၀။ ၁ သက်. ၅:၁၂။ ၁ ပေ. ၂:၁၃၊ ၁၄) သူတို့ကို နာခံတာ ယေဟောဝါကို နာခံတာ​ပဲ။ ဘဝင်​မကျတဲ့၊ မ​လိုက်နာချင်​တဲ့ လမ်းညွှန်ချက် ပေး​လာ​ရင်တောင် ဘယ်လို နာခံနိုင်ကြောင်း လေ့လာ​ကြရအောင်။

NU LE PA’ THU MANG IN

4. Khangno tampi in bang hangin nu le pa’ thu mang lo uh a hiam?

ခရစ်ယာန် လူငယ်တွေရဲ့ ရွယ်တူ တော်တော်​များများ “မိဘ​စကား နားမထောင်” ကြ​ဘူး။ (၂ တိ. ၃:၁၊ ၂) ဘာကြောင့်လဲ။ မိဘတွေ ပုံစံ​က ‘ငါ ပြောသလို လုပ်၊ ငါ လုပ်​သ​လို မလုပ်နဲ့’ ဆိုတဲ့ ပုံစံ ဖြစ်နေလို့ အပြောနဲ့ အလုပ် မညီဘူး၊ မတရား​ဘူး​လို့ ခံစားကြရတယ်။ တချို့ကျတော့ မိဘ ပေးတဲ့ အကြံ ခေတ်​နောက်ကျ​နေပြီ၊ အသုံးမဝင်​ဘူး၊ ချုပ်ချယ်​လွန်းတယ်လို့ မြင်ကြတယ်။ ဒါကြောင့် “ဘုရားသခင့် အလိုတော်နဲ့​အညီ မိဘကို နာခံကြ​ပါ။ ဒါဟာ ဘုရားသခင်ရဲ့ အမြင်မှာ ဖြောင့်မှန်တယ်” ဆိုတဲ့ ဘုရား​ပညတ်ကို နာခံဖို့ ခက်​နေကြတာ။ (ဧ. ၆:၁) သင်ဟာ လူငယ်​တစ်ယောက်​ဆိုရင် အဲဒီလို ခံစားနေရသလား။ နာခံတတ်​ဖို့ ဘာက ကူညီပေးမလဲ။

5. Nu le pa thumanna-ah Jesuh pen bang hangin etteh ding lim hoih hi a hiam? (Luka 2:46-52)

နာခံတတ်​ဖို့ အကောင်းဆုံး စံနမူနာရှင် ယေရှု​ဆီကနေ သင်ယူနိုင်တယ်။ (၁ ပေ. ၂:၂၁-၂၄) ယေရှု စုံလင်ပေမဲ့ မိဘတွေ မစုံလင်ကြ​ဘူး။ မိဘတွေ အမှား​လုပ်မိတဲ့​အချိန်၊ ကိုယ့်ကို နားလည်မှု လွဲတဲ့​အချိန်မှာ​တောင် ယေရှု ရိုသေ​လေးစားတယ်။ (ထွ. ၂၀:၁၂) အသက် ၁၂ နှစ်တုန်းက အဖြစ်အပျက်​ကို စဉ်းစားကြည့်ပါ။ (လုကာ ၂:၄၆-၅၂ ကို ဖတ်ပါ။) ဂျေရုဆလင်​မြို့က​အပြန် ယေရှု ပါ​မ​လာတာ မိဘတွေ သတိ​မထား​မိ​ကြ​ဘူး။ တကယ်ဆိုရင် အတူတူ ပြန်​မယ့် အုပ်စု​ထဲ ကိုယ့်​ကလေးတွေ စုံ​မ​စုံ စစ်​ရမှာ ယောသပ်နဲ့ မာရိရဲ့ တာဝန်။ ယေရှုကို ရှာတွေ့တော့ ဘာလို့ ကျန်ခဲ့​တာ​လဲ​ဆိုပြီး မာရိ ဆူတယ်။ တော်တော် မတရား​တာ​ပဲ​ဆိုပြီး ယေရှု ပြန်ထောက်လို့ ရပေမဲ့ လေးလေးစားစား ပြန်ဖြေတယ်။ ဒါပေမဲ့ မိဘတွေ “သူ ပြောတာကို နားမလည်​ကြ​ဘူး။” ဘာပဲဖြစ်ဖြစ် ယေရှု “မိဘ​စကားကို အမြဲ နာခံ​တယ်။”

6-7. Khangnote in nu le pa’ thu a man nadingun bang in huh ding a hiam?

လူငယ်တို့၊ မိဘ အမှား လုပ်တဲ့အခါ ဒါမှမဟုတ် ကိုယ့်ကို နားလည်မှု လွဲတဲ့​အခါ နာခံဖို့ ခက်​သ​လား။ နာခံဖို့ ဘာက ကူညီပေးမလဲ။ ဦးဆုံး၊ ယေဟောဝါ ဘယ်လို ခံစားရမလဲ စဉ်းစားပါ။ “သခင် နှစ်သက်တယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ကော. ၃:၂၀) သင့်ကို မိဘတွေ နားမလည်တဲ့​အချိန်၊ ကတ်​သီး​ကတ်​သတ် စည်းကမ်း​တွေ ထုတ်​တဲ့​အချိန် ရှိနိုင်​မှန်း ယေဟောဝါ သိတယ်။ ဘာပဲဖြစ်ဖြစ် မိဘ​စကား သင် နားထောင်တဲ့အခါ ယေဟောဝါ ပျော်တယ်။

ဒုတိယ၊ မိဘ ဘယ်လို ခံစားရမလဲ စဉ်းစားပါ။ သူတို့ သိပ်​ပျော်ကြမှာ။ သင့်ကို ပို​ယုံ​လာကြ​မှာ။ (ပညာ. ၂၃:၂၂-၂၅) သင်လည်း မိဘနဲ့ ခပ်တန်းတန်း မဖြစ်တော့ဘူး။ “မိဘ​စကား နားထောင်လိုက်တော့ ဆက်ဆံရေး ပိုကောင်းလာတယ်။ ပို​လည်း ပျော်လာတယ်” လို့ ဘယ်လ်ဂျီယံ​နိုင်ငံက ညီအစ်ကို အလက်ဇန်းဒါး ပြောတယ်။ b တတိယ၊ ရေရှည် ဘာအကျိုးရမလဲ စဉ်းစားပါ။ “မိဘကို နာခံတတ်​လာတာ​နဲ့အမျှ ယေဟောဝါနဲ့ အခွင့်အာဏာ ရှိသူတွေကို နာခံဖို့ ပိုလွယ်လာတယ်” လို့ ဘရာဇီး​နိုင်ငံက ညီအစ်ကို ပေါ်​လို ပြောတယ်။ မိဘ​စကား နားထောင်​မှ​သာ “ကောင်းစား​လိမ့်မယ်၊ ကမ္ဘာမြေပေါ်မှာ အသက်ရှည်ရှည် နေနိုင်​လိမ့်မယ်” လို့ ကျမ်းစာမှာ ဆိုတယ်။ (ဧ. ၆:၂၊ ၃) မိဘ​စကား နားထောင်သင့်​တဲ့ အကြောင်းကောင်းပါပဲ။

8. Khangno tampi in bang hangin nu le pa’ thu mang uh a hiam?

မိဘ​စကား နားထောင်တာ အကျိုး​ရှိကြောင်း လူငယ်​များစွာ သိလာကြတယ်။ ရွယ်တူတွေ​မှာ ဖုန်း​ကိုယ်စီ ရှိပေမဲ့ တော်တော်​ကြာတဲ့​အထိ ကိုယ့်ကို မိဘတွေ ဖုန်း​ပေး​မ​သုံးလို့ ဘရာဇီး​နိုင်ငံက ညီအစ်မ လူဝီ​ဇာ နားလည်ရ ခက်​ခဲ့တယ်။ ဒါပေမဲ့ မိဘတွေ ကာကွယ်​ပေးနေတာ ဖြစ်မှန်း သဘောပေါက်လာတယ်။ “မိဘတွေရဲ့ စည်းကမ်း​ဟာ လက်ထိတ် မဟုတ်ဘဲ ကား​ထိုင်ခုံ ခါးပတ်​နဲ့ တူတယ်။ အန္တရာယ်​ကနေ ကာကွယ်ပေးလို့​ပဲ” လို့ ပြောတယ်။ အမေရိကန် ပြည်ထောင်စု​က ညီအစ်မငယ် အဲလီဇဘက်​ဟာ မိဘ​စကား နားထောင်ဖို့ ခက်တဲ့​အချိန်တွေ ရှိတုန်းပဲ။ “မိဘတွေ စည်းကမ်း ထုတ်ရတဲ့ အကြောင်းရင်း ကျွန်မ ကောင်းကောင်း နားမလည်တဲ့အခါ အရင်က မိဘ​စကား နားထောင်​လို့ အကာအကွယ် ရခဲ့တာကို ပြန်​စဉ်းစား​လိုက်တယ်” လို့ ပြောတယ်။ မိဘကို အာခံ​မနေ​ဘဲ နာခံတဲ့အခါ ရလဒ်ကောင်း အမြဲ ရတယ်လို့ အာမေးနီးယား​နိုင်ငံက ညီအစ်မ မော်နီကာ ပြောတယ်။

“UKNA THUNEITE” II THU MANG IN

9. Upadi zuihna tawh kisai-in mi tampi te’n bangci ngaihsut uh a hiam?

အစိုးရတွေကို “အထက်အာဏာပိုင်တွေ” လို့ ကျမ်းစာမှာ ခေါ်ထားတယ်။ (ရော. ၁၃:၁) အစိုးရတွေ ရှိတာ ကောင်းတယ်၊ ဥပဒေ တချို့တလေလောက်ကိုတော့ လိုက်နာ​သင့်​တယ်လို့ လူများစွာ သဘောထားကြတယ်။ ဒါပေမဲ့ ဘဝင်​မကျတဲ့၊ မတရား​ဘူး​လို့ ယူဆတဲ့ ဥပဒေ​တွေ မလိုက်နာ​ကြ​ဘူး။ ဥပမာ၊ အခွန်ဆောင်တဲ့ ကိစ္စ ဖြစ်တယ်။ ဥရောပ​နိုင်ငံ တစ်နိုင်ငံမှာ စစ်တမ်း ကောက်ကြည့်တဲ့အခါ လေး​ပုံ​တစ်​ပုံ​က “မတရား​ဘူး ထင်​ရင် အခွန်ဆောင်​စ​ရာ မလိုဘူး” လို့ ယူဆကြတယ်။ ဒါကြောင့် အဲဒီ​နိုင်ငံမှာ အစိုးရ​က အခွန် သုံးပုံနှစ်ပုံ​လောက်​ပဲ ရတယ်။

နာခံမှု​နဲ့ပတ်သက်ပြီး ယောသပ်နဲ့ မာရိ​ဆီကနေ ဘာသင်ယူရသလဲ (စာပိုဒ် ၁၀-၁၂ ကို ကြည့်ပါ) c

10. I deih loh upadi-te nangawn zong bang hangin zui i hiam?

၁၀ လူ့အစိုးရတွေဟာ ပြဿနာ တော်တော်​များများ​ရဲ့ ရင်းမြစ် ဖြစ်တယ်၊ စာတန့်​ထိန်းချုပ်မှု​အောက်မှာ ရှိတယ်၊ မကြာခင် ဖျက်ဆီး​ခံရတော့မယ်ဆိုတာ ကျမ်းစာ အသိအမှတ်ပြုတယ်။ (ဆာ. ၁၁၀:၅၊ ၆။ ဒေ. ၈:၉။ လု. ၄:၅၊ ၆) ဒါပေမဲ့ “အာဏာပိုင်တွေကို ဆန့်ကျင်သူဟာ ဘုရားသခင်ရဲ့ အစီအစဉ်ကို ဆန့်ကျင်သူပဲ” လို့လည်း ဖော်ပြထားတယ်။ အစိုးရ​ဆိုတာ ငြိမ်ဝပ်ပိပြားမှု ရှိဖို့ ယေဟောဝါ ခွင့်ပြုထားတဲ့ ယာယီ အစီအစဉ် ဖြစ်တယ်။ ဒါကြောင့် အာဏာပိုင်တွေကို နာခံရမယ်။ အခွန်၊ လေးစားမှု၊ နာခံမှု အပါအဝင် “ပေး​သင့်​ပေးထိုက်ရာတွေ ပေး” ရမယ်။ (ရော. ၁၃:၁-၇) တချို့​ဥပဒေ​တွေ လိုက်နာ​ရတာ ကတ်​သီး​ကတ်​သတ် နိုင်​ပုံ၊ မတရား​ပုံ၊ ငွေကုန်ကြေးကျ များ​ပုံ ပေါက်နိုင်တယ်။ ဒါပေမဲ့ ဘုရား​ပညတ် ချိုးဖောက်ဖို့ မတောင်းဆိုသရွေ့ နာခံဖို့ ယေဟောဝါ ပြော​ထားလို့ ကျွန်တော်တို့ နာခံကြတယ်။—တ. ၅:၂၉

11-12. Josef le Mary in upadi a zuihna-un bang sem uh a hiam? Bang hamphatna ngah a hiam? (Luka 2:1-6) (Lim zong en in.)

၁၁ နာခံဖို့ ခက်​ချိန်​မှာ​တောင် အထက်အာဏာပိုင်တွေကို နာခံ​တဲ့ ယောသပ်နဲ့ မာရိ​ဆီကနေ သင်ယူနိုင်တယ်။ (လုကာ ၂:၁-၆ ကို ဖတ်ပါ။) လူတိုင်း ကိုယ့်​မြို့​ကိုယ့်​ရွာ ပြန်ပြီး နာမည်​စာရင်း ပေးဖို့ ရောမ ဧကရာဇ် ဩဂတ်စတပ် အမိန့်ထုတ်တယ်။ ၉၃ မိုင် (ကီလိုမီတာ ၁၅၀) လောက် ဝေးတဲ့ ဘက်သလီဟင်​မြို့ကို ယောသပ်နဲ့ မာရိ တစ်​တောင်တက် တစ်​တောင်ဆင်း ခရီးနှင်​ကြ​ရတော့မယ်။ မာရိ ကိုယ်ဝန် ကိုးလ ရှိနေပြီ ဖြစ်လို့ တော်တော့်ကို ခက်​မှာ။ မိခင်နဲ့ ရင်သွေး ဘေးကင်းရေး​အတွက် စိုးရိမ်​မိ​ကြ​မှာ​ပဲ။ လမ်းခုလတ်​မှာ ကလေး မွေးရင် ဘယ့်နှယ် လုပ်မလဲ။ အနာဂတ် မေရှိယကို ကိုယ်ဝန် လွယ်​ထား​ရတာ။ ဒီအကြောင်းပြချက်​နဲ့ အစိုးရ ဥပဒေ မလိုက်နာဘဲ နေ​ကြ​မ​လား။

၁၂ စိုးရိမ်​မိ​တာ​တွေ ရှိပေမဲ့ ယောသပ်နဲ့ မာရိ ဥပဒေ လိုက်နာကြတယ်။ သူတို့ နာခံမှု ရှိလို့ ယေဟောဝါ ဝမ်းသာတယ်။ စောင့်ရှောက်ပေးတယ်။ ဘက်သလီဟင်​မြို့ကို ဘေးမ​သီ ရန်မခ ရောက်လာပြီး ရင်သွေးလေး ကျန်းကျန်းမာမာ မွေးဖို့၊ ကျမ်းစာ ကြိုဟောချက် ပြည့်စုံစေဖို့ ကူညီပေးတယ်။—မိ. ၅:၂

13. Thu mang lehang unaute adingin bang phattuamna omsak thei a hiam?

၁၃ အထက်အာဏာပိုင်တွေကို နာခံတဲ့အခါ ကိုယ်တိုင်နဲ့ တခြားသူတွေ အကျိုးရကြတယ်။ ဘယ်လို အကျိုးရသလဲ။ တစ်ချက်​အနေနဲ့ ဥပဒေ ချိုးဖောက်သူ​တွေ ခံရတဲ့ ပြစ်ဒဏ် ကျွန်တော်တို့ မခံရဘူး။ (ရော. ၁၃:၄) ယေဟောဝါ​သက်သေတွေ နိုင်ငံသား​ကောင်း ဖြစ်မှန်း အာဏာပိုင်တွေ မြင်လာကြတယ်။ လွန်ခဲ့တဲ့ နှစ်​အတော်ကြာ​က နိုင်ဂျီးရီးယား​နိုင်ငံမှာ အသင်းတော် အစည်းအဝေး ကျင်းပ​နေတုန်း နိုင်ငံတော်​ခန်းမ​ထဲ စစ်သားတွေ ဝင်လာကြတယ်။ အခွန်​မ​ဆောင်​ချင်လို့ ဆန္ဒ​ပြသူတွေကို လိုက်ရှာ​နေကြတာ။ “ယေဟောဝါ​သက်သေတွေ အခွန်​မရှောင်​ဘူး” လို့ အရာရှိ​တစ်ယောက် ဝင်​ပြောပြီး စစ်သားတွေကို ပြန်​ခိုင်းတယ်။ ဘာ​သင်ခန်းစာ ရသလဲ။ သင် ဥပဒေ လိုက်နာတာ​ဟာ ယေဟောဝါသက်သေတွေရဲ့ နာမည်ကောင်း​ကို ထိန်းသိမ်း​နေတာပဲ။ အဲဒီ​နာမည်ကောင်း​က တစ်နေ့ ညီအစ်ကို/မတွေကို ကာကွယ်ပေးနိုင်တယ်။—မ. ၅:၁၆

14. Unaunu khat in ukna thuneite ii ‘thu a man’ nadingin bang in huh a hiam?။

၁၄ အထက်အာဏာပိုင်တွေကို နာခံဖို့ အမြဲ မလွယ်ဘူး။ “နာခံဖို့ ကျွန်မအတွက် တော်တော့်ကို မလွယ်တာ။ မိသားစုဝင်​တချို့ကို အာဏာပိုင်တွေ မတရား​လုပ်ခဲ့လို့​လေ” ဆိုပြီး အမေရိကန် ပြည်ထောင်စု​က ညီအစ်မ ဂျိုအန်နာ ပြောတယ်။ ဒါပေမဲ့ အာဏာပိုင်တွေ​အပေါ် ထားတဲ့ အမြင် ပြောင်းဖို့ ဆုံးဖြတ်​လိုက်တယ်။ ပထမ၊ အာဏာပိုင်တွေကို အမြင်စောင်း​စေ​တဲ့ ပို့စ်တွေ လူမှု​မီဒီယာ​မှာ မဖတ်တော့ဘူး။ (ပညာ. ၂၀:၃) ဒုတိယ၊ အစိုးရ ကောင်း​လာဖို့ မျှော်နေ​မယ့်​အစား ယေဟောဝါကို မျှော်ကိုး​တတ်​ဖို့ ဆုတောင်းတယ်။ (ဆာ. ၉:၉၊ ၁၀) တတိယ၊ ကြားနေခြင်း​အကြောင်း အဖွဲ့အစည်းထုတ် ဆောင်းပါးတွေ ဖတ်တယ်။ (ယော. ၁၇:၁၆) အာဏာပိုင်တွေကို လေးစား​နာခံ​လို့ “ကိုယ့်​စိတ်​ကိုယ် လုံတယ်” ဆိုပြီး ဂျိုအန်နာ ပြောတယ်။

JEHOVAH’ PAWLPI PANA HONG PAI LAMLAHNA ZUI IN

15. Jehovah’ pawlpi pana hong pai lamlahna i zuih ding khat veivei ciang bang hangin haksa thei a hiam?

၁၅ အသင်းတော်မှာ “ဦးဆောင်တဲ့သူတွေကို နာခံ” ဖို့ ယေဟောဝါ တောင်းဆိုတယ်။ (ဟီ. ၁၃:၁၇) ခေါင်းဆောင် ယေရှု စုံလင်ပေမဲ့ ယေရှု သုံးနေတဲ့ ဦးဆောင်သူ ညီအစ်ကိုတွေ မစုံလင်ကြ​ဘူး။ အထူးသဖြင့်၊ ကိုယ် မ​လုပ်ချင်​တာ လုပ်ဖို့ လမ်းညွှန်​တဲ့အခါ နာခံဖို့ ခက်နိုင်တယ်။ တမန်တော် ပေတရု အဲဒီလို ဖြစ်ဖူးတယ်။ မောရှေ​ပညတ်မှာ မသန့်ရှင်း​ဘူး​လို့ သတ်မှတ်ထားတဲ့ တိရစ္ဆာန်တွေ စားဖို့ ကောင်းကင်တမန် ညွှန်ကြား​တော့ ငြင်းတယ်။ တစ်ကြိမ်​မ​က သုံးကြိမ်​တောင် ငြင်း​တာ။ (တ. ၁၀:၉-၁၆) ဘာကြောင့်လဲ။ မောရှေ​ပညတ်​အတိုင်း နေ​လာတာ ခေါက်ရိုး ကျိုး​နေပြီ။ လမ်းညွှန်ချက်​အသစ်က ယုတ္တိ​မရှိပုံ ပေါက်နေတယ်။ စုံလင်တဲ့ ကောင်းကင်တမန်​ရဲ့ လမ်းညွှန်ချက်ကို နာခံဖို့ ပေတရု​အတွက် ခက်တယ်​ဆိုရင် မစုံလင်သူတွေ​ရဲ့ လမ်းညွှန်ချက်ကို နာခံဖို့ ကျွန်တော်တို့အတွက်လည်း တစ်ခါတလေတော့ ခက်​မှာ​ပဲ။

16. Sawltak Paul in lamlahna a ngah pen sep ding kisam lo ci-a a ngaihsut theih hang, bang sem a hiam? (Sawltak 21:23, 24, 26)

၁၆ ယုတ္တိ​မရှိဘူးလို့ ခံစားရနိုင်တဲ့ လမ်းညွှန်ချက် ရလာချိန်မှာ​တောင် တမန်တော် ပေါလု “နာခံဖို့ အသင့်ရှိ” တယ်။ “မောရှေ​ပညတ် စွန့်လွှတ်ဖို့” ပေါလု သင်ပေးနေတယ်၊ မောရှေ​ပညတ်ကို မထီလေးစား လုပ်နေတယ်​ဆိုတဲ့ ကော​လာ​ဟ​လ ဂျူး​ခရစ်ယာန်တွေ ကြား​ထားကြတယ်။ (တ. ၂၁:၂၁) ဒါကြောင့် ပေါလု ပညတ်တရား လိုက်နာ​မှန်း သိသွား​အောင် ဗိမာန်တော်ကို လူ​လေးယောက် ခေါ်သွားပြီး မောရှေ​ပညတ်မှာ ပါတဲ့​အတိုင်း ကိုယ်ကို သန့်စင်​ဖို့ ဂျေရုဆလင်​မြို့က အကြီးအကဲတွေ ညွှန်ကြားတယ်။ ခရစ်ယာန်တွေ ပညတ်တရား​အောက် မရှိတော့မှန်း ပေါလု သိ​သား​ပဲ။ ပြီးတော့ ကိုယ့်ဘက်က ဘာ​အမှား​မှ လုပ်​မထားဘူး။ ဒါပေမဲ့ လမ်းညွှန်ချက်ကို ချက်ချင်း လိုက်နာတယ်။ ‘နောက်တစ်နေ့ ရောက်တော့ အဲဒီလူတွေကို ခေါ်သွားတယ်။ သူတို့နဲ့အတူ မောရှေ​ပညတ်မှာ ပါတဲ့​အတိုင်း ကိုယ်ကို သန့်စင်​တယ်။’ (တမန်တော် ၂၁:၂၃၊ ၂၄၊ ၂၆ ကို ဖတ်ပါ။) လမ်းညွှန်ချက် လိုက်နာ​လို့ အသင်းတော် ဆက်​စည်းလုံး​တယ်။—ရော. ၁၄:၁၉၊ ၂၁

17. Stephanie’ tuahkhakna pan bang sin thei i hiam?

၁၇ ဌာနခွဲရုံးရဲ့ ဆုံးဖြတ်ချက်​တစ်ခု လက်ခံဖို့ ညီအစ်မ စတက်ဖနီ ခက်​ခဲ့တယ်။ ညီအစ်မ​တို့ ဇနီးမောင်နှံဟာ ဘာသာခြား​စကားပြော အုပ်စုမှာ အမှုဆောင်​နေကြတာ။ အုပ်စု ဖျက်ဖို့ ဌာနခွဲရုံး လမ်းညွှန်​လို့ မိခင်​ဘာသာစကားပြော အသင်းတော်မှာ ပြန်အမှုဆောင်​ကြရတယ်။ “ကျွန်မ သိပ်​မကျေနပ်​ဘူး။ မိခင်​ဘာသာစကားပြော ရပ်ကွက်မှာ ပို​လိုအပ်​မယ်​လို့ မထင်​ဘူး” ဆိုပြီး စတက်ဖနီ ပြောတယ်။ ဒါပေမဲ့ လမ်းညွှန်ချက်​အတိုင်း ပူးပေါင်း​လုပ်ဆောင်ဖို့ ဆုံးဖြတ်​လိုက်တယ်။ “ညီအစ်ကိုတွေ ဆုံးဖြတ်တာ ပညာရှိ​မှန်း နောက်ပိုင်း မြင်လာတယ်။ အသင်းတော်မှာ တော်တော်​များများ​က အမှန်တရားထဲ တစ်ကောင်​ကြွက်​လေး​တွေ။ သူတို့အတွက် ကျွန်မတို့ မိဘ​လို ဖြစ်လာတယ်။ ပြန်​လှုပ်ရှား​လာ​ခါ​စ ညီအစ်မ​တစ်ယောက်ကို ကျမ်းစာ သင်ပေးခွင့် ရတယ်။ ကိုယ်ပိုင်​လေ့လာမှု လုပ်ဖို့ အချိန် ပို​ထွက်လာတယ်။ နာခံဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်​ဆိုတဲ့ သိစိတ်ကြောင့် စိတ်​ကြည်တယ်” လို့ ပြောတယ်။

18. Thu mang lehang bang hamphatna kingah a hiam?

၁၈ နာခံတတ်​ဖို့ သင်ယူ​နိုင်တယ်။ ယေရှုဟာ နာခံတတ်​ဖို့ လွယ်လင့်တကူ​လေး သင်ယူတာ မဟုတ်ဘူး။ “ဆင်းရဲဒုက္ခ ခံ” ပြီး သင်ယူတာ။ (ဟီ. ၅:၈) ကျွန်တော်တို့လည်း အကျဉ်း​ထဲ အကျပ်​ထဲ ရောက်ချိန်​မှာ သင်ယူ​ရနိုင်တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတော့ နိုင်ငံတော်​ခန်းမမှာ မ​စည်းဝေး​ဖို့၊ တစ်အိမ်တက်ဆင်း မသွားဖို့ လမ်းညွှန်​တုန်းက နာခံဖို့ ခက်​ခဲ့​သ​လား။ ခက်ပေမဲ့ နာခံ​ခဲ့​လို့ သင် ကာကွယ်​ခံရတယ်။ အသင်းတော် စည်းလုံး​တယ်။ ယေဟောဝါ စိတ်​ရွှင်လန်း​တယ်။ ကြီးစွာသောဒုက္ခအတွင်း ဘာ​လမ်းညွှန်ချက်​ပဲ ရ​ရ နာခံတတ်​ဖို့ အကျင့်​ရသွားပြီ။ နာခံ​မှ ကယ်တင်​ခံရမှာ။—ယောဘ ၃၆:၁၁

19. Bang hangin thu mang nuam na hiam?

၁၉ နာခံမှု ရှိရင် ကောင်းချီး အများကြီး ရတယ်။ ဒါပေမဲ့ ယေဟောဝါကို ကျွန်တော်တို့ နာခံ​ရတဲ့ အဓိက အကြောင်းရင်း​က ချစ်လို့၊ စိတ်​ရွှင်လန်းစေ​ချင်လို့​ပဲ။ (၁ ယော. ၅:၃) ယေဟောဝါ လုပ်ပေးတဲ့ ကောင်းမှု​အားလုံး​အတွက် ကျေးဇူးဆပ်လို့ မကုန်နိုင်​ဘူး။ (ဆာ. ၁၁၆:၁၂) ဒါပေမဲ့ သင် လုပ်နိုင်တာ ရှိတယ်။ ယေဟောဝါနဲ့ အခွင့်အာဏာ ရှိသူတွေကို နာခံနိုင်တယ်။ နာခံတာက ဉာဏ်ပညာ ရှိကြောင်း ပြ​နေတာပဲ။ ဉာဏ်ပညာ ရှိတဲ့အခါ ယေဟောဝါ စိတ်​ရွှင်လန်း​တယ်။—ပညာ. ၂၇:၁၁

LA 89 နားထောင်၊ နာခံ၊ ကောင်းချီးစံ

a ကျွန်တော်တို့ဟာ မစုံလင်သူတွေ ဖြစ်တာမို့ လမ်းညွှန်ခွင့် ရှိလို့ လမ်းညွှန်​သူတွေကို​တောင် နာခံဖို့ တစ်ခါတလေ အခက်တွေ့ကြတယ်။ မိဘ၊ “အထက်အာဏာပိုင်တွေ၊” ခရစ်ယာန် အသင်းတော်မှာ ဦးဆောင်နေတဲ့ ညီအစ်ကိုတွေကို နာခံ​ရင် ဘာအကျိုး​ရမယ်ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b မိဘတွေ ထုတ်​တဲ့ စည်းကမ်း လိုက်နာဖို့ ခက်နေရင် ဘယ်လို ပြော​ပြနိုင်သလဲ​ဆိုတာနဲ့ပတ်သက်ပြီး “အိမ်စည်းကမ်း​နဲ့​ပတ်သက်လို့ မိဘတွေကို ဘယ်လို ပြော​ရမလဲ” ဆိုတဲ့ ဆောင်းပါးကို jw.org မှာ ကြည့်ပါ။

c ပုံအညွှန်း– နာမည်​စာရင်း ပေးပါ​ဆိုတဲ့ ရောမ ဧကရာဇ်​ရဲ့ အမိန့်ကို ယောသပ်နဲ့ မာရိ လိုက်နာပြီး ဘက်သလီဟင်​မြို့ ပြန်။ ဒီနေ့ခေတ် ခရစ်ယာန်တွေဟာ “အထက်အာဏာပိုင်တွေ” ထုတ်​တဲ့ ယာဉ်​စည်းကမ်း လမ်း​စည်းကမ်း၊ အခွန်​ဥပဒေ၊ ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာ။