မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၈

ကျမ်းစာကြိုတင်ပြီးပြောခဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်လာတဲ့အကြောင်း

ကျမ်းစာကြိုတင်ပြီးပြောခဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်လာတဲ့အကြောင်း

ကျမ်းစာဟာ တကယ်ဖြစ်ခဲ့တဲ့သမိုင်းပုံပြင်တွေကိုပဲရေးပြထားတာမဟုတ်ဘူး။ နောက်နောင်ကိုဖြစ်မယ့်အကြောင်းတွေကိုပါ ရေးပြထားတယ်။ လူတွေအနေနဲ့ နောင်ဖြစ်လာမယ့်အကြောင်းကို မပြောနိုင်ဘူး။ ဒါကြောင့်လည်း ကျမ်းစာဟာ ဘုရားသခင်ဆီကလာတယ်ဆိုတာ ပြောနိုင်တယ်။ အနာဂတ်နဲ့ပတ်သက်ပြီး ကျမ်းစာဘာတွေပြောထားသလဲ။

ဘုရားသခင်တိုက်မယ့် ဧရာမစစ်ပွဲကြီးအကြောင်းပြောထားတယ်။ အဲဒီစစ်ပွဲကြီးမှာ ဘုရားသခင်ဟာကမ္ဘာပေါ်ကမကောင်းတဲ့လူတွေ၊ မကောင်းတဲ့ဟာတွေအားလုံးကိုရှင်းပစ်မယ်။ ဒါပေမဲ့ သူ့ကိုဝတ်ပြုတဲ့လူတွေကိုကျတော့ သူအကာအကွယ်ပေးမယ်။ ဘုရားသခင်ခန့်ထားတဲ့ဘုရင်ယေရှုခရစ်က ဘုရားသခင်ရဲ့ကျေးကျွန်တွေ ငြိမ်းချမ်းပျော်ရွှင်စွာနဲ့နေနိုင်ဖို့ စီစဉ်ပေးမယ်။ နောက်တစ်ခါ ဖျားနာတာ၊ သေတာမဖြစ်ရအောင်လည်း လုပ်ပေးမယ်။

ကမ္ဘာမြေကြီးပေါ်မှာ ပရဒိသုအသစ် ဘုရားသခင်ဖန်တီးပေးမှာကို တို့တစ်တွေဝမ်းသာစရာပဲ။ ဟုတ်တယ်မဟုတ်လား။ ဒါပေမဲ့ အဲဒီပရဒိသုမှာ နေချင်တယ်ဆိုရင် တစ်ခုခုတော့လုပ်ရမယ်။ နောက်ဆုံးပုံပြင်ထဲမှာ ဘုရားသခင်ကိုဝတ်ပြုတဲ့လူတွေအတွက် ဘုရားသခင်လုပ်ထားပေးတဲ့ ဒီကောင်းချီးတွေကိုခံစားနိုင်ဖို့ တို့ဘာတွေလုပ်မလဲဆိုတာကိုသင်ယူမယ်။ ဒီတော့ အပိုင်း ၈ ကိုဖတ်ပြီး အနာဂတ်အတွက် ကျမ်းစာဘာတွေကြိုပြောထားသလဲဆိုတာ အဖြေရှာကြည့်မယ်။

 

ဒီအပိုင်းမှာ

ပုံပြင် ၁၁၄

အဆိုးအားလုံးရဲ့ လမ်းဆုံး

ဘုရားသခင်ဟာ အာမဂေဒုန်စစ်ပွဲကို ယေရှုနဲ့သူ့စစ်တပ်ကို ဘာလို့စေလွှတ်တာလဲ။

ပုံပြင် ၁၁၅

ကမ္ဘာပေါ်က ပရဒိသုအသစ်

လူတွေဟာ ပရဒိသုမှာ နေခဲ့ဖူးကြတယ်။ နောက်တစ်ကြိမ် ပရဒိသု ဖြစ်လာအုံးမယ်။

ပုံပြင် ၁၁၆

ထာဝရနေနိုင်အောင် ဘယ်လိုလုပ်ရမယ့်အကြောင်း

ယေဟောဝါဘုရားနဲ့ ယေရှုခရစ်အကြောင်းသိရုံနဲ့ လုံလောက်ပြီလား။ နောက်ထပ် ဘာတွေလိုသေးလဲ။