မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၂

ရေလွှမ်းမိုးခြင်းကနေပြီး အီဂျစ်ပြည်က ကယ်နုတ်တဲ့အချိန်အထိ

ရေလွှမ်းမိုးခြင်းကနေပြီး အီဂျစ်ပြည်က ကယ်နုတ်တဲ့အချိန်အထိ

လူရှစ်ယောက်ပဲ ရေလွှမ်းမိုးဘေးကြီးကိုကပ်ကျော်ခဲ့တယ်။ ဒါပေမဲ့ ကြာလာတော့ လူရှစ်ယောက်က လူထောင်ပေါင်းများစွာဖြစ်လာတယ်။ ရေလွှမ်းမိုးပြီးလို့ နှစ်ပေါင်း ၃၅၂ နှစ်ကြာတော့ အာဗြဟံမွေးလာတယ်။ ဣဇာက်ဆိုတဲ့ သားတစ်ယောက်ကိုပေးခြင်းအားဖြင့် အာဗြဟံကိုထားတဲ့ကတိအတိုင်း ဘုရားသခင်လုပ်ခဲ့တာကိုသိရတယ်။ အဲဒီနောက်၊ ဣဇာက်ရဲ့သားနှစ်ယောက်ထဲမှာ ယာကုပ်ကို ဘုရားသခင် ရွေးလိုက်တယ်။

ယာကုပ်မှာ သားသမီးများတယ်။ သား ၁၂ ယောက်နဲ့ သမီးတွေရှိတယ်။ ယာကုပ်ရဲ့သား ၁၀ ယောက်က သူတို့ညီလေးယောသပ်ကိုမုန်းပြီး အီဂျစ်ပြည်ကို ကျွန်အဖြစ်နဲ့ ရောင်းစားလိုက်တယ်။ နောက်ပိုင်းမှာ၊ ယောသပ်ဟာ အီဂျစ်ပြည်မှာ အင်မတန်အရေးပါအရာရောက်တဲ့ အရာရှိတစ်ယောက်ဖြစ်လာတယ်။ အစာအကြီးအကျယ်ခေါင်းပါးလာတဲ့အခါ ယောသပ်က သူ့အစ်ကိုတွေ နှလုံးပြောင်းမပြောင်း စမ်းကြည့်တယ်။ နောက်ဆုံးတော့၊ ယာကုပ်တစ်အိမ်ထောင်လုံး၊ ဣသရေလတစ်မျိုးလုံး အီဂျစ်ပြည်ကို ပြောင်းလာကြတယ်။ အာဗြဟံမွေးပြီးလို့ အနှစ် ၂၉၀ အကြာမှာ အဲဒီကိုသူတို့ပြောင်းလာကြတာလေ။

ဣသရေလလူတွေ အီဂျစ်ပြည်မှာ နှစ်ပေါင်း ၂၁၅ နှစ်ကြာ နေထိုင်ကြတယ်။ ယောသပ်သေပြီးတဲ့နောက် အီဂျစ်ပြည်မှာ သူတို့ကျွန်တွေဖြစ်သွားကြတယ်။ နောက်တော့ မောရှေမွေးလာတယ်။ ဘုရားသခင်လည်း မောရှေကိုသုံးပြီး ဣသရေလလူတွေကို အီဂျစ်ပြည်ကနေ ကယ်နုတ်လိုက်တယ်။ အပိုင်း နှစ် မှာစုစုပေါင်းအနှစ် ၈၅၇ နှစ်ရှည်လျားတဲ့သမိုင်းကို တင်ပြထားတယ်။

 

ဒီအပိုင်းမှာ

ပုံပြင် ၁၁

ပထမဦးဆုံး သက်တံ

သက်တံကို သင်မြင်တဲ့အခါ ဘာကိုသတိရသင့်သလဲ။

ပုံပြင် ၁၂

လူတွေ ရဲတိုက်ကြီးဆောက်တဲ့ အကြောင်း

ဘုရားသခင် မကြိုက်တဲ့အတွက် ဘုရားပေးတဲ့ပြစ်ဒဏ်က ဒီနေ့ခေတ်လူတွေအထိပါ သက်ရောက်မှုရှိတယ်။

ပုံပြင် ၁၃

ဘုရားသခင်ရဲ့မိတ်ဆွေ–အာဗြဟံအကြောင်း

အာဗြဟံက အိမ်ကောင်းယာကောင်းကိုစွန့်၊ တဲထိုးပြီး ဘဝတစ်လျှောက်လုံးနေခဲ့တာ ဘာကြောင့်လဲ။

ပုံပြင် ၁၄

အာဗြဟံရဲ့ယုံကြည်ခြင်းကို ဘုရားသခင်စမ်းသပ်တဲ့အကြောင်း

သားဖြစ်သူဣဇာက်ကို ယဇ်ပူဇော်ဖို့ အာဗြဟံကို ဘုရားသခင် ဘာကြောင့်တောင်းဆိုတာလဲ။

ပုံပြင် ၁၅

လောတမိန်းမ နောက်သို့လှည့်ကြည့်မိတဲ့အကြောင်း

လောတမိန်းမဆီကနေ ဘာအရေးကြီးသင်ခန်းစာ သင်ယူနိုင်သလဲ။

ပုံပြင် ၁၆

ဣဇာက် မိန်းမကောင်းတစ်ယောက် ရတဲ့အကြောင်း

ရေဗက္ကဟာ ဘာကြောင့်မိန်းမကောင်း ဖြစ်ရတာလဲ။ သူ့အလှကြောင့်လား၊ တခြားအရာကြောင့်လား။

ပုံပြင် ၁၇

စရိုက်ချင်းမတူတဲ့ အမြွှာညီနောင်

အဖေဖြစ်သူ ဣဇာက်က ဧသောကိုပိုချစ်ပေမဲ့ အမေရေဗက္ကက ယာကုပ်ကိုပိုချစ်တယ်။

ပုံပြင် ၁၈

ယာကုပ် ခါရန်ကိုသွားတဲ့အကြောင်း

ယာကုပ်က ရာခေလကို ချစ်နေတာတောင် လေအာနဲ့ အရင်လက်ထပ်ခဲ့ရတယ်။

ပုံပြင် ၁၉

ယာကုပ်ရဲ့အိမ်ထောင်စု သိပ်ကြီးတယ်

ယာကုပ်ရဲ့သား ၁၂ ယောက်ရဲ့နာမည်က ဣသရေလ ၁၂ နွယ်ရဲ့နာမည် ဖြစ်သွားတာလား။

ပုံပြင် ၂၀

ဒိန ဒုက္ခတွေ့တဲ့အကြောင်း

ဒီလိုဖြစ်ရတဲ့ အခြေအနေအားလုံးက မကောင်းတဲ့အပေါင်းအသင်းကြောင့်ပဲ။

ပုံပြင် ၂၁

ယောသပ်ကို သူ့အစ်ကိုတွေ မုန်းတဲ့အကြောင်း

ညီအရင်းကို တချို့အစ်ကိုတွေ ဘာကြောင့်သတ်ချင်ကြတာလဲ။

ပုံပြင် ၂၂

ယောသပ်ထောင်ကျတဲ့ အကြောင်း

သူ ထောင်ချခံရတာက ပညတ်ကို ချိုးဖောက်လို့မဟုတ်ဘူး၊ မှန်ရာကို လုပ်လို့ဖြစ်တယ်။

ပုံပြင် ၂၃

ဖာရောရဲ့ အိမ်မက်တွေအကြောင်း

နွားခုနစ်ကောင်နဲ့ စပါးနှံခုနစ်နှံဆိုတာ အကြောင်းအရာတစ်ခုကို ပုံဆောင်တယ်။

ပုံပြင် ၂၄

ယောသပ် သူ့အစ်ကိုတွေကို စမ်းသပ်တဲ့အကြောင်း

သူ့ကို ကျွန်အဖြစ်ရောင်းလိုက်တဲ့အချိန်ကနဲ့ မတူတော့ဘဲ သူတို့တွေ တကယ်ပြောင်းလဲသွားပြီဆိုတာ သူဘယ်လိုသိခဲ့လဲ။

ပုံပြင် ၂၅

မိသားတစ်စု အီဂျစ်ပြည်သို့ပြောင်းသွားတဲ့အကြောင်း

ယာကုပ်မိသားစုကို ယာကုပ်လူမျိုးလို့ခေါ်မယ့်အစား ဣသရေလလူမျိုးလို့ ဘာကြောင့်ခေါ်ရတာလဲ။

ပုံပြင် ၂၆

ယောဘ ဘုရားသခင်ပေါ်မှာ သစ္စာရှိတဲ့အကြောင်း

ယောဘရဲ့ ချမ်းသာကြွယ်ဝမှု၊ ကျန်းမာရေးနဲ့ ကလေးတွေအားလုံး ဆုံးၡုံးသွားတယ်။ သူ့ကို ဘုရားသခင် ဒဏ်ခတ်တာလား။

ပုံပြင် ၂၇

မင်းဆိုးတစ်ပါး အီဂျစ်ပြည်ကို အုပ်ချုပ်တဲ့အကြောင်း

ဣသရေလ ယောက်ျားကလေးတိုင်းကို သတ်ခိုင်းတာ ဘာကြောင့်လဲ။

ပုံပြင် ၂၈

နို့စို့ကလေးမောရှေ ဘယ်လိုအသက်ချမ်းသာရခဲ့တဲ့ အကြောင်း

ဣသရေလယောက်ျားလေးတိုင်းကို သတ်ဖို့ အမိန့်ထုတ်ထားတဲ့အတွက် မောရှေအမေ နည်းလမ်းရှာခဲ့တယ်။

ပုံပြင် ၂၉

မောရှေဘာကြောင့်ထွက်ပြေးရတဲ့ အကြောင်း

မောရှေဟာ အသက် ၄၀ အရွယ်ရောက်တဲ့အခါ ဣသရေလလူမျိုးကို ကယ်တင်ဖို့ အသင့်ဖြစ်ပြီလို့ ထင်ခဲ့တယ်။ ထင်သလို မဖြစ်လာခဲ့ပါဘူး။

ပုံပြင် ၃၀

မီးလောင်နေတဲ့ချုံ အကြောင်း

ဘုရားသခင်က မောရှေကို အံ့ဩစရာတွေလုပ်ပြပြီး ဣသရေလလူတွေကို အီဂျစ်ပြည်ကနေ မောရှေ ခေါ်ထုတ်ဖို့အချိန်ဖြစ်ကြောင်း ပြောတယ်။

ပုံပြင် ၃၁

မောရှေနဲ့အာရုန် ဖာရောကိုသွားတွေ့တဲ့အကြောင်း

ဣသရေလလူတွေကို လွှတ်ပေးဖို့ မောရှေ ပြောတာကို ဖာရော ဘာကြောင့်နားမထောင်တာလဲ။

ပုံပြင် ၃၂

ကပ်ကြီး ၁၀ ပါးအကြောင်း

အီဂျစ်ပြည်က ဖာရောဘုရင်ဟာ ဣသရေလလူတွေကို လွှတ်ပေးဖို့ ခေါင်းမာမာနဲ့ငြင်းဆန်တာကြောင့် ဘုရားသခင်က အီဂျစ်ပြည်ပေါ် ကပ်ကြီး ၁၀ ပါး ကျရောက်စေတယ်။

ပုံပြင် ၃၃

ပင်လယ်နီကို ဖြတ်ကူးတဲ့အကြောင်း

ဘုရားသခင့်တန်ခိုးနဲ့ ပင်လယ်နီ နှစ်ခြမ်းကွဲသွားအောင် မောရှေလုပ်တယ်၊ ဣသရေလလူတွေ ခြောက်သွေ့တဲ့မြေပြင်ကနေ ဖြတ်လာကြတယ်။