အပိုင်း ၄ နိဒါန်း
ဒီအပိုင်းမှာ ယောသပ်၊ ယောဘ၊ မောရှေနဲ့ အစ္စရေးတွေအကြောင်း သိရမယ်။ သူတို့အားလုံးဟာ စာတန့်တိုက်ခိုက်မှုတွေ အများကြီး ခံခဲ့ရတယ်။ တချို့ဟာ မတရားဆက်ဆံခံရ၊ ထောင်ချခံရ၊ ရောင်းစားခံရ၊ အသတ်တောင်ခံခဲ့ရတယ်။ ယေဟောဝါက နည်းအမျိုးမျိုးနဲ့ သူတို့ကို ကာကွယ်ပေးခဲ့တယ်။ မိဘဖြစ်မယ်ဆိုရင် ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ ယုံကြည်ခြင်းမလျော့သွားဘဲ ဆင်းရဲဒုက္ခတွေကို ဘယ်လိုခံရပ်ခဲ့တဲ့အကြောင်း နားလည်အောင် သင်ပေးပါ။
ယေဟောဝါဟာ အီဂျစ်ဘုရားတွေထက် ပိုတန်ခိုးကြီးတာကို ပြဖို့ ကပ်ဘေးဆယ်ခု
သုံးခဲ့တယ်။ ယေဟောဝါဟာ သူ့လူမျိုးကို အတိတ်တုန်းက ဘယ်လို ကာကွယ်ပေးခဲ့တယ်၊ အခုအချိန်မှာ ဘယ်လို ကာကွယ်ပေးနေတယ်ဆိုတာ အလေးပေး သင်ပေးပါ။ဒီအပိုင်းမှာ
သင်ခန်းစာ ၁၄
ဘုရားစကားနားထောင်တဲ့ ကျွန်တစ်ယောက်
ယောသပ်ဟာ မှန်ရာကို လုပ်ပေမဲ့ ဒုက္ခရောက်ခဲ့တယ်။ ဘာကြောင့်လဲ။
သင်ခန်းစာ ၁၅
ယေဟောဝါက ယောသပ်ကို မေ့မထား
ယောသပ်ဟာ မိသားစုနဲ့ ဝေးနေပေမဲ့လည်း ဘုရားသခင်က သူနဲ့အတူ ရှိတယ်ဆိုတာ သက်သေပြခဲ့တယ်။
သင်ခန်းစာ ၁၇
ယေဟောဝါကို ကိုးကွယ်ဖို့ မောရှေ ရွေးချယ်ခဲ့
မောရှေ ကလေးဘဝတုန်းက မိခင်ရဲ့ ထက်မြက်မှုကြောင့် အသက်ရှင်ခဲ့တယ်။
သင်ခန်းစာ ၁၉
ပထမ ကပ်ဘေးသုံးခု
ဖာရောဟာ မာနကြီးတဲ့အတွက် ရိုးရှင်းတဲ့အလုပ်တစ်ခုကို မလုပ်ဘူး။ ဒါနဲ့ သူ့လူတွေ ဒုက္ခတွေ့တော့တယ်။
သင်ခန်းစာ ၂၁
ဆယ်ခုမြောက်ကပ်ဘေး
ဆိုးရွားလှတဲ့ ဒီကပ်ဘေးကြောင့် မာနထောင်လွှားလွန်းတဲ့ ဖာရောဟာ နောက်ဆုံး အလျှော့ပေးခဲ့ရတယ်။
သင်ခန်းစာ ၂၂
ပင်လယ်နီက အံ့ဖွယ်ဖြစ်ရပ်
ဖာရောဟာ ကပ်ဘေးဆယ်ခုကနေ လွတ်မြောက်ခဲ့ပေမဲ့ ဘုရားရဲ့ ဒီအံ့ဖွယ်အမှုကနေကော လွတ်မြောက်သလား။