ယေဟောဝါ
နာမတော်
ယေဟောဝါဆိုတဲ့ နာမည်ဟာ “ကိုယ်တော် ဖြစ်လာစေတယ်” လို့ အဓိပ္ပာယ် ရတယ်
ကျေးကျွန်တွေကို ဂရုစိုက်ဖို့ မိမိကိုယ်မိမိ ယေဟောဝါ ဘာတွေ ဖြစ်လာစေသလဲ
ဆ ၁၉:၁၄။ ၆၈:၅။ ရှာ ၃၃:၂၂။ ၄၀:၁၁။ ၂က ၁:၃၊ ၄
ဆ ၁၁၈:၁၄။ ရှာ ၃၀:၂၀။ ယေ ၃:၁၄။ ဇာ ၂:၅ ကိုလည်း ကြည့်ပါ
ယေဟောဝါ သန့်ရှင်းမြင့်မြတ်တယ်၊ တစ်ဆူတည်းသော စစ်မှန်တဲ့ ဘုရား ဖြစ်တယ်ဆိုတာ လူတိုင်း အသိအမှတ်ပြုဖို့ ဘာကြောင့် အရေးကြီးသလဲ
စကြဝဠာ အချုပ်အခြာ အာဏာရှင် ယေဟောဝါကို ဘာကြောင့် လူတိုင်း လက်အောက်ခံရမလဲ
ယေဟောဝါရဲ့ ဘွဲ့နာမတချို့
အနန္တတန်ခိုးရှင်—က ၁၇:၁။ ဗ ၁၉:၆
အဖ—မ ၆:၉။ ယဟ ၅:၂၁
မဟာသွန်သင်ရှင်—ရှာ ၃၀:၂၀
ဗိုလ်ခြေတို့ရဲ့အရှင်—၁ရှ ၁:၁၁
ထာဝရဘုရင်—၁တိ ၁:၁၇။ ဗ ၁၅:၃
ဘုန်းတန်ခိုးကြီးတဲ့အရှင်—ဟီ ၁:၃။ ၈:၁
အမြင့်ဆုံး ဘုရားသခင်—က ၁၄:၁၈-၂၂။ ဆ ၇:၁၇
ကျောက်ဆောင်—တရ ၃၂:၄။ ရှာ ၂၆:၄
အချုပ်အခြာ အာဏာပိုင်ရှင်—ရှာ ၂၅:၈။ အ ၃:၇
ယေဟောဝါရဲ့ ထူးခြားတဲ့ အရည်အသွေးတချို့
မိမိ သန့်ရှင်းကြောင်း ယေဟောဝါ ဘယ်လို ရှင်းရှင်းလင်းလင်း ဖော်ပြသလဲ။ ဒါကို သိထားခြင်းက ကျေးကျွန်တွေအပေါ် ဘယ်လို သက်ရောက်မှု ရှိသင့်သလဲ
ထွ ၂၈:၃၆။ ဝ ၁၉:၂။ ၂က ၇:၁။ ၁ပ ၁:၁၃-၁၆
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
ရှာ ၆:၁-၈—ယေဟောဝါ သန့်ရှင်းမြင့်မြတ်ကြောင်း စိတ်အာရုံမှာ ပရောဖက် ဟေရှာယ သိလိုက်ရတော့ မိမိဟာ အပြစ်ရှိသူမို့ မထိုက်တန်ဘူးလို့ ခံစားရတယ်။ ဒါပေမဲ့ မစုံလင်သူ အပြစ်သားတွေတောင် ဘုရားအမြင်မှာ သန့်ရှင်းနိုင်တယ်ဆိုတာ သရပ်တစ်ပါး သိစေတယ်
-
ရ ၆:၁၂-၂၃။ ၁၂:၁၊ ၂—ဘယ်လိုနည်းနဲ့ အပြစ်လုပ်ချင်တဲ့ ဆန္ဒကို တွန်းလှန်ပြီး “သန့်ရှင်းခြင်းနဲ့ဆိုင်တဲ့ လုပ်ရပ်တွေ” လုပ်နိုင်တယ်ဆိုတာ တမန်တော် ပေါလု ရှင်းပြတယ်
-
ယေဟောဝါ တန်ခိုး ဘယ်လောက် ကြီးသလဲ။ တန်ခိုး ဘယ်လို သုံးသလဲ
ထွ ၁၅:၃-၆။ ၂ရ ၁၆:၉။ ရှာ ၄၀:၂၂၊ ၂၅၊ ၂၆၊ ၂၈-၃၁
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
တရ ၈:၁၂-၁၈—တန်ခိုး သုံးပြီး ယေဟောဝါ ကောင်းချီးပေးလို့သာ ကြီးပွားနေတာ ဖြစ်ကြောင်း အစ္စရေးတွေကို ပရောဖက် မောရှေ သတိပေးတယ်
-
၁ဘု ၁၉:၉-၁၄—စိတ်ဓာတ်ကျနေတဲ့ ပရောဖက် ဧလိယကို အားပေးဖို့ မိမိ ဘယ်လောက် တန်ခိုးကြီးကြောင်း ယေဟောဝါ ပြတယ်
-
ယေဟောဝါရဲ့ တရားမျှတမှု စံနှုန်းကို ဘာကြောင့် အပြည့်အဝ စိတ်ချနိုင်သလဲ
တရ ၃၂:၄။ ယဘ ၃၄:၁၀။ ၃၇:၂၃။ ဆ ၃၇:၂၈။ ရှာ ၃၃:၂၂
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
တရ ၂၄:၁၆-၂၂—ယေဟောဝါဟာ တရားမျှတတဲ့အပြင် ကရုဏာ ရှိတယ်၊ မေတ္တာ ရှိတယ်ဆိုတာ မောရှေပညတ်မှာ ပေါ်လွင်တယ်
-
၂ရ ၁၉:၄-၇—လူတွေအတွက် မဟုတ်ဘဲ ယေဟောဝါဘုရားအတွက် တရားစီရင်သင့်ကြောင်း တရားသူကြီးတွေကို ဘုရင် ယောရှဖတ် သတိပေးတယ်
-
ယေဟောဝါ ဉာဏ်ပညာ အဆမတန် ကြီးမားကြောင်း ဘာက ဖော်ပြသလဲ
ဆ ၁၀၄:၂၄။ ပ ၂:၁-၈။ ယေ ၁၀:၁၂။ ရ ၁၁:၃၃။ ၁၆:၂၇
ဆ ၁၃၉:၁၄။ ယေ ၁၇:၁၀ ကိုလည်း ကြည့်ပါ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
၁ဘု ၄:၂၉-၃၄—တစ်ခေတ်တည်းသား အားလုံးထက် အဆမတန် သာလွန်တဲ့ ဉာဏ်ပညာ ပေးခြင်းအားဖြင့် ဘုရင် ရှောလမုန်ကို ယေဟောဝါ ကောင်းချီးပေးတယ်
-
လု ၁၁:၃၁။ ယဟ ၇:၁၄-၁၈—ရှောလမုန်ထက် ယေရှု ဉာဏ်ပညာ ကြီးမားတယ်။ အဲဒီဉာဏ်ပညာကို ယေဟောဝါဆီက ရထားတာ ဖြစ်ကြောင်း ယေရှု နှိမ့်ချမှုရှိရှိ အသိအမှတ်ပြုတယ်
-
မေတ္တာ ကြီးမားကြောင်း ယေဟောဝါ ဘယ်လို ပြသလဲ
ယဟ ၃:၁၆။ ရ ၈:၃၂။ ၁ယ ၄:၈-၁၀၊ ၁၉
ဇေ ၃:၁၇။ ယဟ ၃:၃၅ ကိုလည်း ကြည့်ပါ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
မ ၁၀:၂၉-၃၁—ကျေးကျွန်တစ်ယောက်စီကို ယေဟောဝါ ဘယ်လောက် ချစ်ခင်တန်ဖိုးထားတယ်ဆိုတာ စာငှက်ဥပမာ သုံးပြီး ယေရှု ဖော်ပြတယ်
-
မာ ၁:၉-၁၁—သားတော်ကို ချစ်တယ်၊ ဂုဏ်ယူတယ်ဆိုတာ ကောင်းကင်ကနေ ယေဟောဝါ ပြောတယ်။ မိဘတွေအတွက် စံနမူနာကောင်းပါပဲ။ မိဘဆီက ဒီလိုစကားမျိုး သားသမီးအားလုံး ကြားဖို့ လိုတယ်
-
ယေဟောဝါကို ချစ်တဲ့ နောက်အကြောင်းရင်းတွေက ဘာလဲ။ ယေဟောဝါရဲ့ အရည်အသွေး အများကြီးကို ကျမ်းစာမှာ ဖော်ပြထားတယ်။ တချို့ကတော့–
အလုံးစုံ သိမြင်ခြင်း—၂ရ ၁၆:၉။ ပ ၁၅:၃
မပြောင်းလဲခြင်း၊ ယုံကြည်စိတ်ချနိုင်ခြင်း—မလ ၃:၆။ ယာ ၁:၁၇
သနားစာနာတတ်ခြင်း—ရှာ ၄၉:၁၅။ ၆၃:၉။ ဇာ ၂:၈
အဆုံးအစ မရှိ၊ ထာဝစဉ် ထာဝရ တည်ရှိခြင်း —ဆ ၉၀:၂။ ၉၃:၂
ရက်ရောခြင်း—ဆ ၁၀၄:၁၃-၁၅။ ၁၄၅:၁၆
ဘုန်းကျက်သရေ ပြည့်ဝခြင်း—ဗ ၄:၁-၆
ပျော်ရွှင်ခြင်း—၁တိ ၁:၁၁
နှိမ့်ချခြင်း—ဆ ၁၈:၃၅
အကြင်နာကရုဏာ ကြီးမားခြင်း—လု ၆:၃၅။ ရ ၂:၄
သစ္စာစောင့်သိခြင်း—ဗ ၁၅:၄
ခမ်းနားမြင့်မြတ်ခြင်း—ဆ ၈:၁။ ၁၄၈:၁၃
ကရုဏာ ရှိခြင်း—ထွ ၃၄:၆
စိတ်ရှည်ခြင်း—ရှာ ၃၀:၁၈။ ၂ပ ၃:၉
ငြိမ်သက်ခြင်း—ဖိ ၄:၉
ဖြောင့်မတ်ခြင်း—ဆ ၇:၉
ယေဟောဝါဘုရားကို ပိုသိကျွမ်းလာတာနဲ့အမျှ ဘာဖြစ်မလဲ
ယေဟောဝါကို ဘယ်လို ဝတ်ပြုရမလဲ
ကျေးကျွန်တွေ တတ်နိုင်တာထက် ယေဟောဝါ ပိုမတောင်းဆိုမှန်း ဘယ်လို သိရသလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
တရ ၃၀:၁၁-၁၄—ပရောဖက် မောရှေကတစ်ဆင့် ပေးတဲ့ ပညတ်ဟာ အစ္စရေးတွေ မလိုက်နာနိုင်လောက်အောင် မခက်ဘူး
-
မ ၁၁:၂၈-၃၀—ဖခင်ကို အပြည့်အဝ အတုယူတဲ့ ယေရှုက မိမိဟာ လန်းဆန်းမှု ပေးနိုင်တဲ့ သခင် ဖြစ်တယ်လို့ နောက်လိုက်တွေကို ပြောတယ်
-
ယေဟောဝါကို ဘာကြောင့် ချီးမွမ်းရမလဲ
ယေ ၂၀:၉။ လု ၆:၄၅။ တ ၄:၁၉၊ ၂၀ ကိုလည်း ကြည့်ပါ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
ဆ ၁၀၄:၁၊ ၂၊ ၁၀-၂၀၊ ၃၃၊ ၃၄—ယေဟောဝါ ဖန်ဆင်းထားရာတွေ ကြည့်ပြီး ဆာလံကျမ်းရေးသူ ချီးမွမ်းသီချင်း ဆိုတယ်
-
ဆ ၁၄၈:၁-၁၄—ဖန်ဆင်းရာအားလုံး၊ ကောင်းကင်တမန်အားလုံး ယေဟောဝါကို ချီးမွမ်းကြတယ်။ ကျွန်တော်တို့လည်း ချီးမွမ်းသင့်တယ်
-
ကျွန်တော်တို့ရဲ့ အမူအကျင့်က ယေဟောဝါကို ဘယ်လို ဂုဏ်တင်ချီးမွမ်းစရာ ဖြစ်စေနိုင်သလဲ
ယေဟောဝါနဲ့ ရင်းနှီးအောင် ဘာကြောင့် ကြိုးစားသင့်သလဲ
ယေဟောဝါနဲ့ ရင်းနှီးဖို့ နှိမ့်ချမှု ဘာကြောင့် လိုသလဲ
ယေဟောဝါနဲ့ ရင်းနှီးဖို့ ကျမ်းစာ ဖတ်တာ၊ တွေးတောတာ ဘာကြောင့် အရေးကြီးသလဲ
ယေဟောဝါအကြောင်း သိလာတာတွေနဲ့အညီ ပြုမူနေထိုင်ဖို့ ဘာကြောင့် အရေးကြီးသလဲ
ယေဟောဝါကို ဘာကြောင့် တစ်ခုမှ ဖုံးကွယ်မထားသင့်သလဲ
ယဘ ၃၄:၂၂။ ပ ၂၈:၁၃။ ယေ ၂၃:၂၄။ ၁တိ ၅:၂၄၊ ၂၅
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
၂ဘု ၅:၂၀-၂၇—ဂေဟာဇိ အပြစ်ဖုံးဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ပရောဖက် ဧလိရှဲကို ယေဟောဝါ အမှန်အတိုင်း သိစေတယ်
-
တ ၅:၁-၁၁—သန့်ရှင်းသော စွမ်းအားတော်ကို အာနနိနဲ့ ရှဖိရေ လှည့်စားတဲ့အပြစ် ဖော်ထုတ်ခံရတယ်။ အပြစ်ပေးခံရတယ်
-