မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၇

ယေရှုရှင်ပြန်ထမြောက်တဲ့အချိန်ကနေပြီး ပေါလုထောင်ကျတဲ့အချိန်အထိ

ယေရှုရှင်ပြန်ထမြောက်တဲ့အချိန်ကနေပြီး ပေါလုထောင်ကျတဲ့အချိန်အထိ

ယေရှုသေပြီး သုံးရက်နေ့ရောက်တဲ့အခါ ရှင်ပြန်ထမြောက်လာတယ်။ အဲဒီနေ့မှာပဲ သူ့တပည့်တော်တွေရှေ့မှာ အချိန်ခြားပြီး ငါးကြိမ် ကိုယ်ယောင်ထင်ရှားပြခဲ့တယ်။ ဆက်ပြီးတော့လည်း ရက်ပေါင်း ၄၀ ကိုယ်ယောင်ထင်ရှားပြခဲ့တယ်။ ပြီးတော့ တပည့်တော်တချို့တွေကြည့်နေတုန်း ကောင်းကင်ကိုတက်ကြွသွားတယ်။ ဆယ်ရက်ကြာတော့ ယေရုရှလင်မြို့မှာ စောင့်နေတဲ့ယေရှုရဲ့နောက်လိုက်တွေပေါ်မှာ ဘုရားသခင် သန့်ရှင်းတဲ့ဝိညာဉ်တော်သွန်းလောင်းပေးခဲ့တယ်။

အဲဒီနောက် ဘုရားသခင်ရဲ့ရန်သူတွေက တမန်တော်တွေကို ထောင်ထဲချခဲ့ကြတယ်။ ဒါပေမဲ့ ကောင်းကင်တမန်က သူတို့ကိုကယ်လိုက်တယ်။ တပည့်တော်သတေဖန်ကို အတိုက်အခံသမားတွေက ခဲနဲ့ပေါက်သတ်လိုက်တယ်။ ဒါပေမဲ့ အတိုက်အခံလုပ်တဲ့ ဒီလူတွေထဲကတစ်ယောက်ကို ယေရှုက အထူးအစေခံတစ်ယောက်အနေနဲ့ ရွေးကောက်ခဲ့တဲ့အကြောင်း၊ အဲဒီလူဟာလည်း တမန်တော်ပေါလုဖြစ်လာတဲ့အကြောင်းကိုသိရလိမ့်မယ်။ ပြီးတော့ ယေရှုသေလို့သုံးနှစ်ခွဲအကြာမှာ ဘုရားသခင်က ပေတရုကိုလွှတ်ပြီး ဂျူးလူမျိုးမဟုတ်တဲ့ ကော်နေလိနဲ့သူ့မိသားစုကို ဟောပြောခိုင်းခဲ့တယ်။

၁၃ နှစ်နောက်ပိုင်းမှာ ပေါလုက ပထမအချီဟောပြောခြင်းခရီးစဉ်ကိုစခဲ့တယ်။ ဒုတိယအချီရောက်တော့ တိမောသေပါလိုက်သွားတယ်။ ပေါလုနဲ့သူ့ခရီးဖော်တွေ ဘုရားသခင်ကိုဝတ်ပြုတဲ့နေရာမှာ ဘယ်လိုစွန့်စားမှုတွေကြုံခဲ့ရတာတွေကိုသိရမယ်။ နောက်ဆုံးတော့ ပေါလုထောင်ကျသွားတယ်။ နောက်နှစ်နှစ်ကြာတော့ လွတ်လာတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်ထောင်အချခံရပြီး အသတ်လည်းခံရရှာတယ်။ အပိုင်း ၇ မှာပါတဲ့အဖြစ်အပျက်တွေဟာ ၃၂ နှစ်အတွင်းဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေပေါ့။

 

ဒီအပိုင်းမှာ

ပုံပြင် ၁၀၂

ယေရှု ပြန်ရှင်ပြီဆိုတဲ့အကြောင်း

ကောင်းကင်တမန်တစ်ပါး ယေရှုရဲ့သင်္ချိုင်းဂူကို ပိတ်ထားတဲ့ ကျောက်တုံးကြီးကို လှိမ့်လိုက်ပြီးနောက် စောင့်ကြပ်နေတဲ့ စစ်သားတွေ အထဲကိုကြည့်ပြီး အံ့သြကုန်ကြတယ်။

ပုံပြင် ၁၀၃

သော့ခတ်ထားတဲ့အခန်းထဲကို ဝင်သွားတဲ့အကြောင်း

ယေရှု ထမြောက်ပြီးနောက် တပည့်တွေ ကိုယ်တော့်ကို ဘာလို့ မမှတ်မိတာလဲ။

ပုံပြင် ၁၀၄

ယေရှုကောင်းကင်ကို ပြန်သွားတဲ့အကြောင်း

ယေရှု ကောင်းကင်ကို မတက်ခင် နောက်ဆုံးမိန့်မှာချက်တစ်ခု တပည့်တွေကို ပေးခဲ့တယ်။

ပုံပြင် ၁၀၅

ယေရုရှလင်မြို့မှာ စောင့်နေကြတဲ့အကြောင်း

ယေရှုဟာ ပင်တေကုတ္တေပွဲနေ့မှာ တပည့်တွေအပေါ် သန့်ရှင်းသောစွမ်းအားတော် ဘာလို့ သွန်းလောင်းပေးတာလဲ။

ပုံပြင် ၁၀၆

ထောင်ထဲကထွက်လာကြတဲ့အကြောင်း

ဂျူးဘာသာရေးခေါင်းဆောင်တွေဟာ တမန်တော်တွေ ဆက်မဟောဖို့ ထောင်ချလိုက်တယ်။ ဒါပေမဲ့ ဘုရားသခင်မှာ အစီအစဉ်ရှိတယ်။

ပုံပြင် ၁၀၇

သတေဖန် ကျောက်ခဲနဲ့ပေါက်သတ်ခံရတဲ့အကြောင်း

သတေဖန်ဟာ အသတ်ခံရချိန်မှာ အတုယူထိုက်တဲ့နည်းနဲ့ ဆုတောင်းပြခဲ့တယ်။

ပုံပြင် ၁၀၈

ဒမာသက်မြို့သွားတဲ့လမ်းပေါ်မှာ

မျက်စိကွယ်စေတဲ့ အလင်းတန်းတစ်ခုနဲ့ ကောင်းကင်က အသံတစ်ခုဟာ ရှောလုရဲ့ဘဝကို ပြောင်းလဲစေခဲ့တယ်။

ပုံပြင် ၁၀၉

ပေတရု ကော်နေလိဆီသွားတဲ့အကြောင်း

လူတစ်မျိုးက တခြားလူမျိုးထက် ပိုသာတယ်လို့ ဘုရား ရှုမြင်သလား။

ပုံပြင် ၁၁၀

ပေါလုရဲ့လုပ်ဖော်သစ်—တိမောသေအကြောင်း

တိမောသေဟာ အိမ်ကနေထွက်လာပြီး ပေါလုနဲ့အတူ စိတ်လှုပ်ရှားဖွယ် ဟောပြောခြင်းခရီးစဉ်ကို လိုက်သွားတယ်။

ပုံပြင် ၁၁၁

အိပ်ပျော်သွားတဲ့ ယောက်ျားကလေးတစ်ယောက် အကြောင်း

ဥတုခုဟာ ပေါလုရဲ့ ပထမဟောပြောချက်အတွင်း အိပ်ပျော်သွားတယ်။ ဒုတိယဟောပြောချက်မစခင် အံ့ဖွယ်လုပ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့တယ်။

ပုံပြင် ၁၁၂

ကျွန်းတစ်ကျွန်းမှာ သင်္ဘောပျက်ခဲ့တဲ့အကြောင်း

အားလုံး သေတော့မယ်လို့ ထင်ရပေမဲ့ ဘုရားဆီကလာတဲ့ သတင်းတစ်ခုကို ပေါလု ရရှိတယ်။

ပုံပြင် ၁၁၃

ပေါလု ရောမမြို့မှာရှိနေတဲ့အခါ

ပေါလုဟာ ထောင်ကျနေချိန်မှာတောင် သူ့အလုပ်ကို ဘယ်လိုဆက်လုပ်နိုင်ခဲ့သလဲ။