အခန်းနှစ်
သမ္မာကျမ်းစာ—ဘုရားသခင်ဆီကစာအုပ်
၁၊ ၂။ ကျမ်းစာဟာ ဘာကြောင့် သိပ်ကောင်းတဲ့ ဘုရားပေးလက်ဆောင်ဖြစ်သလဲ။
မိတ်ဆွေတစ်ယောက်ဆီက မထင်မှတ်ဘဲ လက်ဆောင်ရတဲ့အခါ သင် ဘယ်လိုခံစားရသလဲ။ ဘာများလဲဆိုပြီး အမြန်ဆုံး ဖွင့်ကြည့်ချင်မှာပဲ။ အဲဒီလို သတိတရ လက်ဆောင်ပေးလို့ ဝမ်းသာရုံမက သူ့ကို ကျေးဇူးတင်နေမှာပဲ။
၂ သမ္မာကျမ်းစာဟာ ဘုရားပေးလက်ဆောင် ဖြစ်တယ်။ တခြားဘယ်နေရာမှာမှ ရှာမတွေ့နိုင်တဲ့ အကြောင်းအရာတွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ ကောင်းကင်၊ မြေကြီး၊ ပထမဆုံး လူယောက်ျား၊ လူမိန်းမကို ဘုရားသခင် ဖန်ဆင်းခဲ့တဲ့အကြောင်း၊ ပြဿနာကြုံရတဲ့အခါ ကူညီပေးနိုင်တဲ့ လမ်းညွှန်ချက်တွေအကြောင်း ကျမ်းစာမှာ ပါတယ်။ ဘုရားသခင်ဟာ ကမ္ဘာမြေကို ပိုကောင်းမွန်တဲ့ အခြေအနေရောက်စေမယ်ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း ဖြစ်လာအောင် ဘယ်လိုလုပ်ပေးမယ်ဆိုတာ ကျမ်းစာကနေ သိနိုင်တယ်။ ကျမ်းစာဟာ သိပ်ကောင်းတဲ့ လက်ဆောင်ပါပဲ။
၃။ ကျမ်းစာလေ့လာတာနဲ့အမျှ ဘာအကြောင်း သိလာမလဲ။
၃ ကျမ်းစာလေ့လာတာနဲ့အမျှ ဘုရားသခင်ဟာ သင့်ကို သူ့မိတ်ဆွေဖြစ်စေချင်မှန်း သိလာပါလိမ့်မယ်။ ဘုရားအကြောင်း ပိုသိလာတဲ့အခါ ဘုရားနဲ့ ပိုရင်းနှီးကျွမ်းဝင်လာပါလိမ့်မယ်။
၄။ ကျမ်းစာနဲ့ပတ်သက်ပြီး ဘယ်အချက်က မှတ်သားစရာကောင်းသလဲ။
၄ ကျမ်းစာကို ဘာသာစကား ၂,၈၀၀ ကျော်နဲ့ ဘာသာပြန်ထားပြီး အုပ်ရေ သန်းပေါင်းထောင်နဲ့ချီ ပုံနှိပ်ထုတ်ဝေခဲ့ပြီးပြီ။ ကမ္ဘာ့လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်ဟာ ကိုယ့်ဘာသာစကားနဲ့ ကျမ်းစာကို ဖတ်ရှုနိုင်ပြီ။ ကျမ်းစာကို တစ်ပတ်မှာ လူတစ်သန်းကျော် လက်ဝယ်ပိုင်ဆိုင်နိုင်ပြီ။ ကျမ်းစာလို စာအုပ်မျိုး ဘယ်မှာမှ မရှိဘူး။
၅။ ကျမ်းစာကို “ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထား” တယ်လို့ ဘာကြောင့် ပြောနိုင်တာလဲ။
၂ တိမောသေ ၃:၁၆ ကိုဖတ်ပါ။) ‘ကျမ်းစာကို လူတွေ ရေးတာဆိုရင် ဘယ်လိုလုပ်ပြီး ဘုရားသခင်ဆီကစာအုပ် ဖြစ်နိုင်မလဲ’ လို့တချို့တွေးကြမယ်။ “လူတွေက သန့်ရှင်းသော စွမ်းအားတော်ရဲ့ လှုံ့ဆော်မှုကိုခံရလို့ ဘုရားသခင်ဆီကလာတဲ့ စကားတွေကို ပြန်ဟောတာဖြစ်တယ်” လို့ ကျမ်းစာ အဖြေပေးတယ်။ (၂ ပေတရု ၁:၂၁) လုပ်ငန်းရှင်တစ်ယောက်က သူ့ကိုယ်စား အတွင်းရေးမှူးကို စာတစ်စောင်ရေးခိုင်းတယ် ဆိုပါစို့။ အဲဒီစာဟာ ဘယ်သူ့စာလဲ။ အတွင်းရေးမှူးရဲ့စာ မဟုတ်ဘူး၊ လုပ်ငန်းရှင်ရဲ့စာ ဖြစ်တယ်။ အဲဒီလိုပဲ၊ ကျမ်းစာအာဘော်ရှင်ဟာ ဘုရားသခင်ပဲ၊ ကျမ်းရေးသူတွေ မဟုတ်ဘူး။ ဘုရားသခင်က သူ့အတွေးအခေါ်တွေကို ချရေးဖို့ ကျမ်းရေးသူတွေကို လမ်းညွှန်ခဲ့တာ။ ဒါကြောင့် ကျမ်းစာဟာ တကယ်ပဲ “ဘုရား သခင်ရဲ့ တရားစကား” ဖြစ်တယ်။—၁ သက်သာလောနိတ် ၂:၁၃။ ရှင်းလင်းချက် ၂ ကိုကြည့်ပါ။
၅ ကျမ်းစာကို “ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထား” တယ်။ (ကျမ်းစာဟာ တိကျမှန်ကန်
၆၊ ၇။ ကျမ်းစာဟာ ရှေ့နောက်ညီတယ်လို့ ဘာကြောင့် ပြောနိုင်တာလဲ။
၆ ကျမ်းစာ ရေးသားပြီးစီးဖို့ နှစ်ပေါင်း ၁,၆၀၀ ကျော် ကြာတယ်။ ကျမ်းရေးသူတွေဟာ ခေတ်ကာလအမျိုးမျိုးမှာ အသက်ရှင်ခဲ့ကြတယ်။ တချို့က ပညာတတ်တွေ၊ တချို့က သာမန်လူတွေပဲ။ ဥပမာ၊ ကျမ်းရေးသူတွေထဲမှာ ဆရာဝန်တစ်ယောက် ပါတယ်။ လယ်သမား၊ တံငါသည်၊ သိုးထိန်း၊ ပရောဖက်၊ တရားသူကြီး၊ ဘုရင်တွေလည်း ပါတယ်။ ကျမ်းရေးသူတွေ မတူကြပေမဲ့ ကျမ်းစာတစ်အုပ်လုံးဟာ ရှေ့နောက်ညီတယ်။ ဒီတစ်ခန်းမှာ တစ်မျိုးရေးပြီး နောက်အခန်းမှာတော့ နောက်တစ်မျိုး မရေးဘူး။ *
၇ ကျမ်းစာရဲ့ ဦးဆုံးအခန်းတွေမှာ ကမ္ဘာ့ပြဿနာတွေ စတင်ပေါ်ပေါက်လာပုံကို ဖော်ပြတယ်။ နောက်ဆုံးအခန်းတွေမှာ ဘုရားသခင်က ကမ္ဘာမြေတစ်ခုလုံးကို သာယာလှပတဲ့ဥယျာဉ် (ပရဒိသု) ဖြစ်စေမယ်၊ ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းပေးမယ်ဆိုတဲ့အကြောင်း ဖော်ပြတယ်။ နှစ်ပေါင်းထောင်ချီကြာတဲ့ လူ့သမိုင်းကြောင်းအပြင် ဘုရားသခင့်ရည်ရွယ်ချက် အမြဲပြည့်စုံတဲ့အကြောင်းကိုပါ ကျမ်းစာမှာ ဖော်ပြတယ်။
၈။ ကျမ်းစာဟာ သိပ္ပံပညာနဲ့ကိုက်ညီမှန်း ဖော်ပြတဲ့ ဥပမာတွေကို ပြောပြပါ။
၈ ကျမ်းစာဟာ သိပ္ပံပညာအကြောင်း ရှင်းပြတဲ့စာအုပ်၊ ကျောင်းစာအုပ် မဟုတ်ပါဘူး။ ဒါပေမဲ့ သိပ္ပံပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြတဲ့အခါ တိကျမှန်ကန်တယ်။ ကျမ်းစာဟာ ဘုရားသခင်ဆီက စာအုပ်ဖြစ်လို့ ဒီလိုပဲဖြစ်ရမယ် မဟုတ်လား။ ဥပမာ၊ ဝတ်ပြုရာကျမ်းမှာ အစ္စရေးလူမျိုးတွေ ရောဂါမကူးစက်အောင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ ဘုရားသခင့်ညွှန်ကြားချက်တွေ ယောဘ ၂၆:၇) ကမ္ဘာကြီး ပြားတယ်လို့ လူအများစု ယုံကြည်နေချိန်မှာ ကျမ်းစာက ကမ္ဘာကြီး လုံးဝန်းတယ်ဆိုပြီး ဖော်ပြတယ်။—ဟေရှာယ ၄၀:၂၂။
ပါတယ်။ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေအကြောင်း လူတွေမသိခင် ဟိုးအရင်ကတည်းက အဲဒီလို ရေးခဲ့တာ။ ဒါ့အပြင် ကမ္ဘာကြီးကို “ဘာနဲ့မှ မချိတ်ဆွဲဘဲ ဆိုင်းထားတယ်” လို့ ကျမ်းစာက တိကျမှန်ကန်စွာ ဖော်ပြတယ်။ (၉။ ကျမ်းရေးသူတွေရဲ့ ရိုးသားမှုက ဘာကို နားလည်စေသလဲ။
၉ သမိုင်းနဲ့ပတ်သက်တဲ့ ကျမ်းစာဖော်ပြချက်တွေဟာ တိကျမှန်ကန်တယ်။ သမိုင်းစာအုပ်အများစုဟာ စာရေးဆရာတွေ ရိုးသားမှုမရှိတဲ့အတွက် အပြည့်အဝ တိကျမှန်ကန်မှု မရှိဘူး။ ဥပမာ၊ ကိုယ့်လူမျိုး စစ်ရှုံးတဲ့အကြောင်း ဖော်ပြလေ့မရှိဘူး။ ဒါပေမဲ့ ကျမ်းစာရေးသူတွေကတော့ အစ္စရေးလူမျိုး စစ်ရှုံးတဲ့အကြောင်းကိုတောင် ထည့်ရေးထားတယ်။ ကိုယ်တိုင်ရဲ့ အမှားတွေအကြောင်းကိုလည်း ရေးသားကြတယ်။ သာဓကအနေနဲ့ တောလည်ရာကျမ်းမှာ မောရှေက ကြီးလေးတဲ့အမှား လုပ်မိလို့ သူ့ကို ဘုရား ဆုံးမခဲ့တဲ့အကြောင်း ဝန်ခံထားတယ်။ (တောလည်ရာ ၂၀:၂-၁၂) ကျမ်းရေးသူတွေရဲ့ ရိုးသားမှုက ကျမ်းစာဟာ ဘုရားသခင်ဆီက လာတယ်ဆိုတာ သက်သေထူတယ်။ ဒါကြောင့် ကျမ်းစာကို ယုံကြည်စိတ်ချနိုင်တယ်။
အကြံဉာဏ်ကောင်းတွေပါတဲ့ စာအုပ်
၁၀။ ကျမ်းစာအကြံဉာဏ်တွေဟာ ကျွန်တော်တို့အတွက် ဘာကြောင့် အသုံးဝင်သလဲ။
၁၀ ကျမ်းစာဟာ ‘ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့အတွက် လူတွေကို သွန်သင်တဲ့အခါ၊ အမှားတွေ ဖော်ထုတ်တဲ့အခါ၊ ပဲ့ပြင်တဲ့အခါ အကျိုးဖြစ်ထွန်းစေတယ်။’ (၂ တိမောသေ ၃:၁၆) ကျမ်းစာအကြံဉာဏ်တွေဟာ ကျွန်တော်တို့အတွက် အသုံးဝင်နေတုန်းပဲ။ ယေဟောဝါက ကျွန်တော်တို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို သိလို့ ကျွန်တော်တို့ ဘာစဉ်းစားနေတယ်၊ ဘယ်လိုခံစားနေရတယ်ဆိုတာကိုလည်း နားလည်တယ်။ ကိုယ့်ကိုယ်ကိုယ် သိတာထက် ကျွန်တော်တို့ကို ကိုယ်တော် ပိုသိတယ်။ ကျွန်တော်တို့ကို ပျော်ရွှင်စေချင်တယ်။ ကျွန်တော်တို့အတွက် ဘာက အကျိုးရှိတယ်၊ ဘာက အကျိုးယုတ်စေတယ်ဆိုတာကိုလည်း သိတယ်။
၁၁၊ ၁၂။ (က) မဿဲအခန်းကြီး ၅–၇ မှာ ယေရှု ဘာအကြံဉာဏ်ကောင်းတွေ ပေးထားသလဲ။ (ခ) ကျမ်းစာကနေ တခြားဘာအကြောင်းတွေ သိရှိနိုင်မလဲ။
၁၁ မဿဲအခန်းကြီး ၅ ကနေ ၇ မှာ ပျော်ရွှင်မှု ရနိုင်တဲ့နည်း၊ တခြားသူတွေနဲ့ သင့်မြတ်အောင် နေနိုင်တဲ့နည်း၊ ဆုတောင်းနည်း၊ ငွေကြေးအပေါ် ရှုမြင်သင့်ပုံတွေနဲ့ပတ်သက်ပြီး ယေရှုရဲ့ အကြံဉာဏ်ကောင်းတွေ ပါတယ်။ အဲဒီအကြံဉာဏ်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ ကျော်ကဖြစ်ပေမဲ့ ဒီနေ့အထိ ထိရောက်ပြီး အသုံးဝင်နေဆဲပဲ။
၁၂ ကျမ်းစာမှာပါတဲ့ လမ်းညွှန်ချက်တွေက ပိုပျော်ရွှင်တဲ့ မိသားစု ဖြစ်နိုင်အောင်၊ လုပ်သားကောင်း ဖြစ်နိုင်အောင်၊ တခြားသူတွေနဲ့ သင့်သင့်မြတ်မြတ် နေနိုင်အောင် ကူညီပေးတယ်။ ကျွန်တော်တို့ ဘယ်သူပဲ ဖြစ်နေပါစေ၊ ဘယ်မှာပဲ နေထိုင်ပါစေ၊ ဘယ်လိုပြဿနာပဲ ကြုံနေရပါစေ ကျမ်းစာမှာပါတဲ့ လမ်းညွှန်ချက်တွေဟာ ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်။—ဟေရှာယ ၄၈:၁၇ ကိုဖတ်ပါ။ ရှင်းလင်းချက် ၃ ကိုကြည့်ပါ။
ကျမ်းစာကြိုဟောချက်တွေကို ယုံကြည်စိတ်ချနိုင်
၁၃။ ဗာဗုလုန်မြို့နဲ့ပတ်သက်ပြီး ဟေရှာယ ဘာတွေ ကြိုဟောခဲ့သလဲ။
၁၃ ကျမ်းစာကြိုဟောချက်အများကြီး ပြည့်စုံပြီးသွားပြီ။ ဥပမာ၊ ဗာဗုလုန်မြို့ ဖျက်ဆီးခံရမယ်ဆိုပြီး ဟေရှာယ ကြိုဟောခဲ့တယ်။ (ဟေရှာယ ၁၃:၁၉) မြို့ ဘယ်လိုသိမ်းပိုက်ခံရမယ်ဆိုတာ အတိအကျ ဖော်ပြခဲ့တယ်။ ဗာဗုလုန်မြို့ကို မြို့တံခါးကြီးတွေနဲ့ မြစ်က ကာကွယ်ပေးထားတယ်။ ဒါပေမဲ့ မြစ်ရေ ခန်းပြီး မြို့တံခါးတွေ ပွင့်နေမယ်လို့ ဟေရှာယ ကြိုဟောတယ်။ ကျူးကျော်လာသူတွေဟာ တိုက်ခိုက်စရာမလိုဘဲ မြို့ကို သိမ်းပိုက်လိမ့်မယ်။ မြို့ကို သိမ်းပိုက်မယ့်သူရဲ့ နာမည်ဟာ ဆိုင်းရပ်ဖြစ်တယ်ဆိုတာကိုတောင် ဟေရှာယ ကြိုဟောခဲ့တယ်။—ဟေရှာယ ၄၄:၂၇–၄၅:၂ ကိုဖတ်ပါ။ ရှင်းလင်းချက် ၄ ကိုကြည့်ပါ။
၁၄၊ ၁၅။ ဟေရှာယ ကြိုဟောတဲ့အတိုင်း ဘယ်လို ဖြစ်ပျက်ခဲ့သလဲ။
၁၄ အဲဒီလိုကြိုဟောပြီး နှစ်ပေါင်း နှစ်ရာအကြာမှာ စစ်တပ်တစ်တပ်ဟာ ဗာဗုလုန်မြို့ကိုတိုက်ဖို့ အသင့်ဖြစ်နေတယ်။ စစ်တပ်ကို ဦးဆောင်တာ ဘယ်သူလဲ။ ကြို
ဟောထားတဲ့အတိုင်း ပါးရှားဘုရင် ဆိုင်းရပ်ပါပဲ။ ကြိုဟောထားတဲ့အတိုင်း တစ်ခုမကျန် ဖြစ်လာခဲ့တယ်။၁၅ အဲဒီညမှာ ဗာဗုလုန်မြို့သားတွေ ပွဲလုပ်နေကြတယ်။ မြို့ရိုးကြီးနဲ့ မြစ်ကြောင့် ဘေးကင်းလုံခြုံတယ်လို့ သူတို့ ယူမှတ်ကြတယ်။ မြို့ပြင်မှာတော့ ဆိုင်းရပ်ဦးဆောင်တဲ့ စစ်တပ်က မြစ်ရေကို ဖောက်ချပြီး လမ်းလွှဲလိုက်တယ်။ မြစ်ရေကျသွားတော့ ပါးရှားစစ်သားတွေဟာ မြစ်ကို ဖြတ်လျှောက်ကြတယ်။ ဒါပေမဲ့ စစ်
တပ်က မြို့ရိုးကို ဘယ်လိုကျော်ဖြတ်နိုင်မလဲ။ ကြိုဟောထားတဲ့အတိုင်း မြို့တံခါးကြီးတွေ ပွင့်နေတဲ့အတွက် စစ်သားတွေဟာ တိုက်ခိုက်စရာမလိုဘဲ မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်။၁၆။ (က) ဗာဗုလုန်ရဲ့အနာဂတ်အကြောင်း ဟေရှာယ ဘယ်လိုကြိုဟောခဲ့သလဲ။ (ခ) ဟေရှာယ ကြိုဟောခဲ့တဲ့အတိုင်း တကယ်ဖြစ်လာမှန်း ဘယ်လိုသိနိုင်သလဲ။
၁၆ နောက်နောင် ဗာဗုလုန်မြို့မှာ လူနေထိုင်တော့မှာ မဟုတ်ဘူးလို့ ဟေရှာယ ကြိုဟောထားတယ်။ “ဗာဗုလုန်မြို့မှာ လူနေထိုင်တော့မှာ မဟုတ်ဘူး။ နောင်လာနောက်သား အဆက်ဆက် လူနေထိုင်ရာဖြစ်တော့မှာ မဟုတ်ဘူး” လို့ သူရေးခဲ့တယ်။ (ဟေရှာယ ၁၃:၂၀) အဲဒီအတိုင်း တကယ်ဖြစ်ခဲ့သလား။ အီရတ်နိုင်ငံ၊ ဘက်ဂဒက်မြို့တောင်ဘက် မိုင် ၅၀ ခန့်အကွာ၊ ရှေးဗာဗုလုန်မြို့ဟောင်းနေရာမှာ အပျက်အယွင်းတွေပဲ ရှိနေတယ်။ အခုချိန်ထိ အဲဒီမှာ ဘယ်သူမှ မနေကြဘူး။ ယေဟောဝါက ဗာဗုလုန်မြို့ကို “ဖျက်ဆီးခြင်း တံမြက်စည်းနဲ့” လှည်းပစ်လိုက်ပြီ။—ဟေရှာယ ၁၄:၂၂၊ ၂၃။ *
၁၇။ ဘုရားရဲ့ကတိအားလုံးကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။
၁၇ ကျမ်းစာကြိုဟောချက်အများကြီး ပြည့်စုံခဲ့တယ်ဆိုတဲ့အချက်က အနာတောလည်ရာ ၂၃:၁၉ ကိုဖတ်ပါ။) ‘မုသာမသုံးတဲ့ ဘုရားသခင်က ဟိုးအရင်ကတည်းက ကတိပေးခဲ့တဲ့’ ထာဝရအသက် မျှော်လင့်ချက်ကို ကျွန်တော်တို့ ပိုင်ဆိုင်ထားကြတယ်။—တိတု ၁:၂။ *
ဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာကြိုဟောချက်တွေကို ယုံကြည်စိတ်ချနိုင်တယ်ဆိုတာ ဖော်ပြတယ်။ ကမ္ဘာမြေကို သာယာလှပတဲ့ဥယျာဉ် ဖြစ်စေမယ်ဆိုတဲ့ ကတိအတိုင်း ယေဟောဝါ လုပ်ဆောင်မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ (ကျမ်းစာက သင့်အသက်တာကို ပြောင်းလဲစေနိုင်
၁၈။ “ဘုရားသခင်ရဲ့ နှုတ်ထွက်စကား” အကြောင်း ပေါလု ဘယ်လို ဖော်ပြခဲ့သလဲ။
၁၈ ကျမ်းစာလို စာအုပ်မျိုး ဘယ်မှာမှ မရှိဘူးဆိုတာ ကျွန်တော်တို့ သိခဲ့ပြီးပြီ။ ကျမ်းစာဟာ ရှေ့နောက်ညီတယ်။ သိပ္ပံပညာအရ၊ သမိုင်းအရ အမြဲ တိကျမှန်ကန်တယ်။ အကြံဉာဏ်ကောင်းတွေ၊ ပြည့်စုံခဲ့ပြီးသား ကြိုဟောချက်တွေ အများကြီးပါတယ်။ ဒါတင် မကသေးဘူး။ “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်၊ အစွမ်းထက်တယ်” ဆိုပြီး တမန်တော်ပေါလု ရေးခဲ့တယ်။ ဘာကို ဆိုလိုတာလဲ။—ဟီဘရူး ၄:၁၂ ကိုဖတ်ပါ။
၁၉၊ ၂၀။ (က) သင်ဟာ ဘယ်လို လူစားမျိုးဖြစ်မှန်း သိနိုင်ဖို့ ကျမ်းစာက ဘယ်လို ကူညီနိုင်သလဲ။ (ခ) ဘုရားပေးလက်ဆောင် ကျမ်းစာအတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။
၁၉ ကျမ်းစာက သင့်အသက်တာကို ပြောင်းလဲစေနိုင်တယ်။ သင်ဟာ တကယ်ပဲ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာ သိစေနိုင်တယ်။ သင့်ရဲ့ စိတ်ကူး၊ ခံစားချက်တွေကို သိစေနိုင်တယ်။ ဥပမာ၊ ကျွန်တော်တို့ဟာ ဘုရားကိုချစ်တယ်လို့ ထင်နေနိုင်တယ်။ ဒါပေမဲ့ အဲဒါကိုသက်သေပြဖို့ ကျမ်းစာလမ်းညွှန်ချက်တွေကို လိုက်နာရမယ်။
၂၀ ကျမ်းစာဟာ တကယ်ပဲ ဘုရားသခင်ဆီကလာတဲ့ စာအုပ် ဖြစ်တယ်။ ကျမ်းစာကို ဖတ်ရှု၊ လေ့လာပြီး တန်ဖိုးထားတာကို ဘုရား လိုလားတယ်။ ဒီလက်ဆောင်အတွက် ကျေးဇူးတင်ပါ။ ဆက်လေ့လာပါ။ ဒါဆိုရင် လူသားတွေအတွက် ဘုရားရဲ့ ရည်ရွယ်ချက်ကို နားလည်လာပါလိမ့်မယ်။ အဲဒီရည်ရွယ်ချက်အကြောင်း ပိုသိနိုင်ဖို့ နောက်အခန်းမှာ လေ့လာမယ်။
^ အပိုဒ်၊ 6 ကျမ်းစာဟာ ရှေ့နောက်မညီဘူးလို့ တချို့ပြောကြပေမဲ့ ဒါဟာ မမှန်ဘူး။ ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်တော်လော၊ လူ့နှုတ်ထွက်လော စာအုပ် အခန်း ၇ ကိုကြည့်ပါ။
^ အပိုဒ်၊ 16 ကျမ်းစာကြိုဟောချက်တွေအကြောင်း ပိုသိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ဆိုတဲ့စာစောင် စာမျက်နှာ ၂၇-၂၉ မှာကြည့်ပါ။
^ အပိုဒ်၊ 17 ဗာဗုလုန်ပျက်စီးခြင်းဟာ ပြည့်စုံခဲ့ပြီးသား ကျမ်းစာကြိုဟောချက်တစ်ခုပဲ ရှိသေးတယ်။ ယေရှုခရစ်နဲ့ပတ်သက်တဲ့ ကြိုဟောချက်တွေအကြောင်း ရှင်းလင်းချက် ၅ မှာကြည့်ပါ။