အပိုင်း ၈ နိဒါန်း
ယေဟောဝါဟာ ရှောလမုန်ကို ထက်မြက်တဲ့ ဉာဏ်ပညာပေးတယ်၊ ဗိမာန်တော် ဆောက်ခွင့်လည်းပေးတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ယေဟောဝါကို သူစွန့်သွားတယ်။ မိဘဖြစ်မယ်ဆိုရင်၊ မှားတဲ့ဘာသာကို ဝတ်ပြုသူတွေဟာ ရှောလမုန်ကို ဘုရားဆီကနေ ဝေးကွာသွားစေခဲ့တယ်ဆိုတာ ကလေးကို ရှင်းပြပါ။ အစ္စရေးနိုင်ငံ နှစ်ခြမ်းကွဲသွားပြီး မင်းဆိုးတွေက ပြည်သားတွေကို အယူဖောက်ပြန်စေတယ်၊ ရုပ်တုတွေ ကိုးကွယ်စေတယ်။ အဲဒီအချိန်မှာ ယေဟောဝါကို သစ္စာစောင့်သိတဲ့ ပရောဖက်တွေဟာ နှိပ်စက်ခံရပြီး အသတ်ခံရတယ်။ မြောက်ပိုင်းနိုင်ငံက မိဖုရားယေဇဗေလဟာ အဆိုးဆုံးဖြစ်တယ်။ ဒီအချိန်ဟာ အစ္စရေးသမိုင်းမှာ တကယ်ဝမ်းနည်းစရာကောင်းတဲ့
အချိန် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါကို သစ္စာစောင့်သိတဲ့ အစ္စရေးတွေ ရှိပါသေးတယ်။ သူတို့ထဲမှာ ဘုရင်ယောရှဖတ်နဲ့ ပရောဖက် ဧလိယ ပါတယ်။ဒီအပိုင်းမှာ
သင်ခန်းစာ ၄၄
ယေဟောဝါကို ဝတ်ပြုဖို့ ဗိမာန်တော်
ဘုရင်ရှောလမုန် တောင်းဆိုတာကို ဘုရားသဘောတူပြီး အထူးအခွင့်အရေးတွေ ပေးတယ်။
သင်ခန်းစာ ၄၆
ကရမေလတောင်ပေါ်မှာ စမ်းသပ်မှုတစ်ခု ပြုလုပ်ကြ
စစ်မှန်တဲ့ဘုရားက ဘယ်သူလဲ။ ယေဟောဝါလား၊ ဗာလလား။
သင်ခန်းစာ ၄၉
မိဖုရားဆိုးကို အပြစ်ပေး
နာဗုတ်ရဲ့ စပျစ်ခြံကို လိုချင်လို့ သူ့ကို သတ်ဖို့ ယေဇဗေလ ကြံစည်ခဲ့တယ်။ သူ့ဆိုးညစ်မှုကို ယေဟောဝါ မမြင်ဘဲ မနေခဲ့ဘူး။
သင်ခန်းစာ ၅၀
ယေဟောဝါ ယောရှဖတ်ကို ကာကွယ်ပေး
ရန်သူတွေ ခြိမ်းခြောက်တဲ့အခါ မင်းကောင်း ယောရှဖတ်ဟာ ဆုတောင်းပြီး ဘုရားကို ကိုးစားခဲ့တယ်။