Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 38

Khangnote Aw—Koi Bang Nuntakna Nei Nuam Uh Na Hiam?

Khangnote Aw—Koi Bang Nuntakna Nei Nuam Uh Na Hiam?

‘Na thutelna in nangmah hong hu ding hi.’—PAU. 2:11.

LA 135 ယေဟောဝါရဲ့ မေတ္တာရပ်ခံချက်– ‘ငါ့သား၊ ပညာရှိပါ’

အကြို​သုံးသပ်ချက် a

1. Joash, Uzziah, le Josiah te’n bang haksatna nei uh a hiam?

 ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရား​လူမျိုးရဲ့ ဘုရင် ဖြစ်လာတယ်လို့ မြင်ယောင်​ကြည့်ပါ။ ဘုရင့်​အာဏာ သုံးပြီး ဘာတွေ လုပ်မလဲ။ အသက် ငယ်ငယ်​လေး​နဲ့ ယုဒ​ဘုရင် ဖြစ်လာသူတွေ​အကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ ဥပမာ၊ ယောရှ​ဟာ ၇ နှစ် အရွယ်၊ ဩဇိ​ဟာ ၁၆ နှစ် အရွယ်၊ ယောရှိ​ဟာ ၈ နှစ် အရွယ်မှာ ဘုရင် ဖြစ်လာတယ်။ အရွယ်​နဲ့ ဖိအား မမျှလို့ သိပ်ခက်မှာ​ပဲ။ ဒါပေမဲ့ ယေဟောဝါ​ဘုရားနဲ့ တခြားသူတွေရဲ့ အကူအညီကြောင့် ကောင်းတာတွေ အများကြီး လုပ်နိုင်​ခဲ့ကြတယ်။

2. Joash, Uzziah, le Josiah thu bang hangin sin ding kisam a hiam?

ကျွန်တော်တို့ဟာ ဘုရင်တွေ၊ ဘုရင်မတွေတော့ မဟုတ်ကြဘူး။ ဒါပေမဲ့ ဒီကျမ်းစာ​ဇာတ်ကောင် သုံးယောက်​ဆီ​က အဖိုးတန် သင်ခန်းစာ​တွေ ယူနိုင်တယ်။ သူတို့ ဆုံးဖြတ်ချက် မှန်တဲ့အခါ ရှိသလို မှားတဲ့အခါလည်း ရှိတယ်။ သူတို့​အကြောင်း လေ့လာတဲ့အခါ အပေါင်းအသင်းကောင်း ရွေးဖို့၊ ဆက်​နှိမ့်ချ​ဖို့၊ ယေဟောဝါကို ဆက်​ရှာဖို့ ဘာကြောင့် အရေးကြီးသလဲ​ဆိုတာ သိလာမယ်။

BANG HANGIN LAWMLEGUAL HOIH TEEL DING KISAM A HIAM?

မိတ်ဆွေကောင်းတွေ အကြံ​ပေးတာ နားထောင်ခြင်း​အားဖြင့် ယောရှ​ကို အတုယူ​နိုင် (စာပိုဒ် ၃၊ ၇ ကို ကြည့်ပါ) c

3. Siampi Jehoiada’ thuhilhna a ngaih khit ciangin kumpi Joash in bangteng sem a hiam?

ယောရှရဲ့ ဆုံးဖြတ်ချက်ကောင်း​ကနေ သင်ယူ​နိုင်​ရာ။ ဖတဆိုးလေး ဘုရင် ယောရှ​ဟာ ငယ်​ပေမဲ့ ကောင်းကောင်း ဆုံးဖြတ်​တတ်တယ်။ ကိုယ့်ကို သား​အရင်း​လို သွန်သင်​ဆုံးမ​ပေးတဲ့ ပုရောဟိတ်မင်း ယောယဒ​စကား နားထောင်တယ်။ ယေဟောဝါကို ဝတ်ပြုတယ်။ စင်ကြယ်တဲ့ ဝတ်ပြုရေး ထွန်းကား​အောင် လုပ်တယ်။ ဗိမာန်တော် ပြန်ပြုပြင်တယ်။—၂ ရာ. ၂၄:၁၊ ၂၊ ၄၊ ၁၃၊ ၁၄

4. Jehovah’ thukhamte i man ciangin bang hamphatna kingah a hiam? (Paunak 2:1, 10-12)

ယေဟောဝါကို ချစ်ဖို့၊ ဘုရား​စံနှုန်းတွေအတိုင်း နေဖို့ သင့်ကို မိဘ ဒါမှမဟုတ် တစ်ယောက်ယောက် သွန်သင်ပေးတယ်​ဆိုရင် ကောင်းချီးပါပဲ။ (ပညာအလိမ္မာ ၂:၁၊ ၁၀-၁၂ ကို ဖတ်ပါ။) မိဘတွေက ပုံစံ​အမျိုးမျိုးနဲ့ လေ့ကျင့်ပေး​နိုင်တယ်။ ညီအစ်မ ကတ်​ယာ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ဖခင်​ဖြစ်သူ ဘယ်လို ကူညီပေးသလဲ သုံးသပ်ကြည့်ပါ။ နေ့တိုင်း ကျောင်း​လိုက်​ပို့​ရင်း နေ့စဉ်​ကျမ်းချက် ဆွေးနွေးကြတယ်။ “အဲဒီလို ဆွေးနွေးတာက အဲဒီ​နေ့ ပေါ်လာတဲ့ ပြဿနာတွေကို ကိုင်တွယ်​နိုင်ဖို့ ကျွန်မကို ကူညီပေးတယ်” လို့ ညီအစ်မ ပြောတယ်။ ဒါပေမဲ့ ကျမ်းစာကို အခြေခံပြီး မိဘတွေ ချထားတဲ့ စည်းကမ်း​တွေ​က တင်းကြပ်​လွန်း​ပုံပေါက်ရင်​ကော။ နာခံဖို့ ဘာက ကူညီပေးမလဲ။ စည်းကမ်း ချ​ရတဲ့ အကြောင်းရင်းကို သဘောပေါက်ခြင်း​ပါ။ အနာစတာစီယာ​လို့ ခေါ်တဲ့ ညီအစ်မကို မိဘတွေ အဲဒီလိုပဲ အချိန်ပေး ရှင်းပြကြတယ်။ “ကျွန်မကို ချုပ်ချယ်​ချင်လို့ မဟုတ်ဘူး။ ချစ်လို့၊ ကာကွယ်ပေးချင်လို့ စည်းကမ်း ချ​တာ​ပဲ​ဆိုတာ သဘောပေါက်သွားတယ်” လို့ ပြောတယ်။

5. Nang ii sepna in na nu, na pa, le Jehovah tungah bang phattuamna omsak a hiam? (Paunak 22:6; 23:15, 24, 25)

လူငယ် ယောရှရဲ့ စံနမူနာကို အတုယူ​သင့်​တဲ့ အကြောင်းရင်းတွေ စဉ်းစားကြည့်ပါ။ မိဘတွေ ချပေးတဲ့ ကျမ်းစာ​အခြေပြု အကြံဉာဏ်အတိုင်း သင် လိုက်လျှောက်တဲ့အခါ မိဘတွေ​ကော ယေဟောဝါ​ပါ သိပ်ဝမ်းသာ​မယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပို​ခိုင်မြဲလာမယ်။—ပညာအလိမ္မာ ၂၂:၆။ ၂၃:၁၅၊ ၂၄၊ ၂၅ ကို ဖတ်ပါ။

6. Jehoiada a sih khit ciangin Joash in kuate thugen mang a hiam? Bang thuak a hiam? (2 Khang Tangthu 24:17, 18)

ယောရှရဲ့ ဆုံးဖြတ်ချက်​အမှားကနေ သင်ယူ​နိုင်​ရာ။ ယောယဒ ကွယ်လွန်ပြီးနောက် ယောရှ အပေါင်းအသင်း မှား​လာတယ်။ (၂ ရာဇဝင်ချုပ် ၂၄:၁၇၊ ၁၈ ကို ဖတ်ပါ။) ဘုရားကို မချစ်တဲ့ ယုဒ​မှူးမတ်​တွေ​စကား နားယောင်သွားတယ်။ တကယ်ဆိုရင် ဒီ​ပြဿနာအိုး​တွေ​ကို ဝေးဝေး ရှောင်သင့်တာ။ (ပညာ. ၁:၁၀) ဒါပေမဲ့ တည့်မတ်ပေးဖို့ ကြိုးစားတဲ့ ဝမ်းကွဲ ဇာခရိ​ကို ယောရှ သတ်​လိုက်တယ်။ (၂ ရာ. ၂၄:၂၀၊ ၂၁။ မ. ၂၃:၃၅) ဘယ်လောက်တောင် မိုက်မဲ​ဆိုးရွား​လိုက်သလဲ။ ယောရှ အစ ကောင်းပေမဲ့ အနှောင်း မလှဘူး။ အယူဖောက်ပြန်သူ၊ လူသတ်သမား ဖြစ်သွားတယ်။ နောက်ပိုင်း၊ အမှုထမ်းတွေ လုပ်ကြံ​သတ်ဖြတ်​တာကို ခံရတယ်။ (၂ ရာ. ၂၄:၂၂-၂၅) ယေဟောဝါ​စကား​သာ ဆက်​နားထောင်မယ်၊ ဘုရားကို ချစ်တဲ့သူတွေ​နဲ့​သာ ပေါင်း​မယ်​ဆိုရင် ဒီလို​မရှုမလှ ဘဝ​ဇာတ်သိမ်း​မှာ မဟုတ်ဘူး။ ဘာ​သင်ခန်းစာ ယူနိုင်သလဲ။

7. Kuate tawh na kilawmtat ding kisam a hiam? (Lim zong en in.)

မိတ်ဆွေတွေက ကျွန်တော်တို့အပေါ် အတော်အတန် လွှမ်းမိုး​နိုင်တယ်။ ဒါကြောင့် ဘုရားကို ချစ်တဲ့၊ ဘုရား​စိတ် ရွှင်လန်း​စေချင်​တဲ့ အပေါင်းအသင်း​မျိုး ရွေး​ရမယ်။ ယောရှ​အကြောင်း စဉ်းစားကြည့်ပါ။ မိတ်ဆွေ ယောယဒ​ထက် အသက် အများကြီး ငယ်​တယ်။ သင်လည်း သက်တူရွယ်တူ​တွေ​နဲ့​ပဲ မ​ပေါင်းပါ​နဲ့။ အပေါင်းအသင်း ရွေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလို​ဆန်းစစ်ပါ– ‘အပေါင်းအသင်းတွေ​ကြောင့် ငါ ယုံကြည်ခြင်း ပိုခိုင်ခံ့လာ​သ​လား။ ဘုရား​စံနှုန်းတွေအတိုင်း ပို​နေချင်​လာ​သ​လား။ ဘုရားအကြောင်း၊ ကျမ်းစာ​အကြောင်း သူတို့ ထည့်​ထည့် ပြော​ကြသလား။ ဘုရား​စံနှုန်းတွေကို လေးစား​ကြသလား။ ငါ လမ်းလွဲ​နေတဲ့အခါ အမုန်းခံပြီး တည့်မတ်ပေး​ကြသလား။’ (ပညာ. ၂၇:၅၊ ၆၊ ၁၇) ယေဟောဝါကို မချစ်တဲ့ အပေါင်းအသင်းတွေ​ဆိုရင် လွှတ်​သာ ချ​လိုက်ပါ။ ယေဟောဝါကို ချစ်တဲ့သူတွေ​ဆိုရင်တော့ အမိ​အရ ဖမ်းဆုပ်​ထားပါ။ သင့်ကို အမြဲ ကူညီပေးကြလိမ့်မယ်။—ပညာ. ၁၃:၂၀

8. Social media i zat ciangin bangteng ngaihsut ding kisam a hiam?

လူမှု​မီဒီယာ​ကြောင့် မိတ်ဆွေတွေ၊ မိသားစုဝင်တွေ​နဲ့ အဆက်အသွယ် မပြတ် ရှိနိုင်တယ်။ ဒါပေမဲ့ တော်တော်​များများ​က လူ​အထင်ကြီး ခံချင်လို့ ကိုယ် ဘာ​ဝယ်ခဲ့တယ်၊ ဘာလုပ်ခဲ့တယ်ဆိုတာ ဓာတ်ပုံ၊ ဗီဒီယိုတွေ တင်ပြီး ကြွား​ကြတယ်။ ဒါကြောင့် သင်လည်း ဒီလို​ဆန်းစစ်ပါ– ‘လူ​အထင်ကြီး ခံချင်လို့​လား။ အပျော် ကူးစေချင်လို့လား။ ကြွားချင်လို့လား။ တခြားသူတွေရဲ့ စဉ်းစား​တွေးခေါ်ပုံ၊ ပြောပုံဆိုပုံ၊ လုပ်ပုံကိုင်ပုံ​တွေ ငါ့ဆီ ကူးလာ​သ​လား။’ အုပ်ချုပ်ရေး အဖွဲ့ဝင်​အဖြစ် အမှုဆောင်ခဲ့တဲ့ ညီအစ်ကို နေသန် နောရ်က “လူ့​အကြိုက် လိုက်ဖို့ မကြိုးစား​နဲ့။ ဘယ်သူ့​အကြိုက်​မှ မ​တွေ့​ဘဲ ဖြစ်သွားမယ်။ ယေဟောဝါ ကြိုက်တာကို​ပဲ လုပ်။ ယေဟောဝါကို ချစ်တဲ့သူ အားလုံးရဲ့ အကြိုက်နဲ့ တွေ့လိမ့်မယ်” လို့ ပြောတယ်။

BANG HANGIN KINIAMKHIATSUAK DING KISAM A HIAM?

9. Pasian huhna hangin Uzziah in bangteng sem zo a hiam? (2 Khang Tangthu 26:1-5)

ဩဇိ​ရဲ့ ဆုံးဖြတ်ချက်ကောင်း​ကနေ သင်ယူ​နိုင်​ရာ။ ဘုရင် ဩဇိ နန်းတက်စမှာ သိပ်​နှိမ့်ချ​တယ်။ “စစ်မှန်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့​ရိုသေ​တတ်” ဖို့ ကြိုးစားတယ်။ ၆၈ နှစ် အသက်ရှည်တယ်။ ဘုရား​ကောင်းချီး တော်တော် ရတယ်။ (၂ ရာဇဝင်ချုပ် ၂၆:၁-၅ ကို ဖတ်ပါ။) ရန်သူ အများကြီးကို အောင်နိုင်တယ်။ ဂျေရုဆလင်​မြို့ရဲ့ ခံတပ် တောင့်တင်းအောင် တည်ဆောက်တယ်။ (၂ ရာ. ၂၆:၆-၁၅) ဘုရား​အကူအညီကြောင့် လုပ်နိုင်​ခဲ့​တာ အားလုံး​အတွက် ဩဇိ သိပ်ကျေနပ်​မှာ​ပဲ။—ဒေ. ၃:၁၂၊ ၁၃

10. Uzziah tungah bang hong piang a hiam?

၁၀ ဩဇိ​ရဲ့ ဆုံးဖြတ်ချက်​အမှားကနေ သင်ယူ​နိုင်​ရာ။ ဘုရင် ဩဇိ​ဟာ တခြားသူတွေကို လက်ညှိုးထိုး အမိန့်​ပေးနေ​ကျ​ဆိုတော့ ငါ​ပြီးရင် ပြီး​ရော​ဆိုတဲ့ အတွေးမျိုး ဝင်လာ​ပုံ​ပဲ။ ဒီလိုနဲ့ တစ်နေ့၊ နံ့သာပေါင်း မီးရှို့​ဖို့ ယေဟောဝါရဲ့ ဗိမာန်တော်ထဲ ဝင်သွားတယ်။ တကယ်ဆိုရင် ပုရောဟိတ်တွေ​ပဲ နံ့သာပေါင်း မီးရှို့ခွင့် ရှိတာ။ တော်တော် ရောင့်တက်နေတာပဲ။ (၂ ရာ. ၂၆:၁၆-၁၈) ပုရောဟိတ်မင်း အာဇရိ လိုက်​တားတယ်။ ဩဇိ အကြီးအကျယ် ဒေါသ​ထွက်တယ်။ တစ်သက်လုံး သစ္စာရှိခဲ့​ပါတယ်​ဆိုတဲ့ မှတ်တမ်း ဒီ​လုပ်ရပ်ကြောင့် ပျက်​သွားတော့တာပဲ။ အနာကြီး​ရောဂါနဲ့ ယေဟောဝါ ဒဏ်ခတ်​လိုက်တယ်။ (၂ ရာ. ၂၆:၁၉-၂၁) ဆက်​သာ နှိမ့်ချ​ရင် ဒီလို​မရှုမလှ ဘဝ​ဇာတ်သိမ်း​မှာ မဟုတ်ဘူး။

ကိုယ် ဘာတွေ လုပ်နိုင်ခဲ့တယ်​ဆိုပြီး ဂုဏ်မောက်​မယ့်​အစား ယေဟောဝါကို ဂုဏ်တင်​သင့် (စာပိုဒ် ၁၁ ကို ကြည့်ပါ) d

11. Kiniamkhiat leh kiniamkhiat loh koici theihtheih ding i hiam? (Lim zong en in.)

၁၁ မိမိ စည်းစိမ်​အာဏာ တိုးလာတာ ယေဟောဝါ​ကြောင့်​ဆိုတာ ဩဇိ မေ့သွားတယ်။ ဘာ​သင်ခန်းစာ ရသလဲ။ ကိုယ် ရထားတဲ့ ကောင်းချီးတွေ၊ အခွင့်ထူးတွေ​ဟာ ယေဟောဝါ ပေးထားလို့​ဆိုတာ သတိရပါ။ ဘာတွေ လုပ်နိုင်ခဲ့တယ်​ဆိုပြီး ဂုဏ်မောက်​မယ့်​အစား အဲဒီလို လုပ်နိုင်အောင် ကူညီပေးတဲ့ ယေဟောဝါကို ကျေးဇူးတင်​သင့်​တယ်။ b (၁ ကော. ၄:၇) ကိုယ် မ​စုံလင်​ဘူး၊ ဆုံးမမှု လိုတယ်ဆိုတာ နှိမ့်ချမှု ရှိရှိ လက်ခံပါ။ “ကျွန်တော့်​အမှားကို တခြားသူတွေ ထောက်ပြ​လာတဲ့အခါ ဒေါသ မ​ထွက်​ဖို့၊ စိတ်ဓာတ်မကျဖို့ ကြိုးစားတယ်။ တစ်ခါတလေ မိုက်မိုက်မဲမဲ လုပ်မိတဲ့ အမှားတွေ​နဲ့ပတ်သက်ပြီး ဆုံးမ​ခံရတဲ့အခါ ကြိုးစားပြီး ပြင်တယ်။ ယေဟောဝါ​အတွက် အကောင်းဆုံး ပေးဖို့ ဆက်ကြိုးစားတယ်” လို့ အသက် ၆၀ ဝန်းကျင် ညီအစ်ကို​တစ်ယောက် ပြောတယ်။ ယေဟောဝါကို ကြောက်ရွံ့ရိုသေမယ်၊ ဆက်​နှိမ့်ချ​မယ်​ဆိုရင် ပျော်ရွှင်တဲ့ အသက်တာ ပိုင်ဆိုင်​ရမယ်။—ပညာ. ၂၂:၄

BANG HANGIN JEHOVAH I ZONSUAK DING KISAM A HIAM?

12. Josiah in Jehovah a zonlam koi bangin lakkhia a hiam? (2 Khang Tangthu 34:1-3)

၁၂ ယောရှိရဲ့ ဆုံးဖြတ်ချက်ကောင်း​ကနေ သင်ယူ​နိုင်​ရာ။ ယောရှိ အသက် ၁၆ နှစ်မှာ ယေဟောဝါကို စ​ရှာတယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေဟောဝါအကြောင်း သိအောင် လုပ်ခြင်း၊ ဘုရား လုပ်​စေချင်​တာ လုပ်ခြင်းအားဖြင့်​ပါ။ ဒါပေမဲ့ ဘဝဟာ ဖယောင်း​ခင်း​လမ်း ဖြစ်​မနေဘူး။ အယူမှား ဝတ်ပြုရေး ပျံ့နှံ့​နေ​လို့ အများ​နဲ့ တစ်ယောက် ဖြစ်နေတယ်။ စင်ကြယ်တဲ့ ဝတ်ပြုရေးဘက် ရပ်တည်ဖို့ သတ္တိ ရှိမှ ရမယ်။ တကယ်လည်း သတ္တိ ရှိတယ်။ အသက် ၂၀ မပြည့်ခင်​မှာ​ပဲ တိုင်းပြည်​ကနေ အယူမှား ဝတ်ပြုရေးကို စ​ဖယ်ရှားတယ်။—၂ ရာဇဝင်ချုပ် ၃၄:၁-၃ ကို ဖတ်ပါ။

13. Jehovah kiang ki-ap lecin na nuntakna-ah bangteng hong kilamdang ding a hiam?

၁၃ ယောရှိ​လိုပဲ သင်လည်း ငယ်​သေးတယ်​ဆိုရင်တောင် ယေဟောဝါ​ဘုရားအကြောင်း၊ ဘုရားရဲ့ အရည်အသွေးတွေအကြောင်း လေ့လာ​နိုင်တယ်။ လေ့လာတာ​နဲ့အမျှ ဘုရားဆီ ဆက်ကပ်အပ်နှံချင်​လာမယ်။ ဘုရားဆီ ဆက်ကပ်အပ်နှံ​တဲ့အခါ သင့်​ဘဝမှာ ဘာတွေ ပြောင်းလဲသွားမလဲ။ “ဆက်ကပ်အပ်နှံ​လိုက်တဲ့ နေ့​က​စပြီး ယေဟောဝါကို ဝတ်ပြုဖို့၊ ဘုရားကို ပျော်အောင် ထားဖို့​က ကျွန်တော့်​ဘဝမှာ နံပါတ်​တစ် ဖြစ်လာတယ်” လို့ အသက် ၁၄ နှစ်မှာ နှစ်ခြင်းခံခဲ့တဲ့ လုခ် ပြောတယ်။ (မာ. ၁၂:၃၀) သင်လည်း ဒီလို စိတ်ပိုင်းဖြတ်ထား​ရင် ကောင်းချီးတွေ ရမှာ သေချာတယ်။

14. Khangno pawlkhat in Kumpi Josiah koici etteh uh a hiam?

၁၄ ယေဟောဝါရဲ့ ကျေးကျွန် လူငယ်တွေ ဘာအခက်အခဲ ကြုံ​နိုင်​သလဲ။ အသက် ၁၂ နှစ်မှာ နှစ်ခြင်းခံခဲ့တဲ့ ဂျိုဟန် ရွယ်တူချင်း​ဖိအား ကြုံရတယ်။ အီး စီးကရက် သောက်ဖို့ အတန်းဖော်တွေ ဖိအားပေး​ကြတယ်။ ဒါပေမဲ့ သောက်​ရင် ကျန်းမာရေး​ကော ဘုရားနဲ့ ဆက်ဆံရေးပါ ထိခိုက်မယ်​ဆိုပြီး ဂျိုဟန် ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးတယ်။ ကျောင်းမှာ ဖိအား​တွေ ရင်ဆိုင်နိုင်ဖို့ ဘာက ကူညီပေးကြောင်း အသက် ၁၄ နှစ်မှာ နှစ်ခြင်းခံခဲ့တဲ့ ရေချယ် ဒီလိုပြောတယ်– “ဘာ​ပြောပြော၊ ဘာလုပ်လုပ် ကျမ်းစာ​အကြောင်း၊ ယေဟောဝါအကြောင်း ဆက်စပ်ပြီး တွေး​လိုက်တယ်။ ဥပမာ၊ သမိုင်းကြောင်း​တစ်ခုခု လေ့လာတဲ့အခါ ကျမ်းမှတ်တမ်း ဒါမှမဟုတ် ပရောဖက်ပြုချက်​တစ်ခု တွေးကြည့်တယ်။ တစ်ယောက်ယောက်​နဲ့ စကားပြောတဲ့အခါ ထည့်​ပြော​လို့ ကောင်း​မယ့် ကျမ်းပိုဒ် တစ်ပိုဒ်​ဖြစ်ဖြစ် စဉ်းစား​ကြည့်တယ်။” ဘုရင် ယောရှိ ကြုံတဲ့ အခက်အခဲ​နဲ့ သင့်​အခက်အခဲ တူချင်မှ တူ​မယ်။ ဒါပေမဲ့ ဘုရင် ယောရှိ​လို ပညာရှိ​နိုင်တယ်။ သစ္စာရှိ​နိုင်တယ်။ ငယ်ငယ်ကတည်းက အခက်အခဲ​လေး​တွေ ဖြေရှင်းတတ်ရင် ကြီးလာလို့ အခက်အခဲ​ကြီး​တွေ ကြုံရတဲ့အခါ ဖြေရှင်းတတ်​သွားမယ်။

15. Kumpi Josiah a cihtak nadingin bang in huh a hiam? (2 Khang Tangthu 34:14, 18-21)

၁၅ ဘုရင် ယောရှိ အသက် ၂၆ နှစ်မှာ ဗိမာန်တော်ကို စ​ပြုပြင်တယ်။ ပြုပြင်​ရင်း “မောရှေက​တစ်ဆင့် ပေးခဲ့တဲ့ ယေဟောဝါရဲ့ ပညတ်​ကျမ်း” ကို တွေ့သွားတယ်။ ပညတ်​ကျမ်းမှာ ရေးထားတာ​တွေ ဖတ်ပြတာ ကြားပြီးနောက် အဲဒီမှာ ပါတဲ့​အတိုင်း လုပ်ဖို့ ချက်ချင်း စီစဉ်တယ်။ (၂ ရာဇဝင်ချုပ် ၃၄:၁၄၊ ၁၈-၂၁ ကို ဖတ်ပါ။) သင်​ကော ကျမ်းစာ မှန်မှန် ဖတ်ချင်​သ​လား။ ဖတ်နေတယ်​ဆိုရင် ဖတ်ရတာ ပျော်ရဲ့လား။ သင့်အတွက် အထောက်အကူ ဖြစ်စေမယ့် ကျမ်းပိုဒ်တွေ မှတ်ထားသလား။ စိတ်ဝင်စားစရာ အချက်တွေ တွေ့တဲ့အခါ နေ့စဉ်​မှတ်တမ်း​ထဲ ချ​ရေးတယ်လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ လုခ် ပြောတယ်။ ဒီလို​ချရေးတာက ကိုယ် ဘာတွေ ဖတ်​ခဲ့တယ်၊ ဘာ​သင်ခန်းစာ​တွေ ရခဲ့တယ်ဆိုတာ မှတ်မိစေ​တယ်။ ကျမ်းစာကို ပိုသိ၊ ပို​မြတ်နိုးလေ ယေဟောဝါ​အတွက် ပိုအမှုဆောင်ချင်လေ ဖြစ်လာမယ်။ မှန်ရာ လုပ်ဖို့ ဘုရင် ယောရှိ​ကို ဘုရား​စကားက ကူညီ​ပေးသလို သင့်ကိုလည်း ကူညီပေးလိမ့်မယ်။

16. Josiah in bang hangin mawhna lianpi bawlkha a hiam? Bang sin thei i hiam?

၁၆ ယောရှိရဲ့ ဆုံးဖြတ်ချက်​အမှားကနေ သင်ယူ​နိုင်ရာ။ ယောရှိ အသက် ၃၉ နှစ်လောက်မှာ အမှား​တစ်ခုကြောင့် အသက်ပါ ရင်း​လိုက်ရတယ်။ ဘုရား​လမ်းညွှန်မှု ရှာ​မယ့်​အစား ကိုယ့်​အား​ကိုယ် ကိုး​လိုက်လို့​ပါ။ (၂ ရာ. ၃၅:၂၀-၂၅) ဘာ​သင်ခန်းစာ ရသလဲ။ အသက် ဘယ်လောက် ကြီးကြီး၊ ကျမ်းစာ အသိပညာ ဘယ်လောက် ရှိရှိ ယေဟောဝါကို ဆက်​ရှာရမယ်။ ဘယ်လိုနည်းနဲ့လဲ။ ဘုရား​လမ်းညွှန်မှု ရဖို့ မှန်မှန် ဆုတောင်းခြင်း၊ ကျမ်းစာ မှန်မှန် လေ့လာခြင်း၊ ရင့်ကျက်တဲ့ ခရစ်ယာန်တွေ​ဆီ​က အကြံဉာဏ် တောင်းခြင်းအားဖြင့်​ပါ။ ဒါဆိုရင် ကြီးလေးတဲ့ အမှားတွေ ရှောင်နိုင်​လို့ ပျော်ရလိမ့်မယ်။—ယာ. ၁:၂၅

KHANGNOTE AW—NUNTAK NUAM NA NEI THEI UH HI

17. Judah kumpi mi thumte tung pan a thupi bang thute sin thei i hiam?

၁၇ တချို့​အရာတွေက ငယ်တုန်းရွယ်တုန်းပဲ လုပ်နိုင်တာ။ လူငယ်တွေ ပညာရှိ ဆုံးဖြတ်ချက် ချနိုင်တယ်၊ ဘုရား နှစ်သက်တဲ့ အသက်တာနဲ့ နေနိုင်တယ်​ဆိုတာ ဘုရင် ယောရှ၊ ဩဇိ၊ ယောရှိ​တို့​ရဲ့ မှတ်တမ်းက သက်သေပါပဲ။ သူတို့တွေ အစ ကောင်းပေမဲ့ အနှောင်း မလှကြဘူး။ ဒါပေမဲ့ သင်ခန်းစာ ယူ​တတ်​မယ်​ဆိုရင် သူတို့ လုပ်မိတဲ့ အမှားမျိုး ရှောင်နိုင်မယ်။ ကောင်းကွက်တွေ အတုယူ​နိုင်မယ်။ အောင်မြင်​ပျော်ရွှင်တဲ့ အသက်တာ ပိုင်ဆိုင်​နိုင်မယ်။

လူငယ်လေး ဒါဝိဒ် ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲအောင် ကြိုးစား။ ယေဟောဝါကို ပျော်အောင် ထား။ ကိုယ်တိုင်လည်း ပျော်စရာ ဘဝ ပိုင်ဆိုင်​ရ (စာပိုဒ် ၁၈ ကို ကြည့်ပါ)

18. Nuntak nuam i neih theihlam bang Lai Siangtho etteh ding limte in lakkhia a hiam? (Lim zong en in.)

၁၈ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တဲ့၊ ဘုရား​မျက်နှာသာ ရခဲ့တဲ့၊ ကျေနပ်​ပျော်ရွှင်ဖွယ် ဘဝ ပိုင်ဆိုင်​ခဲ့​တဲ့ တခြား​လူငယ်တွေ​အကြောင်း ကျမ်းစာမှာ ပါ​သေးတယ်။ ဥပမာ၊ ဒါဝိဒ်ဟာ လူငယ်​အရွယ်မှာ ဘုရား​မိတ်ဆွေ ဖြစ်လာတယ်။ နောက်ပိုင်း၊ သစ္စာရှိ ဘုရင် ဖြစ်လာတယ်။ တစ်ခါတလေ အမှား လုပ်မိ​ပေမဲ့ သစ္စာရှိ ကျေးကျွန်​အဖြစ် ဘုရား ရှုမြင်တယ်။ (၁ ဘု. ၃:၆။ ၉:၄၊ ၅။ ၁၄:၈) ဒါဝိဒ်​အကြောင်း လေ့လာတဲ့အခါ သင်လည်း ဘုရားအတွက် သစ္စာရှိရှိ အမှုဆောင်ချင်​လာမယ်။ မာကု၊ တိမောသေ​တို့​လည်း ငယ်ငယ်ကတည်းက​နေ သက်ဆုံးတိုင် သစ္စာရှိရှိ ဘုရား​အမှု ဆောင်ကြတယ်။ သူတို့​ကြောင့် ဘုရား သိပ်ပျော်တယ်။ သူတို့လည်း ကျေနပ်​ပျော်ရွှင်တဲ့ အသက်တာ ပိုင်ဆိုင်​ကြတယ်။

19. Koi bang nuntakna nei thei na hiam?

၁၉ ကိုယ့်​နောင်ရေး​ဟာ အသက်တာကို လက်ရှိ​အချိန်မှာ ဘယ်လို သုံး​နေသလဲ​ဆိုတဲ့ အပေါ် မူတည်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ယေဟောဝါကို အားကိုးပါ။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ဘုရား ကူညီပေးလိမ့်မယ်။ (ပညာ. ၂၀:၂၄) ကျေနပ်​ပျော်ရွှင်စရာ ဘဝ သင် ပိုင်ဆိုင်​ရလိမ့်မယ်။ မိမိ​အတွက် သင် လုပ်ပေးသမျှ ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ သတိရပါ။ ချစ်​ဖခင် ယေဟောဝါ​အတွက် အမှုဆောင်တာ​လောက် ပိုကောင်းတဲ့ အသက်တာ မရှိနိုင်တော့ဘူး။

LA 144 ဆုလာဘ်တော်ကို မျက်ခြည်မပြတ်စေနဲ့

a လူငယ်တို့၊ ဘုရား​မိတ်ဆွေ ဆက်ဖြစ်နေဖို့၊ မှန်ရာ လုပ်ဖို့ အမြဲ မလွယ်မှန်း ယေဟောဝါ သိတယ်။ ကောင်းကင်ဘုံစံ ဖခင် နှစ်သက်တဲ့ ပညာရှိ ဆုံးဖြတ်ချက်​မျိုး ဘယ်လို ချနိုင်မလဲ။ ယုဒ​ဘုရင် ဖြစ်လာကြတဲ့ လူငယ် သုံးယောက်​အကြောင်း၊ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကနေ ဘာတွေ သင်ယူ​နိုင်​ကြောင်း လေ့လာ​သွား​ကြ​မယ်။

b jw.org မှာ တင်ထားတဲ့ “အွန်လိုင်းမှာ နာမည်ကြီးဖို့ ဘယ်လောက် အရေးကြီးသလဲ” ဆောင်းပါး​ထဲက “‘နှိမ့်ချချင်ဟန်ဆောင်တဲ့ ဝါကြွား​မှု’ ကို သတိထားပါ” လေးထောင့်ကွက်​ကို ကြည့်ပါ။

c ပုံအညွှန်း– ညီအစ်မငယ်​တစ်ယောက်ကို ရင့်ကျက်တဲ့ ညီအစ်မ အကြံ​ကောင်း ပေးနေ။

d ပုံအညွှန်း– စည်းဝေးပွဲ အစီအစဉ်​တစ်ခုမှာ လူတွေ့​မေး​ခံရတဲ့ ညီအစ်မ​တစ်ယောက် ယေဟောဝါကို အားကိုး။ လုပ်နိုင်တာ​အတွက် ယေဟောဝါကို ဂုဏ်တင်။