မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၃

အီဂျစ်ပြည်ကလွတ်မြောက်တဲ့ အချိန်ကနေပြီး ဣသရေလ ပထမဘုရင်ခေတ်အထိ

အီဂျစ်ပြည်ကလွတ်မြောက်တဲ့ အချိန်ကနေပြီး ဣသရေလ ပထမဘုရင်ခေတ်အထိ

မောရှေဟာ ဣသရေလလူတို့ကို အီဂျစ်ပြည်ကျွန်သားပေါက်ဘဝကနေပြီး သိနာတောင်ကိုခေါ်ဆောင်လာခဲ့တယ်။ အဲဒီနေရာမှာ သူတို့ကိုဘုရားသခင်က ပညတ်တော်ပေးခဲ့တယ်။ အဲဒီနောက် မောရှေကလူ ၁၂ ယောက်ကိုလွှတ်ပြီး ခါနာန်ပြည်ကိုထောက်လှမ်းခိုင်းခဲ့တယ်။ ဒါပေမဲ့လူ ၁၀ ယောက်က သတင်းဆိုးနဲ့ပြန်လာကြတယ်။ သူတို့ကြောင့်လူတွေက အီဂျစ်ပြည်ကိုပြန်ချင်စိတ်ပေါက်လာကြတယ်။ ခုလိုယုံကြည်ခြင်းကင်းကြတဲ့အတွက် ဘုရားသခင်က ဣသရေလလူတွေကို ဒဏ်ခတ်တဲ့အနေနဲ့ တောထဲမှာ အနှစ်လေးဆယ်ပတ်ခိုင်းလိုက်တယ်။

နောက်ဆုံးတော့၊ ဣသရေလလူတွေကို ခါနာန်ပြည်ထဲဦးဆောင်သွားဖို့ ယောရှုကိုရွေးကောက်လိုက်တယ်။ သူတို့ကိုခါနာန်ပြည်သိမ်းပိုက်နိုင်ဖို့ ယေဟောဝါကအံ့သြစရာတန်ခိုးအမျိုးမျိုးပြခဲ့တယ်။ ယော်ဒန်မြစ်ရေတန့်သွားအောင်လုပ်ခဲ့တယ်။ ယေရိခေါမြို့ရိုးပြိုအောင်လုပ်ခဲ့တယ်။ ပြီးတော့တစ်နေကုန် နေရပ်နေအောင်လည်းလုပ်တယ်။ ခြောက်နှစ်လောက်ကြာတော့ ခါနာန်လူတွေလက်ထဲကနေပြီး ပြည်တော်ကိုသိမ်းပိုက်နိုင်ခဲ့တယ်။

ယောရှုကစပြီး တရားသူကြီး တစ်ယောက်ပြီးတစ်ယောက် ဣသရေလလူမျိုးကိုနှစ်ပေါင်း ၃၅၆ နှစ်အုပ်ချုပ်လာခဲ့တယ်။ ဗာရက်၊ ဂိဒေါင်၊ ယေဖသ၊ ရှံဆုန်နဲ့ရှမွေလအပါအဝင် တရားသူကြီးတော်တော်များအကြောင်း ကျွန်တော်တို့သိရတယ်။ ရာခပ်၊ ဒေဗောရ၊ ယေလ၊ ရုသ၊ နောမိနဲ့ဒေလိလ စတဲ့အမျိုးသမီးတွေအကြောင်းကိုလည်း ဖတ်ရတယ်။ ခြုံလိုက်ရင် ဒီအပိုင်း သုံး ကရာဇဝင် ၃၉၆ နှစ်ကိုငုံမိပါတယ်။

 

ဒီအပိုင်းမှာ

ပုံပြင် ၃၄

အစားအစာအသစ်အဆန်းတစ်မျိုး အကြောင်း

ဒီအထူးအစားအစာက မိုးပေါ်ကနေ ဘုရားသခင် ချပေးတာဖြစ်တယ်။

ပုံပြင် ၃၅

ယေဟောဝါ ပညတ်တော်ကိုပေးတဲ့ အကြောင်း

ပညတ်တော်ဆယ်ပါးထက် ပိုကြီးမြတ်တဲ့ ပညတ်နှစ်ပါးက ဘာလဲ။

ပုံပြင် ၃၆

ရွှေနွားရုပ် အကြောင်း

နားတောင်းတွေကိုချွတ်၊ အရည်ကျိုပြီး လုပ်ထားတဲ့ အရုပ်ကို လူတွေ ဘာလို့ ရှိခိုးကြတာလဲ။

ပုံပြင် ၃၇

ဝတ်ပြုရာတဲတော်အကြောင်း

အတွင်းအကျဆုံးအခန်းမှာ ပဋိညာဉ်သေတ္တာကို ထည့်ထားတယ်။

ပုံပြင် ၃၈

သူလျှို ၁၂ ယောက်အကြောင်း

သူလျှိုဆယ်ယောက်က တစ်မျိုးပြောပြီး သူလျှိုနှစ်ယောက်ကတော့ နောက်တစ်မျိုးပြောတယ်။ ဣသရေလလူမျိုးက ဘယ်သူ့ကို ယုံကြည်ကြသလဲ။

ပုံပြင် ၃၉

အာရုန်ရဲ့လှံတံ ပန်းပွင့်တဲ့ အကြောင်း

သက်မဲ့တုတ်ချောင်းကနေ ပန်းတွေ့နဲ့ မှည့်နေတဲ့အသီးတွေ တစ်ညတည်းနဲ့ ဘယ်လိုသီးပွင့်လာတာလဲ။

ပုံပြင် ၄၀

မောရှေ ကျောက်ဆောင်ကိုရိုက်တဲ့ အကြောင်း

မောရှေလုပ်တာကောင်းပေမဲ့ သူ့ကို ယေဟောဝါ စိတ်ဆိုးတယ်။

ပုံပြင် ၄၁

ကြေးဝါမြွေရုပ်အကြောင်း

ဣသရေလလူတွေကို အဆိပ်ရှိတဲ့မြွေတွေနဲ့ ကိုက်ခိုင်းတာ ဘာကြောင့်လဲ။

ပုံပြင် ၄၂

မြည်းတစ်ကောင် စကားပြောတဲ့အကြောင်း

မြည်းက တစ်စုံတစ်ရာကို မြင်ပေမဲ့ ဗာလမ်ကတော့ မမြင်ဘူး။

ပုံပြင် ၄၃

ယောရှု ခေါင်းဆောင်ဖြစ်လာတဲ့အကြောင်း

မောရှေ သန်သန်မာမာရှိနေသေးပေမဲ့ သူ့နေရာမှာ ယောရှုကို ဘာကြောင့်အစားထိုးတာလဲ။

ပုံပြင် ၄၄

ရာခပ်က သူလျှိုတွေကိုဝှက်တဲ့အကြောင်း

လူနှစ်ယောက်ကို ရာခပ် ဘယ်လိုကူညီပေးသလဲ။ သူ့ကို ဘာကျေးဇူးပြုသလဲ။

ပုံပြင် ၄၅

ယော်ဒန်မြစ်ကိုဖြတ်တဲ့ အကြောင်း

ယဇ်ပုရောဟိတ်တွေ ရေထဲဆင်းတာနဲ့ အံ့ဖွယ်အမှုဖြစ်ခဲ့တယ်။

ပုံပြင် ၄၆

ယေရိခေါမြို့ရိုး အကြောင်း

ကြိုးတစ်ချောင်းက အိမ်တစ်လုံးကို မပြိုလဲသွားအောင် ဘယ်လိုလုပ်နိုင်တာလဲ။

ပုံပြင် ၄၇

ဣသရေလလူမျိုးထဲက သူခိုးတစ်ယောက်အကြောင်း

မကောင်းတဲ့လူတစ်ယောက်ကြောင့် လူတစ်မျိုးလုံး ဒုက္ခရောက်နိုင်သလား။

ပုံပြင် ၄၈

ပညာရှိတဲ့ ဂိဗောင်မြို့သားတွေအကြောင်း

ယောရှုနဲ့ ဣသရေလလူမျိုး ကတိပြုအောင် ဂိဗောင်မြို့သားတွေ ဉာဏ်ဆင်ခဲ့ပေမဲ့ ဣသရေလလူမျိုးဟာ ကတိတည်ခဲ့ကြတယ်။

ပုံပြင် ၄၉

နေ ရပ်သွားတဲ့အကြောင်း

ယေဟောဝါဟာ အရင်ကလည်း မလုပ်ဘူး၊ နောက်လည်း မလုပ်တော့မယ့်အရာတစ်ခုကို ယောရှုအတွက် လုပ်ပေးခဲ့တယ်။

ပုံပြင် ၅၀

သတ္တိကောင်းတဲ့ မိန်းမနှစ်ယောက်အကြောင်း

ဣသရေလလူမျိုးကို စစ်တိုက်ဖို့ ဦးဆောင်သူဟာ ဗာရက်ဖြစ်ပေမဲ့ ယေလက ဘာလို့ဂုဏ်တင်ခံရတာလဲ။

ပုံပြင် ၅၁

ရုသနဲ့ နောမိအကြောင်း

ရုသဟာ နောမိနဲ့အတူနေဖို့၊ ယေဟောဝါကို ဝတ်ပြုဖို့ သူ့မွေးရပ်မြေကို စွန့်ခဲ့တယ်။

ပုံပြင် ၅၂

ဂိဒေါင်နဲ့ သူ့လူ ၃၀၀ အကြောင်း

ထူးဆန်းတဲ့ရေသောက်နည်းကို သုံးပြီး လူနည်းစုစစ်တပ်ရဖို့ ယေဟောဝါ လုပ်ဆောင်ခဲ့တယ်။

ပုံပြင် ၅၃

ယေဖသရဲ့ ကတိအကြောင်း

ယေဟောဝါကို ပေးတဲ့ကတိက ယေဖသမှာသာမက သူ့သမီးကိုပါ သက်ရောက်မှုရှိခဲ့တယ်။

ပုံပြင် ၅၄

အသန်ဆုံးလူအကြောင်း

ရှံဆုန်သန်စွမ်းရတဲ့ လျှို့ဝှက်ချက်ကို ဒေလိလ ဘယ်လိုသိသွားသလဲ။

ပုံပြင် ၅၅

ကလေးလေးတစ်ယောက် ဘုရားသခင်ကိုဝတ်ပြုတဲ့ အကြောင်း

ယဇ်ပုရောဟိတ် ဧလိဆီ ဝမ်းနည်းစရာသတင်းစကားကို သွားပြောဖို့ လူငယ်လေးရှမွေလကို ယေဟောဝါ အသုံးပြုခဲ့တယ်။