မိဘ
အိမ်ထောင်ကို ယေဟောဝါ ဘာကြောင့် အစပြုသလဲ
သားသမီးတွေကို မိဘတွေ ဘယ်လို သဘောထားသင့်သလဲ
“ကလေးများ။ လူငယ်များ” ကိုလည်း ကြည့်ပါ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
က ၃၃:၄၊ ၅—သားသမီးတွေကို ယေဟောဝါ ပေးတဲ့ လက်ဆောင်လို့ ယာကုပ် သဘောထားတယ်
-
ထွ ၁:၁၅၊ ၁၆၊ ၂၂။ ၂:၁-၄။ ၆:၂၀—အာမရနဲ့ ယောခေဗက် အိမ်ထောင်ကျပြီး မောရှေ မွေးလာတယ်။ အသက်ရင်းပြီး မောရှေကို ကာကွယ်တယ်
-
သားသမီးတွေနဲ့ပတ်သက်ပြီး မိဘတွေ ဘာတာဝန် ရှိသလဲ
ယေဟောဝါကို နာခံဖို့ သားသမီးကို သင်ပေးရင် ဘာအကျိုး ရမလဲ
၂တိ ၃:၁၄၊ ၁၅ ကိုလည်း ကြည့်ပါ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
၁ရှ ၂:၁၈-၂၁၊ ၂၆။ ၃:၁၉—တဲတော်မှာ အမှုဆောင်ဖို့ ရှမွေလကို ယေဟောဝါဆီ မိဘတွေ ပေးလိုက်တယ်။ ဒါပေမဲ့ သားကို မှန်မှန် လာတွေ့တယ်။ လိုတာ ထောက်ပံ့ပေးတယ်။ ဒီလိုနဲ့ ရှမွေလဟာ ယေဟောဝါကို ချစ်တဲ့ သစ္စာရှိ အမှုဆောင် ဖြစ်လာတယ်
-
လု ၂:၅၁၊ ၅၂—မိဘတွေ မစုံလင်ကြပေမဲ့ ယေရှု နာခံတယ်
-
သားသမီး ပြုစုပျိုးထောင်ရာမှာ မိဘတွေ ဘယ်ကနေ အကူအညီ ရသလဲ
ကလေးတစ်ယောက် ခရစ်ယာန် မိသားစုမှာ ကြီးပြင်းလာရင်တောင် ယေဟောဝါကို ဝတ်မပြုတော့တာမျိုး ဘာကြောင့် ဖြစ်နိုင်သလဲ
ယေဟောဝါအကြောင်း သားသမီးကို မိဘတွေ ဘယ်အချိန်မှာ သင်ပေးသင့်သလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
တရ ၂၉:၁၀-၁၂၊ ၂၉။ ၃၁:၁၂။ ဧဇ ၁၀:၁—ယေဟောဝါအကြောင်း သင်ယူဖို့ အစ္စရေးတွေ စုဝေးတဲ့အခါ ကလေးတွေပါ ခေါ်လာကြတယ်
-
လု ၂:၄၁-၅၂—ဂျေရုဆလင်မြို့က ဗိမာန်တော်မှာ ပသခါပွဲ တက်ဖို့ ယေရှု အပါအဝင် သားသမီးအားလုံးကို ယောသပ်နဲ့ မာရိ နှစ်တိုင်း ခေါ်သွားတယ်
-
အန္တရာယ် ပေးမယ့်သူတွေ လက်ကနေ သားသမီးကို ကာကွယ်ရာမှာ မိဘတွေ ဘယ်စံနမူနာ တုပသင့်သလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
ထွ ၁၉:၄။ တရ ၃၂:၁၁၊ ၁၂—ငှက်ပေါက်လေးတွေကို ချီယူ၊ ကာကွယ်၊ ဂရုစိုက်ပေးတဲ့ လင်းယုန်နဲ့ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ နှိုင်းတယ်
-
ရှာ ၄၉:၁၅—နို့စို့ကလေးကို မိခင် ကရုဏာ ထားတာထက် ပိုသာတဲ့ နည်းနဲ့ ကျေးကျွန်တွေကို ဂရုစိုက်၊ ကာကွယ်မယ်လို့ ယေဟောဝါ ကတိပေးတယ်
-
မ ၂:၁-၁၆—နက္ခတ်ဗေဒင်ဆရာတွေကို မင်းဆိုး ဟေရုဒ်ဆီ လမ်းညွှန်ခြင်းအားဖြင့် ကလေးငယ် ယေရှုကို သတ်ဖို့ စာတန် ကြိုးစားတယ်။ ဒါပေမဲ့ အီဂျစ်ပြည် ထွက်ပြေးဖို့ ယောသပ်ကို ညွှန်ကြားခြင်းအားဖြင့် သားတော်ကို ယေဟောဝါ ကာကွယ်တယ်
-
မ ၂၃:၃၇—ကြက်ပေါက်လေးတွေကို အတောင်အောက်မှာ စုပြီး ကြက်မကြီး ကာကွယ်ပေးသလို လူတွေကို ကူညီပေးချင်ကြောင်း ယေရှု ပြောတယ်
-
သားသမီးကို လိင်အကြောင်း ဘာကြောင့် ပြောပြသင့်သလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
ဝ ၁၅:၂၊ ၃၊ ၁၆၊ ၁၈၊ ၁၉။ တရ ၃၁:၁၀-၁၃—လိင်နဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ အမြင်ကို မောရှေပညတ်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ ပညတ်တရား ကျယ်ကျယ် ဖတ်ပြချိန်မှာ ကလေးတွေလည်း နားထောင်ဖို့ ယေဟောဝါ ညွှန်ကြားတယ်
-
ဆ ၁၃၉:၁၃-၁၆—မျိုးပွားနိုင်စွမ်း အပါအဝင် လူ့ခန္ဓာကိုယ်ကို ဖန်ဆင်းထားပုံကြောင့် ယေဟောဝါကို ဘုရင် ဒါဝိဒ် ချီးမွမ်းတယ်
-
ပ ၂:၁၀-၁၅—ယေဟောဝါ ပေးတဲ့ အသိပညာနဲ့ ဉာဏ်ပညာက ဆိုးညစ်သူ၊ ကောက်ကျစ်သူတွေရဲ့ လက်ကနေ ကျွန်တော်တို့ကို ကာကွယ်ပေးနိုင်တယ်
-
သားသမီးကို ဘာကြောင့် မေတ္တာထား ဆုံးမသင့်သလဲ
ဆုံးမတာ ဘာကြောင့် သားသမီးကို မေတ္တာ ပြရာရောက်သလဲ