သင်ခန်းစာ ၇၃
လမ်းကို ယောဟန် ပြင်ဆင်ပေး
ဇာခရိနဲ့ ဧလိရှဗက်ရဲ့သား ယောဟန်ဟာ ကြီးလာတဲ့အခါ ပရောဖက် ဖြစ်လာတယ်။ ယေဟောဝါက မေရှိယ ပေါ်လာတော့မယ့်အကြောင်း ယောဟန်ကို ပြောခိုင်းတယ်။ ယောဟန်ဟာ တရားဇရပ်နဲ့ မြို့တွေမှာ သွန်သင်ပေးမယ့်အစား တောအရပ်မှာ ဟောပြောသွန်သင်တယ်။ လူတွေက ယောဟန်ဆီကနေ သင်ယူဖို့ ဂျေရုဆလင်မြို့နဲ့ ယုဒပြည်အရပ်ရပ်က လာတယ်။ ဘုရားအလိုတော်နဲ့ တွေ့ဖို့ မကောင်းတာတွေ မလုပ်ရဘူးလို့ သင်ပေးပြီး နောင်တယူတဲ့သူတွေကို ဂျော်ဒန်မြစ်ထဲမှာ ယောဟန် နှစ်ခြင်းပေးတယ်။
ယောဟန်က ရိုးရိုးလေးပဲ နေထိုင်တယ်။ ကုလားအုတ်အမွေးနဲ့ရက်တဲ့ အဝတ်ကိုဝတ်ပြီး ကျိုင်းကောင်နဲ့ သဘာဝပျားရည်ကိုပဲ စားတယ်။ လူတွေက သူ့ကို သိပ်စိတ်ဝင်စားကြတယ်။ မာနကြီးတဲ့ ဖာရိရှဲတွေနဲ့ ဇဒ္ဒုကဲတွေတောင် သူ့ဆီ လာကြတယ်။ သူတို့ကို ယောဟန်က ‘ခင်ဗျားတို့ ပြောင်းလဲပြီး နောင်တယူရမယ်။ အာဗြဟံရဲ့ သားမြေးလို့ ပြောပြီး ထူးခြားတဲ့လူတွေ၊ ဘုရားသားသမီးတွေ ဖြစ်မယ်လို့ မထင်နဲ့’ လို့ပြောတယ်။
လူအတော်များများ ယောဟန်ဆီလာပြီး ‘ဘုရားအလိုတော်နဲ့တွေ့ဖို့ ဘာလုပ်ရမလဲ’ လို့ မေးကြတယ်။ ယောဟန်က ‘ခင်ဗျားမှာ ဝတ်ရုံနှစ်ထည်ရှိရင် တစ်ထည်ကို မရှိသူ ပေးလိုက်’ လို့ ပြောတယ်။ အဲဒီလို ဘာကြောင့်ပြောတာလဲ သိလား။ ဘုရားအလိုတော်နဲ့ တွေ့ချင်ရင် လူတွေကို ချစ်ရမယ် ဆိုတာ သဘောပေါက်စေချင်လို့ပဲ။
အခွန်ခံတွေကို ‘ရိုးသားပါ။ ဘယ်သူ့ကိုမှ မလိမ်ညာနဲ့။’ စစ်သားတွေကိုကျတော့ ‘လာဘ်မစားနဲ့။ လိမ်မပြောနဲ့’ လို့ ယောဟန် ပြောတယ်။
သူ့ဆီကို ပုရောဟိတ်တွေ လာပြီး ‘မင်းက ဘယ်သူလဲ။ လူတိုင်း သိချင်နေကြတယ်’ လို့မေးတော့ ယောဟန်က ‘ပရောဖက်ဟေရှာယ ဟောခဲ့သလို ယေဟောဝါဆီ လူတွေကို ပို့ဆောင်တဲ့ တောထဲမှာ ကြွေးကြော်နေသူဟာ ကျွန်တော်ပဲ’ လို့ဖြေတယ်။
သန့်ရှင်းသော စွမ်းအားတော်နဲ့ နှစ်ခြင်းပေးမှာ’ လို့ ပြောတယ်။
လူတွေက ယောဟန် သင်ပေးတာတွေကို ကြိုက်ကြတယ်။ တချို့က သူ့ကို မေရှိယများ ဖြစ်နေမလားလို့ ထင်ကြတယ်။ ဒါနဲ့ သူက ‘ကျွန်တော့်ထက် ကြီးမြတ်တဲ့သူ ရောက်လာတော့မယ်။ သူ့ဖိနပ်ကြိုးကို ဖြေပေးဖို့တောင် ကျွန်တော် မထိုက်တန်ဘူး။ ကျွန်တော်က ရေနဲ့ နှစ်ခြင်းပေးတာ။ သူက ခင်ဗျားတို့ကို“သူက အဲဒီအလင်းအကြောင်း လူတွေကို သက်သေခံဖို့ ရောက်လာတာ။ သူ့စကားကိုကြားပြီး လူအမျိုးမျိုး ယုံကြည်လာစေဖို့ပဲ။”—ယောဟန် ၁:၇