မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၃ နိဒါန်း

အပိုင်း ၃ နိဒါန်း

ရေလွှမ်းမိုး​ပြီးနောက်​ပိုင်း၊ ယေဟောဝါကို ကိုးကွယ်​တဲ့ လူ​နည်းနည်း​ရဲ့ နာမည်ကိုပဲ ကျမ်းစာ ဖော်ပြတယ်။ အဲဒီ​ထဲမှာ ယေဟောဝါရဲ့​မိတ်ဆွေ​လို့ လူသိများ​တဲ့ အာဗြဟံ ပါတယ်။ သူ့ကို ယေဟောဝါရဲ့​မိတ်ဆွေ​လို့ ဘာ​လို့ခေါ်​တာလဲ။ မိဘ​ဖြစ်မယ်ဆိုရင် ယေဟောဝါဟာ ကလေးကို သိပ်ချစ်​တ​ယ်၊ ကူညီပေး​ချင်​တယ်ဆိုတာ သင်ပေးပါ။ အာဗြဟံ၊ လောတ၊ ယာကုပ်​တို့​လို ယေဟောဝါ​ဆီ အချိန်မရွေး အကူအညီ တောင်း​နိုင်တယ်၊ ယေဟောဝါဟာ ကတိတည်​တဲ့​ဘုရား ဖြစ်တယ်​ဆိုတာ ယုံကြည်စိတ်ချ​စေ​ပါ။

ဒီအပိုင်းမှာ

သင်ခန်းစာ ၇

ဘေဘယ် ရဲတိုက်

လူတွေဟာ မြို့တစ်မြို့နဲ့ မိုးထိအောင်မြင့်တဲ့ ရဲတိုက်တစ်ခုဆောက်ဖို့ ဆုံးဖြတ်ကြတယ်။ ဘုရားသခင်က သူတို့ ရုတ်တရက် ဘာသာစကား အမျိုးမျိုးပြောအောင် ဘာကြောင့် လုပ်ခဲ့တာလဲ။

သင်ခန်းစာ ၈

ဘုရားစကား နားထောင်တဲ့ အာဗြဟံနဲ့ စာရာ

အာဗြဟံနဲ့ စာရာဟာ မြို့မှာနေတဲ့ ဘဝကိုစွန့်ပြီး ခါနာန်ပြည်မှာ ဘာကြောင့် လှည့်လည် နေထိုင်ခဲ့ကြတာလဲ။

သင်ခန်းစာ ၉

သားတစ်ယောက်ရလာ

ဘုရားသခင် အာဗြဟံကိုပေးထားတဲ့ကတိ ဘယ်လို ပြည့်စုံလာမှာလဲ။ အာဗြဟံရဲ့ သား အိဇက်ကနေ ပြည့်စုံမှာလား၊ ဒါမှမဟုတ် အိရှမေလကနေ ပြည့်စုံမှာလား။

သင်ခန်းစာ ၁၀

လောတရဲ့ဇနီးကို သတိရပါ

ဘုရားသခင်က သောဒုံနဲ့ ဂေါမောရမြို့အပေါ် ကန့်နဲ့မီး ရွာကျစေခဲ့တယ်။ အဲဒီမြို့တွေကို ဘာကြောင့် ဖျက်ဆီးခဲ့တာလဲ။ လောတရဲ့ဇနီးကို ဘာကြောင့် သတိရသင့်သလဲ။

သင်ခန်းစာ ၁၁

ယုံကြည်ခြင်း စမ်းသပ်ခံရ

ဘုရားသခင်က အာဗြဟံကို ‘မင်းရဲ့ တစ်ဦးတည်းသောသားကို မောရိအရပ်က တောင်ပေါ်မှာ ပူဇော်ပါ’ လို့ပြောတယ်။ ဒီယုံကြည်ခြင်း စမ်းသပ်မှုကို အာဗြဟံ ဘယ်လိုရင်ဆိုင်ခဲ့သလဲ။

သင်ခန်းစာ ၁၂

ယာကုပ် အမွေရရှိခဲ့

အိဇက်နဲ့ ရေဗက္ကာမှာ ဧသောနဲ့ ယာကုပ်လို့ခေါ်တဲ့ သားအမြွှာ ရှိတယ်။ ဧသောက အကြီးဖြစ်တဲ့အတွက် အထူးအမွေ ရရှိစရာအကြောင်း ရှိတယ်။ အဲဒါကို ပဲဟင်းတစ်ခွက်နဲ့ ဘာကြောင့် လဲခဲ့တာလဲ။

သင်ခန်းစာ ၁၃

ယာကုပ်နဲ့ ဧသော ပြန်သင့်မြတ်သွား

ကောင်းကင်တမန်ဆီက ကောင်းချီးကို ယာကုပ် ဘယ်လို ရခဲ့သလဲ၊ ဧသောနဲ့ ပြန်သင့်မြန်အောင် ယာကုပ် ဘယ်လို လုပ်ခဲ့သလဲ။