နာခံမှု
နာခံမှု ဘယ်လောက် အရေးကြီးသလဲ
ထွ ၁၉:၅။ တရ ၁၀:၁၂၊ ၁၃။ ဒေ ၁၂:၁၃။ ယာ ၁:၂၂
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
၁ရှ ၁၅:၁၇-၂၃—ယေဟောဝါစကား ဘုရင် ရှောလု နားမထောင်လို့ ပရောဖက် ရှမွေလ ခပ်ပြင်းပြင်း ဆုံးမတယ်။ နာခံဖို့ အရေးကြီးတယ်ဆိုတာ အလေးပေးပြောတယ်
-
ဟီ ၅:၇-၁၀—ဖခင်စကား ယေရှု အမြဲ နားထောင်တယ်။ မြေကြီးပေါ်မှာ ဆိုးဆိုးရွားရွား ဆက်ဆံခံရချိန်မှာတောင် ဘုရားကို နာခံတတ်ဖို့ သင်ယူတယ်
-
ဘုရားစကား နားမထောင်ဖို့ အာဏာပိုင်တွေ တောင်းဆိုလာရင် ဘာလုပ်သင့်သလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
ဒံ ၃:၁၃-၁၈—အသတ်ခံရနိုင်တာတောင် သစ္စာရှိ ဟီဘရူး လူငယ် သုံးယောက်ဟာ ဘုရင် နေဗုခဒ်နေဇာ တည်ထားတဲ့ ရုပ်တုကို ဦးမချဘူး
-
မ ၂၂:၁၅-၂၂—ယေဟောဝါဘုရားစကား နားမထောင်ဖို့ မတောင်းဆိုသရွေ့ အာဏာပိုင်တွေကို နာခံရမယ်လို့ ယေရှု ပြောတယ်
-
တ ၄:၁၈-၃၁—မဟောဖို့ အာဏာပိုင်တွေ အမိန့်ပေးပေမဲ့ တမန်တော်တွေ ရဲရဲရင့်ရင့် ဆက်ဟောတယ်
-
ယေဟောဝါစကား အမြဲ နားထောင်နိုင်ဖို့ ဘာလုပ်ရမလဲ
ယေဟောဝါနဲ့ ယေရှုစကား ဘာကြောင့် နားထောင်တာ ဖြစ်သင့်သလဲ
ယုံကြည်ခြင်း ရှိမရှိ နာခံမှုက ဘယ်လို ပေါ်လွင်စေသလဲ
တရ ၉:၂၃ ကိုလည်း ကြည့်ပါ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
က ၆:၉-၂၂။ ဟီ ၁၁:၇—ယေဟောဝါ “မှာထားတဲ့အတိုင်း” အတိအကျ သင်္ဘော ဆောက်ခြင်းအားဖြင့် ယုံကြည်ခြင်း ရှိကြောင်း နောဧ ပြတယ်
-
ဟီ ၁၁:၈၊ ၉၊ ၁၇—ဥရမြို့ကနေ ထွက်ပါ၊ သားကို ပူဇော်ပါဆိုတဲ့ ယေဟောဝါရဲ့ မိန့်မှာချက်တွေကို နာခံခြင်းအားဖြင့် ယုံကြည်ခြင်း ရှိကြောင်း အာဗြဟံ ပြတယ်
-
နာခံမှု ရှိသူတွေကို ယေဟောဝါ ဘယ်လို ကောင်းချီး ပေးသလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
ဝ ၂၆:၃-၆—နာခံမှု ရှိသူတွေကို ကောင်းချီးပေးမယ်၊ ဂရုစိုက်စောင့်ရှောက်မယ်လို့ ယေဟောဝါ ကတိပေးတယ်
-
တလ ၁၃:၃၀၊ ၃၁။ ၁၄:၂၂-၂၄—ကာလက် နာခံမှု ရှိလို့ ယေဟောဝါ ကောင်းချီး ပေးတယ်
-
နာခံမှု မရှိရင် ဘာဖြစ်မလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
က ၂:၁၆၊ ၁၇။ ၃:၁၇-၁၉—ယေဟောဝါဘုရားစကား အာဒံနဲ့ ဧဝ နားမထောင်လို့ ပရဒိသုမှာ စုံလင်သူတွေအဖြစ် ထာဝစဉ် နေထိုင်ခွင့် ဆုံးရှုံးသွားတယ်
-
တရ ၁၈:၁၈၊ ၁၉။ တ ၃:၁၂၊ ၁၈၊ ၂၂၊ ၂၃—မောရှေထက် ကြီးမြတ်တဲ့ ပရောဖက် ပေါ်ထွန်းစေမယ်လို့ ယေဟောဝါ ကြိုဟောတယ်။ အဲဒီပရောဖက် ပြောတာကို နားမထောင်ရင် ဖျက်ဆီးမယ်လို့လည်း ပြောတယ်
-
ယု ၆၊ ၇—ပုန်ကန်တဲ့ ကောင်းကင်တမန်တွေ၊ သောဒုံမြို့သားတွေ၊ ဂေါမောရမြို့သားတွေ နာခံမှု မရှိလို့ ယေဟောဝါ ဒေါသထွက်တယ်
-
ယေရှုခရစ်စကား ဘာကြောင့် နားထောင်သင့်သလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
ယဟ ၁၂:၄၆-၄၈။ ၁၄:၂၄—မိမိစကား နားမထောင်သူတွေ ပြစ်ဒဏ်စီရင်ခံရမယ်လို့ ယေရှု ပြောတယ်
-
အသင်းတော် ကြီးကြပ်မှူးတွေကို ခရစ်ယာန်တွေ ဘာကြောင့် နာခံသလဲ
ခင်ပွန်းကို ဇနီး ဘာကြောင့် လက်အောက်ခံသင့်သလဲ
သားသမီးတွေ မိဘစကား ဘာကြောင့် နားထောင်ရမလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
က ၃၇:၃၊ ၄၊ ၈၊ ၁၁-၁၃၊ ၁၈—ကိုယ့်ကို အစ်ကိုတွေ မုန်းနေပေမဲ့ အစ်ကိုတွေဆီ ဖခင် လွှတ်တဲ့အခါ လူငယ်လေး ယောသပ် သွားတယ်
-
လု ၂:၅၁—မိမိ စုံလင်ပေမဲ့ မစုံလင်တဲ့ မိဘ ယောသပ်နဲ့ မာရိကို ယေရှု အမြဲ နာခံတယ်
-
ကွယ်ရာမှာတောင် အလုပ်ရှင်ကို နာခံတာ ဘာကြောင့် ပညာရှိရာ ရောက်သလဲ
အာဏာပိုင်တွေကို ဘာကြောင့် နာခံရမလဲ