မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နိဒါန်း

နိဒါန်း

ရှေ့​နောက်​မညီ​တဲ့ ဒီ​အခြေအနေတွေကို သုံးသပ်​ကြည့်ပါ– စက်​မှု​နိုင်ငံ​တစ်ခုမှာ လူ ၉၀ ရာခိုင်နှုန်း​ကျော်​ဟာ အလွန်​ပျော်ရွှင်တယ်​လို့ ခံစား​နေ​ရတယ်။ ဒါပေမဲ့ အဲဒီ​နိုင်ငံမှာ အသုံးများတဲ့ ဆေးဝါး ၁၀ မျိုး​အနက် ၃ မျိုး​က စိတ်ကျ​ဝေဒနာ​အတွက် ဖြစ်တယ်။ အဲဒီ​နိုင်ငံမှာ​ပဲ ၉၁ ရာခိုင်နှုန်း​က ကျေနပ်​ပျော်ရွှင်​ဖွယ် မိသားစု​ဘဝ ပိုင်ဆိုင်​ထားတယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ အိမ်ထောင် ထက်ဝက်​နီးပါး​ဟာ ကွာရှင်းမှု​နဲ့ ဇာတ်သိမ်း​နေ​ကြတယ်။

တကယ်တော့ ကမ္ဘာ့​လူဦးရေ ထက်ဝက်​နီးပါး​လို့ ပြောနိုင်တဲ့ ၁၈ နိုင်ငံက လူတွေကို စစ်တမ်း​ကော​က်​တဲ့အခါ “ကမ္ဘာ့​ဒေသ​အများစုမှာ အနာဂတ်နဲ့​ပတ်သက်ပြီး အပျက်သဘောထား လွှမ်း​ခြုံ​ထား​ပုံ​ရ​ကြောင်း” တွေ့ရတယ်။ ဒါကြောင့် လူများစွာဟာ ကျေနပ်​ပျော်ရွှင်မှု အပြည့်အဝ မခံစားရ​ကြောင်း ထင်ရှားတယ်။ အသင်​ကော။ ဒီ​စာစောင်​က အမှန်​ကျေနပ်​ပျော်ရွှင်​ဖွယ် အသက်တာကို ခံ​စား​ရအောင် ကူညီ​ပေးပါလိမ့်မယ်။