မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၁၁ နိဒါန်း

အပိုင်း ၁၁ နိဒါန်း

ဒီ​အပိုင်း​ဟာ ခရစ်ယာန်ဂရိကျမ်း​စောင်​တွေကို မိတ်ဆက်​ပေးတယ်။ ယေရှုဟာ မြို့ငယ်လေးမှာ​နေထိုင်တဲ့ ဆင်းရဲ​တဲ့​မိသားစု​မှာ မွေးဖွား​လာတယ်။ ဖခင်​ဖြစ်သူ လက်သမား​နဲ့ အလုပ်လုပ်​ခဲ့တယ်။ ယေရှုဟာ လူသားထု​ကို ကယ်တင်​ပေးမယ့်​သူ​ဖြစ်တယ်။ ယေဟောဝါဟာ သူ့ကို ကောင်းကင်နိုင်ငံတော်​ဘုရင်အဖြစ် ရွေးချယ်ခဲ့တယ်။ သင်ဟာ မိဘ​ဖြစ်မယ်ဆိုရင် ယေရှု ကြီးပြင်းလာ​မယ့် မိသားစုနဲ့ အသိုင်းအဝန်း​ကို ယေဟောဝါ သေသေချာချာ ရွေးချယ်​ခဲ့တာ​ကို ကလေး သဘောပေါက်​အောင် သင်ပေးပါ။ ယေရှုကို သတ်ချင်​တဲ့ ဟေရုဒ်​ရန်​က​နေ ယေဟောဝါ ကာကွယ်​ပေးတဲ့​အကြောင်း၊ ယေဟောဝါရဲ့​ရည်ရွယ်ချက်​ကို ဘာက​မှ မတားဆီး​နိုင်တဲ့​အကြောင်း၊ ယေရှု​အတွက် လမ်းပြ​င်​ပေးဖို့ ယောဟန်​ကို ယေဟောဝါ တာဝန်ပေး​တဲ့​အကြောင်း လေ့လာ​ကြည့်ပါ။ ယေရှုဟာ ငယ်စ​ဉ်​မှာတောင် ယေဟောဝါရဲ့ ဉာဏ်​ပညာ​ကို မြတ်နိုး​ကြောင်း အလေးအနက် ဖော်​ပြပါ။

ဒီအပိုင်းမှာ

သင်ခန်းစာ ၆၈

ဧလိရှဗက် သားတစ်ယောက် မွေးဖွား

ကလေးမမွေးမချင်း စကားပြောနိုင်မှာမဟုတ်ဘူးလို့ ဧလိရှဗက်ရဲ့ ခင်ပွန်းကို ဘာကြောင့် ပြောရသလဲ။

သင်ခန်းစာ ၆၉

မာရိဆီ ဂါဗြေလ ရောက်လာ

မာရိရဲ့ဘဝကို ပြောင်းလဲစေတဲ့ သတင်းတစ်ခု ဂါဗြေလ ပေးခဲ့တယ်။

သင်ခန်းစာ ၇၀

ယေရှုမွေးဖွားတဲ့အကြောင်း ကောင်းကင်တမန်တွေ ကြေညာ

ကြေညာချက်ကို ကြားတဲ့သိုးထိန်းတွေ ချက်ချင်း သွားကြည့်ကြတယ်။

သင်ခန်းစာ ၇၁

ယေဟောဝါ ယေရှုကို ကာကွယ်ပေးခဲ့

မင်းဆိုးက ယေရှုကို သတ်ချင်တယ်။

သင်ခန်းစာ ၇၂

လူငယ် ယေရှု

ဗိမာန်တော်မှာရှိတုန်း ဆရာကြီးတွေကို ယေရှု ဘယ်လို အံ့အားသင့်စေခဲ့သလဲ။

သင်ခန်းစာ ၇၃

လမ်းကို ယောဟန် ပြင်ဆင်ပေး

ယောဟန်ဟာ ပရောဖက်တစ်ဦး ဖြစ်လာတယ်။ မေရှိယ ရောက်လာတော့မယ့်အကြောင်း သူ သွန်သင်ပေးတယ်။ ဒီသတင်းကို လူတွေ ဘယ်လိုတုံ့ပြန်သလဲ။