မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၇၁

ပရဒိသုတစ်ခုပေးဖို့ ဘုရားသခင်ကတိပြုတဲ့အကြောင်း

ပရဒိသုတစ်ခုပေးဖို့ ဘုရားသခင်ကတိပြုတဲ့အကြောင်း

ဒီပုံကတော့ ပရောဖက်ဟေရှာယကို ဘုရားသခင်ပြခဲ့ချင်ပြခဲ့ဖူးမယ့် ပရဒိသုတစ်ခုရဲ့ပုံပဲပေါ့။ ဟေရှာယက ယောနပြီးတဲ့နောက် အသက်ရှင်ခဲ့တဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ။

ပရဒိသုဆိုတာ ‘ဥယျာဉ်’ ဒါမှမဟုတ် ‘ပန်းခြံ’ ဖြစ်တယ်။ ဒီစာအုပ်ထဲမှာတွေ့ခဲ့ဖူးတဲ့ ပုံတစ်ခုကိုသွားသတိမရဘူးလား။ အာဒံနဲ့ဧဝတို့အတွက် ယေဟောဝါလုပ်ပေးခဲ့တဲ့ ဥယျာဉ်လှလှနဲ့မတူဘူးလား။ ဒါပေမဲ့ တစ်ကမ္ဘာလုံး ပရဒိသုလိုပြန်ဖြစ်လာဦးမလား။

ဘုရားသခင်ရဲ့လူမျိုးတွေအတွက် လာမယ့်ပရဒိသုအသစ်အကြောင်းကို ယေဟောဝါကပရောဖက်ဟေရှာယကို ရေးခိုင်းလိုက်တယ်။ သူက ‘တောခွေးနဲ့သိုးသငယ်ကလေးအတူတူ အေးအေးချမ်းချမ်းနေကြမယ်။ နွားကလေးတွေနဲ့ ခြင်္သေ့ကလေးတွေ အတူတူအစာစားကြမယ်။ ကလေးလေးတွေက သူတို့ကိုထိန်းမယ်။ အဆိပ်ရှိတဲ့မြွေအနားမှာ နို့စို့ကလေးလေး ကစားရင်တောင် ဘာအန္တရာယ်မှဖြစ်မှာမဟုတ်ဘူး’ ဆိုပြီးရေးထားတယ်။

‘ဒီလိုဘယ်တော့မှမဖြစ်နိုင်ဘူး’ ဆိုပြီး လူတော်တော်များများကပြောကြမယ်။ ‘ကမ္ဘာပေါ်မှာ ဒုက္ခအမြဲရှိခဲ့တယ်။ ဒီလိုပဲ ဒုက္ခတွေရှိနေမှာပဲ’ ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ စဉ်းစားကြည့်၊ အာဒံနဲ့ဧဝနေဖို့အတွက် ဘုရားသခင်ဘယ်လိုနေရာလုပ်ပေးခဲ့သလဲ။

အာဒံနဲ့ဧဝတို့ကို ဘုရားသခင်က ပရဒိသုမှာထားခဲ့တယ်။ ဘုရားသခင်ရဲ့စကားကို သူတို့နားမထောင်လို့သာ သူတို့ရဲ့လှပတဲ့ဂေဟာလေး ဆုံးၡုံးသွားရတယ်၊ အိုလာကြတယ်၊ ပြီးတော့သေသွားကြတယ်။ ဘုရားသခင်က သူ့ကိုချစ်တဲ့လူတွေကို အာဒံနဲ့ဧဝတို့လက်လွှတ်သွားခဲ့ရတဲ့ဟာတွေကို ပြန်ပေးမယ်ဆိုပြီး ကတိပြုထားတယ်။

လာမယ့်ပရဒိသုအသစ်မှာဆိုရင် ဒုက္ခပေးတာ၊ ဖျက်လိုဖျက်ဆီးလုပ်တာ ဘာမှရှိမှာမဟုတ်တော့ဘူး။ ငြိမ်းချမ်းရေးအပြည့်အဝရမယ်။ လူအားလုံးကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့နေရကြလိမ့်မယ်။ အစဦးတုန်းက ဘုရားသခင်ဖြစ်စေချင်တဲ့ ပုံစံအတိုင်းဖြစ်လာမယ်။ အဲဒီလိုဖြစ်လာအောင် ဘုရားသခင်ဘယ်လိုလုပ်မလဲဆိုတာကို နောက်ပိုင်းမှာတွေ့ရလိမ့်မယ်။