Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 39

Lungnemna Pen Na Thahatna Hisak In

Lungnemna Pen Na Thahatna Hisak In

‘Topa’ na a sem mite, kitot a hatte hi lo dinga, mi khempeuh tungah lungsim nemte hi ding hi.’—2 TIM. 2:24.

LA 120 ခရစ်တော်ရဲ့ နူးညံ့မှု​ကို တုပ​ကြ

အကြို​သုံးသပ်ချက် a

1. Nasepna le saanginnah bang hong kidong thei a hiam?

 ယုံကြည်ချက်​အကြောင်း အလုပ်ဖော်၊ အတန်းဖော် မေးလာတဲ့အခါ ဘယ်လို ခံစားရသလဲ။ စိုးရိမ်​သ​လား။ အများစု စိုးရိမ်​ကြတယ်။ ဒါပေမဲ့ မေးခွန်း​ကနေ သူ့​အမြင်၊ ယုံကြည်ချက်​အကြောင်း တစ်စွန်းတစ်စ သိရ​တတ်​လို့ သက်သေခံရ ပို​လွယ်​သွားနိုင်တယ်။ ငြင်း​ချင်လို့ မေးခွန်း မေး​သူ​တွေ​လည်း ရှိနိုင်တယ်။ မအံ့ဩသင့်ပါဘူး။ ဘာကြောင့်လဲ။ ကျွန်တော်တို့​ယုံကြည်ချက်​အကြောင်း တချို့ တလွဲ ကြား​ထားကြတယ်။ (တ. ၂၈:၂၂) ဒါ့အပြင် ကျွန်တော်တို့ အသက်ရှင်နေ​ရတာကို​က “ညှိနှိုင်း​လို့ မရသူ၊” “ကြမ်းကြုတ်သူ” တွေ ပေါတဲ့ “နောက်ဆုံး​ကာလ” ဖြစ်နေတယ်။—၂ တိ. ၃:၁၊

2. Lungnemna pen bang hangin hamphatna om a hiam?

‘ယုံကြည်ချက်​နဲ့ပတ်သက်ပြီး ကိုယ့်ကို လာ​ငြင်း​တဲ့အခါ ဘယ်လို ယဉ်ယဉ်ကျေးကျေး တုံ့ပြန်​ရမလဲ’ လို့ စဉ်းစားမိ​မယ်။ နူးညံ့​သိမ်မွေ့​မှု​က ကူညီပေးနိုင်ပါတယ်။ ခံပြင်း​စ​ရာ၊ အကြပ်ရိုက်စရာ အခြေအနေ ကြုံတဲ့အခါ နူးညံ့​သိမ်မွေ့​သူဟာ လွယ်လွယ် ဒေါသ​မ​ထွက်​ဘူး။ စိတ်​ချုပ်တည်း​နိုင်တယ်။ (ပညာ. ၁၆:၃၂) နူးညံ့​သိမ်မွေ့​ဖို့​ဆိုတာ ပြော​ရ လွယ်​သ​လောက် လက်တွေ့​မှာ ခက်တယ်လို့ ခံစားမိမယ်။ ဒါဆိုရင် ဘယ်လိုနည်းနဲ့ နူးညံ့​သိမ်မွေ့​တတ်လာမလဲ။ ယုံကြည်ချက်​နဲ့ပတ်သက်ပြီး တစ်ယောက်ယောက် မေးလာတဲ့အခါ သိမ်သိမ်မွေ့မွေ့ ဘယ်လို ဖြေရှင်း​ပြော​ပြနိုင်သလဲ။ ယုံကြည်ချက်ကို သားသမီးတွေ သိမ်သိမ်မွေ့မွေ့ ဖြေရှင်း​ပြောပြတတ်ဖို့ မိဘတွေ ဘယ်လို ကူညီပေးနိုင်သလဲ။

LUNGNEMNA I NEIH THEIH DAN

3. Lungnemna pen bang hangin lungsim thahat lohna hi lo-in lungsim thahatna hizaw a hiam? (2 Timoti 2:24, 25)

နူးညံ့​သိမ်မွေ့​တာ​ဟာ စိတ်ပျော့​တာ မဟုတ်ဘူး။ စိတ်​မာတာ။ အခြေအနေ တင်းမာ​ချိန်​မှာ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ဖို့ဆိုရင် စိတ်​ကြံ့ခိုင်​မှ ရမယ်။ နူးညံ့သိမ်မွေ့ခြင်း​ဟာ “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး” ဖြစ်တယ်။ (ဂလ. ၅:၂၂၊ ၂၃) ယဉ်ပါး​အောင် လေ့ကျင့်​ထားတဲ့ မြင်းရိုင်း​အကြောင်း ဖော်ပြဖို့ “နူးညံ့သိမ်မွေ့ခြင်း” ဆိုတဲ့ ဂရိ​စကားလုံး သုံးလေ့​ရှိတယ်။ မြင်းရိုင်း​တစ်ကောင် ယဉ်​လာတယ်လို့ မြင်ယောင်​ကြည့်ပါ။ ယဉ်​သွား​ပေမဲ့ သန်မာ​နေတုန်းပဲ။ ကျွန်တော်တို့လည်း နူးညံ့​သိမ်မွေ့​သူ​ကော ကြံ့ခိုင်​သူပါ ဖြစ်နိုင်တယ်။ ကိုယ့်​အစွမ်းအစနဲ့တော့ မဖြစ်နိုင်ဘူး။ နူးညံ့​သိမ်မွေ့​တတ်လာအောင် ကူညီပေးဖို့၊ စွမ်းအားတော် ပေးဖို့ ဘုရားဆီ ဆုတောင်းရမယ်။ ဒီလို​နည်းနဲ့ နူးညံ့​သိမ်မွေ့​တတ်လာ​သူ​တွေ အများကြီး​ပဲ။ အတိုက်အခံ ကြုံရချိန်မှာ​တောင် ညီအစ်ကို/မများစွာ သိမ်သိမ်မွေ့မွေ့ တုံ့ပြန်​တာကို ကြည့်ပြီး သက်သေခံတွေ​အပေါ် လူတွေ အမြင် ပြောင်း​လာကြတယ်။ (၂ တိမောသေ ၂:၂၄၊ ၂၅ ကို ဖတ်ပါ။) သင်​ကော နူးညံ့​သိမ်မွေ့​မှု​ကို သင့်​အားသာချက် ဘယ်လို ဖြစ်စေနိုင်မလဲ။

4. Lungnemna tawh kisai-in Isaac tung pan bang sin thei i hiam?

နူးညံ့​သိမ်မွေ့​မှု​ဟာ အဖိုးတန် အရည်အသွေး ဖြစ်ကြောင်း ဖော်ပြတဲ့ ကျမ်းမှတ်တမ်း အများကြီး ရှိတယ်။ အိဇက်​အကြောင်း စဉ်းစားကြည့်ပါ။ ဖိလိတိ​ပြည်၊ ဂေရာ​အရပ်မှာ ဖခင်​ရဲ့ ကျွန်တွေ တူးခဲ့တဲ့ ရေတွင်း​တွေ​ကို အိမ်နီးချင်းတွေ မလို​တ​မာ မြေဖို့ပစ်​ကြတယ်။ အိဇက် ရန်ပြန်လုပ်​မနေ​ဘဲ မိသားစုကို ခေါ်ပြီး နေရာ​ပြောင်းသွားတယ်။ နောက်ထပ် ရေတွင်း​တွေ တူးတယ်။ (က. ၂၆:၁၂-၁၈) အဲဒီ​နေရာက ရေတွင်း​လည်း သူတို့​ရေတွင်း​ပါ​ဆိုပြီး ဖိလိတိ​တွေ ရန်လုပ်​ကြ​ပြန်​တယ်။ အိဇက် အေးအေးဆေးဆေး​ပဲ။ (က. ၂၆:၁၉-၂၅) တမင်​သက်​သက် ရန်လိုက်ရှာ​ခံရတာ​တောင် ဘာကြောင့် နူးညံ့​သိမ်မွေ့​နိုင်​ရသလဲ။ ပြေပြေလည်လည် တုံ့ပြန်​တတ်တဲ့ ဖခင် အာဗြဟံ၊ “အေးချမ်းပြီး နူးညံ့​တဲ့” မိခင် စာရာ​ရဲ့ စံနမူနာ​ကြောင့်​ပါပဲ။—၁ ပေ. ၃:၄-၆။ က. ၂၁:၂၂-၃၄

5. Lungnemna ii manphatna ta te’n a theih nadingin Khristian nu le pate in a hilh theihlam tuahkhatna gen in.

ဒီနေ့ခေတ် ခရစ်ယာန် မိဘတွေ​လည်း နူးညံ့သိမ်မွေ့ခြင်း​ရဲ့ တန်ဖိုးကို သားသမီးတွေ သိအောင် သင်ပေးနိုင်တယ်။ အသက် ၁၇ နှစ်အရွယ် မက်​က​ဆန်​အကြောင်း စဉ်းစားကြည့်ပါ။ ကျောင်းမှာ၊ အမှုဆောင်မှာ ဒေါသ​အိုး​တွေ​နဲ့ ဆုံရတယ်။ ဒါကြောင့် နူးညံ့​သိမ်မွေ့​ဖို့ မိဘတွေ စိတ်ရှည်ရှည် သင်ပေးကြတယ်။ “ဒေါသ ဆွခံရတဲ့​အခါ ဒေါသတကြီး တုံ့ပြန်​မိ​ဖို့ လွယ်တယ်။ အေးအေးဆေးဆေး တုံ့ပြန်​နိုင်ဖို့​ဆိုတာ တော်ရုံ စိတ်ဓာတ် ကြံ့ခိုင်မှု​မျိုးနဲ့ မရဘူး။ ဒါကို သားလေး သဘောပေါက်​လာပြီ” လို့ မိဘတွေ ပြောကြတယ်။ အခုဆိုရင် နူးညံ့​သိမ်မွေ့​မှု​ဟာ မက်​က​ဆန်​ရဲ့ အားသာချက် ဖြစ်နေပြီ။

6. Lungnem semsem dingin thungetna in koi bangin hong huh thei a hiam?

ယေဟောဝါအကြောင်း တစ်ယောက်ယောက် မကောင်း​ပြောတာ၊ ကျမ်းစာကို သရော်​တာ​လို​မျိုး ခံပြင်း​စ​ရာ အခြေအနေ ကြုံရရင်​ကော။ သိမ်သိမ်မွေ့မွေ့ တုံ့ပြန်​နိုင်ဖို့ စွမ်းအားတော်နဲ့ ဉာဏ်ပညာကို ယေဟောဝါဆီ တောင်းခံပါ။ သိမ်သိမ်မွေ့မွေ့ မတုံ့ပြန်​မိ​ဘူး​ဆိုရင်ကော။ ဒီအကြောင်း ဘုရားဆီ ဆုတောင်း​ပြောပြပါ။ နောက်တစ်ခါ ဘယ်လို နူးညံ့​သိမ်မွေ့​နိုင်​မလဲ စဉ်းစားပါ။ ဒေါသ ထိန်းနိုင်ဖို့၊ နူးညံ့​သိမ်မွေ့​နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော်ကို ယေဟောဝါ ပေးပါလိမ့်မယ်။

7. Lai Siangtho mun pawlkhat i phawkna in gamtat le kampau kidawm dingin koi bangin hong huh a hiam? (Paunak 15:1, 18)

နှုတ်​စောင့်စည်းဖို့ ကူညီပေးနိုင်တဲ့ ကျမ်းပိုဒ် အများကြီး ရှိတယ်။ အဲဒီ​ကျမ်းပိုဒ်တွေ မှတ်မိ​ဖို့ စွမ်းအားတော် ကူညီပေးနိုင်တယ်။ (ယော. ၁၄:၂၆) ဥပမာ၊ နူးညံ့​သိမ်မွေ့​တတ်လာဖို့ ကူညီပေးနိုင်တဲ့ အခြေခံ​မူတွေ ပညာအလိမ္မာကျမ်းမှာ ပါတယ်။ (ပညာအလိမ္မာ ၁၅:၁၊ ၁၈ ကို ဖတ်ပါ။) ခံပြင်း​စ​ရာ အခြေအနေမှာ ကိုယ်​နှုတ်​စောင့်စည်းရင် ရမယ့် အကျိုးကျေးဇူးတွေကိုလည်း ဖော်ပြထားတယ်။—ပညာ. ၁၀:၁၉။ ၁၇:၂၇။ ၂၁:၂၃။ ၂၅:၁၅

LUNGNEM NADINGA NGAIHSUT THEIHNA IN HONG HUH DAN

8. Upna thu mi khat in hong dot ciangin hong dotna a hang bang hang ngaihsut ding kisam a hiam?

ထိုးထွင်းဉာဏ် ရှိတာကလည်း နူးညံ့​သိမ်မွေ့​ဖို့ ကူညီပေးနိုင်တယ်။ (ပညာ. ၁၉:၁၁) များသောအားဖြင့် တစ်ခုခု စဉ်းစားမိ​လို့၊ စိတ်ပူ​လို့ လူတွေ မေးခွန်း မေး​ကြ​တာ။ ဘာကြောင့် မေး​သလဲ​ဆိုတာတော့ ထုတ်မပြောကြဘူး။ ဒါကြောင့် ထိုးထွင်းဉာဏ် ရှိသူဟာ ယုံကြည်ချက်​အကြောင်း မေးခွန်း မေးခံရတာနဲ့ ကရားရေလွှတ် မ​ဖြေ​ဘူး။ တစ်ဖက်​လူ မေးခွန်း မေး​ရတဲ့ အကြောင်းရင်း ကိုယ် မသိဘူး​ဆိုတာ အသိအမှတ်ပြုတယ်။—ပညာ. ၁၆:၂၃

9. Efraim mi te’n a gal bawl uh ciangin Gideon in ngaihsut theihna le lungnemna koici lakkhia a hiam?

ဂိဒေါင်​အကြောင်း စဉ်းစားကြည့်ပါ။ ရန်သူတွေကို စစ်​သွားတိုက်ဖို့ အစောကြီး​ကတည်းက ဘာလို့ မ​ခေါ်​သလဲ​ဆိုပြီး ဧဖရိမ် အမျိုးသားတွေ အကြီးအကျယ် ရန်တွေ့ကြတယ်။ ဘာကြောင့် ဒီလောက် အဖြစ်သည်း​နေ​ကြ​သလဲ။ မာန ထိခိုက်​သွား​လို့ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ဂိဒေါင် ထိုးထွင်းဉာဏ် ရှိတဲ့အတွက် အကြောင်းရင်း သဘောပေါက်ဖို့ ကြိုးစားတယ်။ ပြေပြေလည်လည် ပြန်ဖြေတယ်။ ဒါကြောင့် ဧဖရိမ် အမျိုးသားတွေ “စိတ်ပြေသွားတယ်။”—သူကြီး. ၈:၁-၃

10. I upna thu hong kidot ciangin koi banga i dawng ding kisam a hiam? (1 Peter 3:15)

၁၀ ကျမ်းစာ​စံနှုန်းတွေ ကျွန်တော်တို့ လိုက်ရတဲ့ အကြောင်းရင်းကို အလုပ်ဖော်၊ အတန်းဖော် မေး​လာနိုင်တယ်။ ကိုယ့်​ယုံကြည်ချက်ကို အတတ်နိုင်ဆုံး ရှင်းပြမှာ ဖြစ်ပေမဲ့ သူ့​အမြင်ကိုလည်း လေးစား​ရမယ်။ (၁ ပေတရု ၃:၁၅ ကို ဖတ်ပါ။) မေးခွန်း အမေးခံရတာနဲ့ လာ​ဝေဖန်​ထိုးနှက်​နေတာပဲ​လို့ တန်း​ပြီး မတွေး​လိုက်ပါ​နဲ့။ သူ့​စိတ်ထဲ ဘာရှိသလဲ သိနိုင်မယ့် အခွင့်အရေး​လို့ တွေးပါ။ ဘာကြောင့်​ပဲ မေး​မေး ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ ဖြေ​ရမှာ ကျွန်တော်တို့ တာဝန် ဖြစ်တယ်။ ကျွန်တော်တို့ ဖြေ​ပုံ​ကြောင့် သူ့​အမြင်​သူ ပြန်​ဆန်းစစ်​မိ​သွားနိုင်တယ်။ သူ့​ပုံစံ​က ခပ်ရိုင်းရိုင်း၊ ခနဲ့တဲ့တဲ့​ပုံ ပေါက်နေရင်တောင် ယဉ်ယဉ်ကျေးကျေး​ပဲ တုံ့ပြန်​သင့်​တယ်။—ရော. ၁၂:၁၇

မွေးနေ့ ဖိတ်​ခံရတဲ့အခါ ဘာကြောင့် ဖိတ်​တာ ဖြစ်မလဲ​လို့ အရင်ဆုံး စဉ်းစား​လိုက်တာက ဘယ်လို ပြန်ပြောရင် ပိုကောင်း​မလဲ သိစေတယ် (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)

11-12. (a) A haksa dotnate i dawng ma-in bang ngaihsun thei i hiam? (Lim zong en in.) (b) Dotna hong kidot cianga kiholimna ngah theih dan gentehna pia in

၁၁ ဥပမာ၊ မွေးနေ့ မလုပ်ရတဲ့ အကြောင်းရင်း အလုပ်ဖော် မေးလာတယ် ဆိုပါစို့။ ဒီလို စဉ်းစားကြည့်ပါ– သက်သေခံတွေ ပျော်တဲ့​အချိန်​ကော ရှိရဲ့လား​ဆိုပြီး သူ တွေးမိ​လို့ များ​လား။ မွေးနေ့ မလုပ် ဘာ​မလုပ်​ဆိုတော့ အလုပ်ဖော်တွေနဲ့ ခပ်စိမ်းစိမ်း ဖြစ်​နေ​မှာ စိုးလို့ များ​လား။ တခြားသူတွေ​အတွက် ထည့်စဉ်းစား​ပေးလို့ သူ့ကို ချီးမွမ်း​နိုင်တယ်။ အလုပ်ဖော်တွေနဲ့ ခင်ခင်မင်မင် ရှိချင်တဲ့​အကြောင်း ပြောပြနိုင်တယ်။ ဒါဆိုရင် သူ စိုးရိမ်​နေတာ​တွေ လျော့သွားမယ်။ မွေးနေ့​နဲ့ပတ်သက်ပြီး ကျမ်းစာအဆို ပြောပြဖို့ လမ်းပွင့်လာမယ်။

၁၂ အကြပ်​ရိုက်​စေ​မယ့် မေးခွန်း မေးခံရတဲ့အခါလည်း အဲဒီလိုပဲ တုံ့ပြန်​နိုင်တယ်။ လိင်တူ​ချင်း ကြိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ယေဟောဝါ​သက်သေတွေ အမြင် ပြောင်း​သင့်​တယ်လို့ အတန်းဖော် ပြော​လာတယ် ဆိုပါစို့။ ယေဟောဝါ​သက်သေတွေကို နားလည်မှု လွဲနေလို့ များ လား။ သူ့​သူငယ်ချင်း၊ အမျိုး​ထဲ​မှာ လိင်တူသမား ရှိနေလို့​လား။ လိင်တူသမား​တွေ​ကို ကျွန်တော်တို့ မုန်းတယ်လို့ ထင်နေလို့လား။ လူတိုင်းကို ကျွန်တော်တို့ မေတ္တာထား​ကြောင်း၊ လူတိုင်းမှာ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိတယ်ဆိုတာ အသိအမှတ်ပြုကြောင်း သူ့ကို ပြောပြနိုင်တယ်။ b (၁ ပေ. ၂:၁၇) အဲဒီနောက်မှ ကျမ်းစာအဆို​က ဘာလဲ၊ ကျမ်းစာအဆိုကို လိုက်နာရင် ပို​အဓိပ္ပာယ်ရှိတဲ့ ဘဝ ဘယ်လို ရနိုင်သလဲ​ဆိုတာ ပြောပြနိုင်တယ်။

13. Piangsakpa om cih thu ciamnuihna-a a ngaihsun mi khat koici huh thei na hiam?

၁၃ ခံယူချက် ပြင်းထန်​သူနဲ့ ဆုံတဲ့အခါ သူ ဘာ​ယုံသလဲ ကိုယ် သိတယ်လို့ ချက်ချင်း ကောက်ချက် မချပါနဲ့။ (တိ. ၃:၂) ဥပမာ၊ ‘ဟာသပဲနော်။ မင်းတို့မို့လို့ ဖန်ဆင်းရှင် ရှိတယ်ဆိုတာ ယုံတယ်’ ဆိုပြီး အတန်းဖော် ပြော​လာတယ် ဆိုပါစို့။ ဆင့်ကဲအယူအကြောင်း သူ သိပ်​ယုံ၊ သိပ်​သိနေတယ်လို့ ယူဆလိုက်​သင့်​သ​လား။ တကယ်တော့ တခြားသူတွေ ပြောတာ ကြားပြီး သံယောင်လိုက် ပြောနေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဆင့်ကဲအယူ မှားတယ်​ဆိုပြီး ထ​မရှင်းပါနဲ့။ အတန်းဖော် တစိမ့်စိမ့် တွေးစရာ ရှိသွား​အောင် သင် လုပ်နိုင်တယ်။ ဥပမာ၊ jw.org မှာ ရှိတဲ့ ဖန်ဆင်းခြင်းအကြောင်း ဆွေးနွေးထားတဲ့ အပိုင်းကို လင့်ခ် ပို့ပေး​နိုင်တယ်။ အဲဒီမှာ တွေ့တဲ့ ဆောင်းပါး၊ ဗီဒီယို တစ်ခုခုကို အခြေခံပြီး နောက်ပိုင်း သူ ဆွေးနွေးချင်​လာနိုင်တယ်။ သင် လေးလေးစားစား တုံ့ပြန်​တာ ကြည့်ပြီး သူ့​အမြင်​သူ ပြန်​ဆန်းစစ်​လာနိုင်တယ်။

14. Unaupa Niall in Jehovah Tecite’ thu a saang kahpihte’ theih khialhna a hilhcian nadingin website koici zat a hiam?

၁၄ ယေဟောဝါ​သက်သေတွေ​နဲ့ပတ်သက်ပြီး အထင်လွဲ​နေကြတာ​ကို ဝက်ဘ်ဆိုက် သုံးပြီး ဆယ်ကျော်သက် ညီအစ်ကို နိုင်ယယ် ဖြေရှင်း​တယ်။ “‘လုပ်​ဇာတ်​တွေ အပြည့်​နဲ့ ကျမ်းစာကိုပဲ ယုံနေ​လို့ သိပ္ပံပညာ​ကို မင်း မယုံတာ’ ဆိုပြီး အတန်းဖော်​တစ်ယောက် ခဏခဏ ပြောတယ်” လို့ နိုင်ယယ် ပြောတယ်။ ရှင်းပြဖို့ လုပ်ပေမဲ့ အတန်းဖော် နားမထောင်ဘူး။ ဒါနဲ့ jw.org မှာ ရှိတဲ့ “သိပ္ပံပညာ​နဲ့ သမ္မာကျမ်းစာ” အပိုင်းကို ဝင်​ကြည့်ဖို့ ပြောလိုက်တယ်။ အတန်းဖော် ဝင်​ကြည့်​ပုံ​ပဲ။ နောက်ပိုင်း၊ အသက် ဘယ်က စတယ်​ဆိုတဲ့​အကြောင်း ဆွေးနွေးချင်​လာတယ်။ သင်လည်း အဲဒီလို ရလဒ်​တွေ ရနိုင်တယ်။

INNKUAN BUPIN KITHAWIKHOL UN

15. Upna thu a kidot cianga ta te’n lungnem taka a genkik theih nadingin nu le pa te’n koi bangin huh thei uh a hiam?

၁၅ ယုံကြည်ချက်​အကြောင်း အမေး​ခံရတဲ့အခါ သားသမီးတွေ သိမ်သိမ်မွေ့မွေ့ ဖြေရှင်း​ပြောပြတတ်ဖို့ မိဘတွေ သင်ပေးနိုင်တယ်။ (ယာ. ၃:၁၃) မိဘ​တချို့ဆိုရင် မိသားစု ဝတ်ပြုမှု​မှာ အစမ်း လေ့ကျင့်​တဲ့ ကဏ္ဍ​လေး​တွေ ထည့်ထားကြတယ်။ ကျောင်းမှာ ဘာတွေ ကြုံရနိုင်သလဲ ဝိုင်းစဉ်းစားကြတယ်။ ဘယ်လို ပြန်ဖြေမလဲ ဆွေးနွေးကြတယ်။ သရုပ်ပြ​ကြတယ်။ သားသမီးတွေ ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ ဖြေရှင်း​ပြောပြတတ်အောင် သင်ပေးကြတယ်။—“ အစမ်း လေ့ကျင့်မှု​တွေ​က သင့်​မိသားစုကို ကူညီပေးနိုင်” လေးထောင့်ကွက်​ကို ကြည့်ပါ။

16-17. Kisinnate in khangnote koi bangin huh thei a hiam?

၁၆ အစမ်း လေ့ကျင့်​ထား​ကြ​တဲ့အတွက် ခရစ်ယာန် လူငယ်တွေဟာ ကိုယ့်​ယုံကြည်ချက် မှန်တယ်ဆိုတာ ကိုယ်တိုင် စိတ်ချလာကြတယ်။ တခြားသူတွေကို ရှင်းပြ​တတ်လာကြတယ်။ ကိုယ့်​ယုံကြည်ချက်ကို ကိုယ်တိုင် စိတ်ချအောင် လုပ်ဖို့၊ ကိုယ်ပိုင်​စကားနဲ့ ဖြေရှင်းတတ်​ဖို့ jw.org မှာ ရှိတဲ့ “လူငယ်များအမေး” အပိုင်း​ထဲက ဆောင်းပါးတွေ၊ လေ့ကျင့်ခန်း စာရွက်တွေ​က ကူညီပေးတယ်။ အဲဒီအပိုင်းကို မိသားစုလိုက် လေ့လာတဲ့အခါ ကိုယ့်​ယုံကြည်ချက်​အကြောင်း ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ ဘယ်လို ဖြေရှင်း​ပြောပြ​ရမလဲ သိလာမယ်။

၁၇ အစမ်း လေ့ကျင့်မှု​က ဘယ်လို ကူညီပေးတဲ့​အကြောင်း လူငယ်လေး မက်သရူး ပြောပြတယ်။ ကျောင်းမှာ ဆွေးနွေး​လာနိုင်တဲ့ အကြောင်းအရာတွေကို မိသားစု ဝတ်ပြုမှု​မှာ ရှာဖွေ​လေ့လာ​ကြတယ်။ “ဘယ်လို မေးခံရနိုင်သလဲ စဉ်းစား​ကြတယ်။ လေ့လာ​ထားတာ​တွေ​ကို အခြေခံပြီး ဘယ်လို ဖြေမလဲ​ဆိုတာ အစမ်း လေ့ကျင့်​ကြတယ်။ ကိုယ်​ယုံတာ မှန်​မှန်း စိတ်ထဲ ရှင်းရှင်းလင်းလင်း သိနေတော့ ယုံကြည်စိတ်ချမှု ရှိတယ်။ သိမ်သိမ်မွေ့မွေ့ ဖြေရှင်းဖို့ ပိုလွယ်တယ်” လို့ မက်သရူး ပြောတယ်။

18. Kolose 4:6 in a gen bangin, koici gen leng hamphatna om a hiam?

၁၈ ရှင်းရှင်းလင်းလင်း ချက်​ကျ​လက်​ကျ ရှင်းပြတတ်တာ တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ပါးပါးနပ်နပ်၊ သိမ်သိမ်မွေ့မွေ့ ပြော​ရမယ်။ (ကောလောသဲ ၄:၆ ကို ဖတ်ပါ။) ယုံကြည်ချက်​အကြောင်း တခြားသူတွေကို ပြောပြတာက ဘောလုံး ပစ်ပေး​တာ​နဲ့ တူတယ်။ အသာအယာ ပစ်ပေး​လို့ ရတယ်။ အားနဲ့ ဆောင့်ပစ်လို့ ရတယ်။ အသာအယာ ပစ်ပေး​ရင် တစ်ဖက်​လူ ဖမ်းမိ​ဖို့ လွယ်​မယ်။ ဆက်​ကစား​နိုင်မယ်။ အဲဒီလိုပဲ ကိုယ့်​ယုံကြည်ချက်​အကြောင်း ပါးပါးနပ်နပ်၊ သိမ်သိမ်မွေ့မွေ့ ပြောပြတဲ့အခါ တစ်ဖက်​လူ ပို​နားထောင်ချင်​နိုင်တယ်။ စကား ဆက်​ပြော​နိုင်မယ်။ စကား​နိုင် လုချင်ရုံ၊ ကိုယ့်​ယုံကြည်ချက်ကို လှောင်ချင်ရုံ မေးခွန်း မေးတာ​မျိုး​ဆိုရင်တော့ ပြန်ဖြေ​နေဖို့ မလိုပါဘူး။ (ပညာ. ၂၆:၄) ဒါပေမဲ့ အဲဒီလို လူတွေ ရှားပါတယ်။ အများစု နားထောင်​ကြ​မှာ​ပါ။

19. I upna thu i gen ciangin lungnemna neih leng bang hamphatna ngah ding i hiam?

၁၉ နူးညံ့​သိမ်မွေ့​ရင် အကျိုး အများကြီး ရှိတာ ရှင်းနေပါတယ်။ အမြင် မတူ​ရာ​ကနေ အချေအတင် ဖြစ်တာ​မျိုး​အထိ မ​ရောက်တော့​ဘူး။ ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ ဖြေတာ ကြည့်ပြီး ကျွန်တော်တို့အပေါ်၊ ကျမ်းစာအပေါ် လူ​တချို့ အမြင် ပြောင်း​လာနိုင်တယ်။ ဒါကြောင့် အကြပ်​ရိုက်​စေ​မယ့် မေးခွန်း မေး​ခံရတဲ့အခါ၊ တစ်ဖက်စောင်းနင်း ဝေဖန်​ထိုးနှက်​ခံရတဲ့အခါ သိမ်သိမ်မွေ့မွေ့ တုံ့ပြန်​နိုင်စွမ်း ပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ကိုယ့်​ယုံကြည်ခြင်း​အကြောင်း “ဖြေရှင်း​ပြောပြဖို့ အမြဲ အသင့်ရှိကြပါ။” “နူးညံ့​တဲ့​သဘော၊ အလွန် လေးစားတဲ့​သဘော​နဲ့ ပြောပါ။” (၁ ပေ. ၃:၁၅) နူးညံ့​သိမ်မွေ့​မှု​ကို သင့်အား​သာ​ချက် ဖြစ်​နေစေပါ။

LA 88 ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ

a ဒေါသ ဆွခံရတဲ့​အခါ၊ တခြားသူတွေ ငြင်း​တဲ့အခါ ကိုယ့်​ယုံကြည်ချက်ကို သိမ်သိမ်မွေ့မွေ့ ဘယ်လို ဖြေရှင်း​ပြောပြ​ရမလဲ​ဆိုတာနဲ့ပတ်သက်ပြီး အကြံပြုချက်တွေကို ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။

b လက်တွေ့ကျ အကြံပြုချက်တွေကို အမှတ် ၄၊ ၂၀၁၆ နိုးလော့!လိင်တူ​ဆက်ဆံခြင်း​အကြောင်း သမ္မာကျမ်းစာမှာ ဘာပြောထားသလဲ” ဆောင်းပါးမှာ ကြည့်ပါ။

c jw.org မှာ ရှိတဲ့ “လူငယ်များအမေး၊” “ယေဟောဝါ​သက်သေတွေ​နဲ့ပတ်သက်ပြီး မေးလေ့​ရှိတဲ့ မေးခွန်းများ” ဆောင်းပါးတွဲ​တွေ​မှာ အကူအညီ ဖြစ်စေမယ့် အကြံပြုချက်တွေ တွေ့နိုင်တယ်။