မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၆ နိဒါန်း

အပိုင်း ၆ နိဒါန်း

အစ္စရေးလူမျိုး​ဟာ ကတိပေး​ထားတဲ့​ပြည်​ကို ရောက်လာတဲ့​အခါ တဲတော်​ဟာ စစ်မှန်တဲ့​ဝတ်ပြုရေး​ရဲ့ အဓိက​နေရာ ဖြစ်လာတယ်။ ပညတ်တရား​ကို ပုရောဟိတ်တွေ သွန်သင်ပေးပြီး တရားသူကြီး​တွေ​က အုပ်ချုပ်​ခဲ့တယ်။ လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်​နဲ့ လုပ်ရပ်တွေက သူများ​ကို ဆိုးကျိုး၊ ကောင်းကျိုး​ဖြစ်စေတယ်​ဆိုတာ ဒီ​အပိုင်းမှာ ဖော်ပြတယ်။ အစ္စရေး​တစ်ဦးစီ​က ယေဟောဝါနဲ့ အချင်းချင်း​အပေါ် ထမ်းဆောင်​ရမယ့်​တာဝန် ရှိတယ်။ ဒေဗောရ၊ နောမိ၊ ယောရှု၊ ဟန္န၊ ယေဖသ သမီး၊ ရှမွေလ​တို့ဟာ သူတို့ဝန်းကျင်​မှာ​နေတဲ့​သူတွေ​အပေါ် အကျိုးပြု​ခဲ့တယ်​ဆိုတာ ဖော်ပြတယ်။ အစ္စရေးလူမျိုး​မဟုတ်တဲ့ ရာခပ်၊ ရုသ၊ ယေ​လ၊ ဂိဗောင်​မြို့သား​တွေတောင် ဘုရားသခင်ဟာ အစ္စရေးလူမျိုး​နဲ့ အတူ​ရှိတယ်​ဆိုတာ​သိ​လို့ အစ္စရေး​ဘက် ပါ​လာတယ်​ဆိုတာ အလေးပေး​ဖော်​ပြပါ။

ဒီအပိုင်းမှာ

သင်ခန်းစာ ၂၉

ယေဟောဝါ ယောရှုကို ရွေးချယ်

ယောရှုကိုပေးတဲ့ ဘုရားသခင့်ညွှန်ကြားချက်တွေဟာ ယနေ့အချိန်အထိ အကူအညီ ဖြစ်စေတယ်။

သင်ခန်းစာ ၃၀

သူလျှိုတွေကို ရာခပ် ဝှက်ထား

ယေရိခေါမြို့ရိုး အက်ကွဲပြိုကျကုန်ပြီ။ ဒါပေမဲ့ ရာခပ်ရဲ့အိမ်က မြို့ရိုးပေါ်မှာရှိပေမဲ့ မပြိုလဲဘဲ ကျန်ခဲ့တယ်။

သင်ခန်းစာ ၃၁

ယောရှုနဲ့ ဂိဗောင်မြို့သားတွေ

ယေရှုက “နေ ရပ်နေအောင် လုပ်ပေးပါ” ဆိုပြီး ဆုတောင်းခဲ့တယ်။ ယေဟောဝါ လုပ်ပေးခဲ့သလား။

သင်ခန်းစာ ၃၂

ခေါင်းဆောင်အသစ်နဲ့ သတ္တိရှိတဲ့ အမျိုးသမီးနှစ်ယောက်

ယောရှုသေဆုံးပြီးနောက် အစ္စရေးလူမျိုးဟာ ရုပ်တုတွေကို ကိုးကွယ်လာကြတယ်။ ဘဝက ခက်ခဲကြမ်းတမ်းလာတယ်။ ဒါပေမဲ့ တရားသူကြီး ဗာရက်၊ ပရောဖက်မ ဒေဗောရနဲ့ တဲငုတ်တိုင် အသုံးပြုတဲ့ ယေလရဲ့ အကူအညီကို ရရှိခဲ့ကြတယ်။

သင်ခန်းစာ ၃၃

ရုသနဲ့ နောမိ

မုဆိုးမ နှစ်ယောက် အစ္စရေးပြည်ကို လာနေကြတယ်။ တစ်ယောက်ဖြစ်တဲ့ ရုသက လယ်ကွင်းဆင်း အလုပ်လုပ်ခဲ့ပြီး အဲဒါကို ဗောဇ သတိထားမိသွားတယ်။

သင်ခန်းစာ ၃၄

ဂိဒေါင် မိဒျန်လူမျိုးကို နှိမ်နင်း

မိဒျန်လူတွေက အစ္စရေးတွေ ဒုက္ခရောက်အောင် လုပ်ကြတဲ့အတွက် အစ္စရေးတွေဟာ ယေဟောဝါကို အကူအညီ တောင်းကြတယ်။ ဂိဒေါင်ရဲ့ စစ်သားအနည်းငယ်က မိဒျန်စစ်သား ၁၃၅,၀၀၀ ကို ဘယ်လို အနိုင်ယူမှာလဲ။

သင်ခန်းစာ ၃၅

ဟန္န သားလေးမွေးဖို့ ဆုတောင်း

ဧလကာနက ဟန္န၊ ပေနိန္နနဲ့ ကလေးတွေကို ခေါ်ပြီး ရှိလောမှာရှိတဲ့ တဲတော်မှာ ဝတ်ပြုဖို့ ခေါ်သွားတယ်။ အဲဒီမှာ ဟန္နက သားမွေးဖို့ ဆုတောင်းခဲ့တယ်။ တစ်နှစ်ကြာပြီးနောက် ရှမွေလ မွေးလာတယ်။

သင်ခန်းစာ ၃၆

ယေဖသရဲ့ ကတိ

ယေဖသ ဘာကတိပေးသလဲ၊ ဘာကြောင့်လဲ။ ယေဖသရဲ့ ကတိကို သူ့သမီး ဘယ်လို တုံ့ပြန်သလဲ။

သင်ခန်းစာ ၃၇

ယေဟောဝါ ရှမွေလကို စကားပြော

ပုရောဟိတ်မင်းဧလိရဲ့ သားနှစ်ယောက်ဟာ တဲတော်မှာ ပုရောဟိတ်တွေ ဖြစ်ကြပေမဲ့ ဘုရားသခင့် ပညတ်တွေကို နားမထောင်ကြဘူး။ ရှမွေလလေးကတော့ အဲဒီလိုမဟုတ်ဘူး။ ယေဟောဝါက ရှမွေလကို စကားပြောတယ်။

သင်ခန်းစာ ၃၈

ယေဟောဝါက ရှံဆုန်ကို ခွန်အားရှိစေ

ဘုရားသခင်က ရှံဆုန်ကို ဖိလိတိလူတွေကို တိုက်ဖို့ ခွန်အားဗလကြီးစေပေမဲ့ ရှံဆုန် ဆုံးဖြတ်ချက် မှားသွားတဲ့အခါ ဖိလိတိလူတွေက သူ့ကို ဖမ်းဆီးခဲ့တယ်။