အပိုင်း ၂
‘သတင်းကောင်း သွန်သင်ဟောပြော’
ယေရှု လက်သမားအလုပ် လုပ်တယ်။ အံ့ဖွယ်အမှုတွေ ပြတယ်။ ရောဂါ ကုပေးတယ်။ တခြား လုပ်တာတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ လက်သမား၊ အံ့ဖွယ်အမှု ပြုသူ၊ ရောဂါ ကုပေးသူလို့ လူတွေ မခေါ်ကြဘူး။ ဆရာလို့ ခေါ်ကြတယ်။ ‘သတင်းကောင်း သွန်သင်ဟောပြော’ တာ ယေရှုရဲ့ အဓိကလုပ်ငန်း ဖြစ်လို့ပဲ။ (မဿဲ ၄:၂၃) ယေရှုနောက်လိုက် ကျွန်တော်တို့လည်း ဒီလုပ်ငန်း လုပ်ကြရမယ်။ ဘယ်လို လုပ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ယေရှု စံနမူနာ ပြခဲ့တာကို ဒီအပိုင်းမှာ လေ့လာကြမယ်။