မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၉ နိဒါန်း

အပိုင်း ၉ နိဒါန်း

ဒီ​အပိုင်းမှာ ယေဟောဝါကို ထူးထူးခြားခြား ယုံကြည်ကိုးစား​ခဲ့တဲ့ လူငယ်တွေ၊ ပရောဖက်တွေ၊ ဘုရင်တွေ​အကြောင်း သိရ​ပါမယ်။ ယေဟောဝါရဲ့ ပရောဖက်​ဟာ နေမန်ကို ကုသ​ပေးနိုင်​တယ်လို့ ဆီးရီးယား​ပြည် ရောက်နေ​တဲ့ အစ္စရေး​မိန်းမငယ် ယုံကြည်​တ​ယ်။ ယေဟောဝါဟာ ရန်သူ​စစ်တပ် ရန်​က​နေ ကာကွယ်​ပေးနိုင်​မှန်း ပရောဖက် ဧလိရှဲ အပြည့်အဝ ယုံကြည်စိတ်ချ​တ​ယ်။ ပုရောဟိတ်မင်း ယောယဒ​ဟာ အသက်အန္တရာယ်​ကြား​က ယောရှ​လေး​ကို သူ့​အဘွား အာသလိ​လက်​က​နေ ကာကွယ်ပေးခဲ့တယ်။ ဟေဇကိ​မင်းဟာ ဂျေရုဆလင်မြို့​ကို ယေဟောဝါ ကာကွယ်​ပေးမယ်​ဆိုတာ စိတ်ချ​ပြီး အဆီးရီးယား​တွေကို အလျှော့မပေး​ခဲ့ဘူး။ ယောရှိ​မင်းဟာ ရုပ်တုကိုးကွယ်​မှုကို ဖယ်ရှား​တ​ယ်၊ ဗိမာန်တော်​ကို ပြန်​ပြုပြင်​တ​ယ်၊ စစ်မှန်တဲ့​ဝတ်ပြုရေး​ကို ပြန်​မြှင့်တင်​တ​ယ်။

ဒီအပိုင်းမှာ

သင်ခန်းစာ ၅၁

ဗိုလ်ချုပ်ကြီးနဲ့ မိန်းကလေး

ယေဟောဝါရဲ့ ကြီးမားတဲ့တန်ခိုးအကြောင်း သခင်မကို အစ္စရေးမိန်းကလေး ပြောပြလို့ အံ့ဖွယ်နည်းနဲ့ ရောဂါပျောက်ခဲ့တယ်။

သင်ခန်းစာ ၅၂

ယေဟောဝါရဲ့ မီးလိုတောက်ပတဲ့ စစ်တပ်

‘သူတို့ထက် ပိုများတဲ့သူတွေ တို့ဘက်မှာရှိတယ်’ ဆိုတာ ဧလိရှဲရဲ့နောက်လိုက် ဘယ်လို မြင်တွေ့ခဲ့သလဲ။

သင်ခန်းစာ ၅၃

ယောယဒရဲ့ ရဲစွမ်းသတ္တိ

သစ္စာရှိပုရောဟိတ်ဟာ ဆိုးညစ်တဲ့ မိဖုရားကို တော်လှန်ခဲ့တယ်။

သင်ခန်းစာ ၅၄

ယေဟောဝါ ယောနကို စိတ်ရှည်

ဘုရားသခင့်ပရောဖက်ကို ဘာလို့ ငါးကြီးမြိုတာလဲ။ ဘယ်လို လွတ်မြောက်လာသလဲ။ သူ့ကို ယေဟောဝါ ဘာသင်ခန်းစာပေးခဲ့သလဲ။

သင်ခန်းစာ ၅၅

ယေဟောဝါရဲ့ ကောင်းကင်တမန် ဟေဇကိကို ကာကွယ်

ယေဟောဝါဟာ သူ့လူမျိုးကို မကာကွယ်ပေးဘူးလို့ ယုဒလူတွေရဲ့ ရန်သူတွေ ပြောကြပေမဲ့ အဲဒါမှားသွားပါပြီ။

သင်ခန်းစာ ၅၆

ဘုရားသခင့်ပညတ်ကို ချစ်မြတ်နိုးတဲ့ ယောရှိ

ယောရှိဟာ အသက်ရှစ်နှစ်မှာ ဘုရင်ဖြစ်လာပြီး ယေဟောဝါကို ဝတ်ပြုဖို့ သူ့လူမျိုးကို ကူညီပေးတယ်။