အခန်းဆယ့်တစ်
ဆင်းရဲဒုက္ခ ဘာကြောင့် ဒီလောက်များရတာလဲ
၁၊ ၂။ ဘယ်မေးခွန်းကို လူအများ မေးတတ်ကြသလဲ။
ဆူနာမီကြောင့် တစ်ရွာလုံး ပျက်စီးသွားတယ်။ လူတစ်ယောက် ဘုရားကျောင်းထဲ ဝင်လာပြီး သေနတ်နဲ့ပစ်တဲ့အတွက် ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေ အများကြီးပဲ။ ကင်ဆာရောဂါကြောင့် မိခင် သေဆုံးသွားလို့ ကလေးငါးယောက် ကျန်ရစ်ခဲ့တယ်။
၂ အဲဒီလိုကပ်ဘေးတွေ၊ အဖြစ်ဆိုးတွေ ကြုံရတဲ့အခါ “ဘာကြောင့် ဒီလိုဖြစ်ရတာလဲ” ဆိုပြီး လူအများ မေးတတ်ကြတယ်။ လောကကြီးမှာ အမုန်းတရားတွေ၊ ဆင်းရဲဒုက္ခတွေ ဘာကြောင့် ဒီလောက်များရတာလဲလို့ လူအများ မေးတတ်ကြတယ်။ သင်ကော အဲဒီလို မေးဖူးသလား။
၃၊ ၄။ (က)ဘယ်မေးခွန်းတွေကို ဟဗက္ကုတ် မေးခဲ့သလဲ။ (ခ) ယေဟောဝါ ဘယ်လို အဖြေပေးသလဲ။
၃ ဘုရားသခင်ကို အပြည့်အဝ ယုံကြည်သူတွေလည်း အဲဒီလိုမေးခဲ့ဖူးတာကို ကျမ်းစာကနေ သိရတယ်။ ဥပမာ၊ ပရောဖက်ဟဗက္ကုတ်က “ကျွန်တော့်ကို မကောင်းမှုတွေ ဘာလို့မြင်စေတာလဲ။ ဖိနှိပ်သူတွေကို ကိုယ်တော် ဘာလို့ သည်းခံနေတာလဲ။ အကြမ်းဖက်မှုတွေ၊ ဖျက်ဆီးမှုတွေ ကျွန်တော့်ရှေ့မှာ ဘာလို့ဖြစ်နေတာလဲ။ ငြင်းခုံရန်ဖြစ်တာတွေ ဘာလို့ ဒီလောက်များနေတာလဲ” ဆိုပြီး ယေဟောဝါကို မေးဖူးတယ်။—ဟဗက္ကုတ် ၁:၃။
၄ အဲဒီမေးခွန်းတွေရဲ့ အဖြေ၊ အရေးယူလုပ်ဆောင်ပေးမယ်ဆိုတဲ့ ဘုရားရဲ့ကတိကို ဟဗက္ကုတ် ၂:၂၊ ၃ မှာ ဖတ်ရတယ်။ ယေဟောဝါဟာ လူတွေကို သိပ်ချစ်တယ်။ ‘ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်တယ်’ လို့ ကျမ်းစာက ပြောတယ်။ (၁ ပေတရု ၅:၇) တကယ်တော့ ဘုရားသခင်က ဆင်းရဲဒုက္ခတွေကို ကျွန်တော်တို့ထက်တောင် ပိုမုန်းတယ်။ (ဟေရှာယ ၅၅:၈၊ ၉) ဒါဆိုရင် ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခ ဘာကြောင့် ဒီလောက်များရတာလဲဆိုတဲ့ မေးခွန်းကို သုံးသပ်ကြည့်ရအောင်။
ဆင်းရဲဒုက္ခ ဘာကြောင့် ဒီလောက်များရတာလဲ
၅။ လူတွေ ဆင်းရဲဒုက္ခရောက်တဲ့အခါ ဘာသာရေးဆရာအများစု ဘယ်လိုပြောတတ်ကြသလဲ။ ကျမ်းစာက ဘယ်လိုသင်ပေးသလဲ။
၅ လူတွေ ဆင်းရဲဒုက္ခရောက်တဲ့အခါ အရင်ဘဝက မကောင်းတာလုပ်ခဲ့လို့ဆိုပြီး တချို့ပြောကြတယ်။ လူတွေ ဒုက္ခရောက်ရတာဟာ ဘုရားအလိုတော်ပဲလို့ ဓမ္မဆရာ၊ ဘုန်းကြီးနဲ့ ဘာသာရေးဆရာတွေ ပြောတတ်ကြတယ်။ အဖြစ်ဆိုးတွေအပါအဝင် ဘာပဲကြုံရပါစေ ဘုရားသခင် ကြိုတင်သတ်မှတ်ပြီးသားပဲ၊ ဒါကို လူတွေ နားမလည်နိုင်ဘူးလို့ တချို့ပြောတတ်ကြတယ်။ ဘုရားသခင်က ကောင်းကင်မှာ သူနဲ့အတူနေဖို့ ကလေးတွေအပါအဝင် လူတွေကို သေစေတယ်လို့တောင် ပြောကြတယ်။ တကယ်တော့ အဲဒါ မမှန်ဘူး။ မကောင်းမှုတွေဖြစ်အောင် ယေဟောဝါ ဘယ်တော့မှ မလုပ်ဘူး။ “စစ်မှန်တဲ့ဘုရားသခင်က ဆိုးညစ်တာကို ဘယ်တော့မှ မလုပ်ဘူး။ အနန္တတန်ခိုးရှင်က မကောင်းတာကို လုံးဝမလုပ်ဘူး” လို့ ကျမ်းစာပြောတယ်။—ယောဘ ၃၄:၁၀။
၆။ ကမ္ဘာပေါ်က ဆင်းရဲဒုက္ခမှန်သမျှ ဘုရားသခင်ကြောင့်လို့ လူတွေ ဘာလို့အပြစ်တင်ကြတာလဲ။
၆ ကမ္ဘာကို ဘုရားသခင် အုပ်စိုးနေတယ်လို့ လူတွေ ယူဆတဲ့အတွက် ဆင်းရဲဒုက္ခမှန်သမျှ ဘုရားသခင်ကြောင့်လို့ အပြစ်တင်ကြတယ်။ ဒါပေမဲ့ ကမ္ဘာကို တကယ်အုပ်စိုးနေသူဟာ စာတန်မာရ်နတ်ဖြစ်တယ်ဆိုတာ အခန်း ၃မှာ သိခဲ့ရတယ်။
၇၊ ၈။ ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခ ဘာကြောင့် ဒီလောက်များရတာလဲ။
၇ ‘တစ်လောကလုံးကတော့ ဆိုးညစ်သူရဲ့ သြဇာအောက်မှာ ရှိနေတယ်’ လို့ ကျမ်းစာပြောတယ်။ (၁ ယောဟန် ၅:၁၉) ဒီလောကရဲ့အုပ်စိုးရှင် စာတန်ဟာ ရက်စက်ကြမ်းကြုတ်တယ်။ သူဟာ “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စား” နေတယ်။ (ဗျာဒိတ် ၁၂:၉) လူအများက သူ့လို လိုက်လုပ်ကြတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အလိမ်အညာ၊ အမုန်းတရားနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပြည့်နေရတဲ့ အကြောင်းရင်းတစ်ခုပဲ။
၈ ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခပြည့်နေရတဲ့ တခြားအကြောင်းရင်းတွေ ရှိသေးတယ်။ အာဒံနဲ့ဧဝ ပုန်ကန်ပြီးတဲ့နောက် သားသမီးတွေဆီ အပြစ်ကို လက်ဆင့်ကမ်းဒေသနာ ၄:၁။ ၈:၉) “မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ” ကြောင့် လူတွေ ဒုက္ခရောက်တဲ့အခါလည်း ရှိတယ်။ (ဒေသနာ ၉:၁၁) မရှိသင့်တဲ့အချိန်မှာ မရှိသင့်တဲ့နေရာကို ရောက်နေတဲ့အတွက် မတော်တဆမှုတွေ၊ အဖြစ်ဆိုးတွေ ကြုံရတတ်တယ်။
ပေးခဲ့တယ်။ အပြစ်သားဖြစ်တဲ့ လူတွေဟာ သူတစ်ပါး ဒုက္ခရောက်အောင် လုပ်ကြတယ်။ သူများထက် သာချင်ကြတယ်။ ခိုက်ရန်ဖြစ်ကြ၊ စစ်တိုက်ကြ၊ အနိုင်ကျင့်ကြတယ်။ (၉။ ဆင်းရဲဒုက္ခတွေကို ယေဟောဝါ ဖြစ်ခွင့်ပြုထားတာ အကြောင်းကောင်းရှိလို့ပဲဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။
၉ ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်အောင် ယေဟောဝါ ဘယ်တော့မှ မလုပ်ဘူး။ စစ်ပွဲ၊ ရာဇဝတ်မှု၊ ဖိနှိပ်မှုတွေအတွက် ဘုရားကို အပြစ်တင်လို့မရဘူး။ ငလျင်၊ မုန်တိုင်း၊ ရေကြီးတာ စတဲ့ဘေးဆိုးတွေကို ဘုရားသခင် ဖြစ်ပေါ်စေတာ မဟုတ်ဘူး။ ‘ယေဟောဝါဟာ စကြဝဠာမှာ တန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဆိုရင် ဒီအဖြစ်ဆိုးတွေကို ဘာကြောင့် မတားပေးတာလဲ’ ဆိုပြီး သင်တွေးမိမှာပဲ။ ဘုရားသခင်ဟာ ကျွန်တော်တို့ကို အလွန်ဂရုစိုက်တယ်။ ဒါကြောင့် ဆင်းရဲဒုက္ခတွေကို ဖြစ်ခွင့်ပြုထားတာ အကြောင်းကောင်းရှိမှာပဲ။—၁ ယောဟန် ၄:၈။
ဘုရားသခင် ဘာကြောင့် ဆင်းရဲဒုက္ခ ဖြစ်ခွင့်ပြု
၁၀။ ယေဟောဝါကို စာတန် ဘယ်လိုစွပ်စွဲသလဲ။
၁၀ ဧဒင်ဥယျာဉ်မှာ အာဒံနဲ့ ဧဝကို မာရ်နတ် လှည့်စားခဲ့တယ်။ ဘုရားသခင်ဟာ ဆိုးသွမ်းတဲ့အုပ်စိုးရှင်ပဲဆိုပြီး စာတန် စွပ်စွဲတယ်။ ဘုရားသခင်က အာဒံနဲ့ဧဝကို အကျိုးရှိမယ့်အရာတစ်ခုခု မပေးဘဲ ထိမ်ချန်ထားတယ်လို့ စာတန်ပြောတယ်။ သူ့အုပ်စိုးမှုက ယေဟောဝါရဲ့ အုပ်စိုးမှုထက် ပိုကောင်းမယ်၊ ဘုရားသခင်ကို သူတို့ မလိုအပ်ဘူးလို့ ထင်စေချင်တယ်။—ကမ္ဘာဦး ၃:၂-၅။ ရှင်းလင်းချက် ၂၇ ကိုကြည့်ပါ။
၁၁။ ဘယ်မေးခွန်းရဲ့ အဖြေကို သိဖို့လိုသလဲ။
၁၁ အာဒံနဲ့ ဧဝဟာ ယေဟောဝါကို မနာခံဘဲ ပုန်ကန်ခဲ့ကြတယ်။ အမှားအမှန်ကို ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ယူဆခဲ့ကြတယ်။ သူတို့ အဲဒီလိုယူဆတာ မှားမှန်း၊ ကျွန်တော်တို့အတွက် ဘာအကောင်းဆုံးလဲဆိုတာ ယေဟောဝါ အသိဆုံးဖြစ်မှန်း ကိုယ်တော် ဘယ်လို သက်သေထူခဲ့သလဲ။
၁၂၊ ၁၃။ (က) ပုန်ကန်သူတွေကို ယေဟောဝါ ဘာလို့ ချက်ချင်း မဖျက်ဆီးတာလဲ။ (ခ) စာတန်ကို ဒီလောကရဲ့ အုပ်စိုးရှင်အဖြစ် ယေဟောဝါ ဘာကြောင့် ခွင့်ပြုတာလဲ၊ လူလူချင်းကို ဘာကြောင့် အုပ်ချုပ်ခွင့်ပြုတာလဲ။
ကမ္ဘာဦး ၁:၂၈။ ဟေရှာယ ၅၅:၁၀၊ ၁၁။
၁၂ ယေဟောဝါက အာဒံနဲ့ ဧဝကို ချက်ချင်း ဖျက်ဆီးလိုက်မယ့်အစား သားသမီးတွေ မွေးဖွားခွင့်ပြုခဲ့တယ်။ အဲဒီနောက် ဘယ်သူ့အုပ်ချုပ်မှုကို လိုလားတယ်ဆိုတာ အာဒံနဲ့ ဧဝရဲ့သားသမီးတွေကို ရွေးချယ်ခွင့်ပြုခဲ့တယ်။ ယေဟောဝါရဲ့ရည်ရွယ်ချက်ဟာ ကမ္ဘာပေါ်မှာ ပြည့်ဝစုံလင်တဲ့လူတွေနဲ့ ပြည့်စေဖို့ပဲ။ မာရ်နတ် ဘယ်လောက်ပဲ တားဆီးပါစေ ဘုရားသခင့်ရည်ရွယ်ချက် ကျိန်းသေပြည့်စုံလာမယ်။—၁၃ ယေဟောဝါကို စာတန် စွပ်စွဲချိန်မှာ ကောင်းကင်တမန် သန်းပေါင်းများစွာ ရှိနေတယ်။ (ယောဘ ၃၈:၇။ ဒံယေလ ၇:၁၀) ဒါကြောင့် စာတန့်စွပ်စွဲချက် မှန်မမှန် သက်သေထူဖို့ ယေဟောဝါ အချိန်ပေးခဲ့တယ်။ ဒါ့အပြင် ဘုရားရဲ့အကူအညီ မပါဘဲ စာတန့်လက်အောက်မှာ လူလူချင်း အောင်မြင်စွာ အုပ်ချုပ်နိုင်မနိုင် သိဖို့ အချိန်ပေးခဲ့တယ်။
၁၄။ အချိန်ကြာလာတာနဲ့အမျှ ဘာထင်ရှားလာသလဲ။
၁၄ လူလူချင်း အုပ်စိုးတာ နှစ်ပေါင်းထောင်ချီကြာခဲ့ပေမဲ့ မအောင်မြင်ဘူး။ ဒါကြောင့် စာတန်ဟာ မုသာကောင်ဖြစ်မှန်း ထင်ရှားလာတယ်။ လူသားတွေဟာ ဘုရားသခင့်အကူအညီ မဖြစ်မနေလိုအပ်တယ်။ “ယေဟောဝါဘုရား၊ လူဟာ ကိုယ်သွားမယ့်လမ်းကို လမ်းညွှန်နိုင်စွမ်း မရှိမှန်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့်လည်း မရှိပါဘူး” ဆိုတဲ့ ပရောဖက်ယေရမိရဲ့စကား သိပ်မှန်တယ်။—ယေရမိ ၁၀:၂၃။
ယေဟောဝါ ဘာလို့ ဒီလောက်ကြာကြာ စောင့်ဆိုင်းရတာလဲ
၁၅၊ ၁၆။ (က) ယေဟောဝါက ဆင်းရဲဒုက္ခတွေကို ဘာလို့ ဒီလောက်ကြာကြာ ဖြစ်ခွင့်ပြုတာလဲ။ (ခ) စာတန်ကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ယေဟောဝါ ဘာလို့ မဖြေရှင်းပေးတာလဲ။
၁၅ ယေဟောဝါက ဆင်းရဲဒုက္ခတွေကို ဘာလို့ ဒီလောက်ကြာကြာ ဖြစ်ခွင့်ပြုတာလဲ။ ဆိုးသွမ်းမှုတွေ မဖြစ်အောင် ဘာလို့ မတားဆီးတာလဲ။ စာတန်ရဲ့အုပ်
ချုပ်မှု မအောင်မြင်ဘူးဆိုတာ သက်သေထူဖို့ အချိန်လိုတယ်။ လူတွေဟာ အစိုးရအမျိုးမျိုး ပြောင်းလဲအုပ်ချုပ်ပေမဲ့ မအောင်မြင်ဘူး။ သိပ္ပံပညာ၊ နည်းပညာပိုင်းမှာ တိုးတက်လာပေမဲ့ မတရားမှု၊ ဆင်းရဲနွမ်းပါးမှု၊ ရာဇဝတ်မှု၊ စစ်မှုတွေ အရင်ကထက် ပိုများလာတယ်။ ဘုရားသခင့်အကူအညီ မပါဘဲ လူလူချင်း အောင်မြင်စွာ မအုပ်စိုးနိုင်ဘူး။၁၆ ဒါပေမဲ့ စာတန်ကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ယေဟောဝါ မဖြေရှင်းပေးဘူး။ ဖြေရှင်းပေးမယ်ဆိုရင် စာတန်ရဲ့အုပ်ချုပ်မှုကို ထောက်ခံရာရောက်သွားလိမ့်မယ်။ ဒါ့အပြင် လူလူချင်း အောင်မြင်စွာ အုပ်ချုပ်နိုင်တယ်ဆိုတဲ့ စာတန်ရဲ့အဆိုကို လူတွေ ယုံသွားလိမ့်မယ်။ တကယ်တော့ ဒါဟာ အလိမ်အညာတွေပဲ။ အဲဒီအလိမ်အညာတွေကို လူတွေ ယုံသွားအောင် ယေဟောဝါ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ ဘုရားသခင်ဟာ ဘယ်တော့မှ မလိမ်ညာဘူး။—ဟီဘရူး ၆:၁၈။
၁၇၊ ၁၈။ စာတန်ကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုမှန်သမျှကို ယေဟောဝါ ဘာလုပ်ပေးမလဲ။
၁၇ စာတန်နဲ့ လူတွေရဲ့ ပုန်ကန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုမှန်သမျှကို အကောင်းအတိုင်းဖြစ်အောင် ယေဟောဝါ လုပ်ပေးနိုင်သလား။ လုပ်ပေးနိုင်ပါတယ်။ ဘုရားသခင် မတတ်နိုင်တာ မရှိဘူး။ စာတန့်စွပ်စွဲချက်တွေကို ဘယ်အချိန်မှာ အကောင်းဆုံး ဖြေရှင်းနိုင်မလဲဆိုတာ ယေဟောဝါသိတယ်။ ဒီကမ္ဘာကြီးကို နဂိုရည်ရွယ်ချက်အတိုင်း ပရဒိသုဖြစ်အောင် လုပ်ပေးပါလိမ့်မယ်။ “သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး” ရှင်ပြန်ထမြောက်လာကြမယ်။ (ယောဟန် ၅:၂၈၊ ၂၉) လူတွေ ဖျားနာတော့မှာ၊ သေဆုံးတော့မှာ မဟုတ်ဘူး။ စာတန်ဖြစ်ပေါ်စေတဲ့ ထိခိုက်ပျက်စီးမှုမှန်သမျှကို အကောင်းအတိုင်းဖြစ်အောင် ယေရှု လုပ်ပေးပါလိမ့်မယ်။ ယေဟောဝါက ယေရှုကိုသုံးပြီး “မာရ်နတ်လုပ်သမျှကို ချေဖျက်” လိမ့်မယ်။ (၁ ယောဟန် ၃:၈) လောလောဆယ် ယေဟောဝါရဲ့ စိတ်ရှည်မှုကြောင့် ကိုယ်တော့်ကို ကျွန်တော်တို့ သိကျွမ်းလာတယ်၊ ကျွန်တော်တို့ရဲ့ အုပ်စိုးရှင်အဖြစ် ရွေးချယ်ခွင့်ရလာတယ်။ ဒါဟာ ကျေးဇူးတင်စရာပါပဲ။ (၂ ပေတရု ၃:၉၊ ၁၀ ကိုဖတ်ပါ။) ဆင်းရဲဒုက္ခကြုံရတဲ့အခါ ကျွန်တော်တို့ ခံရပ်နိုင်ဖို့ ဘုရားသခင် ကူညီတယ်။—ယောဟန် ၄:၂၃။ ၁ ကောရိန္သု ၁၀:၁၃ ကိုဖတ်ပါ။
၁၈ ယေဟောဝါက သူ့ကို အုပ်စိုးရှင်အဖြစ် ရွေးချယ်ဖို့ အတင်းအကျပ် မတောင်းဆိုဘူး။ လူတွေကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးထားတယ်။ ဒီအဖိုးတန် ဆုလက်ဆောင်ဟာ ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲဆိုတာ လေ့လာကြည့်ရအောင်။
လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဆုလက်ဆောင်ကို သင် ဘယ်လိုသုံးမလဲ
၁၉။ ယေဟောဝါက ကျွန်တော်တို့ကို ဘယ်ဆုလက်ဆောင် ပေးထားသလဲ။ ဒီဆုလက်ဆောင်အတွက် ဘာကြောင့် ကျေးဇူးတင်သင့်သလဲ။
၁၉ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ဆိုတဲ့ ဆုလက်ဆောင်ကို ယေဟောဝါဆီက ကျွန်တော်တို့ ရထားတယ်။ ဒါဟာ လူနဲ့ တိရစ္ဆာန်ရဲ့ ကွာခြားချက်ပဲ။ တိရစ္ဆာန်တွေဟာ ပင်ကိုအသိဉာဏ်နဲ့ပဲ သွားလာလှုပ်ရှားကြတယ်။ ကျွန်တော်တို့ကတော့ ဘယ်လိုအသက်တာမျိုးနဲ့ အသက်ရှင်ချင်သလဲ ရွေးချယ်နိုင်တယ်။ ယေဟောဝါရဲ့ နှစ်သက်မှုကို ရချင်သလား၊ မရချင်ဘူးလား ဆုံးဖြတ်နိုင်တယ်။ (ပညာအလိမ္မာ ၃၀:၂၄) ကျွန်တော်တို့ဟာ ခိုင်းတာကိုပဲ လုပ်တတ်တဲ့ စက်ရုပ်တွေနဲ့ မတူဘူး။ ဘယ်လိုလူစားမျိုး ဖြစ်ချင်တယ်၊ ဘယ်သူနဲ့ မိတ်ဆွေဖွဲ့ချင်တယ်၊ ဘယ်လို အသက်ရှင်နေထိုင်ချင်တယ်ဆိုတာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ယေဟောဝါက ကျွန်တော်တို့ကို ပျော်စရာကောင်းတဲ့ အသက်တာ ရစေချင်တယ်။
၂၀၊ ၂၁။ အခုအချိန်မှာ သင် ရွေးချယ်နိုင်တဲ့ အကောင်းဆုံးအရာဟာ ဘာလဲ။
၂၀ ယေဟောဝါက သူ့ကို ချစ်စေချင်တယ်။ (မဿဲ ၂၂:၃၇၊ ၃၈) ကလေးတစ်ယောက်က ခိုင်းလို့မဟုတ်ဘဲ ရင်ထဲကနေ “အဖေ့ကို ချစ်တယ်” လို့ပြောတာကို ကြားတဲ့အခါ ဖခင် ပျော်သွားတယ်။ ယေဟောဝါလည်း အဲဒီလိုပါပဲ။ မိမိကို ဝတ်ပြုမယ်၊ ဝတ်မပြုဘူးဆိုတာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ကျွန်တော်တို့ကို ပေးထားတယ်။ စာတန်၊ အာဒံနဲ့ ဧဝတို့ကတော့ ယေဟောဝါကို ငြင်းပယ်ခဲ့ကြတယ်။ သင်ကော လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ဘယ်လိုသုံးမလဲ။
၂၁ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို သုံးပြီး ယေဟောဝါကို ဝတ်ပြုပါ။ ဘုရားရဲ့နှစ်သက်မှုရဖို့၊ စာတန်ကို ငြင်းပယ်ဖို့ ရွေးချယ်ခဲ့သူ သန်းနဲ့ချီရှိတယ်။ (ပညာအလိမ္မာ ၂၇:၁၁) ဆင်းရဲဒုက္ခမှန်သမျှ မရှိတော့မယ့် ကမ္ဘာသစ်မှာ နေထိုင်နိုင်အောင် အခု သင် ဘာလုပ်ရမလဲ။ ဒီမေးခွန်းကို နောက်အခန်းမှာ အဖြေပေးပါလိမ့်မယ်။