မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၃

ပထမယောက်ျားနဲ့ မိန်းမအကြောင်း

ပထမယောက်ျားနဲ့ မိန်းမအကြောင်း

ဒီပုံမှာ ဘာထူးခြားချက်တွေ့သလဲ။ အေးဟုတ်တယ်။ ဒီပုံမှာ လူတွေပါတယ်။ သူတို့ကတော့ ပထမလူယောက်ျားနဲ့ လူမိန်းမပေါ့။ သူတို့ကို ဘယ်သူလုပ်သလဲ။ ဘုရားသခင်ပေါ့။ မင်းတို့ ဘုရားသခင်နာမည်သိလား။ ယေဟောဝါတဲ့။ ဒီယောက်ျားနဲ့ မိန်းမကိုတော့ အာဒံနဲ့ဧဝလို့ခေါ်သတဲ့။

အာဒံကို ဘုရားသခင် ဒီလိုဖန်ဆင်းတယ်။ မြေကြီးထဲက မြေမှုန့်တချို့ကိုယူပြီးတော့ စုံလင်တဲ့ယောက်ျားကိုယ်ခန္ဓာတစ်ခုကို ပုံဖော်လိုက်တယ်။ အဲဒီနောက် သူ့ရဲ့နှာခေါင်းထဲ လေမှုတ်လိုက်တော့ အာဒံအသက်ရှင်လာတယ်။

ယေဟောဝါဘုရားသခင် အာဒံကိုခိုင်းဖို့ အလုပ်တစ်ခုရှိတယ်။ တိရစ္ဆာန်အမျိုးမျိုးကို နာမည်မှည့်ပေးပါဆိုပြီး အာဒံကိုခိုင်းလိုက်တယ်။ အာဒံဆိုလို့ရှိရင် တိရစ္ဆာန်တွေကို အကြာကြီးကြည့်ပြီးနောက်မှ သူတို့အတွက် အကောင်းဆုံး နာမည်မှည့်ပေးခဲ့မှာပဲ။ အာဒံက တိရစ္ဆာန်တွေကို နာမည်မှည့်တဲ့အခါ သူတစ်ခုသတိထားမိတယ်၊ ဘာလဲသိလား။

တိရစ္ဆာန်တွေမှာ အတွဲကိုယ်စီနဲ့။ ဆင်ဖေဖေ၊ ဆင်မေမေရှိတယ်။ ခြင်္သေ့ဖေဖေနဲ့ ခြင်္သေ့မေမေရှိတယ်။ ဒါပေမဲ့ အာဒံမှာတော့ အတွဲမရှိဖြစ်နေတယ်။ ဒါကြောင့် ဘုရားသခင်က အာဒံကို အိပ်မောကျအောင်လုပ်ပြီး သူ့နံရိုးတစ်ချောင်းကို ထုတ်ယူလိုက်တယ်။ အဲဒီနံရိုးကိုသုံးပြီး အာဒံအတွက် မိန်းမတစ်ယောက် ဖန်ဆင်းလိုက်တယ်။ ဒါနဲ့ သူ့မိန်းမ ဖြစ်လာတယ်။

ခုဆို အာဒံ အပျော်ကြီးပျော်ပြီပေါ့။ ဧဝလည်း ဒီလောက်လှတဲ့ဥယျာဉ်ထဲ နေရတဲ့အတွက် ဘယ်လောက်တောင်ပျော်မလဲ စဉ်းစားကြည့်။ ခုဆို သူတို့ကလေးတွေမွေးနိုင်ပြီ။ တပျော်တပါး အတူတူနေနိုင်ပြီပေါ့။

ယေဟောဝါဟာ အာဒံနဲ့ဧဝကို အမြဲတမ်း အသက်ရှင်နေစေချင်တယ်။ တစ်ကမ္ဘာလုံး ဧဒင်ဥယျာဉ်လေးလိုလှနေအောင် သူတို့ကို လုပ်စေချင်တယ်။ ဒါကိုလုပ်ရမယ်ဆိုတာကို အာဒံနဲ့ဧဝတို့တွေးပြီး သိပ်ပျော်ခဲ့မှာပဲ။ ကမ္ဘာကို သိပ်လှတဲ့ ဥယျာဉ်လေးလို ဖြစ်အောင်လုပ်တဲ့နေရာမှာ မင်းတို့ကော မပါချင်ဘူးလား။ ဒါပေမဲ့ အာဒံနဲ့ဧဝတို့ရဲ့ပျော်ရွှင်မှုဟာ မကြာပါဘူး၊ ပျောက်ဆုံးခဲ့ရတယ်။ ဘာဖြစ်လို့လဲ ကြည့်ရအောင်