မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၂ နိဒါန်း

အပိုင်း ၂ နိဒါန်း

ယေဟောဝါဘုရား​ဟာ ကမ္ဘာ​ကို ဘာ​လို့ ရေ​နဲ့​လွှမ်းမိုး​ခဲ့​သလဲ။ လူ့သမိုင်း​အစမှာ အကောင်း​နဲ့​အဆိုး တိုက်ပွဲ ဖြစ်ပေါ်လာတယ်။ အာဒံ၊ ဧဝ​နဲ့ သူတို့​သား ကာ​အိ​န​ဟာ အဆိုး​ကို​လုပ်ဖို့ ရွေးချယ်ခဲ့တယ်။ အာဗေလ၊ နောဧ​တို့​လို လူ​နည်းနည်း​က​ပဲ ကောင်းတာ​လုပ်ခဲ့ကြ​တ​ယ်။ လူတွေဟာ ဆိုး​လွန်း​လို့ သူတို့ကို ယေဟောဝါ ဖျက်ဆီး​ခဲ့တယ်။ တို့​တွေ လူဆိုး​လုပ်​မလား၊ လူကောင်း​လုပ်​မလား​ဆိုတာ ယေဟောဝါ ကြည့်​နေတယ်။ မကောင်း​တာတွေကို ယေဟောဝါ အမြဲ​ခွင့်ပြု​သွား​မှာ မဟုတ်ဘူး​ဆိုတာ ဒီ​အပိုင်းမှာ သိသွား​မယ်။

ဒီအပိုင်းမှာ

သင်ခန်းစာ ၃

အာဒံနဲ့ဧဝ ဘုရားစကား နားမထောင်ကြ

ဧဒင်ဥယျာဉ်ထဲက အပင်တစ်ပင်ဟာ ဘာကြောင့် ထူးခြားတာလဲ။ အဲဒီအသီးကို ဧဝ ဘာကြောင့် စားခဲ့သလဲ။

သင်ခန်းစာ ၄

ဒေါသထွက်ပြီး လူကိုသတ်

အာဗေလ ပူဇော်တာကို ဘုရားလက်ခံပေမဲ့ ကာအိန ပူဇော်တာကို လက်မခံခဲ့ဘူး။ ဒါကို အာအိန တွေ့တဲ့အခါ ဒေါသထွက်ပြီး ဆိုးသွမ်းတဲ့လုပ်ရပ်ကို လုပ်ခဲ့တယ်။

သင်ခန်းစာ ၅

နောဧသင်္ဘော

ကောင်းကင်တမန်တွေဟာ အမျိုးသမီးတွေနဲ့ လက်ထပ်ကြပြီး အရမ်းထွားကြိုင်း၊ ဗိုလ်ကျတဲ့ သားတွေ မွေးဖွားလာတယ်။ နေရာတိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်နေတယ်။ နောဧကတော့ သူတို့နဲ့မတူဘဲ ဘုရားသခင်ကိုချစ်ပြီး နာခံခဲ့တယ်။

သင်ခန်းစာ ၆

လူရှစ်ယောက် အသက်ရှင်လွတ်မြောက်

ရက် ၄၀၊ ည ၄၀ မိုးရွာတဲ့အတွက် ရေလွှမ်းမိုးခဲ့တယ်။ နောဧနဲ့ သူ့မိသားစုဟာ သင်္ဘောထဲမှာ တစ်နှစ်ကျော် နေခဲ့ရတယ်။ နောက်ဆုံး၊ ဘုရားသခင်က သူတို့ကို သင်္ဘောထဲက ထွက်ခိုင်းတယ်။