အခန်း ၂၈
ဘယ်သူ့ကို နာခံရမလဲ
တစ်ခါတလေ ဘယ်သူ့ကို နာခံရမလဲဆိုတာ ဝေခွဲမရ ဖြစ်တတ်တယ်။ ကလေးတို့ရဲ့ ဖေဖေ၊ မေမေက တစ်မျိုး လုပ်ခိုင်းမယ်။ ဒါပေမဲ့ ကျောင်းဆရာ၊ ဆရာမ ဒါမှမဟုတ် ရဲတစ်ယောက်က နောက်တစ်မျိုး ခိုင်းရင် ခိုင်းမယ်။ ဒါဆိုရင် ကလေးတို့ ဘယ်သူ့စကား နားထောင်မလဲ။—
ဒီစာအုပ်ရဲ့ ရှေ့ပိုင်း အခန်း ၇ မှာ ကျမ်းစာကနေ ဧဖက် ၆:၁-၃ ကို တို့တစ်တွေ ဖတ်ခဲ့ကြတယ်။ မိဘစကားကို သားသမီးတွေ နားထောင်ရမယ်လို့ ဆိုထားတယ်။ “ဘုရားသခင့် အလိုတော်နဲ့အညီ မိဘကို နာခံကြပါ” လို့ ဆိုထားတယ်။ ဘာကို ဆိုလိုသလဲ သိသလား။— ဘုရားပညတ်တွေကို နာခံဖို့ မိဘတွေ သင်ပေးတဲ့အခါ သားသမီးတွေ နာခံရမယ်လို့ ဆိုလိုတာ။
ဒါပေမဲ့ တချို့လူကြီးတွေ ယေဟောဝါကို မယုံကြဘူး။ အဲဒီလို လူကြီးတစ်ယောက်က စာမေးပွဲမှာ ခိုးချတာ မမှားဘူး၊ ဆိုင်ကပစ္စည်းကို အလစ်သုတ်တာလည်း မမှားဘူးလို့ ပြောရင် ဘယ်လို လုပ်မလဲ။ ကလေးတစ်ယောက် စာခိုးချတာတို့၊ အလစ်သုတ်တာတို့ လုပ်သင့်သလားကွဲ့။—
တစ်ခါတုန်းက နေဗုခဒ်နေဇာ မင်းကြီးဟာ သူတည်ထားတဲ့ ရွှေရုပ်တုကြီးကို လူတိုင်း ဦးချရှိခိုးရမယ်လို့ အမိန့်ပေးခဲ့တာ ပြန်သတိရပါ။ ဒါပေမဲ့ ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့က ဦးမချကြဘူးလေ။ ဘာကြောင့်လဲ သိသလား။— ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ရမယ်လို့ ကျမ်းစာမှာ ဆိုထားလို့ပဲ။—ထွက်မြောက်ရာ ၂၀:၃။ မဿဲ ၄:၁၀။
ကယာဖကို ပေတရု ဘာပြောနေသလဲ
ယေရှု သေပြီးနောက် တမန်တော်တွေဟာ ဂျူးတရားရုံးချုပ်ရှေ့ ခေါ်သွင်းခံရကြတယ်။ ပုရောဟိတ်မင်း ကယာဖက “[ယေရှု] နာမည်ကို အမှီပြုပြီး မသွန်သင်ဖို့ မင်းတို့ကို တင်းတင်းကျပ်ကျပ် အမိန့်ထုတ်ထားလျက်နဲ့ ဂျေရုဆလင်တစ်မြို့လုံးကို မင်းတို့ရဲ့သွန်သင်ချက် ပြည့်နေအောင် လုပ်လိုက်ကြပြီ” ဆိုပြီး ပြောတယ်။ တမန်တော်တို့က ဂျူးတရားရုံးချုပ်ရဲ့ အမိန့်ကို ဘာဖြစ်လို့ မနာခံကြတာလဲ။— တမန်တော်အားလုံး ကိုယ်စား ပေတရုက ‘ကျွန်တော်တို့ကတော့ တမန်တော် ၅:၂၇-၂၉။
လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်မှာပဲ’ ဆိုပြီး ကယာဖကို ပြန်ပြောတယ်။—အဲဒီခေတ်တုန်းက ဂျူးဘာသာရေး ခေါင်းဆောင်တွေဟာ တော်တော်လေး အာဏာရှိကြတယ်။ ဒါပေမဲ့ သူတို့တိုင်းပြည်ဟာ ရောမအစိုးရလက်အောက် ရောက်နေတယ်။ ရောမအစိုးရအဖွဲ့ရဲ့ အကြီးအကဲကို ဆီဇာလို့ခေါ်တယ်။ ဂျူးတွေဟာ ဆီဇာရဲ့ အုပ်ချုပ်မှုကို မလိုလားကြပေမဲ့ ရောမအစိုးရက ပြည်သူတွေအတွက် ကောင်းကျိုးအများကြီး ဆောင်ရွက်ပေးတယ်။ အခုခေတ် အစိုးရတွေလည်း တိုင်းသူပြည်သားတွေ အကျိုးကို ဆောင်ရွက်ပေးကြတယ်။ ဘာတွေ ဆောင်ရွက်ပေးသလဲ ကလေးတို့ သိသလား။—
အစိုးရတွေက လမ်းတွေ ဖောက်ပေးတယ်၊ တို့တစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တွေကို လစာပေးပြီး ခန့်ထားတယ်။ ကလေးတွေအတွက် ကျောင်းပညာရေး၊ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလည်း စီစဉ်ပေးတယ်။ ဒါတွေဆောင်ရွက်ဖို့ အစိုးရက ငွေတွေကုန်ကျတယ်။ ဒီငွေတွေကို အစိုးရ ဘယ်က ရသလဲ သိသလား။— ပြည်သူတွေဆီကပေါ့။ ပြည်သူတွေက အစိုးရကို ပေးရတဲ့ငွေကို အခွန်လို့ ခေါ်တယ်။
ကြီးမြတ်တဲ့ဆရာ ကမ္ဘာပေါ် အသက်ရှင်တုန်းက ဂျူးလူမျိုးအများက ရောမအစိုးရကို အခွန် မဆောင်ချင်ကြဘူး။ ဒါကြောင့် တစ်နေ့မှာ ပုရောဟိတ်တွေက ယေရှုကို ချောက်တွန်းဖို့ လူတချို့ကို
ငှားပြီး မေးခွန်းတစ်ခု မေးခိုင်းလိုက်တယ်။ ‘ဆီဇာကို ကျွန်တော်တို့ အခွန်ဆောင်သင့်သလား၊ မဆောင်သင့်ဘူးလား’ ဆိုတဲ့ မေးခွန်းပေါ့။ အဲဒါ ပရိယာယ်ဆင်တဲ့ မေးခွန်းလေ။ ယေရှုက ‘မင်းတို့ အခွန်ဆောင်ရမယ်’ လို့ဖြေခဲ့ရင် ဂျူးအတော်များများက ကြိုက်ကြမှာ မဟုတ်ဘူး။ ဒါပေမဲ့ ‘မင်းတို့ အခွန်ဆောင်စရာ မလိုဘူး’ လို့လည်း ပြောလို့မဖြစ်ဘူး။ အဲဒီလိုပြောရင် မှားသွားမှာပေါ့။ဒီတော့ ယေရှု ဘာလုပ်သလဲ။ ‘ဒေနာရိတစ်ပြား ပြပါဦး’ လို့ပြောတယ်။ ဒေနာရိတစ်ပြား ယူလာတဲ့အခါ ‘ဒီမှာ ဘယ်သူ့ပုံလဲ။ ဘယ်သူ့နာမည်လဲ’ ဆိုပြီး မေးလိုက်တယ်။ လူတွေက ‘ဆီဇာ’ လို့ဖြေကြတယ်။ ဒါနဲ့ ယေရှုက “ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ။ ဘုရားသခင်နဲ့ဆိုင်တာ ဘုရားသခင်ကို ပေးပါ” ဆိုပြီး ပြောလိုက်တယ်။—လုကာ ၂၀:၁၉-၂၆။
ဒီလူတွေရဲ့ ပရိယာယ်မေးခွန်းကို ယေရှု ဘယ်လို ဖြေကြားခဲ့သလဲ
ဒီလိုဖြေလိုက်တဲ့အတွက် ဘယ်သူမှ အပြစ်ရှာလို့ မရတော့ဘူး။ ဆီဇာဘုရင်ဟာ လူထုအကျိုး သယ်ပိုးတယ်ဆိုရင် အဲဒီဆောင်ရွက်မှုအတွက် သူလုပ်ထားတဲ့ပိုက်ဆံနဲ့ သူ့ကို ပေးဆက်ရမှာပေါ့။ ဒါကြောင့် အစိုးရ လုပ်ဆောင်ပေးတဲ့ အရာတွေအတွက် အခွန်ဆောင်သင့်တဲ့အကြောင်း ဒီနည်းနဲ့ ယေရှု ဖော်ပြခဲ့တယ်။
ခုချိန်မှာ ကလေးတို့ဟာ အခွန်ဆောင်ရမယ့် အရွယ်တော့ မရောက်သေးဘူးပေါ့။ ဒါပေမဲ့ ကလေးတို့လည်း အစိုးရကို ပေးရမယ့်အရာတွေ ရှိတယ်။ ဘာတွေလဲ သိသလား။— အစိုးရရဲ့ ရောမ ၁၃:၁၊ ၂။
ဥပဒေကို လိုက်နာဖို့ပဲ။ ‘အထက်အာဏာပိုင်တွေကို လူတိုင်း လက်အောက်ခံရမယ်’ လို့ ကျမ်းစာက ဆိုထားတယ်။ အထက်အာဏာပိုင်တွေဆိုတာ အစိုးရအဖွဲ့မှာ အာဏာရှိတဲ့သူတွေကို ပြောတာ။ ဒါကြောင့် အစိုးရရဲ့ ဥပဒေတွေကို လိုက်နာရမယ်လို့ ပြောတဲ့သူဟာ ဘုရားသခင် ဖြစ်တယ်ကွဲ့။—လမ်းပေါ်မှာ စက္ကူစတို့၊ အမှိုက်တို့ မပစ်ရဘူးဆိုတဲ့ ဥပဒေရှိမယ်။ အဲဒီဥပဒေကို ကလေးတို့ လိုက်နာရမလား။— လိုက်နာရမယ်၊ ဘုရားသခင်က တို့တစ်တွေကို လိုက်နာစေချင်တယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စကားကိုလည်း နားထောင်ရမလား။ ပြည်သူတွေကို ကာကွယ်ဖို့ ရဲတပ်ဖွဲ့တွေကို အစိုးရက လစာပေးထားတယ်။ သူတို့စကား နားထောင်ရင် အစိုးရစကားကို နားထောင်တာနဲ့ အတူတူပဲ။
ဒါကြောင့် ကလေးတို့ လမ်းဖြတ်ကူးခါနီး ရဲတစ်ယောက်က “ခဏနေဦး” လို့ပြောရင် ကလေးတို့ ဘာလုပ်မလဲ။— တခြားလူတွေက လမ်းဖြတ်ပြေးမယ်ဆိုရင်ကော၊ ကလေးတို့ လိုက်ပြေးသင့်သလား။— ကိုယ်တစ်ယောက်တည်း စောင့်ရင်စောင့်ရပါစေ၊ စောင့်ရမှာပဲ။ ဘုရားသခင်က နာခံခိုင်းနေတာလေ။
ရပ်ကွက်ထဲမှာ ပြဿနာတစ်ခုခု ဖြစ်လို့ ရဲက “လမ်းပေါ် မထွက်ကြနဲ့၊ အိမ်ထဲမှာပဲ နေကြ” လို့ ပြောမယ်။ ဒါပေမဲ့ ဆူညံအော်ဟစ်သံတွေ ကြားတော့ ဘာများဖြစ်ပါလိမ့်ဆိုပြီး သိချင်မှာပဲ။ ဒီတော့ အိမ်ပြင်ထွက် ကြည့်သင့်သလား။— အဲဒီလိုလုပ်ရင် ‘အထက်အာဏာပိုင်တွေ’ ကို နာခံရာ ရောက်ပါ့မလား။—
နေရာ တော်တော်များများမှာ အစိုးရက ကျောင်းတွေ ဆောက်ပေးတယ်။ ဆရာ၊ ဆရာမတွေကို လစာလည်း ပေးတယ်။ ဘုရားသခင်က ကလေးတို့ကို ဆရာ၊ ဆရာမစကား နားထောင်စေချင်တယ်လို့ ထင်သလား။— ဒါကို စဉ်းစားကြည့်၊ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ ရဲတပ်ဖွဲ့ကို လစာပေးထားသလို စာသင်ဖို့ ဆရာ၊ ဆရာမတွေကို အစိုးရက လစာပေးထားတယ်။ ဒီတော့ ရဲကိုဖြစ်ဖြစ်၊ ဆရာ့ကိုဖြစ်ဖြစ် နားထောင်မယ်ဆိုရင် အစိုးရကို နာခံတာပဲပေါ့။
ရဲကို ဘာဖြစ်လို့ နာခံရမလဲ
ဒါပေမဲ့ ဆရာတစ်ယောက်က ရုပ်တုရုပ်ပုံ တစ်မျိုးမျိုးရှေ့မှာ တစ်ကြိမ်ပဲ ရှိခိုးဦးချခိုင်းမယ် ဆိုရင်ကော။ အဲဒီအခါ ကလေးတို့ ဘယ်လိုလုပ်မလဲ။— ဟီဘရူးလူငယ် သုံးယောက်ဟာ
နေဗုခဒ်နေဇာမင်းကြီး အမိန့်ပေးတာတောင်မှ ရုပ်တုကြီးကို ရှိခိုးဦးချ မလုပ်ခဲ့ကြဘူး။ ဘာကြောင့်လဲဆိုတာ မှတ်မိလား။— ဘုရားသခင့် အမိန့်ကို မနာခံတာမျိုး မဖြစ်စေချင်လို့ပေါ့။သမိုင်းပညာရှင် ဝီလ် ဒူးရန့်က ကနဦး ခရစ်ယာန်များအကြောင်း ရေးသားတဲ့အခါမှာ ဒီခရစ်ယာန်တွေဟာ ‘ဆီဇာဘုရင်အပေါ် အကြွင်းမဲ့ ကျေးဇူးသစ္စာ စောင့်သိသည် မဟုတ်’ ဆိုပြီး ပြောခဲ့တယ်။ ဟုတ်ပါတယ်၊ သူတို့ဟာ ယေဟောဝါအပေါ်သာ အကြွင်းမဲ့ ကျေးဇူးသစ္စာ စောင့်သိကြတယ်။ ဒါကြောင့် တို့တစ်တွေရဲ့ဘဝမှာ ဘုရားသခင်ပဲ ပထမနေရာမှာ ရှိရမယ်ဆိုတာ အမြဲတမ်း မှတ်ထားရမယ်။
တို့တစ်တွေ အစိုးရကို နာခံတာဟာ ဘုရားသခင်က နာခံခိုင်းလို့ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်က မလုပ်ရဘူးလို့ ပြောထားတာကို လုပ်ခိုင်းလာရင်ကော ဘာပြောကြမလဲ။— ပုရောဟိတ်မင်းကို တမန်တော်တွေ ပြောခဲ့သလို ပြောသင့်တယ်– “ကျွန်တော်တို့ကတော့ လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်မှာပဲ။”—တမန်တော် ၅:၂၉။
ဥပဒေကို လေးစားလိုက်နာဖို့ ကျမ်းစာမှာ သွန်သင်ထားတယ်။ မဿဲ ၅:၄၁။ တိတု ၃:၁။ ၁ ပေတရု ၂:၁၂-၁၄ တို့မှာ ရေးထားတာကို ဖတ်ကြည့်ပါ။