မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၃၆

ရွှေနွားရုပ် အကြောင်း

ရွှေနွားရုပ် အကြောင်း

အလိုလေး၊ အလိုလေး၊ လူတွေဘာလုပ်နေကြတာတုန်း။ နွားရုပ်ရှေ့မှာဆုတောင်းနေကြတယ်လေ။ ဘာဖြစ်လို့ ဒီလိုလုပ်ကြတာလဲ။

မောရှေတောင်ပေါ်မှာ အကြာကြီးသွားနေတော့ လူတွေက ‘မောရှေဘာဖြစ်သွားသလဲ တို့မသိဘူး။

ဒီနေရာကထွက်သွားရအောင် တို့ကိုဦးဆောင်မယ့်ဘုရားတစ်ဆူကိုလုပ်ကြရအောင်’ ဆိုပြီးပြောလာကြတယ်။

‘ကောင်းပြီ’ ဆိုပြီး မောရှေရဲ့အစ်ကိုအာရုန်ကပြောတယ်။ ‘မင်းတို့ရဲ့နားတောင်းတွေကို ချွတ်ပြီးငါ့ဆီကိုယူခဲ့’ ဆိုပြီးပြောတယ်။ လူတွေကသူတို့နားတောင်းတွေယူလာကြတဲ့အခါ အာရုန်က အရည်ကျိုပြီး ရွှေနွားရုပ်လုပ်ပေးလိုက်တယ်။ အဲဒီအခါလူတွေက ‘တို့ကို အီဂျစ်ပြည်ကခေါ်ထုတ်လာတဲ့ဘုရားဟာ ဒီဘုရားပဲဟေ့’ ဆိုပြီးပြောကြတယ်။ ပြီးတော့ ဣသရေလလူတွေ ပွဲအကြီးအကျယ်လုပ်ကြတယ်။ ရွှေနွားရုပ်ကိုလည်းရှိခိုးကြတယ်။

ယေဟောဝါဒါကိုမြင်တဲ့အခါ အကြီးအကျယ်စိတ်ဆိုးတယ်။ ဒါနဲ့မောရှေကို ‘အမြန်အောက်ကိုဆင်းသွား။ လူတွေအင်မတန်ဆိုးနေကြပြီ။ ငါ့ပညတ်ကိုသူတို့မေ့သွားကြပြီ။ ရွှေနွားရုပ်ကိုကိုးကွယ်နေကြပြီ’ ဆိုပြီးပြောတယ်။

မောရှေလည်းတောင်အောက်ကိုအမြန်ဆင်းသွားတာပေါ့။ အနားရောက်တော့ ဒီပုံမှာပါတဲ့အတိုင်း တွေ့ပါလေရော။ လူတွေဟာ ရွှေနွားရုပ်ကိုပတ်ပြီး သီချင်းဆို ကခုန်နေကြတယ်။ မောရှေဘယ်လောက်စိတ်ဆိုးသွားလဲဆိုတော့ ပညတ်တော်ပါတဲ့ကျောက်ပြားနှစ်ချပ်ကို ပေါက်ခွဲလိုက်တယ်။ ကျောက်ပြားတွေလည်း အစိတ်စိတ်အမြွှာမြွှာကွဲသွားတာပဲ။ ပြီးတော့ ရွှေနွားရုပ်ကိုယူပြီး အရည်ကျိုလိုက်တယ်။ ပြီးတော့ အမှုန့်ဖြစ်အောင်ကြိတ်လိုက်တယ်။

လူတွေဟာ အင်မတန်ဆိုးတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ်။ ဒါနဲ့မောရှေက လူတချို့ကိုဓားဆွဲကိုင်ခိုင်းပြီး ‘ရွှေနွားရုပ်ကိုကိုးကွယ်တဲ့လူဆိုးတွေသေရမယ်’ ဆိုပြီးပြောတယ်။ ဒါနဲ့လူပေါင်း ၃,၀၀၀ ကိုအဲဒီလူတွေကသတ်ပစ်လိုက်တယ်။ မှောက်မှားတဲ့တခြားဘုရားကို မကိုးကွယ်ဘဲ၊ ယေဟောဝါတစ်ပါးတည်းကိုသာ သတိနဲ့ကိုးကွယ်ရမယ်ဆိုတာကို ပြမနေဘူးလား။