သင်ခန်းစာ ၇
ဘေဘယ် ရဲတိုက်
ရေလွှမ်းမိုးပြီးနောက်၊ နောဧရဲ့သားတွေကနေ မိသားစုတွေ အများကြီး ရှိလာတယ်။ မိသားစုတွေ တိုးများလာတာနဲ့ သူတို့ကို ယေဟောဝါ ပြောတဲ့အတိုင်းပဲ နေရာအနှံ့ကို ပြောင်းရွှေ့နေထိုင်ကြတယ်။
ဒါပေမဲ့ မိသားစုတချို့က ယေဟောဝါစကား နားမထောင်ဘူး။ သူတို့က ‘မြို့တစ်မြို့ တည်ဆောက်ပြီး ဒီမှာပဲ နေကြစို့။ မိုးထိအောင်မြင့်တဲ့ ရဲတိုက်ကို ဆောက်ပြီး နာမည်ကျော်အောင် လုပ်ကြစို့’ လို့ပြောကြတယ်။
နောက်အခန်းမှာ ကြည့်ကြရအောင်။
ယေဟောဝါက သူတို့လုပ်နေတာကို မကြိုက်လို့ တားဆီးလိုက်တယ်။ ဘယ်လိုလုပ်သလဲ သိလား။ သူတို့ကို ဘာသာစကား အမျိုးမျိုးပြောအောင် လုပ်လိုက်တယ်။ အချင်းချင်း စကားနားမလည်ကြတဲ့အတွက် ဆက်မဆောက်နိုင်ကြတော့ဘူး။ ဒါနဲ့ သူတို့ဆောက်နေတဲ့ မြို့က “ရှုပ်ထွေးခြင်း” လို့ အဓိပ္ပာယ်ရှိတဲ့ ဘေဘယ်မြို့လို့ နာမည်တွင်သွားတယ်။ ဒါနဲ့ပဲ လူတွေက ကမ္ဘာအရပ်ရပ်ကို ပြောင်းရွှေ့နေထိုင်ကြတော့တယ်။ သူတို့ရောက်တဲ့နေရာတွေမှာ မကောင်းတာတွေ ဆက်လုပ်ကြတယ်။ ယေဟောဝါကို ချစ်တဲ့သူတွေကော ရှိသေးရဲ့လား။“ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့သူဟာ နှိမ့်ချခံရပြီး နှိမ့်ချတဲ့သူကတော့ ချီးမြှောက်ခံရလိမ့်မယ်။” —လုကာ ၁၈:၁၄