သနားကရုဏာ
သနားကရုဏာ ပြခြင်းမှာ တခြားဘယ်အရည်အသွေးတွေ ပါသလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
ဆ ၅၁:၁၊ ၂—ကရုဏာ ပြဖို့ ယေဟောဝါဆီ ဘုရင် ဒါဝိဒ် အသနားခံတာဟာ ခွင့်လွှတ်ပေးဖို့၊ အပြစ်တွေ ဆေးကြောပေးဖို့ တောင်းဆိုနေတာ ဖြစ်တယ်
-
လု ၁၀:၂၉-၃၇—ဂျူးတစ်ယောက်ကို လူသားချင်း မေတ္တာ ပြတဲ့ ရှမာရိအကြောင်း ဥပမာ သုံးပြီး ကရုဏာ သင်ခန်းစာ ယေရှု သင်ပေးတယ်
-
လူတိုင်း ကရုဏာ ပြခံရဖို့ ဘာကြောင့် လိုသလဲ
၁ဘု ၈:၄၆-၅၀ ကိုလည်း ကြည့်ပါ
ယေဟောဝါ ကရုဏာ ရှိကြောင်း ဘယ်လို သိရသလဲ
ထွ ၃၄:၆။ နေ ၉:၁၇။ ဆ ၁၀၃:၈။ ၂က ၁:၃
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
ယဘ ၄၂:၁၊ ၂၊ ၆-၁၀။ ယာ ၅:၁၁—ယောဘကို ယေဟောဝါ ကရုဏာ ပြတယ်။ ယောဘ ကရုဏာ ထားတတ်ဖို့လည်း သင်ပေးတယ်
-
လု ၁၅:၁၁-၃၂—နောင်တရတဲ့ သားမိုက်ကို ဖခင် ဘယ်လို ဆက်ဆံတယ်ဆိုတာ ဥပမာ ပေးပြီး ယေဟောဝါရဲ့ကရုဏာအကြောင်း ယေရှု ပြောပြတယ်
-
ကျွန်တော်တို့ကို ယေဟောဝါ ဘာကြောင့် ကရုဏာ ပြသလဲ
တိ ၃:၄၊ ၅ ကိုလည်း ကြည့်ပါ
အပြစ် ခွင့်လွှတ်ခံရဖို့ ခရစ်တော်ရဲ့ ပူဇော်သက္ကာ ဘယ်လို ကူညီပေးသလဲ
ကရုဏာ ဘာကြောင့် တောင်းခံသင့်သလဲ။ ဘာကြောင့် ပေါ့ပေါ့တန်တန် သဘောမထားသင့်သလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
ဆ ၅၁:၁-၄—အပြစ် လုပ်မိလို့ ဘုရင် ဒါဝိဒ် စိတ်မကောင်း ဖြစ်တယ်။ ကရုဏာ ပြဖို့ ယေဟောဝါကို နှိမ့်ချမှုရှိရှိ အသနားခံတယ်
-
လု ၁၈:၉-၁၄—နှိမ့်ချမှုရှိရှိ ကိုယ့်အမှား ဝန်ခံသူတွေကို ယေဟောဝါ ကရုဏာ ပြတယ်ဆိုတာ ဥပမာ သုံးပြီး ယေရှု အလေးပေးတယ်
-
ကြီးလေးတဲ့ အပြစ် ကျူးလွန်မိသူတွေတောင် ဘာကြောင့် ကရုဏာ ပြခံရနိုင်သလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
၂ရ ၃၃:၉-၁၃၊ ၁၅—မင်းဆိုး မနာရှေ နောင်တရလာတယ်။ ကရုဏာ ပြဖို့ အသနားခံတယ်။ တကယ် ပြောင်းလဲသွားပါပြီဆိုတာ လုပ်ရပ်နဲ့ ပြပြီးနောက် နန်းပြန်ထိုင်ရတယ်
-
ယန ၃:၄-၁၀—နိနဝေမြို့သားတွေ အကြမ်းဖက်၊ လူသတ်ပေမဲ့ လမ်းစဉ် ပြောင်းလဲတဲ့အတွက် ဘုရား ကရုဏာ ပြတယ်
-
ယေဟောဝါရဲ့ ကရုဏာ ခံစားရဖို့ အပြစ် ဝန်ခံခြင်း၊ လမ်းစဉ် ပြောင်းလဲခြင်း ဘယ်လောက် အရေးကြီးသလဲ
ယေဟောဝါ ကရုဏာ ပြလို့ ဆုံးမမခံရဘူး၊ အပြစ်ရဲ့ ဆိုးကျိုး မခံစားရဘူးလို့ မဆိုလိုဘူး
တခြားသူတွေကို ဘာကြောင့် ကရုဏာ ပြသင့်သလဲ
ကရုဏာ မပြရင် ယေဟောဝါနဲ့ ဆက်ဆံရေး ဘယ်လို ထိခိုက်နိုင်သလဲ
ပ ၂၁:၁၃ ကိုလည်း ကြည့်ပါ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
မ ၁၈:၂၃-၃၅—သူတစ်ပါးကို ကရုဏာ မပြသူဟာ ယေဟောဝါရဲ့ ကရုဏာ ခံစားရမှာ မဟုတ်ကြောင်း ဥပမာ သုံးပြီး ယေရှု ရှင်းပြတယ်
-
လု ၁၀:၂၉-၃၇—ကရုဏာ မပြသူကို ယေဟောဝါနဲ့ ယေရှု မနှစ်သက်ဘူး၊ ရှမာရိလူလို ကရုဏာ ရှိသူကိုတော့ နှစ်သက်တယ်ဆိုတာ ယေရှုရဲ့ ဥပမာကနေ သိရတယ်
-
ကရုဏာ ရှိသူကို ယေဟောဝါ ဘယ်လို ဆက်ဆံသလဲ