အပိုင်း ၁၀ နိဒါန်း
ယေဟောဝါဟာ ဘုရင်တကာတို့ရဲ့ ဘုရင်ဖြစ်ပြီး အလိုရှိတဲ့အတိုင်း ထိန်းချုပ်လုပ်ကိုင်နိုင်စွမ်းရှိတဲ့ အရှင် ဖြစ်တယ်။ ဥပမာ၊ ယေရမိကို ရေတွင်းထဲကနေ ကယ်နုတ်ခဲ့တယ်။ ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ကို တောက်လောင်နေတဲ့ မီးဖိုကြီးထဲကနေ၊ ဒံယေလကို ခြင်္သေ့တွင်းထဲကနေ ကယ်တင်ခဲ့တယ်။ ဧသတာကို ကာကွယ်ပေးခဲ့လို့ အစ္စရေးတစ်မျိုးလုံး အသက်ချမ်းသာရခဲ့တယ်။ ဆိုးညစ်မှုတွေကို အမြဲခွင့်ပြုထားမှာ မဟုတ်ဘူး။ ယေဟောဝါရဲ့နိုင်ငံတော်ဟာ ဆိုးသွမ်းမှု ရှိရှိသမျှကို ဖယ်ရှားပြီး ကမ္ဘာကို အုပ်ချုပ်မယ်ဆိုတာ ရုပ်တုကြီးနဲ့ သစ်ပင်ကြီး ကြိုဟောချက်တွေက အာမခံတယ်။
ဒီအပိုင်းမှာ
သင်ခန်းစာ ၅၇
ယေဟောဝါက ယေရမိကို ဟောပြောဖို့ စေလွှတ်
လူငယ် ယေရမိ ပြောတာကို အကြီးအကဲတွေ အကြီးအကျယ် စိတ်ဆိုးကြတယ်။
သင်ခန်းစာ ၅၈
ဂျေရုဆလင်မြို့ ပျက်စီးသွား
မှောက်မှားတဲ့ဘုရားတွေကို ဆက်ကိုးကွယ်နေကြလို့ ယုဒပြည်သားတွေကို ယေဟောဝါ စွန့်ပစ်လိုက်တယ်။
သင်ခန်းစာ ၅၉
ယေဟောဝါစကားကို နားထောင်တဲ့ လူငယ်လေးယောက်
ဗာဗုလုန်ပြည်မှာရှိတဲ့ နန်းတော်ထဲမှာတောင် ယုဒလူငယ်တွေက ယေဟောဝါကို သစ္စာရှိဖို့ ဆုံးဖြတ်ထားတယ်။
သင်ခန်းစာ ၆၀
ထာဝစဉ် တည်တံ့နေမယ့် နိုင်ငံတော်
နေဗုခဒ်နေဇာရဲ့ ထူးဆန်းတဲ့အိပ်မက် အဓိပ္ပာယ်ကို ဒံယေလ ရှင်းပြတယ်။
သင်ခန်းစာ ၆၁
သူတို့ ဦးမချကြ
ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့က ဗာဗုလုန်ဘုရင်ရဲ့ ရွှေရုပ်တုကြီးကို ဦးမချကြ။
သင်ခန်းစာ ၆၆
ဘုရားသခင့်ပညတ်တွေကို ဧဇရ သင်ပေး
ဧဇရစကားကို အစ္စရေးတွေ နားထောင်ပြီးနောက် ဘုရားကို ကတိပေးခဲ့တယ်။
သင်ခန်းစာ ၆၇
ဂျေရုဆလင်မြို့ရိုး
ရန်သူတွေက တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ နေဟမိ သတင်းရတယ်။ သူ ဘာကြောင့် မကြောက်တာလဲ။